17/08/2026
အားပေးကြမ်းတဲ့ ဂျပန်ရောက် တော်လှန်အမျိုးတို့
ငါတို့ရန်ကုန်ထုတ်ကုန်များ အသစ်ထပ်မံရောက်ရှိပါပြီ 🤩
ငါတို့ရန်ကုန် & တော်လှန်ပြည်သူအပေါင်းတို့ဆိုတာ
ခွဲခြမ်းစိတ်ဖြာလို့မရတဲ့ ရဲဘော်ရဲဘက်တွေပါ။
ဘယ်သူ ဘယ်နေရာ ဘာလိုနေလဲ
တလရ သတင်းတွေ အမြဲနားထောင်ပြီး
နောက်တန်းတနေရာကနေ ထောက်ပို့တပ်သားတွေပေါ့
ကိုယ် ကိုယ်တိုင်လည်း အရသာရှိရှိစားသလို
ရှေ့တန်းမှာ ရှိနေတဲ့ အမှန်တရားအတွက်
တိုက်ပွဝင်နေပေးတဲ့ ရဲဘော်ရဲဘက်တွေအတွက်လည်း
စခန်းအထိအရောက် ပို့ပေးသေးတာနော်။
ဂျပန်နိုင်ငံမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့
တလရအပေါ် ပေးစပ်ထားရှိပေးတဲ့စိတ်က
တစ်ပွဲမှ မလွတ်စေရဘူး
တစ်ခါမျှ မျက်နှာမငယ်စေရဘူး
ပြိုင်ပွဲလိုမျိုး သတ်မှတ်မယ်ဆိုရင်
သူတို့က နံပါတ်တစ် သရဖူဆောင်းတာ 👑
ခုလည်း ဂျပန်ရောက် မြန်မာနိုင်ငံသားတွေပဲ
တခဲနက်အားပေးကြမ်းကြတာ
ရောင်းစရာပစ္စည်း ပြတ်သွားလောက်အောင်
ကူညီ ထောက်ပံ့ ဝယ်ယူအားပေးကြတာ 🥰
အိမ်ပြန်ကြဖို့အတွက် ဂျပန်ရောက်
မြန်မာနိုင်ငံသားတွေလည်း
စိတ်ဓါတ်နဲ့ချီတက်နေတာတွေ့ရတယ်။
ကျေးဇူးလည်း ထပ်ခါထပ်ခါ တင်ရသလို
သူတို့တွေကြောင့် ခွန်အားတွေလည်းရပါတယ်။
ငါတို့အိမ် ငါတို့ပြန်မယ် ✊
”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊
အိမ်အရောက်ပြန်ကြမယ်။
Let's do it... .lll. "
#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
စာကြွင်း။ ။ ပန်းရောင်ဝက်ဝံလေးက မရောင်းဘူးနော်
မရမချင်း အလကားတောင်းရမှာ ... ဟိဟိ။