Vix Food Hall - ဘန်ကောက်

Vix Food Hall - ဘန်ကောက် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Vix Food Hall - ဘန်ကောက်, ร้านขายของชำ, 459 13-15 Ratchawithi Road, Thanon Phaya Thai, Ratchathewi, Bangkok.

ခွက်ကမ်းပေးလာတဲ့ သူကို ပြုံးပြရင်း Beer မသောက်တတ်ဘူးလို့ငြင်းလိုက်တော့မယုံနိုင်တဲ့မျက်လုံးနဲ့ လူကို ပြန်ကြည့်လာတယ် ''မထင...
03/03/2025

ခွက်ကမ်းပေးလာတဲ့ သူကို
ပြုံးပြရင်း Beer မသောက်တတ်
ဘူးလို့ငြင်းလိုက်တော့

မယုံနိုင်တဲ့မျက်လုံးနဲ့
လူကို ပြန်ကြည့်လာတယ်
''မထင်ရဘူးနော်''

အဲ့စကားက ကျမ
အတွက်တော့ နားယဉ်နေပါပီ

ကိုယ်နေတတ်သလိုနေတာက
သူတို့တွေရဲ့အမြင်မှာ

ပျက်စီးနေသယောင်ယောင်
အထင်ခံရတဲ့အတွက်တော့
စိတ်မကောင်းဖြစ်မိတယ်

‘’ဒါဆိုလည်း Spy လောက်တော့လုပ်’’
ကိုယ့်မှာငြင်းရခက်သွားတယ်

Spy ဆိုတာကြီးက
နဲနဲသောက်ပီး မူးပြရတာမျိုး

နောက်တခေါက်ပြန်ပြုံးပြရင်း
‘’တဂယ်မသောက်တတ်တာပါ’’

ထပ်ငြင်းတော့ အမြည်းစားခိုင်းတယ်
အော်ရယ်သံတွေကြားထဲ ခေါင်းလေးငုံပီး
အမြည်းတွေဖြေးဖြေးချင်းဝါးနေမိတယ်

တဆက်ထဲမှာဘဲ ကျမ
ခေါင်းထဲအတွေးတခုဝင်လာတယ်

'' ဘာလို့အရက်မမှာကြတာလဲ ???'' 🙂


🫨 Beer Buy1+Get 1 Free နဲ့ အဝသောက်ကြမယ် 🍻ကဲကဲ ဘီယာဆိုရင်တစ်ခွက်မကုန်ခင် နောက်တစ်ခွက်မှာပြီး ဆက်တိုက်ကစ်ချင်တဲ့ညီအကိုတွေအ...
03/03/2025

🫨 Beer Buy1+Get 1 Free နဲ့ အဝသောက်ကြမယ် 🍻

ကဲကဲ ဘီယာဆိုရင်တစ်ခွက်မကုန်ခင် နောက်တစ်ခွက်မှာပြီး ဆက်တိုက်ကစ်ချင်တဲ့ညီအကိုတွေအတွက် Vix Bar BKK ရဲ့ Butweiser Beer Buy 1+Get 1 Free , Pay Day Promotion လာပြီနော်။ 🥳🍺

🤩 ဆိုင်ပြန်ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ ယခု မတ်လ ၃၊ ၄၊ ၅ ရက်သုံးရက်တိုင်တိုင် တစ်ခွက်ဝယ် တခွက်ဖရီး Promotion ပေးသွားမှာပါ။ အပူချိန်တက်လာတဲ့ရာသီဥတုလေးမှာ ဘီယာအေးအေးလေးသောက်ရင်း Vix Bar က Unplugged သီချင်းတွေနဲ့ Chill နိုင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 🎸

📍Vix Food Hall - Near Victory Monument
🚆 5min from BTS - Victory Monument
⏰ Open 9:00 Am - 6:00 Pm

Phone : 088 919 1222
Line : https://lin.ee/g1EIAc6

Google Map - https://maps.app.goo.gl/yux7TSfv1eykM8f39?g_st=ic

#အသုပ်စုံ #မုန့်ဟင်းခါး

26/02/2025

🤤 ထိမိပွင့်ထွက် ဂဏန်းချဥ်စပ် 🦀

🌧 ခုရက်ထဲ မိုးကလည်အေးဆိုတော့ ချဥ်ချဥ်စပ်စပ် ပင်လယ်စာဟင်းလေး စားချင်စိတ်တွေပြင်းပျနေတယ်ဟုတ်။ ပင်လယ်စာဆိုဂဏန်းမှဆိုတဲ့ Foodie တွေအတွက် Vix Food Hall - ဘန်ကောက်မှာ ဂဏန်းချဥ်စပ်ပွဲကြီးတစ်ပွဲကို ၂၈၉ ဘတ်တည်းနဲ့ Online ကနေမှာယူလို့ရနေပါပြီ။ 🫨

🦀 ကောင်းပေ့၊ ကြီးပေ့ဆိုတဲ့ဂဏန်းတွေကိုပဲရွေးပြီးချက်ထားတာမလို့တစ်ပွဲကိုနှစ်ယောက်၊သုံးယောက်လောက် အဝဆွဲလို့ရတယ်နော်။ Vix ရဲ့ စားဖိုမှူးတွေစပယ်ရှယ်လက်စွမ်းပြထားတဲ့ Signature ဟင်းလျာမလို့အနံ့နဲ့တင်ဗိုက်ဆာလာတာမျိုး။ အနှစ်ချည်းပဲထမင်းနဲ့နယ်စားရင်တောင်ရှယ်ပဲ။ ဂဏန်းဟဲဗီးကြီးတွေကိုကိုက်ရင်း အထဲကပွင့်ထွက်လာမဲ့ထိထိမိမိအရသာဟာဆိုရင်တော့ မြန်မာပါးစပ်နဲ့ အစပ်အဟပ်မိချက်ပဲနော်။ 🤤🌶

စာဖတ်ရင်းဗိုက်စာလာရင်တော့ ဖုန်းကနေတဆင့် ဟယ်လိုလိုက်တာပဲဖြစ်ဖြစ် 📞၊ Messanger ကနေ Hi လိုက်တာပဲဖြစ်ဖြစ် 📲 အမြန်လေးမှာယူလိုက်တော့နော်။

📍Vix Food Hall - Near Victory Monument
🚆 5min from BTS - Victory Monument
⏰ Open 9:00 Am - 6:00 Pm

Phone : 088 919 1222
Line : https://lin.ee/g1EIAc6

Google Map - https://maps.app.goo.gl/yux7TSfv1eykM8f39?g_st=ic

#အသုပ်စုံ #မုန့်ဟင်းခါး

🤤 ဘယ်နေရာရောက်ရောက်အသုပ်စားချင်လို့ တောင့်တနေတဲ့သူတွေရှိတယ်ဟုတ် 🥗🇲🇲 မြန်မာအကြိုက်၊ မြန်မာပါးစပ်ဆိုတော့ ဘာစားစားအရသာထိထိမ...
22/02/2025

🤤 ဘယ်နေရာရောက်ရောက်အသုပ်စားချင်လို့ တောင့်တနေတဲ့သူတွေရှိတယ်ဟုတ် 🥗

🇲🇲 မြန်မာအကြိုက်၊ မြန်မာပါးစပ်ဆိုတော့ ဘာစားစားအရသာထိထိမိမိမရှိရင် အာသာမပြေဘူးဖြစ်နေကြတယ်မလား။ မြန်မာအရသာစစ်စစ် အားရပါးရနယ်ဖတ်ထားတဲ့ ချဥ်ငံစပ်အသုပ်လေးတွေစားလိုက်ရရင် ထိမိပွင့်ထွက်ပြီးအရသာရှိမှာအမှန်နော်။ 🌶

😋 ပုံလေးတွေကြည့်ရင်းနဲ့တင်ဗိုက်ဆာလာတာမလို့ အခုလို မြန်မာပါးစပ်နဲ့အကိုက်အသုပ်အမျိုးမျိုးကို ဘတ် ၁ဝဝ မကျော်တဲ့စျေးလေးတွေနဲ့ Vix Food Hall - ဘန်ကောက်မှာရရှိနေပါပြီ။ Online ကနေရောင်းချပေးနေတာမလို့ နေ့စဥ်ညနေ ၄နာရီခွဲအထိ Order မှာလို့ရသလို၊ နောက်နေ့မနက်အတွက်လဲကြိုမှာထားလို့ရပါတယ် ကာကာတို့ရေ။🥳

ဒါ့အပြင် ဆိုင်ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ Menu အကုန်လုံးကို ဘယ်လောက်ဖိုးပဲမှာမှာ 20% Discount လျော့ပြီးရောင်းချပေးသွားဦးမှာပါနော် 🫨။ Promotion ကာလကလည်း ဖေဖော်ဝါရီလကုန်အထိမလို့ မြန်မာဟင်းလျာအစုံကို စျေးသက်သက်သာသာနဲ့ Messanger ကနေတဆင့်သော်လည်းကောင်း၊ ဖုန်းကနေတဆင့်သော်လည်းကောင်း မှာယူလို့ရပါပြီရှင့်။ ☎️😇

📍Vix Food Hall - Near Victory Monument
🚆 5min from BTS - Victory Monument
⏰ Open 9:00 Am - 6:00 Pm

Phone : 088 919 1222
Line : https://lin.ee/g1EIAc6

Google Map - https://maps.app.goo.gl/yux7TSfv1eykM8f39?g_st=ic

#အသုပ်စုံ #မုန့်ဟင်းခါး

မြန်မာ့လက်ရာ အစားအသောက်တွေကို လွမ်းဆွတ်တမ်းတနေကြတဲ့ ဘန်ကောက်ရောက် ရွှေမြန်မာတို့အတွက် Vix Food Hall - ဘန်ကောက်ဆိုင်လေး ရ...
19/02/2025

မြန်မာ့လက်ရာ အစားအသောက်တွေကို လွမ်းဆွတ်တမ်းတနေကြတဲ့ ဘန်ကောက်ရောက် ရွှေမြန်မာတို့အတွက် Vix Food Hall - ဘန်ကောက်ဆိုင်လေး ရောက်ရှိလာပါပြီ 🥳🤩

Vix Food Hall မှာ ဘာတွေရမလဲ?

✅ မနက်စာအတွက်ဆို ခေါက်ဆွဲသုပ် ၊ ကြာဇံသုပ် ၊ နန်းလတ်သုပ် ၊ ဆီချက်ခေါက်ဆွဲ တို့လိုပေါ့ပေါ့ပါ့းပါးစားလို့ရတာလေးတွေရှိပါတယ်

✅ နေ့လည်နေ့ခင်း အငိုက်ပြေ၊ အဆာပြေစားဖို့အတွက် မြန်မာစတိုင် အသုပ်တွေရယ် ဆိတ်လက်ဖက်ထောင်း၊ ဆိတ်ထောင်းချဥ်စပ်တွေလည်းရပါမယ်

✅ Vix Food Hall ရဲ့ Signature ဟင်းလျာတွေဖြစ်တဲ့ ဂဏန်းချဥ်စပ်နဲ့ ခရုမာလာလိုမျိုး အရသာထိမိကောင်းမွန်တဲ့ဟင်းလျာတွေအပြင် အခြားသော မြန်မာ့ပါးစပ်နဲ့ကိုက်တဲ့ တရုတ်ဟင်းလျာတွေကိုပါ တွဲဖက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဆိုင်လေးမဖွင့်ခင်ကာလအတွင်းမှာ Online Delivery နဲ့ စတင်ရောင်းချပေးနေပြီဖြစ်လို့ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေနော် 😍

📍Vix Food Hall - Near Victory Monument
🚆 5min from BTS - Victory Monument
Open - 9:30 am to 5:00 pm

Phone : 088 919 1222
Google Map - https://maps.app.goo.gl/yux7TSfv1eykM8f39?g_st=ic

🥳 မြန်မာလက်ရာစစ်စစ်တွေကို ၂ဝ% လျော့စျေးနဲ့မှာယူနိုင်ပါပြီ 🫨🥘🤤 အညာဓလေ့အပြည့်နဲ့ ထမင်းဆီဆမ်း၊ နန်းလတ်သုတ် စတဲ့ မနက်စာတွေပဲ...
19/02/2025

🥳 မြန်မာလက်ရာစစ်စစ်တွေကို ၂ဝ% လျော့စျေးနဲ့မှာယူနိုင်ပါပြီ 🫨🥘

🤤 အညာဓလေ့အပြည့်နဲ့ ထမင်းဆီဆမ်း၊ နန်းလတ်သုတ် စတဲ့ မနက်စာတွေပဲစားမလား

🍝 အရသာကောင်းကောင်းနဲ့ ဗိုက်ပြည့်အောင်စားချင်သူတွေအတွက် လက်ဖက်ထမင်း၊ ခေါက်ဆွဲကြော်တို့လို အဆာပြေစာပဲစားမလား

🥗 စားလိုက်တဲ့တစ်လုပ်ချင်းစီတိုင်းမှာအိမ်ပြန်ရောက်သွားသလိုခံစားရစေမယ့် အသုပ်လေးတွေ အစုံစားမလား

😍 မြန်မာပါးစပ်နဲ့ကွက်တိဖြစ်စေမည့် မာလာရှမ်းကော၊ ဆိတ်လက်ဖက်ထောင်းတွေအပြင် Signature ဟင်းလျှာဖြစ်တဲ့ ခရုမာလာတို့အားလုံးကို ဈေးနှုန်းသင့်တင့်စွာနဲ့ Vix Food Hall - ဘန်ကောက်မှာ Online ကနေမှာယူသုံးဆောင်လို့ရနေပါပြီနော်။

Promotion ကာလကလည်း ဖေဖော်ဝါရီလကုန်အထိမလို့ မြန်မာဟင်းလျာအစုံကို စျေးသက်သက်သာသာနဲ့ Messanger ကနေတဆင့်သော်လည်းကောင်း၊ ဖုန်းကနေတဆင့်သော်လည်းကောင်း မှာယူလို့ရပါပြီရှင့်။ ☎️😇

📍Vix Food Hall - Near Victory Monument
🚆 5min from BTS - Victory Monument
⏰ Open 9:00 Am - 6:00 Pm

Phone : 088 919 1222
Line : https://lin.ee/g1EIAc6

Google Map - https://maps.app.goo.gl/yux7TSfv1eykM8f39?g_st=ic

#အသုပ်စုံ #မုန့်ဟင်းခါး

ဒီနေ့ ခရုချက်၊ဂဏန်းချက် Deli အော်ဒါလေးတွေ အကုန်ပို့ပြီးပါပြီရှင့်🥰အပိုချက်ထားတာလည်းရှိလို့ အခုမှာရင် ချက်ချင်းပို့ပေးလို...
18/02/2025

ဒီနေ့ ခရုချက်၊ဂဏန်းချက် Deli အော်ဒါလေးတွေ အကုန်ပို့ပြီးပါပြီရှင့်🥰

အပိုချက်ထားတာလည်းရှိလို့ အခုမှာရင် ချက်ချင်းပို့ပေးလို့ရပါတယ်နော်😋

အများကြီးမှာပေးကြလို့ကျေးဇူးတင်ပါတယ်🙏

ခရုချက် ၊ ရန်ကုန်အသုပ်စုံ ၊ တိုဟူးသုပ် Order အများကြီးမှာပေးကြတဲ့ ကာကာတွေကို ကျေးဇူးပါရှင့်😍🥰နေ့ခင်းအဆာပြေတွေကို စျေးတန်...
17/02/2025

ခရုချက် ၊ ရန်ကုန်အသုပ်စုံ ၊ တိုဟူးသုပ် Order အများကြီးမှာပေးကြတဲ့ ကာကာတွေကို ကျေးဇူးပါရှင့်😍🥰

နေ့ခင်းအဆာပြေတွေကို စျေးတန်တန်နဲ့ မှာလို့ရပါပြီရှင်

မီနူးကြည့်ရန် -https://www.facebook.com/share/p/1DgXe2yGdA/?mibextid=wwXIfr

ခေါက်ဆွဲကြော်တစ်ပွဲ ၉၉ ဘတ်ပဲတဲ့လား ❓❓❓မန္တလေးမှာနေတုန်းက စားခဲ့ရတဲ့ ခေါက်ဆွဲကြော်လေးကို သိပ်လွမ်းတာပဲ 🙄မန်းသားတွေအကြိုက်...
17/02/2025

ခေါက်ဆွဲကြော်တစ်ပွဲ ၉၉ ဘတ်ပဲတဲ့လား ❓❓❓

မန္တလေးမှာနေတုန်းက စားခဲ့ရတဲ့ ခေါက်ဆွဲကြော်လေးကို သိပ်လွမ်းတာပဲ 🙄

မန်းသားတွေအကြိုက် ခေါက်ဆွဲ အနေတော်ဆိုဒ်လေးကို ဆီပါးပါးနဲ့ လတ်ဆတ်တဲ့ အသီးအရွက်လေးတွေ ပေါက်ပြီး ​တရုတ်ဒယ်ထဲကြော်ထားတဲ့ မန္တလေးစတိုင် ခေါက်ဆွဲကြော်လေး Vix မှာရပြီနော် 😋😋😋

စားရတာလုံးဝမအီတဲ့အပြင် ပူပူလောလော ကြော်ထားတာမို့ ခေါက်ဆွဲသားလေးက အိစက်ပြီး စားပြီးရင်း ထပ်စားချင်နေမှာပါ

စာတွေရေးနေရင်ကြာပါတယ်...
Vix ရဲ့ မန္တလေးခေါက်ဆွဲကြော်လေးကို မြည်းစမ်းဖို့ အခုပဲ မှာလိုက်တော့နော်

📍Vix Food Hall - Near Victory Monument
🚆 5min from BTS - Victory Monument
⏰ Open 9:00 Am - 6:00 Pm

Phone : 088 919 1222
Line : https://lin.ee/g1EIAc6

Google Map - https://maps.app.goo.gl/yux7TSfv1eykM8f39?g_st=ic

#အသုပ်စုံ #မုန့်ဟင်းခါး

ဖေဖော်ဝါရီ ၁၈ ရက်နေ့အတွက် ကြိုတင်အော်ဒါမှာယူနိုင်ပါပြီ 😋🍽  ဂဏန်းချဥ်စပ် ထိမိပွင့်ထွက်သွားမယ့် ချဥ်ချဥ်စပ်စပ် အနှစ်တွေကို...
15/02/2025

ဖေဖော်ဝါရီ ၁၈ ရက်နေ့အတွက် ကြိုတင်အော်ဒါမှာယူနိုင်ပါပြီ 😋

🍽 ဂဏန်းချဥ်စပ်

ထိမိပွင့်ထွက်သွားမယ့် ချဥ်ချဥ်စပ်စပ် အနှစ်တွေကို ထမင်းနဲ့နယ်စားလိုက်ရရင်တော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်ရချည်ရဲ့။ တစ်ပွဲမှာ တင်းပြည့်ကျပ်ပြည့် ဂဏန်းတွေနဲ့ အနှစ်တွေ နိုင်းချင်းပါတာကိုမှ ၁၉၉ ဘတ်ပဲ ကျသင့်မှာပါ 😋😋

🍽 ခရုမာလာချက်

ပူပူစပ်စပ် မာလာအနှစ်ချက်လေးကို ခရုနံ့သင်းသင်းလေးနဲ့ဆို အရည်လေးလည်းသောက်၊ ရှလွတ်ရှလွတ်နဲ့ ခရုလေးလည်းစုပ်ရင်းအင်မတန် လိုက်ဖက်နေသောပါပဲ။

ရွှေမန်းမှာနာမည်ကြီးတဲ့ ခရုချက်တွေရဲ့ အနံ့အရသာတိုင်းပြန်လည်ခံစားချင်ရင်တော့ မာလာခရုချက်လေးကို ၉၉ ဘတ်တည်းနဲ့ မှာစားကြည့်လိုက်နော် 🤩🤩

🍽️အသုပ်စုံ

နေ့လည်နေ့ခင်း ဗိုက်ဆာတဲ့အချိန်တိုင်း လွမ်းဆွတ်တမ်းတရတာကတော့ မြန်မာပြည်မှာစားခဲ့ရတဲ့ အသုပ်စုံလေးပါပဲဲ။

မြန်မာတွေအကြိုက် မြန်မာ့အရသာအတိုင်း ထိထိမိမိ လေးလေးပင်ပင်ရှိလှတဲ့ မြန်မာ့ အသုပ်စုံလေးဟာဖြင့် တစ်ပွဲကိုမှ ၄၉ ဘတ်တည်းပါတဲ့နော် 😍😍

ဒီလိုဈေးလေးတွေနဲ့ ဒီလိုအရသာတွေမြည်းစမ်းချင်ရင်တော့ အခုကတည်းက ကြိုတင်မှာယူထားနိုင်ပါပြီ။

မှာယူထားတဲ့ Order များအတွက် လာမယ့် အင်္ဂါနေ့ - ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

🤩 "Send Message" လေးနှိပ်ပြီး အခုပဲမှာယူလိုက်တော့နော် 🤩


ที่อยู่

459 13-15 Ratchawithi Road, Thanon Phaya Thai, Ratchathewi
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Vix Food Hall - ဘန်ကောက်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์