Thoughts and Reviews by Ma Zin

Thoughts and Reviews by Ma Zin 😊 Life Style

😊 Knowledge Sharing

😊 Thoughts and Reviews

စားစရာတွေ မတင်တော့ဘူး ... လှတပတ ပုံလေးတွေပဲ တင်ပါတော့မယ်ဆိုပြန်တော့လည်း ဇူဇူက မလှမပပုံတွေ လာပြနေပြန်တယ် ... ဇူဇူနဲ့ ခက်တ...
12/09/2026

စားစရာတွေ မတင်တော့ဘူး ... လှတပတ ပုံလေးတွေပဲ တင်ပါတော့မယ်ဆိုပြန်တော့လည်း ဇူဇူက မလှမပပုံတွေ လာပြနေပြန်တယ် ... ဇူဇူနဲ့ ခက်တယ်နော် 😄

Arab Street ပါ ပရိတ်သတ် 😊

12/09/2026

📚 ဟိုနေ့က ပြောထားတဲ့ စာအုပ် Library လေး… Website ရပါပြီ။

ကိုယ်ဖတ်ဖို့အတွက် အချိန်ရတိုင်း စုဆောင်းထားတဲ့ စာအုပ်တွေကို တစ်နေရာတည်းမှာ စနစ်တကျ စုထားပြီး အခုတော့ Website ကနေ စာအုပ်တွေကို ရှာဖွေ၊ ကြည့်ရှု၊ Download လုပ်နိုင်ပါပြီ။

အခုလက်ရှိ ကိုယ်စုဆောင်းထားတဲ့ စာအုပ်တွေကို အကုန်လုံး ထည့်ထားပြီးပါပြီ။ ဒါပေမယ့် ဒီနေရာမှာပဲ ရပ်ထားမှာမဟုတ်ဘဲ နောက်ထပ် စာအုပ်တွေကိုလည်း အများကြီး ထပ်ဖြည့်ပေးသွားပါမယ်။

Website က ပထမဆုံး Version ဖြစ်တာကြောင့် လိုအပ်ချက်တွေ၊ Bug လေးတွေ ရှိနေနိုင်ပါတယ်။ စမ်းသုံးရင်း အဆင်မပြေတာတွေ၊ Error တွေ့တာတွေရှိရင် အကြောင်းကြားပေးပါ။ ပြန်စစ်ပြီး တဖြည်းဖြည်း ပြင်ဆင်သွားပါမယ်။

အဓိကကတော့ ကိုယ်ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ကို ရှာဖို့အတွက် ဖိုဒါတွေထဲ လိုက်ရှာနေရတာမျိုးမဖြစ်အောင်၊ စာအုပ်တွေကို ပိုပြီး ရှာရလွယ်၊ ကြည့်ရလွယ်အောင် လုပ်ထားတာပါ။

အခုတော့ စမ်းသုံးကြည့်ကြပါဦး။

📖 Library — https://library.yatal.tech

ကျွန်မ စားစရာတွေ မတင်တော့ဘူးရှင် ဇူဇူ က ကျွန်မ အစားအစာ ကြိုက်တယ်ထင်တာလား ... ဟင်းချက်ဝါသနာပါတယ်ထင်လား မပြောတတ်ပါဘူး ... ...
11/09/2026

ကျွန်မ စားစရာတွေ မတင်တော့ဘူးရှင်

ဇူဇူ က ကျွန်မ အစားအစာ ကြိုက်တယ်ထင်တာလား ... ဟင်းချက်ဝါသနာပါတယ်ထင်လား မပြောတတ်ပါဘူး ... စားစရာတွေချည်း လာပြတယ် ... သူပြတာတွေဖြင့် တခုမှလည်း စားချင်စဖွယ် မရှိပါပဲ 🙄

စင်ကာပူမှာ ကျွန်မ ‌မဖြစ်လို့သာ ထမင်း ဟင်း ချက်နေရတာ ... မချက်ချင်တာ ဇူဇူသိအောင် ပြောပေးကြပါဦး အရပ်ကတို့ရေ 😬

အဲ့ဒီအစား လှတ ပတ ပုံလေးတွေပဲ တင်တော့မယ် ရှင် 🤭😄

လှလှ မလှလှ "လှ" လို့ တစ်လုံးတည်း မန့်သွားကြပါ 😜

ပညာရေးနဲ့ ဆိုင်တဲ့ Group တွေ ၀င်ကြည့်ပြီးရင် ... Comments တွေဖတ်ပြီး အကြံပေးချင်စိတ်ကုန် ပြန်ထွက်လာလိုက်ဝာာချည်းပဲ။ဒီကာလ...
09/09/2026

ပညာရေးနဲ့ ဆိုင်တဲ့ Group တွေ ၀င်ကြည့်ပြီးရင် ... Comments တွေဖတ်ပြီး အကြံပေးချင်စိတ်ကုန် ပြန်ထွက်လာလိုက်ဝာာချည်းပဲ။

ဒီကာလတွေမှာ နိုင်ငံခြားမှာ ကျောင်းတက်ဖို့က လိုအပ်ချက် တစ်ခုလို ဖြစ်လာတော့ ‌... တော်တော်များများက IGCSE / GED စာမေးပွဲဖြေ ... ဘယ်နိင်ငံ၊ ဘယ်ကျောင်း၊ ဘယ် မေဂျာ ရွေးရမလဲ ... ကုန်ကျစရိတ်၊ အလုပ်အကိုင်အခွင့်အလမ်း စသည်ဖြင့် စဉ်းစားစရာတွေ များပါတယ်။

အသည်းယားတာ တစ်ခုကတော့ ဒီခေတ်ကလေးတွေ စာဖတ်နိုင်သားနဲ့ စာရှာမဖတ်ကြတာကိုပဲ ... အလွယ်လေးမေးပြီး ... ပြောသမျှ ယုံကြမှာလား။

လူတိုင်းက အတွေ့အကြုံမတူ၊ အကြိုက်မတူ၊ အတွေးမတူ၊ ရည်မှန်းချက်တွေ မတူကြဘူး။

သူများ Poly တိုင်းလည်း လိုက် Poly စရာမလို၊ BCA တိုင်း လိုက် BCA စရာမလိုဘူး။ သူများချည်း အားကိုးဖို့လည်း မဖြစ်နိုင်ဘူး။ Official Website တွေထဲမှာ အကုန်ရေးထားတယ်။ ကိုယ်နဲ့ ကိုက်ညီမှာကို ကိုယ်တိုင် ရှာဖွေကြပါ။ Official website တွေမှာ ၀င်ဖတ်ကြည့်ကြပါ ကလေးတိူ့။

အသက်ကြီးပြီး၊ English မကောင်းတဲ့ အန်တီတောင် အန်တီ့ သား၊ သမီး အတွက် အန်တီကိုယ်တိုင် စာဖတ်ပြီး၊ ကလေးတွေကိုလည်း ကိုယ်တိုင်လေ့လာခိုင်းပြီး၊ အားလုံးကို ကိုယ်တိုင်လုပ်ခဲ့တာပါ ကလေးတို့ရေ။

ကိုယ်တိုင်လေ့လာတာ အကောင်းဆုံး၊ စိတ်အချရဆုံးပါပဲနော်။


09/09/2026

The upcoming changes to the salaries for political appointment hold...

ဒီနေ့ သားသား Internship စ ဆင်းရတဲ့နေ့  ... မအေ က အိပ်ပျော်နေတာ တအား ... ရုံးသွားတဲ့အထိ မသိလိုက်ဘူး ... ဘာမှလည်း လုပ်မပေး...
07/09/2026

ဒီနေ့ သားသား Internship စ ဆင်းရတဲ့နေ့ ... မအေ က အိပ်ပျော်နေတာ တအား ... ရုံးသွားတဲ့အထိ မသိလိုက်ဘူး ... ဘာမှလည်း လုပ်မပေးလိုက်ရဘူး 😭 သူ့ဟာသူ သွားရှာတော့တာ ... သားသားက ထင်ထားတာထက် ပိုလိမ်မာတာ သတိထားမိတယ် ... သူ့ သူငယ်ချင်းတွေနဲ့ Internship မ၀င်ခင် JB သွားလည်ကြတယ် ... ပိုက်ဆံလည်း သိပ်မသုံးခဲ့ဘူး ... သူတို့စားချင်တာလေး စားပြီး ပြန်ခဲ့ကြတာ ... အိမ်ရောက်တော့ ပိုက်ဆံတွေ ပြန်ပါလာလို့ ဘာလို့ မသုံးခဲ့တာလဲဆိုတော့ သုံးစရာသိပ်မရှိဘူးတဲ့ ... သားသား သူငယ်ချင်းလေးတွေလည်း တော်ကြတယ် ... ၅ ‌ယောက်သွားတာမှာ သားသား တစ်ယောက်တည်းပဲ Immigration မှာ တန်းစီရတယ် ... ၃ ယောက်က Singaporean ဖြစ်ပြီး ... တစ်ယောက်က က Malaysian and Singapore PR ဆိုတော့ သူတို့က Express Lane တွေက တန်း၀င်လိုက်ရုံပဲ ... သားသားကို စောင့်ပေးကြရှာတယ် ... ဒီနေ့တော့ အားလုံး Internship ၀င်ကုန်ကြပြီ ... ပြီးရင် သူတို့က အလုပ်တန်း၀င်ကြမှာ ... ယူနီမသွားကြသေးဘူးတဲ့ 😭 စိတ်ကောင်းရှိတဲ့ သားလေး အစစ အရာရာ အဆင်ပြေပါ‌စေ 🙏

ပုံကတော့ သားသား ပုံရိုက်မခံတော့ မရှိ ... ကိုယ့်ပုံကိုယ်ထည့်ရခြင်းကို သည်းခံကြပါကုန် 🙏

06/09/2026

ဟော့ပေါ့ကို JB အထိ ပင်ပန်းခံ သွားစားလိုက်တော့ စိတ်ကျေနပ်မှုတော့ ရသွားပါရဲ့ ... စားလည်းပြီးရော ရေငတ်တာ တအား 😬

Premium ယူလိုက်တာအပြင် သမီးက Oyster ၆ ခုတောင် အပိုမှာတော့ တစ်ယောက်ကို RM - 90 (S$ 30) ၀န်းကျင် .... စားချင်တဲ့ အချိန်စားရတော့ တန်ပါတယ်ပေါ့လေ 😂

သမီးရယ် တူမလေးရယ်နဲ့ စိတ်ကူးရ ချက်ချင်းထ သွားကြတာ 😄 အခုတော့ ပင်ပန်းလို့ ပန်လန်လက်နေကြပြီ 😂

05/09/2026

ဒီလိုသင်မယ် 😍

04/09/2026

စိတ်ဖိစီးမှူများရင် သီချင်းဆိုလိုက်တာမျိုး
သူများတွေပါ နားဒုက္ခပေးချင်တာ တအား 🤭😄

ဒီရက်ပိုင်း ဂုတ်ကျီးပေါင်း တော်တော်ဆိုးနေတော့ နေလို့က မကောင်း ... ထူးထူးခြားခြား ရန်ကုန်ပြန်ချင်စိတ်ဖြစ်ပြီး ဒီနေ့လေယာဉ်...
04/09/2026

ဒီရက်ပိုင်း ဂုတ်ကျီးပေါင်း တော်တော်ဆိုးနေတော့ နေလို့က မကောင်း ... ထူးထူးခြားခြား ရန်ကုန်ပြန်ချင်စိတ်ဖြစ်ပြီး ဒီနေ့လေယာဉ်နဲ့ ပြန်ရမလား စိတ်ကူးမိတယ် ... ဒါမယ့် သမီးက ဒီပိတ်ရက်မှာ စာတွေ အများကြီး လုပ်ရမယ်ဆိုလို့ စိတ်ကို လျော့လိုက်ရတယ် .... ဒီ‌နေ့ ပြန်ရရင် ၁၀ ရက်တော့ နေလို့ရမှာ 🤭😄

Address

Choa Chu Kang 62st Street
Singapore

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+6587096550

Website

Alerts

Be the first to know and let us send you an email when Thoughts and Reviews by Ma Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share