AUNG SOE THU

AUNG SOE THU ဘဝသမားလေးပါဗျာ

12/12/2025
11/09/2025

ငွေရှာရခြင်းမှာ အပူပင်ကင်းဖို့ အကြံပြုချက် (၃) ချက်

ကျနော်ကြားဖူးတာတစ်ခုရှိတယ်။ လူတွေက ငွေကြေးနဲ့ပတ်သက်ရင် အလွန်အမင်းချမ်းသာချင်တာ မဟုတ်ကြဘူး။ သူတို့ ဆုံးဖြတ်ချက်တွေကိုပဲ အမှီအခိုကင်းစေချင်တာတဲ့။ ပြောချင်တာက ဒေါ်လာဘီလျံနဲ့ချီ ချမ်းသာချင်တာမျိုးမဟုတ်ဘူး (ချမ်းသာရင်ကောင်းတယ်၊ ဒါပေမယ့် အရမ်းလိုချင်တပ်မက်လှတာမျိုးမဟုတ်ဘူး)။ စားချင်တာစားလိုက်ချင်တယ်။ သုံးချင်တာသုံးလိုက်ချင်တယ်။ ဝယ်ချင်တာ မစဉ်းစားဘဲ ဝယ်လိုက်ချင်တယ်။ ဒီလ လောက်ပါ့မလားလို့ စိုးရိမ်မနေချင်ဘူး။ ဒီလောက်ပဲ။ အဲဒီလိုမျိုး ငွေကြေးကိစ္စနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေမှာ အမှီခိုကင်းချင်တာ။ ပိုက်ဆံနဲ့ပတ်သက်လို့ အပူပင်မရှိချင်တာ။

ပိုက်ဆံကတော့ ဘယ်သူဖြစ်ဖြစ် ရှာရတာပဲဗျာ။ ဘယ်လိုရှာရတာလဲဆိုတာပဲ ကွဲပြားကြတာ။ တချို့က ပင်ပင်ပန်းပန်းရှာရတယ်။ ပိုက်ဆံက လိုက်လေပြေးလေပဲ။ တချို့ကျလည်း အပူပင်ကင်းကင်းနဲ့ ရှာလို့ရတယ်။ ငွေကြေးကိစ္စနဲ့ပတ်သက်လို့ သိပ်စိုးရိမ်ကြောင့်ကြမှု မရှိကြဘူး။ နဂိုချမ်းသာတဲ့မိသားစုက လာခြင်းမလာခြင်းအပေါ်မှာ မသက်ဆိုင်ဘူး။ ဒီအကျင့်တွေဟာ မွေးမြူလို့ရတယ်။ တည်ဆောက်ယူလို့ရတယ်။ ကျနော်တွေ့ဖူး ထိစပ်ဖူးသလောက် ငွေကြေးနဲ့ပတ်သက်လို့ အပူပင်ကင်းကြသူတွေမှာလည်း ဒီအကျင့်တွေ ရှိကြတယ်။ ပိုက်ဆံနောက်ကို ကိုယ်က မလိုက်ရဘဲ ပိုက်ဆံက ကိုယ့်ကို လိုက်ရတဲ့ အခြေအနေမျိုးပေါ့။

၁။ ဘယ်အလုပ်ဖြစ်ဖြစ် သေသေချာချာလုပ်ပါ - ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေဟာ ကိုယ့်ရဲ့ အောင်မြင်မှုမှတ်တိုင်တွေပါ။ ဒီခေတ်ကြီးမှာ အလုပ်တစ်ခုကနေ ထွက်ပြီးသွားရင် ပြီးသွားတာမဟုတ်ဘူး။ အဲဒီမှတ်တမ်းတွေက ကျနော်တို့နောက်ကိုလိုက်နေတာ။ ဘယ်နေရာမှာဖြစ်ဖြစ် အလုပ်ကို အလုပ်နဲ့တူအောင် သေသေချာချာလုပ်ထားရင် ပြန်ပြောပြစရာ အောင်မြင်မှုတွေရှိတယ်။ နမူနာတွေရှိတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် သေသေချာချာ လုပ်ခြင်းက အချက် နှစ်ချက်နဲ့ ကိုယ့်ကိုအကျိုးပြုတယ်။

- ကိုယ့်အောင်မြင်မှုတွေဖြစ်တဲ့အတွက် အလုပ်နဲ့ပတ်သက်လို့ ကိုယ့်ကိုယ် ယုံကြည်ချက်ရှိစေတယ်။
- အောင်မြင်ထားတဲ့မှတ်တမ်းတွေကို ဘယ်လို အလုပ်ရှင်မျိုး၊ မြုပ်နှံသူမျိုးမဆို သဘောကျတယ်။ ဘာအလုပ်ဖြစ်ဖြစ် လုပ်လို့ရတယ်။

ဒါကြောင့် မလုပ်ချင်ရင်မလုပ်နဲ့။ လုပ်ပြီဆိုရင်တော့ အကောင်းဆုံးလုပ်ပါ။ ပရော်ဖက်ရှင်နယ်စိတ်ထားပါ။ ကျွမ်းကျင်မှု၊ အချိန်တိကျမှု၊ ယဉ်ကျေးမှု၊ ဆက်သွယ်ပြောဆိုနိုင်မှုစသဖြင့် နေရာတိုင်းမှာ ပရိုတစ်ယောက်လို ခံယူကျင့်သုံးပါ။ ဒါငါလုပ်ခဲ့တဲ့ အလုပ်ပေါ့လို့ ပြန်ပြောတိုင်း ဂုဏ်ယူနိုင်အောင်လုပ်ပါ။

၂။ အလုပ်နဲ့အတူ ကိုယ့်ရဲ့ဂုဏ်သတင်းကို တည်ဆောက်ပါ - အလုပ်ကို အကောင်းဆုံး လုပ်ပါဆိုတာ အလုပ်ရှင်အတွက်မဟုတ်ဘူး။ ကိုယ့်အတွက်ပြောတာ။ သူများအလုပ်လုပ်တဲ့အချိန်မှာ ကိုယ့်နာမည်နဲ့ဂုဏ်သတင်း၊ ကိုယ်သက်ရောက်နိုင်တဲ့ အသိုင်းအဝန်း၊ ကိုယ့်စကားသံကို ကြားရမယ့် ပလက်ဖောင်းတစ်ခု ဒါတွေကိုလည်း တည်ဆောက်ထားစေချင်တယ်။ သူများအလုပ်ကတော့ ဘယ်လောက်ပဲ လုပ်လုပ် အချိန်တန်ရင် ကိုယ်က ဝန်ထမ်းပဲမဟုတ်လား။ ကိုယ်ပိုင်ဆိုင်တဲ့အရာက ကိုယ့်ရဲ့ဂုဏ်သတင်းပဲရှိတယ်။ သူများအလုပ်ကိုလုပ်ရင်း ကိုယ့် reputation ကိုလည်း အခိုင်အမာ တည်ဆောက်သွားသင့်တယ်။

၃။ ရိုးသားပါ - ယုံကြည်ချက်ဟာ အပြန်အလှန်ရိုးသားမှုကနေ လာပါတယ်။ ကျနော်ကတော့ တုံးအတာမဟုတ်တဲ့ ရိုးသားမှုကို အကောင်းဆုံး ဘဝနေနည်းလို့တောင် ထင်ပါတယ်။ ရိုးသားမှုက အရာရာကို ရင်ဆိုင်နိုင်စေတယ်။ ရိုးသားမှုဟာ အကောင်းဆုံးဈေးကွက်ရှာဖွေရေးပဲ။ ရိုးသားမှုရှိရင် အပြန်အလှန်ယုံကြည်ချက်ကို ချက်ခြင်းတည်ဆောက်လို့ရတယ်။ ကွယ်ဝှက်ထားတာတွေ၊ လိမ်ညာထားတာတွေ ဘာမှမရှိတဲ့အတွက် စိတ်ဟာ ရှင်းရှင်းလင်းလင်းရှိတယ်။ ကိုယ့်ကိုယ် ယုံကြည်ချက်ရှိစေတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ချက်တည်ဆောက်ပြီးလုပ်ရတယ်။ ရိုးသားတဲ့သူအပေါ် လူတွေ ယုံကြည်ချက်ထားကြတယ်။ ဘယ်နေရာဖြစ်ဖြစ် ဘာအလုပ်ဖြစ်ဖြစ် ရိုးသားတဲ့သူနဲ့ပဲ တွဲအလုပ်လုပ်ချင်ကြတယ်။ ရိုးသားမှုမရှိခဲ့ရင်တော့ အလုပ်အကိုင်မှာ ခက်ခဲလိမ့်မယ်။

ဒါ စိတ်ကြွစာမဟုတ်ပါဘူး။ လက်တွေ့ဘဝမှာ အကျင့်အဖြစ် မွေးမြူသင့်တဲ့အကြောင်းအရာပါ။ ကျနော်လည်း ဒီအတိုင်းပဲ ကျင့်သုံးတယ်။ ဝုန်းကနဲဒိုင်းကနဲ ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။ ဘဝဆိုတာ သေးငယ်တဲ့အဖြစ်အပျက်လေးတွေ ပေါင်းစပ်ထားရတာပဲ။ ဒီလိုမျိုး တဖြည်းဖြည်း မွေးမြူတည်ဆောက်သွားရင် ကိုယ့်ပုံရိပ်ဟာ ထင်ထင်ရှားရှား ရှိလာလိမ့်မယ်။ ငွေရှာရတာ ကိုယ့်အတွက် မခက်ခဲဘူးဆိုတဲ့ အခြေအနေမျိုး ရောက်လာလိမ့်မယ်။

11/09/2025

အသက်ကြီးရင် ဝလာတတ်တာ ဘာလို့လဲ

လူတွေအသက်ကြီးရင် ဝလာတတ်တာကို မြင်ရလိမ့်မယ်။ ကိုယ်တိုင်လည်း အသက်ရလာတာနဲ့အမျှ ကိုယ်အလေးချိန်ထိန်းရခက်တာကို သတိထားမိပါလိမ့်မယ်။ အထူးသဖြင့် အသက် ၃၀ ကျော်လာရင် သတိထားမိလိမ့်မယ်။ အသက် ၄၀ ကျော် ၅၀ ဆိုရင်တော့ တော်တော်ကို သိသိသာသာ ဖြစ်လာလိမ့်မယ်။ "အရင်ကဆိုရင် စားချင်တိုင်းစားပေမယ့် မဝဘူး။ အခုကျမှ အရမ်းကိုဝလာတာ" ဆိုတာမျိုးတွေ ကြားဖူးကြတယ်မလား။ ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာ ကျနော်တို့ အဖြေရှာကြည့်ရအောင်။

၁။ ဇီဝဖြစ်ပျက်မှု နှေးလာခြင်း (Slower metabolism) - ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုက အသက်ကြီးလာတာနဲ့အမျှ နှေးကွေးလာတယ်။ ဇီဝဖြစ်ပျက်မှုဆိုတာက အကြမ်းဖျင်းပြောရရင် ခန္ဓာကိုယ်က အစားအသောက်ကို အားအင်အဖြစ်ပြောင်းလဲအသုံးချတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြောတာပါ။ အသက်ကြီးလာရင် ခန္ဓာကိုယ်က အားအင်သုံးတဲ့ပုံစံပြောင်းသွားတယ်။ ကြွက်သားဆုံးရှုံးမှုများပြီး အဆီတွေစုပုံလာတယ်။ ဒါနဲ့ ကြွက်သားတွေက လျော့တိလျော့ရဲဖြစ်လာပြီး အဲဒီနေရာမှာ အဆီတွေအစားထိုးဝင်လာတယ်။ ခန္ဓာကိုယ်က ကယ်လိုရီလိုအပ်တဲ့ပမာဏနည်းပြီး သုံးတာလည်းနည်းလာတယ်။ ဒီအချိန်မှာ အစားအသောက်ကို သတိမထားဘူးဆိုရင် ကိုယ်အလေးချိန်တက်လာပါတယ်။

၂။ ဟော်မုန်းအပြောင်းအလဲများဖြစ်ခြင်း (Hormonal changes) – မဟော်မုန်း အီစထရိုဂျင်က ဇီဝဖြစ်ပျက်မှုကိုမြန်စေတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက်ပိုင်း မဟော်မုန်းနည်းသွားတဲ့အတွက် ဇီဝဖြစ်ပျက်မှုနှေးတယ်။ အဆီပိုတွေပိုစုပုံလာတယ်။ အထူးသဖြင့် ဗိုက်၊ တင်နဲ့ ပေါင်တွေမှာ အဆီတွေပိုများလာတယ်။
အမျိုးသားတွေမှာလည်း အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းနည်းလာတယ်။ ကျားဟော်မုန်း တက်စထရိုစတီရုန်းက ကြွက်သားတည်ဆောက်ဖို့အတွက် အရေးပါတယ်။ တချို့ ကြွက်သားမြန်မြန်တက်ချင်သူတွေ ကျားဟော်မုန်းတွေရဲ့ အကူညီကို ယူကြတာ တွေ့ဖူးပါလိမ့်မယ်။ အသက်ရလာတဲ့အခါ အဲဒီကျားဟော်မုန်းတွေနည်းလာတယ်။ နောက်ဆက်တွဲ ကြွက်သားဆုံးရှုံးမှုတွေဖြစ်တယ်။ အဆီတွေစုပုံလာတယ်။ ဒါကြောင့် ကျားရော မရောမှာ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က လျော့တိလျော့ရဲဖြစ်လာပြီး ကိုယ်အလေးချိန်တက်လာတယ်။

၃။ စားသောက်နေထိုင်မှုပုံစံ (Lifestyle) - သတိထားကြည့်ရင် အသက်ရလာတာနဲ့အမျှ အလုပ်တွေများတာရယ်၊ သက်တောင့်သက်သာပဲ နေချင်တာရယ်ပေါင်းပြီး လှုပ်ရှားမှုနည်းလာတာကို တွေ့လိမ့်မယ်။ လှုပ်ရှားမှုနည်းရင် ကယ်လိုရီလောင်ကျွမ်းတာနည်းမယ်၊ အစားအသောက်စားတာကို မလျှော့ဘူးဆိုရင် နောက်ဆက်တွဲ ကိုယ်အလေးချိန်တက်မယ်။ ငယ်ငယ်ကတော့ စားချင်တာစား မဝလာဘူးဆိုတာက ဇီဝဖြစ်ပျက်မှုကလည်းမြန်တယ်၊ လှုပ်ရှားမှုလည်းများတဲ့အတွက်ကြောင့်ပါ။ အသက် ၃၀ နောက်ပိုင်းမှာတော့ အဲဒီအခွင့်အရေး မရနိုင်တော့ဘူး။ လူတွေက အသက်ကြီးလာပြီး ဇီဝဖြစ်ပျက်မှုနှေးလာပေမယ့် အစားအသောက်ကျတော့ လျှော့မစားကြဘူး။ အသက်ကြီးမှ ပိုက်ဆံလည်း ပိုပေါလာတာဆိုတော့ အဆီအဆိမ့်အချိုအငန်တွေ ပိုတောင်စားလာကြသေးတယ်။ သုံးနိုင်တဲ့ကယ်လိုရီပမာဏထက် ပိုစားနေတဲ့အခါ ကိုယ်အလေးချိန် တက်လာပါတော့တယ်။ ဒါ့အပြင် အိပ်ချိန်နည်းတာ၊ စိတ်ဖိစီးမှုတွေပိုများလာတာတွေကြောင့်လည်း ပိုစားမိတာ၊ စိတ်ဖိစီးရင်ထွက်တဲ့ဟော်မုန်းတွေထွက်ပြီး ပိုဝလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အချုပ်ပြောရရင်တော့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုပုံစံတွေပြောင်းလဲလာပြီး ကြွက်သားဆုံးရှုံးမှုနဲ့ အဆီစုပုံမှုတွေဖြစ်လာပါတယ်။ အဲဒီအချိန်မှာ စားသောက်နေထိုင်မှုပုံစံတွေကိုမပြောင်းဘူးဆိုရင် ကိုယ်အလေးချိန်တက်တာ ပိုမြန်ပါလိမ့်မယ်။ အဲဒီလိုမဖြစ်ချင်ရင်တော့ ကိုယ်စားတဲ့ကယ်လိုရီပမာဏကို တွက်ချက်စားသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာနဲ့ စိတ်ဖိစီးမှုတွေလျှော့ချတာတွေကို ပြုလုပ်ရပါမယ်။

11/09/2025

ဆီးချိုမဖြစ်အောင် နေထိုင်စားသောက်နည်း

အသက်ကြီးမှ ဖြစ်တဲ့ဆီးချိုဟာ အမျိုးစား (၂) ဆီးချိုပါ။ ဆီးချိုမျိုးရိုး၊ အစားအသောက်နဲ့အနေအထိုင်ကြောင့် အမျိုးစား (၂) ဆီးချိုဖြစ်ပါတယ်။ ဆီးချိုဟာ နောက်ဆက်တွဲပြဿနာ အင်မတန်မှကိုများပါတယ်။ ကျနော်အကြောက်ဆုံးနဲ့ မဖြစ်ချင်ဆုံးရောဂါတစ်ခုပါ။

ဆီးချိုမျိုးရိုးရှိခြင်းက ဆီးချိုဖြစ်ဖို့အတွက် အလေးသာစေတယ်ဆိုပေမယ့် ကျန်းမာတဲ့ စားသောက်နေထိုင်မှုကို မွေးမြူနိုင်ရင် ဆီးချိုမဖြစ်အောင် ကာကွယ်လို့ရပါတယ်။

၁။ ကိုယ်အလေးချိန် - ဆီးချိုဖြစ်နေသူအများစုဟာ ကိုယ်အလေးချိန်လည်း များသူတွေဖြစ်နေကြတယ်။ အထူးသဖြင့် ဗိုက်ဝန်းကျင်မှာ အဆီစုပုံမှုများလာရင် ဆီးချိုဖြစ်နိုင်ခြေမြင့်တယ်။ ဒါကြောင့် ဝမလာအောင် ဂရုစိုက်ရမယ်။ နေ့စဉ် ကိုယ်အလေးချိန် ချိန်ကြည့်ပြီး ကိုယ့်ခန္ဓာကိုယ်အနေအထားကို သတိပြုမိအောင်လုပ်ပါ။ ကိုယ်ဝလာတယ်ဆိုတာကို သတိထားပြီး ဆင်ခြင်မှ အချိန်မီထိန်းနိုင်မယ်။ ခန္ဓာကိုယ်ကို ပစ်ထားလိုက်လို့ အလေးချိန်တစ်ခုထိ ရောက်သွားရင်တော့ ထိန်းရတာ ပိုခက်ခဲလာလိမ့်မယ်။

၂။ စားသောက်မှုပုံစံ - အချိုလျှော့ပါ။ သကြားရိုးရိုးကိုတင်ပြောတာမဟုတ်ဘဲ ချိုတဲ့အစားအသောက်တွေ အကုန်လုံးကို လျှော့စားပါ။ အဆီလျှော့ပါ။ ထမင်းလျှော့ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအနှံဟင်းသီးဟင်းရွက်တွေပိုစားပါ။ အသားစားပါ။ ပန်းကန်ကို သုံးပုံပုံ၊ တစ်ပုံကိုထမင်း၊ တစ်ပုံကိုဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို အသားစားပါ။ သရေစာစားမယ်ဆိုရင် သကြားပါဝင်မှုနည်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ပိုရွေးချယ်ပါ။ ဘာစားစား ကယ်လိုရီကြည့်စားပါ။ ကိုယ့်အတွက်စားဖို့တန်မတန်ကို အမြဲသတိထားဆင်ခြင်ကြည့်ပါ။

၃။ နေထိုင်မှုပုံစံ - တစ်ပတ်ကို ပျမ်းမျှ မိနစ် ၁၄၀ လောက် လှုပ်ရှားမှု လုပ်ပေးပါ။ တစ်ရက်ကို မိနစ် ၂၀ စာလောက် ခပ်ဖြည်းဖြည်းပြေးတာ၊ စက်ဘီးနင်းတာ၊ လမ်းမြန်မြန်လျှောက်တာ စသဖြင့်ပေါ့။ တနေကုန်လည်း လှုပ်ရှားမှုရှိနေအောင် သတိထားပါ။ ဓာတ်လှေခါးသုံးမယ့်အစား လှေခါးရိုးရိုးသုံးတာ၊ ကားကိုဝေးဝေးမှာရပ်တာ၊ ဖုန်းပြောရင် လမ်းလျှောက်ရင်းပြောတာ စသဖြင့် တစ်ခုခုလုပ်နေရင်း လှုပ်ရှားမှုရှိနေအောင် ကြိုးစားကြည့်ပါ။ အဲဒါဆို အကျင့်ဖြစ်လာလိမ့်မယ်။

၄။ စိတ်ဖိစီးမှု - စိတ်ဖိစီးမှုဟာ ရောဂါတော်တော်များများရဲ့ အကြောင်းခံ ဖြစ်နေတတ်တယ်။ ညဘက်အိပ်မပျော်တာ၊ စိတ်လှုပ်ရှားမှုကို ထိန်းမရတာ၊ အာရုံစူးစိုက်ရခက်ခဲတာ၊ အမြဲပင်ပန်းသလိုဖြစ်နေတာ၊ စိတ်တိုစိတ်ဆတ်လွယ်လာတာ စသဖြင့် ဒါတွေအကုန်လုံးက စိတ်ဖိစီးမှုများနေတယ်ဆိုတာကိုပြပါတယ်။ စိတ်ဖိစီးရင် ခန္ဓာကိုယ်က ဟော်မုန်းတွေထုတ်တယ်။ အဲဒီဟော်မုန်းတွေက ရေရှည်မှာဆိုးကျိုးဖြစ်စေတယ်။ ခန္ဓာကိုယ်အပေါ် အဆိုးသက်ရောက်မှုတွေရှိတယ်။ စိတ်ဖိစီးမှုကိုလည်း တတ်နိုင်သလောက် လျှော့ရမယ်။

ကျနော်က ဆီးချိုမျိုးရိုးဖြစ်နိုင်ခြေ အင်မတန်မြင့်တယ်။ ဆီးချိုကာကွယ်နိုင်ဖို့ ကျနော် ကြိုးစားနေတဲ့ စားသောက်နေထိုင်မှုပုံစံအကြောင်း သတ်သတ် ထပ်တင်ပေးထားပါမယ်။

''အစဆိုတာ အမြဲခက်ခဲ လေ့ရှိတယ်''"အောင်မြင်နေတဲ့ လူတွေရဲ့နောက်မှာမအောင်မြင်ခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတယ်ဆိုတာ အမြဲမှတ်ထားပါ...
11/09/2025

''အစဆိုတာ အမြဲခက်ခဲ လေ့ရှိတယ်''

"အောင်မြင်နေတဲ့ လူတွေရဲ့
နောက်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ
ရှိခဲ့ဖူးတယ်ဆိုတာ အမြဲမှတ်ထားပါ....

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။

ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာ ကောင်းသလို ကြောင်တောင်တောင်လည်း ဖြစ်နိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလဲ လုပ်ရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့ လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့ မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

#လူငယ်များအတွက်ဗဟုသုတစာပေများ #ဘဝအတွက်နည်းလမ်းကောင်းများ #အောင်မြင်ရေးအနှစ်သာရများ #ခွန်အားဖြစ်စေသောစာများ #လူငယ်များအတွက် #စာပေ

08/09/2025

ခေတ်သစ် ၂၁ ရာစုက လူတွေဟာ ၂ဝ ရာစုက
လူတွေထက် ရုပ်ဝတ္တုပိုင်ဆိုင်မှုတွေ အဆမတန်
ခုန်တက်လာတာနဲ့အမျှ ခေတ်သစ်လူတွေရဲ့လက်ထဲကနေ တဖြည်းဖြည်း ခုန်ထွက်ကျသွားတဲ့ အရာတစ်ခုရှိတယ်။
အဲဒါက“ခံနိုင်ရည်စိတ်ဓာတ်” ပဲ။

ဒီတော့ လူတွေဟာ ထိလွယ်၊ ရှလွယ် ဖြစ်လာတယ်။
တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ လျော့နည်းလာတယ်။ ကိုယ်ကျင့်တရားတွေ ယိုင်နဲ့လာတယ်။မျှော်လင့်ချက်တွေ ကင်းမဲ့လာတယ်။ အနာဂတ်တွေ ဝေဝါးလာတယ်။

ဒီစာအုပ်ဟာ တိုးတက်ရေးအတွေးအခေါ်တွေ မပါသလို၊ ငွေရှာနည်း စိတ်ပညာကျမ်းလည်း မဟုတ်ပါဘူး။
ပြီးတော့ ပျော်ရွှင်ခြင်းလမ်းညွန် ဆိုပြီးလည်း တံဆိပ်ကပ်မထားဘူး။ ဒါပေမဲ့ ခေတ်သစ်လူနေမှု အသိုင်းအဝိုင်းထဲမှာ လျော့နည်းလာနေတဲ့ “ခံနိုင်ရည်စိတ်ဓာတ်”ကိုတော့ တစ်နည်းတစ်ဖုံ လောင်စာထည့် ပေးနိုင်ပါလိမ့်မယ်။ ခေတ်သစ်လူနေမှုဘဝရဲ့ပြဿနာပေါင်း သောင်းခြောက်ထောင်ကို သတ္တိရှိရှိ ဘယ်လိုရင်ဆိုင်မလဲ
ဆိုတာကိုတော့ အဖြေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

#ခံနိုင်ရည်စိတ်ဓာတ်

ဒီစာအုပ်က ဘဝမှာ အနာဂတ်ပျောက်ဆုံးနေတဲ့လူငယ်တွေ၊ စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ Self-help အမျိုးအစားထဲက စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

ဒီစာအုပ်က အပျင်းပြေခဏတဖြုတ် ဖတ်ဖို့စာအုပ်မဟုတ်ဘူး။ ဒီစာအုပ်ဖတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးတတ်လာလိမ့်မယ်။ "နေ့တိုင်း ငါဘာတွေလုပ်နေသလဲ။ ပြီးတော့ ငါ ဘာတွေပြောင်းလဲဖို့ လိုပြီလဲ။" ဒီလို ကိုယ့်ကိုယ်ကို မေးတတ်လာတဲ့အခါ ကိုယ့်မှာပညာရေးအားနည်းနေရင် စိတ်ပူစရာမလိုဘူး။ Self-educated ဖြစ်လာဖို့ ဒီစာအုပ်က လမ်းညွှန်ပေးလိမ့်မယ်။

ယခုချိန်မှာ ဆင်းရဲချို့တဲ့နေပေမယ့် အနာဂတ်မှာပိုကောင်းမွန်တဲ့ ဘဝတစ်ခုဖြစ်လာ‌အောင် ဘယ်လိုစီးပွားရေးတွေမှာ ပိုပြီးရင်းနှီးမြှုံနှံသင့်သလဲ။ ငွေကို ဘယ်လိုစီမံခန့်ခွဲသင့်သလဲ။ ငွေကြေးပြည့်စုံခြင်းဟာ လူရာဝင်ခြင်းတစ်မျိုးပဲ။ ဒါကြောင့် ငွေရှိဖို့လိုတယ်။

ဘဝပျော်ရွှင်မှုဆိုတာ ငွေကြေးတစ်ခုတည်းအပေါ်မှာ မှီတည်နေတာ မဟုတ်ဘူး။ ကျန်းမာရေးကောင်းမွန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရှိနေမှ စစ်မှန်တဲ့ပျော်ရွှင်မှုက တကယ်ရမှာ။

21 ရာစုက လူတွေဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့လာတယ်။ ထိလွယ်၊ရှလွယ် ဖြစ်လာတယ်။ ခံနိုင်ရည်တွေ လျော့ပါးလာတယ်။

ဒါကြောင့် စိတ်ရဲ့အေးချမ်းတည်ငြိမ်မှုကို ရှာဖို့လိုအပ်တယ်။ တကယ်တော့ ငြိမ်းချမ်းတဲ့စိတ်က အတွင်းအဇ္စျတ္တမှာပဲ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ ကြည့်နေကျ၊ မြင်နေကျ မှန်ပြောင်းထဲကနေ မြင်နေရတဲ့လောကကြီးထဲက ခဏတဖြုတ်ရုန်းထွက်ပြီး ကိုယ်မမြင်နိုင်သေးတဲ့ ဖြစ်တည်မှုသဘာဝတရားကို တွေ့အောင်ရှာကြည့်ဖို့ အကြံပြုထားတဲ့ စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်။

#အံ့ဘုန်းခန့်ကျော်
#ငါ့ကိုယ်ငါပြောင်းလဲခြင်း

NDMBooKStore မှစာအုပ်လေးတွေကိုထိုင်းနိုင်ငံအနှံ့ ပို့ဆောင်ပေးနေပါတယ်။🇹🇭🥰

#စာအုပ်ပို့ချိန် အနီး အဝေးပေါ်မူတည်ပြီး 1ရက်_2ရက်
အတွင်ရောက်ရှိပါမယ်။🚛📦

#စာအုပ်စာပေများကနေ စာချစ်သူများ အသိပညာ၊ ညာဏခွန်းအားများ တိုးပွားရရှိနိုင်ကြပါစေ။🥰☺️🙏

Fb စာအုပ်မှာယူဖို့ အဆင်မပြေတဲ့စာချစ်သူတို့အတွက်

Lazada & Shopee မှာလည်းဝယ်ယူလို့ရပါတယ်😊

အောက်က link သို့နှိပ်ပါ👇👇👇

https://s.shopee.co.th/7pc69P4bZo

Lazada👇👇👇

https://s.lazada.co.th/s.I7YPn?dsource=share&laz_share_info=1418258652_100_1600_0_1418260652_null&laz_token=690ceb1a65db14c4053e726deee8d108

Address


Website

Alerts

Be the first to know and let us send you an email when AUNG SOE THU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share