20/08/2026
ငါးမိနစ်တစ်ခါ ထပ်ထပ်ပေါ်လာတဲ့စာ နဲနဲတော့ရှည်မယ် 🤭
🌸 Carnation 7.0 — မတွေ့ရတာ ရက်ပေါင်း ၁၀၀ ကျော်ပြီးနောက် ပြန်ဆုံတဲ့ည
ဒီတစ်ခါ Carnation 7.0 ကို ကြည့်ပြီးနောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားတစ်ခွန်းနဲ့တောင် မလုံလောက်ဘူးလို့ ခံစားရတယ်။ 🥹❤️
အချိန်မလောက်တဲ့ကြားထဲမှာတောင် LiuYuning က ပရိသတ်တွေအတွက် Concert အဆင့် Live တစ်ခု ကို ပြင်ဆင်ပေးခဲ့တယ်။ 《铁证》 ရိုက်ကူးရေးအဖွဲ့က အပြင်အဆင်ကို ကူညီပေးတယ်၊ Concert မှာ အတူတီးပေးနေတဲ့ ဂီတအဖွဲ့က အချိန်ညှိပြီး လာပေးတယ်၊ Concert Tour မှာသုံးတဲ့ အသံစနစ်တွေကိုတောင် အထူးတလည် သယ်လာပေးတယ်။ ဝတ်စုံတွေကလည်း Concert အတွက် အထူးပြင်ဆင်ထားတဲ့ ဝတ်စုံတွေ၊ နေရာတစ်ခုလုံးကလည်း Carnation ပန်းအစစ်တွေနဲ့ ပြည့်နှက်နေတယ်။ 🌻
အဲဒီအရာတွေက အားလုံးကို ပေါင်းကြည့်လိုက်ရင် “အချိန်မလောက်လို့ အမြန်လုပ်လိုက်ရတဲ့ Live” လို့ပဲ သူကပြောပေမယ့် ကျွန်မတို့မြင်ရတာကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပေးထားတဲ့ စေတနာ ပါပဲ။
အထူးသဖြင့် သူပြောတဲ့— “ဒီအငွေ့အသက်က ကျွန်တော်တို့ရဲ့ စေတနာကို မြင်ရလောက်လား?”
ဆိုတဲ့စကားလေးက တကယ်ရင်ထဲထိတယ်။
စေတနာဆိုတာ စကားလုံးလှလှတွေပြောရုံနဲ့ မဟုတ်ဘူး။ ကိုယ်တိုင်ပင်ပန်းနေတဲ့ကြားထဲက တစ်ဖက်လူအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားပြီး လုပ်ပေးတာ က စေတနာပဲ။
မနေ့က ညသန်းခေါင်ကျော်တဲ့အထိ နေရာလာကြည့်ပြီး အပြင်အဆင်အတွက် အစီအစဉ်ဆွဲပေးခဲ့တဲ့သူတွေ၊ အလုပ်အရမ်းများနေကြတဲ့ကြားထဲက အချိန်ညှိပြီး လာပေးခဲ့တဲ့ ဂီတအဖွဲ့တွေ၊ ဒီ Live တစ်ခုဖြစ်လာဖို့ နောက်ကွယ်မှာ အားစိုက်ပေးခဲ့ကြတဲ့ လူအများကြီး…
ကျွန်မတို့ရှေ့မှာတော့ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်နဲ့ သက်တောင့်သက်သာ ထိုင်ကြည့်နားထောင်ရုံ ပါပဲ။
ဒါပေမယ့် အဲဒီအခိုက်အတန့်တိုင်းရဲ့နောက်မှာ လူအများကြီးရဲ့ အချိန်နဲ့ အားထုတ်မှုတွေ ရှိနေတယ်။
ပြီးတော့ ဒီတစ်ခါ သီချင်းတွေကလည်း ရိုးရိုးသီချင်းတွေ မဟုတ်တော့ဘူး။
《奉上》၊ 《烽月》၊ 《长风谣》 လို OST တွေကို ပြန်နားထောင်ရတဲ့အခါ ဒရာမာတွေကြည့်ခဲ့တဲ့နေ့တွေ၊ ဇာတ်ကောင်တွေအတွက် ရင်ခုန်ခဲ့တဲ့အချိန်တွေ၊ ညနက်နက်ထိ သီချင်းဖွင့်နားထောင်ခဲ့တဲ့အချိန်တွေ အားလုံးက တစ်ခါတည်း ပြန်ရောက်လာသလိုပဲ။
သီချင်းက အမှတ်တရတွေကို သိမ်းထားပေးတဲ့ နေရာတစ်ခုလို ဖြစ်လာတယ်။
ပြီးတော့ Live ထဲက သူ့ရဲ့ စကားလေးတွေကတော့ ပိုပြီး ရင်းနှီးစေတယ်။ 🤣
“ပူလိုက်တာ” လို့ ညည်းလိုက်၊ ပရိသတ်တွေနဲ့ စနောက်လိုက်၊ ရယ်သံ Effect မပါရင် မနေတတ်သလို ဖြစ်နေတယ်လို့ ပြောလိုက်၊ Live မလုပ်တာကြာလို့ နည်းနည်းအူကြောင်ကြောင်ဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကို ပြန်စလိုက်…
အဲဒီအချိန်မှာ သူက follower သန်းပေါင်းများစွာရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာတောင် ခဏမေ့သွားတယ်။ အဝေးကနေ အလုပ်တွေပြီးအောင်လုပ်ပြီး နောက်ဆုံး ကိုယ့်သူငယ်ချင်းတွေဆီ ပြန်လာပြီး “စောင့်ရတာကြာပြီနော်၊ ဒီနေ့ သီချင်း ကောင်း
ကောင်းနားထောင်ကြရအောင်” လို့ လာပြောတဲ့သူတစ်ယောက်လိုပဲ။ 🥹
မတွေ့ရတာ ရက်ပေါင်း ၁၀၀ ကျော်ခဲ့ပေမယ့် သူ့အသံက မပြောင်းလဲဘူး။ဒါပေမယ့် အဲဒီအသံထဲမှာ ကျွန်မတို့အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေ၊ ဇာတ်လမ်းတွေ၊ သီချင်းတွေက ထပ်ပြီး ပိုများလာတယ်။
သူက ပရိသတ်တွေရဲ့ စောင့်မျှော်မှုကို နားလည်တယ်။ ကျွန်မတို့ကလည်း သူ့ရဲ့ အလုပ်များမှုကို နားလည်တယ်။😍
သူက သူ့လုပ်ရပ်တွေနဲ့ ကျွန်မတို့ရဲ့ချစ်ခြင်းကို တုံ့ပြန်တယ်။ ကျွန်မတို့ကလည်း စောင့်ပေးခြင်းနဲ့ သူ့ရဲ့ အံ့အားသင့်စရာတွေကို ပြန်လက်ခံတယ်။
ဒီလိုဆက်ဆံရေးမှာ “ဒါက ငါ့အတွက် လုပ်ပေးရမယ့်အရာပဲ” ဆိုတာမျိုးမရှိဘူး။
“လုပ်ပေးချင်လို့ လုပ်ပေးတာ”၊ “စောင့်ပေးချင်လို့ စောင့်ပေးတာ” ဆိုတဲ့ စိတ်နဲ့ပဲ ရှိနေတယ်။ ❤️
နောက်ဆုံးမှာ သူပြောခဲ့တဲ့
“တွေ့ဆုံဖို့ ထိုက်တန်တဲ့သူတွေက နောက်တစ်ခါ ပြန်တွေ့ကြမှာပါ” ဆိုတဲ့စကားလေးက ဒီ Carnation 7.0 ရဲ့ အဆုံးသတ်အတွက် အရမ်းသင့်တော်နေတယ်။
ဒီတစ်ခါ Live က အခမဲ့ဖြစ်လို့ တန်ဖိုးမရှိတာ မဟုတ်ဘူး။ တကယ်တော့ တန်ဖိုးကြီးတဲ့အရာတွေကို အခမဲ့ပေးနိုင်တဲ့ စေတနာက ပိုပြီးတန်ဖိုးရှိတာ ပါ။
နင်ကော့ရေ မတွေ့ရတာ ရက်ပေါင်း ၁၀၀ ကျော်ပြီး ပြန်တွေ့ရတဲ့ ဒီညလေးအတွက် ကျေးဇူးတင်ပါတယ်။ 🌻
Carnation က အရမ်းကောင်းတယ်။
သီချင်းတွေက အရမ်းကောင်းတယ်။
ပြီးတော့ မင်းကိုယ်တိုင်လည်း အရမ်းကောင်းတယ်။ ❤️
817 ကနေ Carnation 7.0 အထိ—
နောက်ထပ်တွေ့ဆုံမယ့်နေ့တွေကိုလည်း အတူတူ စောင့်ကြမယ်နော် ။
#刘宇宁直播
#摩登兄弟刘宇宁