𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧

𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧 ချစ်ခင်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်ပါတယ်ဗျ🤝❤️

🎉 Facebook recognised me for starting engaging conversations and producing inspiring content among my audience and peers...
16/05/2026

🎉 Facebook recognised me for starting engaging conversations and producing inspiring content among my audience and peers!

09/05/2026

တစ်ခါလောက် နာကျင်ပူးရင်
ဘယ်သူ့ကိုမှ အရင်လို မယုံတော့ပူး

ပြန်မလာနဲ့တော့
မင်းထင်သလောက် မအခဲ့ပူး
တခနလေး ငြိမ်နေခဲ့တာက
မသိလို့မဟုတ်
ချစ်ခဲ့လို့
အရာအားလုံးကို သည်းခံခဲ့တာ။

အယုံလွယ်တဲ့လူတစ်ယောက်လို့
သတ်မှတ်ထားခဲ့တာလား။
စကားချိုချိုလေးတွေနဲ့
နှလုံးသားတစ်ခုကို
လွယ်လွယ်ကစားလို့ရမယ် ထင်ခဲ့တာလား

လူတစ်ယောက်က
အရမ်းချစ်မိသွားရင်
သံသယတွေထက်
ယုံကြည်မှုကို ပိုရွေးတတ်တယ်။
ဒါပေမယ့်
အဲ့ဒီယုံကြည်မှုကို အသုံးချခံရတဲ့အခါ
ရင်ထဲက နာကျင်မှုက အရမ်းပြင်းတယ်။

အခုတော့
အရင်လို မဟုတ်တော့ပူး
ဘယ်စကားကိုမှ လွယ်လွယ်မယုံတော့သလို
ဘယ်လူကိုမှလည်း
အရမ်းကြီး မမျှော်လင့်တော့ပူး
နာကျင်ပြီးမှ
လူတစ်ယောက်က ပိုသတိထားတတ်လာတာ

ပြန်လာပြီး
အရင်လို ချစ်ပေးဖို့ မမျှော်လင့်နဲ့တော့
တစ်ခါကျိုးသွားတဲ့ နှလုံးသားက
ပြန်ဆက်လို့ရရင်တောင်
အမာရွတ်တော့ ကျန်နေတတ်တယ်
မင်းထင်သလို
အယုံလွယ်တဲ့သူ မဟုတ်တော့ပူး•••••✍️🥰💔





𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧 𝐕𝐥𝐨𝐠

အလွမ်းတွေထဲမှာပဲ အချစ်ရဲ့နွေးထွေးမှုရှိတယ်ဆိုရင် ဒီနှစ်အပျော်ဆုံးက ကျွန်တော်ပါပဲတချို့လူတွေက အနားမှာမရှိတော့ပေမယ့်သူတို့...
06/05/2026

အလွမ်းတွေထဲမှာပဲ အချစ်ရဲ့နွေးထွေးမှုရှိတယ်ဆိုရင်
ဒီနှစ်အပျော်ဆုံးက ကျွန်တော်ပါပဲ

တချို့လူတွေက အနားမှာမရှိတော့ပေမယ့်
သူတို့ပေးခဲ့တဲ့နွေးထွေးမှုကတော့ မပျောက်သွားပူး အလွမ်းဆိုတာ နာကျင်မှုတစ်ခုလို့ထင်ခဲ့ပေမယ့် တကယ်တော့ ဒဏ်ရာ မပျောက်သေးပူးဆိုတဲ့
သ-က်‌ေ-သတစ်ခုပါပဲ

တစ်ယောက်ယောက်ကို
မတွေ့ရတော့တဲ့အချိန်တွေမှာတောင်
အမှတ်တရတွေက အချိန်တိုင်း
ပြန်လည်ပေါ်လာတယ်
အဲ့ဒီအချိန်မှာ နှလုံးသားထဲမှာ
မသိမသာပူနွေးလာတာက
အလွမ်းထဲမှာ ကျန်နေသေးတဲ့ အချစ်တွေကြောင့်ပါပဲ

တချို့ညတွေမှာ မျက်လုံးပိတ်လိုက်ရင်
သူ့အသံ၊ သူ့အပြုံး၊ သူ့အရိပ်တွေ ပြန်မြင်ရတတ်တယ် နာကျင်ပေမယ့် အဲ့ဒီနာကျင်မှုထဲမှာတောင် မျက်နှာချင်းဆိုင်ခဲ့တဲ့အချိန်တွေကို ပြန်သတိရလို့ တစ်ခါတစ်ရံ ပြုံးမိတတ်တယ်။

အလွမ်းတွေများလာလေ ကိုယ့်နှလုံးသားက
ပိုပြီးတိတ်ဆိတ်လာတယ်။ မပြောချင်တာတွေ ပိုများလာပြီး မပြောနိုင်တာတွေ ပိုနက်ရှိုင်းလာတယ်။
ဒါပေမယ့် အဲ့ဒီတိတ်ဆိတ်မှုထဲမှာပဲ ကိုယ့်အချစ်ရဲ့တန်ဖိုးကို နားလည်လာတယ်။

အဆုံးမှာတော့ အလွမ်းတွေကို မရှောင်တော့ပူး
နာကျင်တယ်ဆိုတာ သိပေမယ့် လက်ခံတတ်လာတယ်။ ဘာလို့လဲဆိုတော့ အလွမ်းတွေမရှိဘူးဆိုရင်
ကိုယ်တကယ်ချစ်ခဲ့တာကိုတောင် မသိနိုင်လို့ပါ။

အလွမ်းတွေသာ အချစ်ရဲ့နွေးထွေးမှုဖြစ်တယ်ဆိုရင်
ဒီနှစ်တစ်နှစ်လုံး ကျွန်တော်ဟာ အပူဆုံးနှလုံးသားနဲ့
လူတစ်ယောက်ပါပဲ••••🥰



𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧 𝐕𝐥𝐨𝐠

05/05/2026

တစ်ခါတစ်လေ
တစ်ယောက်ထဲပဲ နာကျင်နေခဲ့ရတာပါ

မပြောနိုင်တဲ့စကားတွေ
တစ်ယောက်ထဲတွေးနေတဲ့အချိန်တွေမှာ
ပြောချင်တာတွေ အများကြီးရှိတယ်
ဒါပေမယ့် ပြောဖို့လူမရှိပူး
နားထောင်ပေးမယ့်သူမရှိပူး
ဒါကြောင့် အားလုံးကို မျိုချလိုက်ရတယ်
အဲဒီမပြောနိုင်တဲ့စကားတွေက
နှလုံးသားထဲမှာပဲ အနာဖြစ်သွားတယ်

သူတစ်ယောက်က အာရုံစိုက်မယ်ထင်ခဲ့တယ်
သူနားလည်မယ်ထင်ခဲ့တယ်
ဒါပေမယ့် အဆုံးမှာ
ကိုယ်တစ်ယောက်ထဲပဲ စိတ်ပင်ပန်းခဲ့ရတယ်
မျှော်လင့်ချက်တွေ များသွားတဲ့အခါ
နာကျင်မှုက ပိုများလာတယ်
အချိန်တွေ ကွာသွားပြီဆိုပေမယ့်
ကိုယ်တစ်ယောက်ထဲ မျက်ရည်ကျနေခဲ့တယ်

ဘယ်သူမှ မမြင်နိုင်တဲ့ နာကျင်မှုတွေ
အချိန်ကြာလာတဲ့အခါ
တစ်ခုကို နားလည်လာတယ်
ဘယ်သူမှ မကယ်နိုင်တဲ့ နာကျင်မှုတွေကို
ကိုယ်တိုင်ပဲ ကျော်ဖြတ်ရမယ်ဆိုတာ
တစ်ယောက်ထဲ နာကျင်ခဲ့တဲ့နေ့တွေက
ကိုယ့်ကို ပိုခိုင်မာအောင် သင်ပေးသွားတယ်

တစ်ယောက်ထဲနာကျင်ခဲ့တဲ့နေ့တွေ
မလွယ်ကူပေမယ့်
အဲဒီနေ့တွေကြောင့်ပဲ
ဒီနေ့ကို ကိုယ်တိုင် ရပ်တည်နိုင်လာတာပါ
မစစ်မှန်တဲ့ချစ်ခြင်းတွေဝေးပါစေ•••✍️💔






𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧 𝐕𝐥𝐨𝐠

05/05/2026

သင်ခန်းစာပေးဖို့ပဲ ရောက်လာတဲ့ အချစ် 💔

ဘယ်လိုလူကို မချစ်သင့်လဲဆိုတာကို
သင်ပေးသွားတယ်
နာကျင်မှုအောက်မှာပဲ
သဘောတရားတွေ ပြတ်သားလာတယ်
ဘယ်လောက်ချစ်နေပါစေ တန်ဖိုးမရတဲ့အခါ
နာကျင်မှုတွေကြားမှာ
စိတ်မတည်မငြိမ်ဖြစ်တာ သဘာဝပါ
ဒါပေမယ့် အဲ့ဒီအချိန်တွေကပဲ
ကိုယ့်စိတ်ကို ဘယ်လိုထိန်းသင့်လဲဆိုတာကို
သင်ပေးတယ်
အချစ်တစ်ခုက လူကိုပျော်ရွှင်စေတယ်ဆိုပေမယ့်
အဆုံးမှာ သိလာတာက
မျှော်လင့်နေမယ့်အစား
ကိုယ့်ကိုယ်ကို ပိုချစ်ဖို့လိုတယ်ဆိုတာပဲ
အချစ်တချို့က မနေရအောင် နာကျင်ပေမဲ့
နောက်တစ်ခါ ပိုကောင်းတဲ့ဘဝအတွက်
ပြင်ဆင်ပေးသွားတာပါ

အချစ်တိုင်း မတည်မြဲပူး
ဒါပေမယ့် အချစ်တိုင်းမှာ အဓိပ္ပာယ်ရှိတယ်
တချို့က
မင်းဘဝထဲမှာ မနေရပေမယ့်
မင်းကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်
သင်ခန်းစာပေးဖို့ပဲ ရောက်လာတာပါ•••✍️💔




𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧 𝐕𝐥𝐨𝐠

03/05/2026

ဥယျာဉ်မှူးလေးတယောက် ရူးနေပီ
သူက ပန်းတွေကို အရမ်းချစ်တယ်
နေ့တိုင်း ရေဖြည့်တယ်
နေရောင်မှန်အောင် ထိန်းတယ်…
ပွင့်လာမယ့်နေ့ကို စောင့်တယ်။
ဒါပေမယ့်
သူစိုက်ထားတဲ့ပန်းတွေက
တချို့က မပွင့်ဘူး…
တချို့က ပွင့်ပြီး မကြာခင်ခြောက်သွားတယ်…
သူမနားလည်ဘူး—
ဘာကြောင့် ဒီလောက်ကြိုးစားပြီးမှ
ရလဒ်က မတန်ဘူးလို့ ထင်ရတာလဲဆိုတာ။
တစ်နေ့မှာ
သူ ပန်းတွေကို မကြည့်တော့ဘူး။
ရေမလောင်းတော့ဘူး။
အလှတရားတွေကို မမြင်တော့ဘူး။
လူတွေပြောတယ်—
“ဒီဥယျာဉ်မှူးလေး ရူးသွားပြီ” လို့။
ဒါပေမယ့် အမှန်က—
သူမရူးဘူး။
သူပင်ပန်းသွားတာပါ။
သူက
ပန်းတွေကိုပဲ စိုက်ခဲ့တာမဟုတ်ဘူး…
လူတွေကိုလည်း စိတ်နဲ့ စိုက်ခဲ့တယ်။
ဂရုစိုက်ခဲ့တယ်…
အချိန်ပေးခဲ့တယ်…
စောင့်ဆိုင်းခဲ့တယ်…
ဒါပေမယ့်
သူ့အတွက် ပြန်မပွင့်ခဲ့ဘူး။
အချို့ပန်းတွေက
ဘယ်လောက်ပဲ ကြိုးစားစိုက်စိုက်
မပွင့်ဖို့ပဲ ဖြစ်နေတတ်တယ်။
အချို့လူတွေကလည်း
ဘယ်လောက်ပဲ ချစ်ချစ်
နားလည်ပေးမယ့်လူ မဟုတ်နိုင်ဘူး။
နောက်ဆုံးမှာ
ဥယျာဉ်မှူးလေးတစ်ယောက်
ရူးသွားတာမဟုတ်ဘူး…
သူသိလာတာတစ်ခုရှိတယ်—
ပန်းတွေကို စိုက်တာထက်
ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ပိုအရေးကြီးတယ်ဆိုတာ။

တချို့အချစ်တွေက ပန်းလိုပဲ…
မပွင့်တော့ရင် လက်လွှတ်တတ်ဖို့ သင်ယူရတယ်



𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧 𝐕𝐥𝐨𝐠

စွဲမထားရင်မမြဲဘူးတဲ့မျော်လင့်နေရင်ရော မောတာပဲ အဖတ်တင်တယ်မဟုပ်လားသံယောဇဉ်ဆိုတာကချစ်တယ်ဆိုတာထက် ပိုလေးနက်တယ်။တည်ဆောက်ရတဲ့ ...
05/01/2026

စွဲမထားရင်မမြဲဘူးတဲ့
မျော်လင့်နေရင်ရော
မောတာပဲ အဖတ်တင်တယ်မဟုပ်လား
သံယောဇဉ်ဆိုတာက
ချစ်တယ်ဆိုတာထက် ပိုလေးနက်တယ်။
တည်ဆောက်ရတဲ့ ကာလလည်းကြာတယ်
သံယောဇဉ်ဆိုတာ ချစ်တယ်ဆိုတာလိုမျိုး
အပြောင်းအလဲ မရှိဘူး
ချစ်တယ်ဆိုတာက ဒီနေ့ချစ်ပီး
နောက်နေ့ မုန်းချင်မုန်းသွားတာမျိုး
မချစ်တော့တာလဲ ဖြစ်နိုင်တာမျိုး
သံယောဇဉ်ကတော့ မဟုတ်ဘူး
ဒီနေ့ သံယောဇဉ်ရှိရင် နောက်နေ့
နောက်နှစ်ပေါင်းများစွာထိလည်းရှိနေမှာပဲ
မုန်းနေရင်တောင် သံယောဇဉ်ကြောင့်
စိတ်ထဲတွေးမိပီး သတိရနေမှာ
တယောက်နဲ့တယောက်
ချစ်တာအပြင် သံယောဇဉ်ရှိသွားရင်
ဘယ်သူဖြတ် မပျက်တာများတယ်
ပျက်သွားတယ်ဆိုရင်တောင် သံယောဇဉ်ကြောင့်
မမေ့နိုင်ကြတာများတယ်
တကယ်တော့ သံယောဇဉ်ဆိုတာ
ချစ်တယ်ဆိုတာထက် ပိုလေးနက်သလို
ပိုပီးဖြတ်တောက်ရလည်း ခက်တဲ့ကြိုးပါပဲ
#စာတို

အရာအားလုံးကိုအရှုံးပေးလိုက်ဖို့အတွေးဝင်လာတဲ့အခါဒီနေရာကိုရောက်ဖို့အတွက်ဘယ်လောက်ထိရုန်းကန်ခဲ့ရလဲဆိုတာ ပြန်သတိရပါ ဘဝနာပြီး ...
04/01/2026

အရာအားလုံးကိုအရှုံးပေးလိုက်ဖို့

အတွေးဝင်လာတဲ့အခါ

ဒီနေရာကိုရောက်ဖို့အတွက်

ဘယ်လောက်ထိရုန်းကန်ခဲ့ရလဲဆိုတာ ပြန်သတိရပါ

ဘဝနာပြီး ဘဝမြင့်အောင်ကြိုးစားပါ

ဘဝင်မြင့်ရင်တော့ ပြုတ်ကျတက်တယ်

03/01/2026

တင်ပေးဦးဆိုလို့တင်ပေးလိုက်ပြီဗျာ
နောက်ဆုံးဒူးပြဲတဲ့အခန်းမကြည့်ရ😍🤭

ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာကိုကံလို့ခေါ်တယ်တဲ့ ကံကိုမယုံပါနဲ့နှစ်ထောင့် နှစ်ဆယ့်ခြောက်ကနေစပီးဖြစ်ချင်တဲ့တိုင်း ဖြစ်ခွင့...
03/01/2026

ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာကို

ကံလို့ခေါ်တယ်တဲ့ ကံကိုမယုံပါနဲ့

နှစ်ထောင့် နှစ်ဆယ့်ခြောက်ကနေစပီး

ဖြစ်ချင်တဲ့တိုင်း ဖြစ်ခွင့်ရကြပါစေဗျာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝐍𝐚𝐢𝐧𝐠 𝐋𝐢𝐧 𝐓𝐮𝐧ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์