Sis Loon Naung

  • Home
  • Sis Loon Naung

Sis Loon Naung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sis Loon Naung, ร้านขายของชำ, Bangkok, .

31/05/2025

ဖြစ်ပြီးသမျှက အမှတ်တရ ပုံရိပ်လို ဖြစ်သွားတာပဲမို့
ရွေးချယ်ခဲ့တဲ့လမ်းမှာ ပျော်နေပါတယ်ဆိုရင် ကိုယ်အဆင်ပြေပါတယ်။

အမြဲတမ်းတင်းခံပြီး ဆွဲခဲ့တဲ့ကြိုးကိုလည်း ကိုယ်တိုင်က လွတ်ချလိုက်တာမို့ ထပ်မနာကျင်ရတော့ပါဘူး။

အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။

စစ်လွန်းနောင်

#စစ်လွန်းနောင်
#ခံစားချက်များ

အရွယ်ရောက်လာတဲ့ ကမ္ဘာဟာ သိပ်ကို ပင်ပန်းပါတယ်။ ဖြူစင်တဲ့ ကလေးဘဝကိုသာ ပြန်သွားလို့ရရင် ချက်ချင်းလှည့်ပြန်သွားမိမှာပါ။ အရော...
10/05/2025

အရွယ်ရောက်လာတဲ့ ကမ္ဘာဟာ သိပ်ကို ပင်ပန်းပါတယ်။

ဖြူစင်တဲ့ ကလေးဘဝကိုသာ ပြန်သွားလို့ရရင် ချက်ချင်းလှည့်ပြန်သွားမိမှာပါ။

အရောင်မျိုးစုံနဲ့ လောကကြီးက စိတ်ကို သိပ်ပင်ပန်းစေတာပဲ။

အဲလောက,ကနေ ရှောင်ပြေးဖို့ကလည်း ငါကိုယ်တိုင်က ကမ္ဘာမြေက လူသားဖြစ်နေပြန်တယ်။

စစ်လွန်းနောင်

#စစ်လွန်းနောင်
#ခံစားချက်များ

ထူးဆန်းတဲ့ရွာ အခန်း ( ၂ )   " ကဲ လွန်းနောင် ပြောပြလို့ ရပြီလား " ကျော်အောင်က ပြောလေသည်။  " ဒီလိုကွာ ပြောရရင်တော့ နည်းနည်...
09/05/2025

ထူးဆန်းတဲ့ရွာ

အခန်း ( ၂ )

" ကဲ လွန်းနောင် ပြောပြလို့ ရပြီလား " ကျော်အောင်က ပြောလေသည်။

" ဒီလိုကွာ ပြောရရင်တော့ နည်းနည်းတော့ ဆန်းကျယ်ကွ "

" အေးပြောပါဦး "

" လွန်ခဲ့တဲ့ ၃ လလောက်က ငါအိပ်မက်တခု မက်ခဲ့တာကွာ "

" အင်း "

" အေး အိပ်မက်ထဲမှာကွာ မိန်းမတွေ အများ
ကြီးပဲ ငါ့ဆီကို လာခဲ့ကြတာ အသက် နှစ်
ဆယ်ကျော်ကနေ လေးဆယ်လောက်ထိရှိကြမယ် ထင်တယ် "

" အင်း "

" အဲထဲက မိန်းမကြီးတစ်ဦးက ငါ့ကို အကူညီတောင်းတာကွာ "

" ဘယ်လို အကူညီတောင်းတာလဲ "

" သူတို့တွေ ဒုက္ခရောက်နေတဲ့အကြောင်း သူတို့မှာ ချုပ်ခံထားရကြောင်း သူတပါးက အတင်းအဓမ္မ စေခိုင်းတာတွေ ခံနေရကြောင်း ပြောပြပြီး အကူညီတောင်းတာကွာ "

" ဟ ဆန်းတော့ ဆန်းသား ဒါဆို အခုက ဘယ်နေရာမှာလဲ "

" အိပ်မက်ထဲပြောအရဆိုရင် ဒီရွာပဲကွာ "

" မင်းဟာက သေချာလို့လား "

" မသေချာပဲ ပြောမလားကွ မင်းအဖိုးရှိတဲ့ရွာ ဒီရွာလို့ကို သေချာအတပ်ပြောတာလေကွာ "

" ကဲ ဟုတ်ပါပြီး သူတို့ပြောတာက သူတို့ကို ဘယ်သူက ဖမ်းချုပ်ထားတာလဲ ဘယ်နေရာမှာလဲ အဲလူက သူတို့ကရော အခု ဘယ်လိုနေကြလဲ "

" အေး ရွာထဲက လူကြီးတစ်ယောက်ပဲတဲ့ ပညာမြင့်လွန်းတော့ သူတို့ကို ဖမ်းချုပ်နေတဲ့သူတောင် သူတို့ မမြင်ရဘူးတဲ့ "

" ဟ အေးရော အဲတော့ ဘယ်လိုလုပ်မှာလဲ "

" ငါတို့ဘာသာ ကြိုးစားရမှာပေါ့ကွ "

" လွယ်ပါ့မလားကွာ "

" လွယ်တော့ မလွယ်ဘူးပေါ့ကွာ ဒါပေမဲ့ ကြိုးစားရမှာပဲ "

" မင်းက ပညာနုသေးတာ မဟုတ်လား အဆင်ပြေပါ့မလား "

" ငါလည်း မင်းတို့ ပြောသလိုပဲ တွေးမိတာပေါ့ကွာ "

" အင်း ပြောပါဦး "

" တရက်မှာတော့ ငါ့ကို စောင့်ရှောက်နေတဲ့ ဘဘက အိပ်မက်ထဲ လာပြောပြန်တယ် "

" အင်း ဘာပြောတာလဲ "

" ဒီရွာက မင်းရဲ့ အောင်မြင်ရာ အောင်မြေဖြစ်မယ်တဲ့ အလုပ်ကို ပုံမှန်သာ လုပ်သွားတဲ့ ဉာဏ်ကို လွှာသုံးတဲ့ သက်ဆိုင်သူတွေ လာကူညီမယ်တဲ့ ဒီရွာလေးနဲ့ ငါက ပဌာန်းဆက်ရှိတယ်တဲ့ "

" ကဲ ထားပါဦး မင်းအိပ်မက်ကတော့ ဟုတ်ပါပြီး မင်းအခု ဘယ်လိုစမှာလဲ "

" အေး အဲတာလည်း ခက်သား ငါ့အထင်တော့ ဒီရက်ပိုင်းအတွင်း သူတို့တွေ စပြီး လာဆက်သွယ်မယ်ထင်တယ် "

" ဟုတ်ပါ့မလားကွာ "

" ဪ မဟုတ်တော့လည်း အပူမရှာရတော့ဘူးပေါ့ "

" ကဲကဲ ဒီညတော့ ဘုရားဝတ်ပြု ရွာတော်ရှင်တွေနဲ့ ပုဂ္ဂိုလ်အပေါင်းတွေကို မေတ္တာပို့သပြီး အိပ်ကြတော့ ကျန်တာကတော့ နောက်ရက်မှ ကြည့်စီစဉ်ကြတာပေါ့ "

မြတ်မောင်ကတော့ ရွတ်တက်တဲ့ ဂုဏ်တော်လေးတွေ ရွတ်ဖတ်ပြီး အိပ်နေပေမဲ့ လွန်းနောင်နဲ့ ကျော်အောင်ကတော့ ပုတီးစိပ် တရားမှတ်နေကြသေးသည်။

" ငါတူလေးတို့ကတော့ ဘာသာရေး တအား ကိုင်းရှိုင်းတာပဲ ဝမ်းသာတယ်ကွာ "

ဦးကြီးဖြစ်သူ ဦးလှဦးမှ ချီးမွမ်းစကား ဆိုသွားသေးသည်။ လွန်းနောင်နဲ့ ကျော်အောင်တို့ ဘုရားဝတ်ပြုပြီးတော့ နာရီက ဆယ့်တစ်နာရီခန့် ရှိနေလေပြီ။ ကျော်အောင်သည် ဘုရားဝတ်ပြုပြီးတိုင်း အကျင့်တခုကို အမြဲလုပ်သည်။ အဲအရာက ဘုရားရဲ့ သောက်တော်ရေအား ပြန်စွန့်ကာ သူသောက်သည် မျက်နှာကို လက်ဖျားလေးနဲ့ ပတ်ဖြန်းပြီးမှ အိပ်တက်သည့် အကျင့်ပါ။ ယခုလည်း လုပ်နေကျ လုပ်လိုက်တော့ သူရဲ့ မျက်လုံးမှာ အရင်ကထက် ပိုကြည်လင်လာသည်လို့ သူခံစားရသည်။ ဘုရားသောက်တော်လေးကို သူရဲ့ လက်ဖျားလေးနဲ့ စွတ်ပြီး ရေစင်လေးတောက်သလို သူ့မျက်နှာအား ဖြန်းလေတော့သည်။

" အား "

တနေရာရာမှ အော်သံကို သူ့နားထဲ စွဲစွဲထင်ထင်ကို ကြားလိုက်ရသည်။ သူမသေချာသောကြောင့် လွန်းနောင်အား ကြည့်လေတော့ လွန်းနောင်လည်း ကြားရသည်ဟု မျက်နှာရိပ်ကဲပြလေသည်။

" ကဲကဲ အိပ်တော့ "

" အေးပါကွာ "

" စည်းထပ်ချဖို့ မမေ့နဲ့ဦး "

" အေး "

ထို့နောက် လွန်းနောင်ရော ကျော်အောင်ပါ အိပ်ယာဝင်ခဲ့ကြသည်။

" ကိုလွန်းနောင် ... ကိုလွန်းနောင် "

လွန်းနောင်တစ်ယောက် ခေါ်သံကြောင့် လိုက်ရှာကြည့်နေပေမဲ့ မတွေ့ပဲ ဖြစ်နေသည်။

" အစ်ကို့ကို ခေါ်နေတာ ဘယ်ကလဲ ဘယ်သူလဲ "

" ညီမကို အစ်ကို မြင်ရဦးမှာ မဟုတ်ဘူး ညီမအသံတော့ ကြားရမှာပါ "

" မင်းက ဘယ်သူလဲ "

" ညီမက ပိုးဥပါ ဒီရွာသူလေးပါ "

" ဒီရွာက ဟုတ်လား "

" ဟုတ်ပါတယ် ညီမ ဒီဘဝရောက်နေတာ သုံးနှစ်လောက်ရှိနေပြီ "

“ မင်းက ဘာလို့ ဒီဘဝရောက်နေတာလဲ "

" ညီမကို ရွာထဲက လူတစ်ယောက်က ဝိဉာဉ်ချုပ်ပြီး ဖမ်းခေါ်ထားလိုက်တာ "

" ဘယ်သူကလဲ "

" သူက အရမ်းစွမ်းတာ သူကိုတောင် ညီမ မမြင်ရဘူး "

" ဟင် အဲလောက်တောင်လား "

" ဟုတ်ပါတယ် ကိုလွန်းနောင် "

" မင်းကရော ကိုယ့်ကို ဘယ်လိုသိတာလဲ "

" အစ်ကိုရဲ့ ပညာအားကို သိလို့ အကူညီတောင်းတာပါ ညီမလိုမျိုးပဲ အဖြစ်တူ ကြုံနေရတဲ့ အမျိုးသမီးလေးတွေ အများကြီးပဲ အစ်ကိုလွန်းနောင် "

" ဟင် ဟုတ်လား ဒါဆို သူတို့တွေကရော ဘယ်မှာလဲ ဘာဖြစ်နေကြတာလဲ "

" အကုန်လုံးဟာ သူရဲ့ ပြုသမျှနုပြီး သူစေခိုင်းရာကို လုပ်နေကြတာ အကုန်လုံးကို ရွာဝင်ထိပ်က ညောင်ပင်ကြီးမှာ သူဖမ်းချုပ်ထားတာ သူလက်ကနေ ဘယ်သူမှ မလွတ်နိုင်သေးဘူး "

" သူဘယ်သူလဲဆိုတာ မသိဘူး အဲတော့ ခက်တာပဲ ဒီရွာကပဲဆိုတာ သေချာလား "

" သေချာပါတယ် အစ်ကို "

" ညီမက ဘယ်လိုပုံစံနဲ့ ဖမ်းခေါ်ခံထိတာလဲ "

" မှတ်မိသလောက်ဆို ညီမက အဖိတ်နေ့ညမှာ ဖမ်းခံရတာ ညီမ ရေချိုးပြီးတော့ ဖီးလိမ်းပြင်ဆင်နေတာ အဲချိန်မှာပဲ ညီမ စိတ်တွေ ဝေဝါးလာတာပဲ အဲလောက်ပဲ သိလိုက်ရတယ် ညီမပြန်သိတော့ ညီမက ဘဝခြားပြီး အခုလိုမျိုး ဘဝရောက်နေတာပဲ "

" အခု မင်းပြောနေတာတွေက အမှန်တွေပဲဆိုလား ကိုယ်ဘယ်လိုသိနိုင်မှာလဲ "

" ညီမ အမှန်တွေပြောတာပါ မယုံရင် ရွာထဲက ညီမ အဖေ ဦးအေးမှုံ နဲ့ ညီမအမေ ဒေါ် ချိုချိုတို့ရှိနေပါသေးတယ် သူတို့ထံ စုံစမ်းကြည့်ပါ "

" မင်းအခုလိုဖြစ်နေတာ သူတို့သိလား "

" မသိသေးပါဘူး ညီမက သူတို့နဲ့ ဘဝတွေခြားတော့ ပြောခွင့်မသာပါဘူး အစ်ကိုမနဲ့သာ ဆက်သွယ်လို့ရတာ "

" မင်း အခုလို ပြောတော့ ဟိုလူကြီးက မသိဘူးလား သိရင် မင်းကို နှိပ်စက်နေမှာလား "

" နှိပ်စက်မှသာ နှိပ်စက် ညီမ အခွင့်ရေးရတုန်း လာပြောရတာပဲ ညီမတို့ကို ကယ်တင်ပေးပါ "

" အေးပါကွာ အစ်ကို ကြိုးစားကြည့်ပေးပါ "

" ဒါနဲ့ သန်ဘက်ခါဆို အဖိတ်နေ့ပါ အဖိတ်နေ့ကျရင် အဲလူကြီး အမျိုးသမီးတစ်ဦးဦးကို ဖမ်းချုပ်နေဦးမှာပဲ "

" ဟေ ဟုတ်လား "

" ကဲ ညီမ နေရာပြန်သွားတော့မယ် အချိန်ကြာရင် သူသိသွားလိမ့်မယ် ညီမတို့ကို ကယ်တင်ပေးပါ အစ်ကို အားကိုးပါရစေ "

လွန်းနောင်လည်း အိပ်မက်ကနေ လန့်နိုးလာခဲ့လေတော့သည်။ ထူးခြားသည်က ထိုအိပ်မက်ကို သူ စွဲစွဲမြဲမြဲ မှတ်မိနေလေတော့သည်။

" ဟူး သေချာပြီးထင်တယ် ငါအလုပ်လုပ်ရတော့မယ်ပေါ့ "

ထို့နောက် ဘုရားကျောင်းဆောင်ဖက် လှည့်ကာ ဦးချပြီး ပြန်အိပ်လိုက်
တော့သည်။

ဆက်ရန် ...
အခန်း ( ၃ )

လေးစားစွာဖြင့်
စစ်လွန်းနောင်

#စစ်လွန်းနောင် #ထူးဆန်းတဲ့ရွာ
#အခန်းဆက်ဝတ္ထု

05/05/2025

ရှေ့ဆက်ပြီး ထပ်မပက်သတ်ခြင်းဖြင့်
တချိန်က ငါ့အချစ်တွေကို
နင်ကျေးဇူးပြန်ဆပ်ပေးပါ။

စစ်လွန်းနောင်

#စစ်လွန်းနောင်

ထူးဆန်းတဲ့ရွာ  အခန်း ( ၁ )         ရွာလေးသည် မြန်မာနိုင်ငံ အထက်ပိုင်း အညာဒေသလေးရဲ့ မထင်မရှား ချောင်ခပ်ကျကျ ရွာလေးတစ်ရွာလ...
03/05/2025

ထူးဆန်းတဲ့ရွာ

အခန်း ( ၁ )

ရွာလေးသည် မြန်မာနိုင်ငံ အထက်ပိုင်း အညာဒေသလေးရဲ့ မထင်မရှား ချောင်ခပ်ကျကျ ရွာလေးတစ်ရွာလေး ဖြစ်ပေသည်။ အညာဒေသရဲ့ ရွာလေးဖြစ်တဲ့အတိုင်း ထန်းပင်တွေနှင့် တမာပင်လေးတွေက ရွာရဲ့ ပြယုဂ်သဖွယ်ပါ။ သို့သော်လည်း အပင်တွေက စိမ်းစိုလန်းဆန်းနေတာ မဟုတ်ပဲ ဖုန်တွေတပ်ပြီး အပင်လေးတွေရဲ့ သဘာဝအလှ အစိမ်းရောင်လေးတွေတောင် ပျောက်ပြီး မြေမှုန့်များကသာ နေရာယူထားရလောက်အောင် ဖုန်တွေ ပေါလှသည်။

ရွာလေးသည် အိမ်ခြေလေးကတော့ ထိုက်သင့်သလောက်ရှိပြီး ရွာသူရွာသားတွေလည်း ရိုးသားလွန်းကြပြီး သဘောမနောကောင်းကြသည်။ မြို့တွေနဲ့ အလှမ်းဝေးတာကြောင့် ရွာလေးက စည်ကားတာမျိုး သိပ်မရှိသလို ပညာရေးအားနည်းပြီး ဗဟုသုတလည်း အားနည်းကြသည်။ ရှေး
ရိုးစွဲလူကြီးတွေရဲ့ အတွေးအခေါ်တွေနဲ့ နေထိုင်ကြတာများတဲ့ ရွာလေးတစ်ရွာလေး ဖြစ်ပေသည်။ ရွာကို အုပ်ချုပ်နေတဲ့ ရွာလူကြီးနှင့် ရွာဦးကျောင်း ဆရာတော်တို့သည် ရွာရဲ့ အာဏာရ လေးစားကြရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပြီး ရွာရဲ့ ထုံးထမ်းဓလေ့တွေကို ထိန်းသိမ်းထားတဲ့ နတ်ဆရာတွေနဲ့ အပြိုင် လောကီဆရာအချို့တွေကတော့ ထိုက်သင့်သလောက် လေးစားကြောက်ရွံကြရတဲ့ ရွာလေးပါ။

ထိုရွာလေးသည် ခေတ်အဆက်ဆက် ထိုလူမှုနေထိုင်တဲ့ ဘဝပုံစံနဲ့ နေလာခဲ့ကြတာ နှစ်ပေါင်းများစွာတိုင်အောင် ပြဿနာကြီးကြီးမားမားမရှိခဲ့ကြပေ။ တော်ယုံပြဿနာ ကိစ္စများသည် ရွာလူကြီးနဲ့ ဆရာတော်တို့က ဖြေရှင်းပေးကြရင် ကျေအေးကြပြီ ငြိမ်းချမ်းသွားတာ အများကြီးပါ။ ရွာသားတွေကလည်း အကြောက်အားကြီးကြသလို ဗဟုသုတလည်း နည်းပါးတာကြောင့် အချို့သော ပြဿနာတွေသည် တော်ယုံနဲ့ ပျောက်ကွယ်ကုန်သည်။

ယခုတော့ ထိုရွာလေးကို လွန်းနောင်တို့ ရောက်ရှိလာကြပေသည်။ ထိုရွာလေးသည် လွန်းနောင်မရောက်ဖူးပေမဲ့ လွန်းနောင်​၏ အဖိုးတော်သူရဲ့ ရွာလေးပါ။ အဖိုးသည်လည်း အသက်အားဖြင့် ရှစ်ဆယ့်ငါးနှစ် ဝန်းကျင် ရောက်နေပြီးမို့ လွန်းနောင်အနေနဲ့ ထပ်မဆုံရမှာ စိုးတာကြောင့် အဖိုးအား တွေ့ချင်တာရယ် အိပ်မက်တခုအရကြောင့်ရယ် လွန်းနောင် မိတ်ဆွေနှစ်ဦးနှင့်အတူ ထွက်လာခဲ့သည်။

လွန်းနောင်ကတော့ မိတ်ဆွေသူငယ်ချင်းဖြစ်သူ ကျော်အောင်နှင့် မြတ်မောင် တို့နဲ့အတူ ရွာဝင်လမ်းလေးဆီသို့ ရောက်လာခဲ့လေပြီး။ ရွာထိပ်ရှိ ညောင်ပင်ကြီး အနားမှာ ခဏအမောဖြေကြရင်း ရွာထဲဝင်ရာလမ်းကို မျှော်ကြည့်လိုက်သည်။

" လွန်းနောင်ရေ ရွာကတော့ တော်တော်ကို ပေါက်တယ်နော် ရွာဆိုတဲ့အတိုင်း တကယ့်ရွာပဲဟေ့ "

" အေးကွာ ရွာကတော့ မင်းမြင်တဲ့အတိုင်းပဲ ငါလည်း အဖိုးကို ပြန်တွေ့ချင်သေးတာရယ် အိပ်မက်ကြောင့်ရယ်သာ ရောက်လာခဲ့တာ မဟုတ်ရင် ဒီလောက် ခေါင်တဲ့ရွာ မလာပါဘူး "

" ဒါနဲ့ မင်း အိပ်မက်က ဘာလဲ ငါလည်း ခရီးထွက်ချင်လို့သာ လိုက်ခဲ့တာ ဘာမှန်းမသိရသေး "

" အဖိုးအိမ်ရောက်ရင် ပြောပြမယ်ကွာ မြတ်မောင်ရေ မင်းအတွက် ကုန်ကြမ်းလေးတော့ ရမှာသေချာတယ် "

" ဟ တကယ်သေချာနေပါလား "

လွန်းနောင်သည် ခေတ်ပညာတက် လူငယ်တစ်ယောက်ဖြစ်သလို ဘာသာရေးမှာလည်း ဝါသနာထုံလှသည်။ အမြဲတမ်း အဓိဌာန် ကျင့်စဉ်တွေဝင်ပြီး လောကီအလုပ်လည်း နားလည်တက်ကျွမ်းသူဖြစ်ပေသည်။ မြတ်မောင်ကတော့ ဘာသာရေး လုပ်ပေမဲ့ လောကီလိုင်းတော့ လေ့လာပါသည်။ လေ့လာတာက သူဝါသနာပါတဲ့ စာရေးခြင်းဆိုင်ရာ အတွက်လေးပါပဲ။ ကျော်အောင်ကတော့ လွန်းနောင်ရဲ့ နောက်လိုက် တပည့်သားလိုပင် ဖြစ်နေပေသည်။

သူတို့ သုံးယောက်သား စကားပြောနေစဉ်အတွင်း လေပြင်းလေး ခပ်ကြမ်းကြမ်း တိုက်သွားသည်။ အနားရှိသော ညောင်ပင်ကြီးသည် တစုံတယောက်က ထပြီး လှုပ်နှိုးလိုက်သကဲ့သို့ အရွက်များ အကိုင်းခက်များ ပွတ်တိုက်သံက ကြောက်စရာပင် ကောင်းလှပြန်သည်။

" မင်းတို့က ဘာလာလုပ်ကြတာလဲ "

ထူးထူးဆန်းဆန်း ဒီအသံကြီးကို သုံးယောက်သား သေသေချာချာကြီးကို ကြားလိုက်မိသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံ့ဩမှင်သက်သွားကြသည်။

" လာရာလမ်းအတိုင်း ပြန်ကြတော့ "

တစုံတရာ မတွေ့ပေမဲ့ ထိုအသံကို ထပ်မံ ကြားရပြန်သည်။

" ကျော်အောင်ရေ ကြည့်ရတာတော့ ကလေးအကွက်တွေ မဟုတ်ဘဲ အကွက်ဆန်းတွေ ပြတော့မယ်နဲ့တူတယ် "

" ဟုတ်မယ်နဲ့တူတယ်ကွာ "

ညနေ နေဝင်ရီအချိန်လေးဆိုတော့ အညာဒေသလည်းဖြစ် အပူရှိန်လေးလည်း ကျဆင်းလာပြီး သိပ်လှတဲ့ မြင်ကွင်းလေးတခုမှာ ခပ်လှမ်းလှမ်းက နွားလှည်းတန်းလေးတခုကို မြင်နေရသည်။

" ဟာ ဟိုမှာ နွားလှည်းတန်းလေးပဲ "

မြတ်မောင်ပြောတော့ လှမ်းကြည့်လိုက်လေတော့ နွားလှည်းတန်းလေးသည် ရွာဝင်လမ်းထဲသို့ ဝင်လာမဲ့ပုံလေးပါ။

" လမ်းကြုံတောင်းလိုက်ကြတာပေါ့ "

" အေး ကောင်းသား "

သုံးယောက်သား ထိုနွားလှည်းတန်းလေးဆီသို့ အပြေးသွားကြလေတော့သည်။

" ဒီက အရီးလေးတို့ ရွာထဲ လမ်းကြုံလိုက်ချင်လို့ပါ ရမလားဗျ "

" ဒီရွာက မဟုတ်ကြဘူးထင်တယ် တူကြီးတို့က "

" ဟုတ်ပါတယ်ဗျ ရွာသား မဟုတ်ပါဘူး အလည်လာတာပါဗျ "

" ဪ ဒါနဲ့ ဘယ်အိမ်ကို သွားကြမှာလဲ "

" အဖိုး ဦးလှမောင်ဆီပါဗျ "

" ဪ ဖိုးကြီး ဦးလှမောင်ဆီလား အေး အေး တက်တက် "

ထူးထူးဆန်းဆန်း ထိုနွားလှည်းတန်းလေးနဲ့ သူတို့ သုံးယောက် လမ်းကြုံလိုက်ခဲ့ကြသည်။ ထူးဆန်းဆိုတာက ထိုလှည်းတန်းလေးမှာ မောင်းသူကအစ ယောကျ်ားလေး မတွေ့ရပဲ အားလုံး အမျိုးသမီးတွေချည်းသာ။ ထိုလှည်းတန်းလေးနဲ့ လိုက်ခဲ့ပြီး တနေရာရောက်တော့

" ကဲ ငါ့တူတို့ ဒီလမ်းလေးထဲကနေ နည်းနည်းလေး ဝင်သွားတာနဲ့ ရောက်ပြီး ဘယ်သူ့မေးမေး ဖိုးကြီးလှမောင်ဆို လူတိုင်းသိကွဲ့ "

" ကျေးဇူးတင်ပါတယ် အရီးလေးရေ "

" ရတယ်ကွဲ့ ရတယ် ရွာထဲနေရင်သာ ဂရုစိုက်ကွဲ့ "

" ဟင် ဘာလို့လဲ "

" ဪ ငါတူတို့က ဒီရွာခံမဟုတ်တော့ ရေခံမြေခံပြောင်းတော့ နာမကျန်းမှာ စိုးတာကွဲ့ "

" ဟုတ်ကဲ့ပါ အရီးလေး "

" အေးအေး သွားကြတော့ "

သူတို့ သုံးယောက်လည်း လှည်းပေါ်မှဆင်းကာ ထိုအရီးလေး ညွှန်ပြရာ လမ်းမှ လျှောက်လာခဲ့ကြသည်။ လှည်းတန်းလေးလည်း ထိုနေရာလေးမှ အသီးသီး ထွက်သွားကြလေတော့သည်။

တအောင့်နေတော့ ရွာထဲက ကောင်လေးတစ်ယောက်ကို မေးပြီး ဖိုးလှမောင် အိမ်ကို ပို့ခိုင်းတော့ သူတို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတော့သည်။ အဖိုး​၏ သားဖြစ်သူ ဦးလှဦးက ထွက်ကြိုလေတော့သည်။

" ဟ ငါတူတို့ ရောက်လာကြပြီးလား "

" ရောက်ပြီး ဦးကြီးရေ အခြေနေ ဘယ်နှဲ့ရှိစ နေကောင်းကျန်းမာကြရဲ့လား "

" ငါကတော့ ကောင်းပါ့ကွာ ဒေါင်ဒေါင်မြည် မင်းအဖိုးကတော့ သိတဲ့အတိုင်း အသက်လည်း ကြီးနေတော့ ကောင်းတခါ ဆိုးတလှည့်နဲ့ပေါ့ "

" ဪ ဦးကြီး ဒါက ကျွန်တော့် သူငယ်ချင်းတွေ မြတ်မောင်နဲ့ ကျော်အောင် "

" အေးအေး ရေမိုးချိုးကြတော့လေ အနောက်ဘက်မှာ ရေစည်ကန်ရှိတယ် ပြီးမှ ထမင်းအတူစားကြတာပေါ့ကွာ လာလာ ဝင်လာကြ ငါတူလေးတို့ "

ဦးလှဦးက ဖော်ဖော်ရွေရွေပင် သူတို့ သုံးယောက်ကို ဆက်ဆံလေရှာသည်။ သူတို့ သုံးယောက်လည်း အိမ်ထဲဝင်ကာ အဖိုးဖြစ်သူ ဦးလှမောင်အား ဝင်နှုတ်ဆက်လေတော့သည်။

" အဖိုး နေလို့ကောင်းရဲ့လား "

" အေး ကောင်းပါတယ်ကွယ် ဒါနဲ့ မင်းတို့က "

" သေချာကြည့်ပါဦး အဖိုးရာ မြေးလေးကိုတောင် မမှတ်မိတော့ဘူးလား "

" အေးကွာ ငါက အသက်ကလည်းကြီး မေ့လွယ်နေတာ မျက်စိကလည်း မှုန်တော့ ဘယ်သူ ဘယ်ဝါပြောမတက်ဘူးကွဲ့ "

" ကျွန်တော် လွန်းနောင်လေ အဖိုးရာ ကိုယ့်မြေးလေးတောင် မမှတ်မိဘူးလား "

" ဪ နိုင်ဦးသား လွန်းနောင်လား "

" ဟုတ်ပါ့ဗျာ "

" မင်းတို့မှာလည်း မလာပဲနေနေကြတာ အတော်ကြာသကိုး ဘယ်လိုလဲ မင်းအဖေရော နေကောင်းကြလား "

" ကောင်းပါတယ် အဖိုးရာ "

" အေးကွယ် မတွေ့ဆုံကြတာ မြေးအဖိုးတွေ အတော်ကြာရောပေါ့ အခု ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ "

" ဒါပေါ့ အဖိုးရာ "

" ကဲ ရေသွားချိုးချည်ကြ ပြီးမှ အေးဆေး ပြောကြတာပေါ့ "

" ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လည်း ပါလာသေးတယ် "

" ဟုတ်လားကွ အေးအေး ကောင်းတာပေါ့ ဧည့်သည်ပါလာတာဟာ ကောင်းတဲ့ မင်္ဂလာပဲပေါ့ တို့ရွာက တော်ယုံ ဧည့်သည်မရောက်ဘူးလေ အရမ်းဝေးခေါင်နေတော့ အဖိုး ဝမ်းသာတယ် "

သူတို့ သုံးယောက်လည်း ကိုယ်စီ ရေချိုးဖို့ ပြင်ကြလေတော့သည်။ မြို့မှာလို ပေါပေါသီသီ ရေမသုံးရပေမဲ့ အဆင်ပြေအောင်တော့ သုံးရနေသေးလို့ ကျေးဇူးတင်ရပါသည်။ ဒီနယ်ဘက်က ရေလည်း အနည်းငယ်ရှားသလို အညာဒေသဆိုတော့ သိတဲ့အတိုင်းပင်။ သုံးယောက်လည်း ရေချိုးသန့်စင်လိုက်တော့ အတော်လေးတော့ လန်းဆန်းသွားလေတော့သည်။

" ကဲ တူကြီးတို့ ထမင်းစားကြမယ်ဟေ့ မင်းတို့က မပြောမဆိုနဲ့ ရောက်လာတော့ ဘာမှလည်း အထူးတလည် မလုပ်ထားရဘူးကွာ ဒီညတော့ အဆင်ပြေသလိုလေး စားလိုက်ကြကွာ မနက်ဖြန်မှ ကောင်းတာလေးစားပေါ့ "

" ရပါတယ် ဦးကြီးရာ ကျွန်တော်တို့က စားတက်ပါတယ် ချေးမများပါဘူး "

" ဒါတော့ ဒါပေါ့ မင်းတို့က မြို့သားတွေ အားနာပါရဲ့ကွာ "

ဦးလှဦးက မြတ်မောင်နဲ့ ကျော်အောင်အား ရည်ရွယ်ပြောလိုက်သည်။

" ရပါတယ် ဦးကြီးရာ ကျွန်တော်တို့က အဲလောက်မဟုတ်ပါဘူး အခုလို လိုက်လာရတာကိုတောင် ကျေးဇူးတင်နေပြီး "

" ဦးကြီး လှဦးရေ ... "

အိမ်အပြင်မှ ခေါ်သံကြောင့် ဦးလှဦး ပြန်ထူးလိုက်လေသည်။

" အေး မြူမှုံရေ လာခဲ့လေ "

" ဒီမှာလေ အမေက ဦးကြီးတို့ အိမ် ဧည့်သည်ရောက်တယ်ဆိုလို့ ဆိတ်သားခြောက်ဖုတ်လေး ပို့ခိုင်းလိုက်တာ ယောကျ်ားချည်း ရှိတာဆိုတော့ ဘာမှ မရှိလောက်ဘူးဆိုတာ သိလို့တဲ့ "

" ဟုတ်တယ်ကွဲ့ ဦးကြီးအစ်ကို့ရဲ့သားနဲ့ သူ့သူငယ်ချင်းတွေလေ ခုနလေးကပဲ ရောက်ကြတာ အေးအေး ကျေးဇူးပါကွယ် အမေ့ကို ပြောလိုက်ဦး "

" ဟုတ်ဟုတ် "

" အားနာစရာ ဦးကြီးရာ "

" အားနာစရာ မလိုဘူး ငါ့တူရေ ဒါက ဒီရွာရဲ့ ထုံးစံပဲဟေ့ တစ်အိမ်အိမ် ဧည့်သည်ရောက်ရင် အနားရှိအိမ်တွေက အဆင်ပြေတာလေးတွေ လာပို့ပေးကြတာ "

" ချစ်စရာ ဓလေ့လေးနော် "

" ဒါပေါ့ကွာ "

" အခုတော့ လက်ဖက်သုပ်နဲ့ ဆိတ်သားခြောက်ဖုတ်ရယ် မန်းကျည်းရွက်ဟင်းရည်ရယ် ဒီနေ့တော့ ရှယ်ပဲပေါ့ "

" ကဲကဲ စားကြတော့ မင်းတို့လည်း ခရီးပန်းလာကြပြီး စားပြီး စောစောနားကြ မနက်ဖြန်မှ အေးဆေးစကားဆုံကြတာပေါ့ "

" ဟုတ် "

" အေးအေး စားကြ စားကြ အားမနာနဲ့ ကိုယ့်အိမ်လိုပဲ သဘောထားကြ "

" ဟုတ်ဗျ "

" ဪ ဒါနဲ့ မေ့လို့ ပြောရဦးမယ် ဒီမှာက ညဘက်တွေ နည်းနည်းတော့ ပူတယ်ကွာ မင်းတို့ အိမ်ထဲပဲ နေကြနော် "

" ဘာလို့လဲ ဦးကြီးရ "

" ဪ ဘာရယ်မဟုတ်ပါဘူးကွာ မင်းတို့က လူစိမ်းတွေဆိုတော့ ခွေးတွေ ဘာတွေက မသိတော့ အိမ်ပြင်ထွက်ရင် လိုက်နေမှာဆိုးလို့ပေါ့ကွာ နောက်နေ့မှ ရွာထဲ ငါလိုက်ပြပါ့မယ် ဒီညတော့ အေးဆေး အိပ်လိုက်ကြပေါ့ ပူရင်တော့ ယပ်တောင် တစ်ယောက်တစ်ချောင်းဆီ ယူပေါ့ကွာ "

" ဟုတ်ကဲ့ပါ "

အညာဒေသလေးရဲ့ လက်ဖက်သုပ်နဲ့ မန်းကျည်းရွက်ချည်ရည်ဟင်း ဆိတ်သားခြောက်ဖုတ်လေးက အတော်လေး စားကောင်းပြီး ခံတွင်းတွေ့လှသည်။ ရွာဆိုတော့ ရွာထုံးစံလေးအတိုင်း ချက်ထားကြပေသည်။ လက်ဖက်သုပ်မှာလည်း ပဲအစုံနဲ့ စားကောင်းပြီး ဆိတ်သားခြောက်ဖုတ်မှာလည်း မြို့မှာလို မဟုတ်ဘဲ အတော်လေး အရသာ ရှိလှပေသည်။ ထို့နောက် သူတို့ သုံးယောက်လည်း ဘုရားစင်ရှေ့မှာ နေရာချထားပေးလို့ ထိုနေရာလေးမှာ လာရောက်အနားယူကြလေသည်။

ဆက်ရန် ...
အခန်း ( ၂ )

လေးစားစွာဖြင့်
စစ်လွန်းနောင်

#စစ်လွန်းနောင် #ထူးဆန်းတဲ့ရွာ
#အခန်းဆက်ဝတ္ထု

" ထူးဆန်းတဲ့ရွာ " ဆိုသော ဝတ္ထုလေး တင်ပေးရင် အားပေးမှာလားဗျ ။ နှစ်ရက်ကို တစ်ပိုင်း တင်ပေးပါ့မယ် ဒီဝတ္ထုလေးကတော့ အခန်းဆက်တ...
03/05/2025

" ထူးဆန်းတဲ့ရွာ " ဆိုသော ဝတ္ထုလေး တင်ပေးရင် အားပေးမှာလားဗျ ။

နှစ်ရက်ကို တစ်ပိုင်း တင်ပေးပါ့မယ်

ဒီဝတ္ထုလေးကတော့ အခန်းဆက်တွေ ခေါင်းစဉ်တွေနဲ့ လာမှာဆိုတော့ အများကြီးရဖတ်လို့ရတာပေါ့။

ဝတ္ထုလေးကတော့ လောကီပညာရပ်နယ်ပယ်ကို အခြေခံ မှီငြမ်းထားတဲ့ ဝတ္ထုလေးပါ။

ချစ်ခင်မှုဖြင့် အားပေးကြပါဦးဗျ။

လေးစားစွာဖြင့် ...
စစ်လွန်းနောင်

#စစ်လွန်းနောင်
#ဒဿနများ
#ခံစားချက်များ
#ထူးဆန်းတဲ့ရွာ
#အခန်းဆက်ဝတ္ထု

03/05/2025

မိုက်မဲခြင်း ...

ကိုယ့်ဘာသာကိုယ် နေနေရင်လည်း
အဆင်ပြေတဲ့ ဘဝမှာ
မင်းကို သွားချစ်လိုက်တော့
အခု မင်းမရှိရင် ကိုယ် အဆင်မပြေတော့ဘူး
ဘဝရဲ့ မိုက်မဲခြင်း တစ်ခုပါပဲ။ ။

စစ်လွန်းနောင်

#စစ်လွန်းနောင်
#ဒဿနများ
#ခံစားချက်များ

အမုန်းတွေ ကင်းဝေးအောင် ချစ်ခြင်းတွေကိုရှောင်နေပေမဲ့ ကိုယ် တကယ်ကို အဆင်မပြေဘူးကွာ။ ။ စစ်လွန်းနောင်  #စစ်လွန်းနောင် #ဒဿနမျ...
01/05/2025

အမုန်းတွေ ကင်းဝေးအောင်
ချစ်ခြင်းတွေကိုရှောင်နေပေမဲ့
ကိုယ် တကယ်ကို အဆင်မပြေဘူးကွာ။ ။

စစ်လွန်းနောင်

#စစ်လွန်းနောင်
#ဒဿနများ
#ခံစားချက်များ

Hello May စစ်လွန်းနောင်  #စစ်လွန်းနောင်
01/05/2025

Hello May

စစ်လွန်းနောင်

#စစ်လွန်းနောင်

ဘယ်အရာမှ တည်မြဲနေမှု မရှိဘူး ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါ တစ်ယောက်တည်းလည်း နေတက်အောင်နေပါ လေ့လာသင်ယူပြီး လွတ်မြောက်အောင် ...
30/04/2025

ဘယ်အရာမှ တည်မြဲနေမှု မရှိဘူး
ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါ
တစ်ယောက်တည်းလည်း နေတက်အောင်နေပါ
လေ့လာသင်ယူပြီး လွတ်မြောက်အောင် ကြံဆပါ
ပျော်ရွှင်အောင်နေပါ။

စစ်လွန်းနောင်

Crd Photo

#စစ်လွန်းနောင်
#ဒဿနများ #ခံစားချက်များ

28/04/2025

တစ်နေ့......

လေပြေညင်းတွေ တိုက်ခတ်နေတဲ့ တစ်နေ့....

မိုးသားမိုးဖွဲလေးတွေ ကျဆင်းနေတဲ့ တစ်နေ့...

တေးသီငှက်တွေ သီကျူးနေတဲ့ တစ်နေ့....

ပန်းကလေးတွေ လှပစွာ ဖူးပွင့်နေတဲ့ တစ်နေ့...

လောကလူသားတွေအားလုံး ပြုံးပျော်နေတဲ့ တစ်နေ့....

အမှောင်လောကကနေ ငါထွက်ချင်တဲ့ တစ်နေ့....

ငါမျက်ရည်တွေခမ်းခြောက်လာမဲ့ တစ်နေ့...

အားလုံးကို ငါစွန့်လွတ်ချင်လာတဲ့ တစ်နေ့...

လွတ်လပ်စွာနဲ့ ငါပျံသန်းလာချင်တဲ့ တစ်နေ့...

ခရမ်းပြာရောင် ပန်းကလေးတွေ ကျဆင်းလာတဲ့ တစ်နေ့...

အေးချမ်းစွာနဲ့ ငါ့ရဲ့ကောင်းကင်ဘုံကို ပြန်တဲ့ တစ်နေ့

တစ်နေ့..... ခရစ်တော်မှာ ငါအိပ်ပျော်တဲ့ တစ်နေ့

ငါ ဒီလောကကနေ လွတ်မြောက်တဲ့နေ့.......

စစ်လွန်းနောင်

#စစ်လွန်းနောင်
#ဒဿနများ
#ခံစားချက်များ

27/04/2025

ချစ်တယ် မဟုတ်လား
လွတ်လပ်ခွင့် ပေးလိုက် ...

လွတ်လပ်ခြင်း ရှိတဲ့အချစ်လောက်
ဘယ်အချစ်မှ မကောင်းဘူး။ ။

စစ်လွန်းနောင်

#စစ်လွန်းနောင်
#ဒဿနများ
#ခံစားချက်များ

Address

Bangkok

Alerts

Be the first to know and let us send you an email when Sis Loon Naung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share