Maung Khin Kyi - Arakan State

Maung Khin Kyi - Arakan State male

အရှို ချင်းကာကွယ်ရေးတပ် (ACDF) အမည်ကို အရှိုအမျိုးသားအဖွဲ့ချုပ်/ အရှိုအမျိုးသားတပ်တော် (ANO/ANA ဟုအမည်ပြောင်းလိုက်တယ်လို...
13/10/2026

အရှို ချင်းကာကွယ်ရေးတပ် (ACDF) အ
မည်ကို အရှိုအမျိုးသားအဖွဲ့ချုပ်/ အရှို
အမျိုးသားတပ်တော် (ANO/ANA ဟုအ
မည်ပြောင်းလိုက်တယ်လို့
အရှိုအမျိုးသားအဖွဲ့ချုပ်/ အရှိုအမျိုးသား
တပ်တော် (ANO/ANA) က ၁၃/၁၀/၂၀၂၆
ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်

13/10/2026

ကျနော်တို့ရက္ခိုင်စစ်ပွဲဟာ ပြည်တွင်းစစ်မဟုတ်တော့ဘူး နိုင်ငံချင်းတိုက်ရတဲ့ တိုက်ပွဲဖြစ်သွားပြီဆိုတာကို
ရက္ခိုင်ပြည်သူတို့ သိထားပါ

13/10/2026
ရက္ခိုင် အမျိုးသားသစ္စာဖောက် လောက်ကောင်များ သူတို့တတွေ အမျိုးသားလောက်ကောင်အဖြစ် သမိုင်းမှတ်တမ်း တင်ထားရမှာဖြစ်တယ်
13/10/2026

ရက္ခိုင် အမျိုးသား
သစ္စာဖောက် လောက်ကောင်
များ သူတို့တတွေ အမျိုးသား
လောက်ကောင်အဖြစ် သမိုင်း
မှတ်တမ်း တင်ထားရမှာဖြစ်တယ်

ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့အနေနဲ့ရက္ခိုင်ပြည်အရေးကို ပြောမယ်ဆိုရင် ဘက်တစ်ဖက်တည်းကို မမြင်သင့်ဘူး ရက္ခိုင်နယ်စပ် ဘင်္ဂလားဒေ့...
13/10/2026

ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့အနေနဲ့
ရက္ခိုင်ပြည်အရေးကို ပြောမယ်ဆို
ရင် ဘက်တစ်ဖက်တည်းကို မမြင်
သင့်ဘူး ရက္ခိုင်နယ်စပ် ဘင်္ဂလား
ဒေ့ရှ် ဖက်မှာရှိနေတဲ့ ဘင်္ဂါလီ အ
ကြမ်းဖက် (ARSA) ကိုလည်း ဖယ်
ချန်ထားလို့မရဘူး အခုဆိုရင် အ
ကြမ်းဖက် စစ်ကော်မရှင်တပ်မှ အ
ကြမ်းဖက် (ARSA) တပ်ကို လက်
နက်ခဲ့ယမ်းနှုင့် ဒရုန်း အပါဝင်
စာနက် ရိက္ခာတွေကိုပါ ထောက်
ပံ့ပေးနေတာကိုလည်း ထုတ်ဖော်
ပြောရမှာဖြစ်တယ် နောက်တစ်ခုက
ရက္ခိုင် ဘင်္ဂလားဒေ့ရှ် နယ်စက်
တစ်လျောက် (ARSA) က ပြန်း
ဘေးဆွဲ ငွေညှစ် လူသက်နေတယ်
ဒါတွေကိုလည်း လူကြီးမင်းတို့ ကု
လသမဂ္ဂ အပါအဝင် ကုလသမဂ္ဂ
စုံစမ်းရေးအဖွဲ့အနေနဲ့ ဒါကိုလည်း
လေ့လာ စုံစမ်းရေးလုပ်ပြီး ဖော်
ထုတ်ဖို့လိုပါတယ် အခုဟာက ကို
လိုနီပြုခံထားရတဲ့ ရက္ခိုင်ပြည်သူ
တွေ လွတ်မြောက်ရေး တိုက်ပွဲဝင်
နေတတ် အာရက္ခတပ်တော် (AA)
ကိုသာ တစ်ဖက်သက် စွပ်စွဲနေတာ
ကတော မဖြစ်သင့်ဘူးလို့ ထင်ပါ
တယ် တကယ့် အကြမ်းဖက်နေတဲ့
ဘင်္ဂါလီ အစွန်းရောက် အကြမ်း
ဖက်နေတဲ့ (ARSA) အဖွဲတွေကိုကျ
တော့ နှုတ်ပိတ်နေပြီး အမျိုးသား
လွတ်မြောက်ရေးအတွက် တိုက်ပွဲ
ဝင်နေတတ် (AA) ကိုကျတော့ မ
ဟုတ် မမှန် လိမ်လည်ဝါဒဖြန့်နေတဲ့
တစ်ဖက်လူတွေစကားနဲ့ ထိုးနှိုက်နေ
တာကျတော့ ကျနော်တို့ ရက္ခိုင်ပြည်
သူတွေအနေနဲ့ မတရားဘူးလို့ မြင်
ပါတယ် အမှန်တရားဆိုတာ ဘယ်
အဖွဲ့အစီးကပဲ လိမ်နေပါစေ တစ်
နေ့တော့ အမှန်တရားဆိုတာဖုံးကွယ်
လို့ မရပါ တစနေ့တော့ပေါ်လာမှာ
ဖြစ်ပါတယ် အဲ့ဒါကြောင့် ကျနော်တို့
ရက္ခိုင်ပြည်သူတွေအနေနဲ့ ငွေများ
တရားနိုင်ဆိုတာမျိုးကိုတော့ လက်ခံ
မှာ မဟုတ်ပါ

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်မှာရှိတဲ့ အကြမ်းဖက် (ARSA) တပ်ဖွဲ့တွေကို မြန်မာအကြမ်းဖက် စစ်ကော်မရှင်တပ်မှ လက်နက်ခဲယမ်းအပါဝင် ဒ...
12/10/2026

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်မှာရှိတဲ့ အကြမ်း
ဖက် (ARSA) တပ်ဖွဲ့တွေကို မြန်မာအကြမ်း
ဖက် စစ်ကော်မရှင်တပ်မှ လက်နက်ခဲယမ်း
အပါဝင် ဒရုန်းတွေကိုပါ ထောက်ပံ့ပေးနေ
ပါတယ် အကြမ်းဖက် (ARSA) တပ်ဖွဲ့ဝင်
တွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ အကြမ်းဖက် စစ်ကော်မရှင် (ကပစ)
ထုတ် လက်နက်တွေသာဖြစ်ပါတယ် အဲ့ဒါ
ကြောင့် ရက္ခိုင်လူမျိုးနဲ့ ရက္ခိုင်ပြည်ကို အ
ကြမ်းဖက် စစ်ကော်မရှင်တပ်က အလုံးစုံ
ပျက်ဆီးဖို့ကိုလုပ်ဆောင်နေတယ်ဆိုတာ အ
ခုဆိုရင် ပိုမိုထင်ထင် ရှားရှားတွေ့မြင်လာရ
ပါတယ် ဒါကြောင့် ရက္ခိုင်ပြည်သူတွေကဒီ
အချိန်မှာ သတိကြီးကြီးထားပြီး မျက်ခြေမ
ပျက် အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ အ
ကြမ်းဖက် (ARSA) လက်နက်တပ်ဖွဲ့တွေကို
စောင့်ကြည့်ရမှာဖြစ်ပါတယ် လိုအပ်လာပါက ရက္ခိုင်ပြည်သူ တစ်ရပ်လုံးက အာရက္ခ
တပ်တော် (ULA/AA) နဲ့ ပူးပေါင်းပါဝင်ရ
မယ်ဆိုတာ အားလုံးရဲ့ အသိစိတ်ထဲ့မှာ သိ
ရှိထားရမှာဖြစ်ပါတယ် အဲ့လိုမဟုတ်ပဲ အ
ချင်းချင် တစ်ကွဲ တစ်ပြားနဲ့ စိတ်ဝမ်းကွဲနေ
ကြမယ်ဆိုရင် ရှေ့မှာရက္ခိုင်ပြည်အတွက်
ကြီးမားစွာ အန္တရာယ်ကျရောက်လာနှိုင်ပါ
တယ်ဆိုတာကို ထောက်ပြလိုက်ရပါတယ်

12/10/2026

နှင့် Uthowaing laing – သူ့ရဲ့ အမာခံပရိသတ်အဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ် 🎉

11/10/2026

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်

ရခိုင်ပြည်နယ် စ-စ်တွေတ-ပ်နယ် အတွင်းမှာတော့ ထိတွေ့တို-က်ပွဲ တွေ ပြင်းထန်လာခဲ့ပြီ ဖြစ်ပါတယ် ။ မြို့တော်စ-စ်တွေ ရဲ့ မြေအခြေအနေ နဲ့ အင်အားနှိုင်းယှဉ်ချက် တွေ ကို ကွင်းကွင်းကွက်ကွက် မြင်အောင် တင်ပြခဲ့ပြီး ဖြစ်ပါတယ် ။ ယခု နောက်ဆုံးအချိန်မှာတော့ အာရက္ခတ-ပ် လိုချင်နေတဲ့ စ-စ်ရေး အခင်းအကျင်းမျိုး ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ် ။ စက်တင်ဘာလ ၄ ရက်နေ့က စလို့ တ-ပ်မ ၁၀၁ ရဲ့ နည်းဗျူဟာ သုံးခုစလုံးဟာ အမြင့်ကျွန်း ကျေးရွာ ကို ခြေကုပ်ယူပြီး မင်းချောင်းတံတား မှ တဆင့် ကွမ်းတောင်ကျေး ရွာကို တို-က်စ-စ်ဆင်လာခဲ့ပါတယ် ။ ဒရု-န်း နဲ့ လေကြောင်း ပ-စ်အားရယူပြီး တရစပ် တို-က်စ-စ်လာတာကြောင့် တ-ပ်အစိတ်အပိုင်းငယ် တစ်ချို့ဟာ ရသေ့တောင် လမ်းဆုံ နဲ့ ပုဏ္ဏားကျွန်းဆိပ်ကမ်း အနီး အထိ ရောက်ရှိလာခဲ့ပါတယ် ။ တကယ်တမ်းဆိုရရင် ၎င်းစ-စ်ကြောင်းငယ်လေးတွေဟာ ကျွံဝင်သွားခြင်းမျိုးသာ ဖြစ်ပြီး လက်စတုန်းချေမှုန်းခံလိုက်ရပြီ ဖြစ်ပါတယ် ။ အာရက္ခတ-ပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ် တောင်ပိုင်း မှ ကျေးရွာများကို အရေးပေါ် တိမ်းရှောင်ရန် သတိပေး ကြေငြာပြီး နောက်ပိုင်းမှာ တန်ပြန်တို-က်စ-စ် စတင်လာခဲ့ပါတော့တယ် ။ စက်တင်ဘာလ ၂၈ ရက်နေ့ ‌ကျောက်တော် အိန္ဒိယဈေး လေကြောင်း အကြ-မ်းဖ-က်မှု ဖြစ်စဉ် အပြီးမှာတော့ စ-စ်တွေတ-ပ်နယ် အတွင်းသို့ တို-က်စ-စ် ဆင်လာခဲ့တာကို တွေ့ရပါတယ် ။ မင်းချောင်းတံ တား နဲ့ ဝါဘို ကျေးရွာ အကြားနေရာတွေမှာ အာရက္ခတ-ပ်ဟာ ထု နဲ့ တပ်ဖြန့်လာခဲ့ပြီ ဖြစ်ပါတယ် ။ ထို့အတူ ငတောက်တဲ့ လမ်းဆုံမှာ ရှိတဲ့ စခန ၃၄၃ (စ-စ်-လ-က်နက်ပစ္စည်းတ-ပ်ခွဲ) ကို ပါ ပ-စ်ခ-တ်တို-က်ခို-က်လာခဲ့သလို ရေ ချမ်းပြင် မှာ ရှိတဲ့ တ-ပ်ရင်းဌာနချု-ပ်တွေကိုပါ တပြိုင်နက် တို-က်စ-စ်ဆင်လာတဲ့ အနေအထားမျိုး ကို တွေ့ရပါတယ် ။ စ-စ်တွေတ-ပ်နယ်မှာ နယ်မြေခံတ-ပ်ရင်းဌာနချု-ပ် ၁၉ ခု အပြင် အမ်းကနေ တ-ပ်ပျက်လာတဲ့ နပခ (အနောက်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) ပါ ရှိနေပါတယ် ။

စ-စ်တွေမြို့မှာ ရင်းစု ၃ ခု အဖြစ် ခွဲခြမ်းပြီး ကွပ်ကဲနေခြင်း ဖြစ်ပါတယ် ။ ပါဒလိတ် အခြေစိုက် တ-ပ်ရင်းတွေကိုတော့ ပါရမီရင်းစု လို့ အမည်ပေးထားပြီး ရင်းစုမှူးကတော့ ကျားမသောက် နန္ဒဝန်ဥယျာဉ် အနီးက စအရ ၉၀၈ (စ-စ်မြေပြင်အင်ဂျင်နီယာတ-ပ်ရင်း) ဖြစ်ပါတယ် ။ ဗန္ဓုလမ်းဆုံကနေ မြစ်ဆိပ်ဘက်ကို လားမယ်ဆိုရင်တော့ ရေချမ်းပြင်ရင်းစု ဖြစ်ပြီး ရင်းစုမှူး ကတော့ ထပရ ၈၂၈ (ထောက်ပံ့နှင့်ပို့ ဆောင်ရေးတ-ပ်ရင်း) ဖြစ်ပါတယ် ။ ကျန်တဲ့ နပခ ၊ ဒကစ အပါ တ-ပ်ရင်းတွေကတော့ သက်ကယ်ပြင် ရင်းစု အတွင်းမှာ ထည့်သွင်းထားပြီး လက်ရှိ တ-ပ်နယ်မှူးကတော့ အမတ ၃၇၃ (အမြောက်တ-ပ်ရင်း) ကို တာဝန်ပေးအပ်ထားခြင်း ဖြစ်ပါတယ် ။ တ-ပ်နယ်မှူး ကိုတော့ ဝါစဉ်အရ အမတ ၃၇၃ ၊ ဆသရ ၈၁၈(ဆက်သွယ်ရေးတ-ပ်ရင်း) နဲ့ လစရ ၉ (လျှပ်-စစ်နှင့်စက်မှုအင်ဂျင်နီယာတ-ပ်ရင်း) တို့ က အလှည့်ကျ တာဝန်ယူရလေ့ ရှိပါတယ် ။ စ-စ်တွေတ-ပ်နယ် မှာ ရှိတဲ့ တ-ပ်ရင်းတ-ပ်ဖွဲ့တွေဟာ ရေချမ်းပြင်တ-ပ်နယ် မှ အပ ကျန်တ-ပ်တွေ အားလုံးဟာ ပြည်ထောင်စုလမ်းမကြီး ရဲ့ တစ်ဘက်တစ်ချက် စီ မှာ တည်ရှိနေခြင်း ဖြစ်ပါတယ် ။ စ-စ်တွေ မြို့ အလွန် မှာ တော့ ရွှေမင်းဂံရေတ-ပ် လို့ခေါ်တဲ့ ရခစ ၁၇ (ရေ တ-ပ်အခြေစိုက်စခန်း) ရှိပြီး မြို့တွင်းမှာကတော့ ရဲတ-ပ်ရင်း ၁၂ မှအပ တ-ပ်ရင်းဌာနချု-ပ်တွေ အခြေစိုက်ထားခြင်း မရှိပါဘူး။မြို့အထွက် သလုံးတော်တောင်ခြေမှာရှိတဲ့ တထခွဲ ၈၆၈ (တ-ပ်ထိန်းတ-ပ်ခွဲ) နဲ့ ခမရ ၃၅၄ တို့က သာ မြို့ နဲ့ အနီးဆုံး ဖြစ်ပါတယ် ။ နပခ နယ်မြေ အတွင်းမှာ ထူးခြားတာတစ်ခုလေး ပြောပြပါ့မယ် ။ စ-စ်တွေ မှာ ရှိတဲ့ အမတ ၃၇၃ ၊ ကျောက်တော် ကန်ဇောက် မှာ ရှိခဲ့တဲ့ အမတ ၃၇၇ ၊ ဘူးသီးတောင် မှာ ရှိခဲ့တဲ့ အမတ ၃၇၈ တို့ဟာ ခြေလျင်ခြေမြန် လက်မောင်းတံဆိပ်ကိုသာ ဝတ်ဆင်ကြခဲ့ရပါတယ် ။ နယ်စပ်စည်းမျဉ်းတွေ အရ မိုင် ၂၀ ဝန်းကျင် အတွင်း လ-က်န-က်ကြီးတ-ပ်ရင်း များ အခြေစိုက်ခွင့်မရှိဘူးလို့ ဆိုကြပြီး ၎င်း အမြောက်တ-ပ်တွေကိုတော့ ပဒါန်းတ-ပ်နယ် ဆုံကုန်း အခြေစိုက် မစခ ၉၀၅ (အမြောက်စ-စ်ဆင်ရေးကွပ်ကဲမှုဌာနချု-ပ်) က ကွ-ပ်ကဲတာ ဖြစ်ပါတယ် ။ အာရက္ခတ-ပ် လိုလားတဲ့ အနေအထား ဆိုတာက စ-စ်တွေတ-ပ်နယ် သည် မူလ က ပတ်လည်ခံစ-စ် အနေအထား ဖြစ်နေတာကြောင့် တ-ပ်မ ၁၀၁ ရောက်လာတဲ့ အခါမှာတော့ ပုဏ္ဏားကျွန်း နဲ့ ပေါက်တော ကို တို-က်-စစ်ဆင်လာတဲ့ အခါ မှာ မူလ ခံစ-စ်-သေ- ရှိနေတဲ့ ပုံစံ ကနေ ဖရိုဖရဲ ပြောင်းလဲ သွားခဲ့ရပြီဖြစ်ပါတယ် ။

အာရက္ခတ-ပ် ရဲ့ အပြောင်မြောက်ဆုံး စ-စ်နည်းဗျူဟာတွေထဲ က တစ်ခုတော့ ထပ်ချပ် လိုက်စ-စ် (Pursuit) ဘဲ ဖြစ်ပါတယ်။ အကြ-မ်းဖ-က်တ-ပ်ဟာ အမြင့်ကျွန်း နဲ့ ဝါဘို ကျေး ရွာတွေကို တို-က်စ-စ်ဆင်ခဲ့ရာမှ စ-စ်ဦးကျိုးပြီး ပြန်လည် ဆုတ်ခွာရာလမ်းကြောင်း အတိုင်း တန်ပြန်တို-က်စ-စ်ဆင်လာခဲ့တာကို တွေ့ရပါတယ် ။ ထို့အပြင် ရေချမ်းပြင် နဲ့ ရခစ ၁၇ တို့ ကိုပါ အချိန်ကိုက် တို-က်စ-စ်ဆင်နေတာကြောင့် စ-စ်တွေမြို့သိမ်းတို-က်ပွဲ ဟာ ရုပ်လုံးပေါ်လာခဲ့ပြီ လို့ ဆိုရမှာပါ ။စ-စ်တွေကို တို-က်မယ် ဆိုတဲ့ သတင်းကတော့ ၂၀၂၀ ခုနှစ်တည်းက ဖြစ်ပြီး ယခုမှသာ အကောင်အထည်ဖော်ဆောင်လာခဲ့ခြင်း ဖြစ်ပါတယ် ။ အာရက္ခတ-ပ် ရဲ့ မြို့သိမ်းတိုက်ပွဲ တွေဟာအရပ်ဖက်အဆောက်အဦးတွေကို အထိအခိုက် အ ဖိတ်အစင် နည်းနိုင်သမျှ နည်းအောင် စီမံလေ့ ရှိတာကို တွေ့ရပါတယ် ။ လွိုင်ကော် ဗန်းမော် စတဲ့ မြို့သိမ်း တို-က်ပွဲတွေ နဲ့ နှိုင်းယှဉ် ကြည့်ရင် သိသာနိုင်ပါတယ် ။ မြေပြင်တို-က်ပွဲတွေဟာ စ-စ်တွေတ-ပ်နယ်အတွင်းသို့ နီးကပ်စွာ ချဉ်းကပ်လာခဲ့တာကြောင့် စ-စ်နယ်ဝန်းဟာ ကျ-ဉ်းမြောင်း လာခဲ့ရပြီ ဖြစ်ပါတယ် ။ ခလရ ၂၀ ၊ မဆရ ၈ (စ-စ်မြေပြင်ဆေးတ-ပ်ရင်း) နဲ့ အမတ ၃၇၃ တို့ မှာ ရဟတ်ယာဉ်ဆင်းကွင်းတွေ အသင့်ဖောက်လုပ်ထားပေမယ့် နှစ်စီးတည်းသော သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် များ ကိုတော့ စ-စ်တိုင်းမှူး နဲ့ အနီးဆုံး ခလရ ၂၀ အတွင်းမှာသာ Stand By ပြင်ထားရတာကို တွေ့ရပါတယ် ။ စ-စ်တွေ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ် ။

စ-စ်တွေ နဲ့ ဝီရာဌာနီ မြို့ အကြားက ငပြီကျွန်း ကို ကမ်း တက်ဝင်ရောက်လာတဲ့ စ-စ်ကြောင်းတစ်ခုကိုလဲ အာရက္ခတ-ပ် ဟာ တို-က်ခို-က်ထားနိုင်ခဲ့ပြီး ငါကြင်းမြီးစက်လတ် အပါ လ-က်န-က်ငယ် ခုနှစ်လက် ခဲယ-မ်း မို-င်း နဲ့ ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ် ။ငပြီကျွန်းဟာ ဝီရဌာနီမြို့နယ် အတွင်းပါဝင်ပြီး ရွှေမင်းဂံ ရေတ-ပ်စခန်း နဲ့ မျက်နှာချင်းဆိုင် တည်ရှိ‌နေခြင်း ဖြစ်ပါတယ် ။ ဖြစ်စဉ်အ ကျ-ဉ်းကို ပြောရမယ်ဆိုရင်တော့ စက်တင် ဘာ လ ၇ ရက်နေ့ မနက်ပိုင်းမှာ ကမ်းထိုးရေယာဉ်တစ်စီး တို-က်ရေယာဉ် တစ်စီး အင်အား ၂၇၀ ဝန်းကျင် နဲ့ ငပြီကျွန်းကို ကမ်းတက်နိုင်ဖို့ ကြိုးစားစဉ် တစ်ဝက်လောက်က မြေဩ ဇာ နဲ့ ငါးစာ ဖြစ်သွားခဲ့ရပါတယ် ။ အာရက္ခတ-ပ်ဟာ ငပြီကျွန်းမှာ ၁၀၅ မမ နဲ့ ၁၂၂ မမ အမြောက်စခန်းတွေပါ အ ခိုင်အမာ တ-ပ်စွဲထားပြီး ထိထိရောက်ရောက်ပ-စ်ခတ်နိုင်ခဲ့တာကြောင့် စစ်ရေယာဉ်တစ်စီးကို ပြန်ဆွဲသွားခဲ့ရပါတယ် ။ ဝါဘိုကျေးရွာ ဝန်းကျင်တဝိုက်ကိုလဲ အလုံးစုံ ထိန်းချု-ပ်ကာ ကံ့ကော်ကျွန်း ခံစစ်စခန်းကြီး အနီးသို့ ချဉ်းကပ် တို-က်ခို-က်ရန် ပြင်ဆင်နေတာကိုလဲ တွေ့ရပါတယ် ။အကြ-မ်းဖ-က်တ-ပ်ကတော့ ရခိုင်စ-စ်ဘေးရှောင်တွေ ရှိတဲ့ နေရာများကိုသာ ရွေးချယ်ပြီး လေကြောင်းကနေ စ-စ်ရာ-ဇဝ-တ်မှုတွေ နေ့စဉ် ကျူးလွန် လျက် ရှိပါတယ် ။

ကျောက်ဖြူ တောင်မော်ဦးရေတ-ပ်စခန်း ရဲ့ ကာကင်းစခန်းငယ် အချို့ကို အာရက္ခတ-ပ်ဘက် သိမ်းပိုက်ရရှိထားပြီး တ-ပ်မိသားစုဝင်များဟာ သစ်ပုတ်တောင် ဓညဝတီရေတ-ပ်စ ခန်းဌာနချု-ပ်သို့ ပို့ဆောင်ထားရတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်လာခဲ့ပါတယ် ။ ဒုတိယအကြိမ်မြောက် ပို့ဆောင်ရခြင်းလဲ ဖြစ်ပါတယ် ။‌အကြ-မ်းဖ-က်တ-ပ်ဟာ ကြည်းတ-ပ် မှာ ဆိုရင် အရပ်မျက်နှာ ကို အစွဲပြုတဲ့ စ-စ်ဌာနချု-ပ် ၊ ရေ တ-ပ် မှာ ဆိုရင် ရှေးသမိုင်းစဉ်လာ မြို့တော်တွေကို အစွဲပြုသလို လေတ-ပ် မှာ ဆိုရင်တော့ အခြေစိုက်မြို့အမည် တွေ အစွဲပြုပြီး သ-တ်မှတ် သုံးစွဲကြပါတယ် ။ခြွင်းချက် အနေနဲ့ကတော့ လရက အလယ်ပိုင်း‌ရေတ-ပ်ကွ-ပ်ကဲမှုဌာနချု-ပ် ဆိုပြီး သန်လျင် ဆိပ်ကမ်း မှာတော့ ရှိနေပါတယ် ။ ဒါကြောင့် တောင်မော်ဦး ရေတ-ပ် စခန်း ရဲ့ တ]ပ်အမှတ် ကိုတော့ အာရက္ခတ-ပ်ဘက်က သိမ်းပိုက်ရရှိခဲ့ပြီ ဆိုရင် သိကြရပါလိမ့်မယ် ။အကြ-မ်းဖ-က်တ-ပ်ဟာ ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ တောင်ကုတ်တ-ပ်နယ် အတွင်း က စကခ ၅ အပါ နယ်မြေခံတ-ပ်ရင်းဌာနချု-ပ်နေရာတွေကို လေ ကြောင်းကနေ ပ-စ်ခ-တ်တို-က်ခို-က်မှုတွေ ပြုလုပ်လာခဲ့တာကိုလဲ တွေ့ရပါတယ် ။ စက်တင်ဘာလ ၇ ရက်နေ့ မှာတော့ ကျောက်တော်ဈေးအကြ-မ်းဖ-က်ဖြစ်စဉ်ကို စ-စ်ရာ-ဇ-ဝတ်မှုကျူးလွန်ခြင်းအဖြစ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပေးခဲ့ကြပါသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအားလုံးကို အမြဲထာဝရ အမှတ်ရရှိနေမည်ဖြစ်ပြီး များစွာကျေးဇူးတင်ရှိပါကြောင်း ရခိုင်အမျိုးသားအဖွဲ့ချု-ပ် (ULA) မှ အလေးအနက် ထုတ်ပြန်လာခဲ့ပါတယ် ။

ရခိုင်စ-စ်မျက်နှာ နဲ့ အတူ စ-စ်ရေးပြင်းထန်နေတာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို အကြောင်းပြန်ကြားခြင်း မရှိတဲ့ ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေ ရဲ့ ထိန်းချု-ပ် နယ်မြေ တွေဘဲ ဖြစ်ပါတယ် ။မိုးညှင်းမြို့နယ် အင်းတော်ကြီး အရှေ့ဘက်ခြမ်း နယ်မြေတွေ မှာ ထိတွေ့တို-က်ပွဲပြင်း ထန်ခဲ့သလို ဖားကန့်မြို့တွင်းမှာပါ ပ-စ်ခ-တ်တို-က်ခို-က်မှုတွေ ရှိလာခဲ့ ပြန်ပါတယ် ။ ဗန်းမော်မြို့တွင်းတို-က်ပွဲတွေ ပြင်းထန်လာခဲ့ပြီး လေကြောင်းပ-စ်ကူပါ ရယူထားရသည်အထိ ဖြစ်လာခဲ့ပါတယ် ။ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေဟာ ဗန်းမော်မြို့ ရဲ့ လ-က်န-က်ကြီးတစ်ကမ်း နေရာအထိ အခိုင် အမာတ-ပ်စွဲ အခြေပြုနေနိုင်နေဆဲ ရှိနေခဲ့တာကို လဲ တွေ့ရပါတယ် ။ စ-စ်လော်ဘီတွေ ဘက်ကတော့ အောင်းလောင်းတောကြိုးတံတား အနီးမှာ ထိတွေ့ဖြစ်စဉ် မှာ ကေအိုင်အေ ဘက် နေ အလောင်း လ-က်န-က် တစ်ချို့ ရရှိခဲ့တယ်ဆိုပြီး ဓာတ်ပုံမှတ်တမ်း နဲ့ တကွ ဖော်ပြလာခဲ့ပါတယ် ။ရွှေကူ ငါးအိုး လမ်းကြောင်းကို ကီယာ နဲ့ ပူးပေါင်းတ-ပ်တွေက တရား ဝင်အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ရွှေကူတ-ပ်နယ် တဝိုက်မှာ မြေပြင်တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ရပါတယ် ။

ရှမ်းမြောက် ရဲ့ တစ်ခုတည်းသောလက်ကျန်မြို့ မဘိမ်း ကို တော့ အကြ-မ်းဖ-က်တ-ပ်ဟာ ပြန်လည်တို-က်စ-စ်ဆင်လာခဲ့ပြီ ဖြစ်ပါတယ် ။မိုးမိတ်မြို့ အနီး ၂ မိုင် ဝန်းကျင်အထိရောက်ရှိလာခဲ့ပေမယ့် စကခ ၁ ရဲ့စ-စ်ကြောင်းတွေ ရောက်ရှိလာချိန်မှာတော့ ရွှေလီ မြစ်ဆုံတံတား ဘက်သို့ တဖြည်း ဖြည်းချင်း ရွေ့လျား ဆုတ်ခွာလာခဲ့ရပါတယ် ။ နပတ (နေပူတော်တိုင်းစ-စ်ဌာနချု-ပ်) လက်အောက်ခံတ-ပ်တွေထပ်မံ ရောက်ရှိလာချိန်မှာတော့ ၎င်းစ-စ်ကြောင်းရဲ့ ချီစ-စ်အဟုန် ပိုမိုလျင်မြန်လာခဲ့ပြီး ဥကင်းတောင်ခြေတစ်ဝိုက် အထိ တ-ပ်ဖြန့်ရောက်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ‌မြစ်ဆုံတံတားသို့ ရောက်ရှိရန် ၁၆ ကီလိုမီတာ (၁၀ မိုင်) ဝန်းကျင်သာ ကျန်ရှိနေပါတော့တယ် ။ ရမခ (အရှေ့မြောက်တိုင်းစ-စ်ဌာနချု-ပ်) ဟာလဲ ကျန်ရှိသမျှသော တ-ပ်တွေကို နောက်တန်းဌာနချု-ပ်များသို့ အရေးပေါ် ပြန်လည်စုဖွဲ့နေရတာကို တွေ့ရပါတယ် ။ မို-င်းရယ် တန့်ယန်း နယ်မြေများသို့ စ-စ်ဆင်ရေးစေလွှတ်ထားရတဲ့ နမ့်ပေါင် အခြေစိုက် ခလရ ၁၃၆ ကို စ-စ်တိုင်းမှူး ကိုယ်တိုင် ရှေ့တန်းပြန် အခမ်းအနား နဲ့ ကြိုဆိုပွဲ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ် ။ ဒကစ (ခိုလန်) နယ်မြေ အစပ် မှ ရှေ့တန်းစ-စ်ကြောင်းများကို ပြန်လည် ရုတ်သိမ်းနေခြင်း ဖြစ်ပါ့မယ် ။ ထူးထူးခြားခြား ရမခ ဟာလဲ -သေ-နတ် အရှည် ၃ လက် အတို ၂ လက်လောက်ကို ခင်းကျင်းပြသကာ ဓနုတော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင် အချို့ အမှောင်ဝင်တယ်ဆိုပြီး အ ခမ်းအနား ပြုလုပ်ပြနေပြန်ပါတယ် ။ ရှမ်းမြောက်လို ဒေသမျိုးမှာ ဒီလိုလ-က်န-က်မျိုးဆိုတာ ဘယ်နေရာက ရှာရှာ သိပ်ပြီး မခက်ခဲလှပါဘူး ။ရမခ နည်းတူ တသခ (တြိဂံဒေသတိုင်းစ-စ်ဌာနချု-ပ်) နယ်မြေအတွင်းမှ မို-င်းပြင်း အခြေစိုက် ခလရ ၄၃ ဟာလဲ နောက်တန်းဌာနချု-ပ်သို့ ပြန် လည်ရောက်ရှိလာခဲ့ပါတယ် ။ အဆိုပါ ရှေ့တန်းပြန် အခမ်း အနားကိုတော့ ဒုတိုင်းမှူး သာ တက်ရောက်လာခဲ့တာကို တွေ့ရပါတယ် ။ ရှမ်းပြည်နယ်မြောက်ပိုင်း က ကိုးကန့် ထိန်းချု-ပ်ထားရာ သိန္နီ နဲ့ ကွတ်ခိုင် မြို့နယ် တွေ အတွင်း က ရှမ်းတိုင်းရင်းသားကျေးရွာတွေက ရှမ်း မြန်မာ စာ နဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုးကန့်တ-ပ်တွေက ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းကတော့ စိတ်မသ-က်မသာ ဖြစ်ကြရမယ်ထင်ပါတယ် ။ အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဝ တ-ပ်ဖွဲ့ရဲ့ စ-စ်ဦးစီးချု-ပ် နဲ့ ဗဟိုနိုင်ငံရေး အဖွဲ့တွေဟာ စ-စ်ဗျူဟာ အခြေစိုက် ၄၁၈ တ-ပ်မဟာဌာနချု-ပ်သို့ သွား ရောက်စ-စ်ဆေးခဲ့တာကို တွေ့ရပါတယ် ။ တွေ့ဆုံပွဲ အခမ်း အနားမှာ စ-စ်ဦးစီးချု-ပ် ဟာ " တ-ပ်မတော်သားများသည် ဝ ပြည်သူများ၏ သားကောင်းရတနာများဖြစ်ကြသည့် အတွက် သမိုင်းပေးတာဝန်များကို မြဲမြံစွာဆွဲကိုင်ထားကြရန် စ-စ်စည်းကမ်းကို တိကျစွာ လိုက်နာပြီး အမိန့်ကို နာခံရန် ၊ ပါတီ နှင့် ပြည်သူအပေါ် သစ္စာစောင့်သိရန် ၊ စ-စ်ရေးစွမ်းရည်ကို မပြတ်လေ့ကျင့်ပြီး မိမိတို့၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် " ထည့်သွင်းပြောကြားသွားခဲ့ပါတယ် ။အခမ်းအနားသို့ ဗဟိုကော်မတီအဖွဲ့ဝင် စ-စ်ဘက်ဆိုင်ရာ ‌ကျောင်းအုပ်ကြီး ၊ တ-ပ်မဟာမှူး ၊ပန်ဆန်းအထူးဒေသ ခရိုင်အတွင်းရေးမှူး အပါအဝင် ဗဟို နဲ့ ထိပ်သီးခေါင်းဆောင် များ တက်ရောက်ခဲ့ကြတယ် လို့ သိရှိရပါတယ် ။ တ-ပ်မဟာ ၄၁၈ ဟာ ပန်ဆန်းမြို့နယ် အတွင်းမှာ တည်ရှိပြီး တ-ပ်မဟာ ၆၁၈ က နောင်ခတ် ဝိန်းကောင်မြို့ နယ် တ-ပ်မဟာ ၄၆၈ က မို-င်းပေါ-က်မြို့နယ် နဲ့ တ-ပ်မဟာ ၃၁၈ ကတော့ နမ့်တစ်မြို့တို့မှာ အခြေစိုက်ပြီး မြောက်ပိုင်းဒေသမှာ ၄ ခု ဖွဲ့စည်းထားပါတယ် ။ တောင်ပိုင်း ထိုင်းနယ် စပ်နယ်မြေမှာတော့ ၁၇၁ စ-စ်ဒေသ လက်အောက်မှာ တ-ပ်မဟာ ၅ ခု ဖွဲ့စည်းထားရှိပါတယ် ။ တရုတ် အစိုးရ ရဲ့ ပြင်း ထန်တဲ့ ဖိအားတွေကြောင့် ဝ တ-ပ်ဖွဲ့ဟာ မြောက်ပိုင်းမဟာ မိတ်ညီနောင်တပ်ဖွဲ့တွေ ကို အထောက်အပံ့အကူအညီများ ရပ်ဆိုင်းလိုက်တဲ့ နောက်ပိုင်း မှာတော့ ရှမ်းမြောက် မှာ စ-စ်ပွဲတွေ ရပ်တန့်သွားခဲ့ရပါတယ် ။ ဝတ-ပ်ဖွဲ့ ဟာ အာရက္ခတ-ပ်တော်ကို တည်ထောင်စဉ်ကာလတုန်းက လ-က်နက်တ-ပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းရှိသလို အကြမ်းဖက်စစ်သွေးကြွ အာဆာ အဖွဲ့တွေ ကျူးကျော်လာပါက ဝင်ရောက်တို-က်ခို-က်ရန် စ-စ်အုပ်စု နဲ့ လျှို့ဝှက် သဘောတူညီမှု ရှိတယ်လို့လဲ သိရှိထားရပါတယ် ။တောင်ကြီးမြိုမှာလဲ ဝန်ဂျီးချုပ် နဲ့ စ-စ်တိုင်းမှူး တို့ ဟာ လ-က်န-က် နဲ့ အတူ အမှောင်ဝင် လူ ၃၀ ကို အခမ်းအနား နဲ့ ကြိုဆိုပြီး စိတ်ဓာတ်စ-စ်ဆင်ရေးပြုလုပ်လာခဲ့ပြန်တာကို တွေ့ရပါတယ် ။

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ဝင်ရောက်လာတဲ့ ကုန်စည်တွေကို အဓိကစ-စ်ဆေးတဲ့ မန္တလေးတိုင်း ပြင်ဦးလွင် နဲ့ နောင်ချိုကြားက နာမည်ကျော် ၁၆ မိုင် အဖွဲ့စုံ ပူးပေါင်းစ-စ်ဆေးရေးဂိတ် မှာ တော့ ဝန်ထမ်းတွေ ရုတ်သိမ်းသွားတာကို တွေ့ရပါတယ် ။ အလားတူဘဲ မန္တလေး အထွက် စ-စ်ကိုင်း နှာပေါက် စ-စ်ဆေးရေးဂိတ်ကိုပါ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ် ။အမှောင်ဝင် အခမ်းအနားတွေကို အင်တို-က်အားတို-က်ပြုလုပ်လေ့ရှိတဲ့ မန္တလေး နန်းတွင်း လပခ (အလယ်ပိုင်းတိုင်းစ-စ်ဌာနချု-ပ်) သို့ တော်-လှ-န်ရေးတ-ပ်ဖွဲ့ဝင် ၃ ဦး လ-က်န-က် နဲ့ အတူ ပူးပေါင်းသွားခဲ့တာ ရှိပါတယ် ။ ဒီသတင်းကိုတော့ စ-စ်လော်ဘီတွေက ဖြန့်လာခြင်းမျိူး မဟုတ်ဘဲ တော်-လှ-န်ရေး အသိုင်းအဝိုင်း ဘက်က နေ စတင် ပျံ့နှံလာခဲ့ခြင်းမျိူးဖြစ်ပါတယ် ။

ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ ZRA အဖွဲ့ဟာ တီးတိန်မြို့နယ် သွီးထန် ကျေးရွာတဝိုက်မှာ စုဖွဲ့ပြင်ဆင်နေတာမို့ ဘွက်ဖီ လေးလမ်းဆုံ နဲ့ လဲန်တလန် နယ်မြေများ မှာ ရှိတဲ့ တော် -လှ-န်ရေးတ-ပ်တွေ အဖို့ သတိထားကြရန် လိုအပ်နေပါတယ် ။ZNA အဖွဲ့ကတော့ ကိန်းဇန် ကျေးရွာမှာ အခြေပြုလျက် ရှိနေတာကို တွေ့ရပါတယ် ။ ZRA အဖွဲ့တွေဟာ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် အတွင်းမှာ ရှိနေတဲ့ ၎င်းတို့ရဲ့ တ-ပ်ဖွဲ့ဝင်ဟောင်းတွေကို ပြည်လည်ခေါ်ဆောင် လျက် ရှိနေတယ်လို့ လဲ သိရှိရပါတယ် ။

စ-စ်ကိုင်းတိုင်း အထက်ပိုင်း ဝန်းသိုမြို့နယ် အတွင်းမှာတော့ ခမရ ၁၁၁ ခမရ ၁၂၀ ရဲ နဲ့ ပျူသူ့စ-စ် ပူးပေါင်းအင်အား ၁၂၀ ဝန်းကျင်ခန့်ဟာ အာမခံကျေးရွာ ဘက်သို့ စ-စ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပါတယ် ။ ဝန်းသိုမြို့ ရဲ့ အရှေ့တောင်ဘက် ရွှေဘို မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဘက်သို့ ဦးတည်ရွေ့လျားလာနေခြင်းဖြစ်ပြီး စ-စ်ရေးရည်မှန်းချက်ကိုတော့ ထောက်လှမ်းနေဆဲ ရှိပါသေးတယ် ။ တ-ပ်မ ၃၃ ရဲ့ ဒုတ-ပ်မမှူး ဦးစီးတဲ့ စ-စ်ကြောင်းတွေဟာ အင်းတော်မြို့ တောင်ပိုင်းနယ်မြေများသို့ တစ်ကျော့ပြန် စ-စ်ကြောင်းတွေ တ-ပ်ဖြန့် ရွေ့လျားလာခဲ့ ပြန်ပြီ ဖြစ်ပါတယ် ။ အောက်တိုဘာလဆန်း ၁ ရက်နေ့က စတင်ထွက်ခွာလာခဲ့တဲ့ အင်အား ၇၀၀ ဝန်းကျင် ရှိတဲ့ စ-စ်ကြောင်းတွေဟာ လဆန်း ၃ ရက်နေ့ မှာတော့ နားရခေါင် နဲ့ ကမ်းနီ ကျေးရွာတွေ တ-ပ်ဖြန့် အခြေပြုလာခဲ့ကြပါတယ်။အောက်တို ဘာ လ ၄ ရက်နေ့မှာတော့ အင်အား ၅၀၀ ခန့်ဟာ စ-စ်ကြောင်းလက်တံ ၄ ခု ဖြန့်ကျက်လာခဲ့ပြီး သက္ကယ်ကျင်း မိုးယူ နတ်မဟုတ်ကြီး နတ်မဟုတ်ကလေး ဆည်ရွာ စတဲ့ နယ်မြေများသို့ အောင်မြေချဲ့ အမြတ်ထုတ် တ-ပ်ဖြန့်လာခဲ့တာကို တွေ့ရပါတယ် ။အဆိုပါကျေးရွာများမှာ အောက်တိုဘာလ ၅ ရက်နေ အထိ အခြေပြုခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့မှာတော့ ရွှေဘို မြစ်ကြီးနား ကားလမ်းပေါ်က သံဘိုရွာဘက်သို့ ထပ်မံရွေ့လျားလာခဲ့တာကြောင့် ဒေသခံတော်-လှ-န်ရေးတ-ပ်တွေ နဲ့ ထိတွေ့တို-က်ပွဲပြင်းထန်ခဲ့ပါတယ် ။ ၎င်းနေ့မနက် ၁၁ နာရီဝန်းကျင်မှာတော့ မြေပြင်တို-က်ပွဲ ပြင်းထန်နေတဲ့ သံဘို နဲ့ ကမ်းနီ ကျေးရွာတွေကို လေကြောင်းပ-စ်ကူ ရယူထားခဲ့တာကို တွေ့ရပါတယ် ။ တ-ပ်မ ၃၃ ရဲ့ စစ်ကြောင်းတွေဟာ ပြည်ထောင်စုလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်းနယ်မြေတွေကို တစ်ကြောင်းထိုးရှင်းလင်းပြီး ရွှေဘို မြစ်ကြီးနားလမ်းမကြီးပေါ်သို့ ဝင်ရောက်လာကြဖြင်း ဖြစ်ပါတယ် ။ အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် အေပြီလနှောင်းပိုင်းမှာ စ-စ်တပ်ဘက်ကပြန်လည်ထိန်းချု-ပ်သွားနိုင်ခဲ့ပြီး ယခုနှစ် ဇူလိုင်လဆန်း မှာ အင်းတော်မြို့နယ် တောင်ပိုင်း မဲဇာကျေးရွာအထိ တ-ပ်ဖြန့်ထားနိုင်ခဲ့ပြီးမှ နှစ်ပါတ်အကြာမှာ မြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြခြင်း ဖြစ်ပါတယ် ။အင်းတော်မြို့နယ်အတွင်းက တို-က်ပွဲတွေကြောင့် မိုးညှင်းဘက် ဆင်းလာတဲ့ ကုန်တင်ယာဉ် အစီးရေ တစ်ထောင်ဝန်းကျင်ဟာ ထပ်မံ ပိတ်မိနေကြရပြန်ပြီ ဖြစ်ပါတယ် ။ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာကို စက်တ-ပ်လေထီးများဖြင့် -ဗုံး-ချ တို-က်ခို-က်ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် အတွင်းသို့ တို-က်ရို-က်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် ၄ ဦး စလုံး နေရာမှာတင် -သေ-ဆုံးခဲ့ရပါတယ် ။

ရှမ်းတောင် အယ်လ်ဖာစ-စ်ဒေသ မိုးဗြဲမြို့နယ် အတွင်းမှာတော့ ထိတွေ့ တို-က်ပွဲ ပြင်းထန်ခဲ့တာကို တွေ့ရပါတယ် ။ စကခ ၂ ရဲ့ နည်းဗျူဟာ တစ်ခုဟာ လွယ်ယိမ်း ကျေးရွာဘက်သို့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာစဉ် ကရင်နီတော်-လှ-န်ရေးတ-ပ် အင်အား ၃၀၀ ဝန်းကျင်ခန့်ဟာအသင့်စောင့်ကြိုတို-က်ခို-က်ခဲ့တာကြောင့် အထိနာပြီး ဆုတ်ခွာသွားခဲ့ရပါတယ် ။ တို-က်လေယာဉ်တွေရဲ့ လေကြောင်းပ-စ်အား‌ တောင်းခံပြီး ဖရိုဖရဲ ဆုတ်ခွာခဲ့ရတယ်လို့ သိရှိရပါတယ် ။ စ-စ်ထောက်လှမ်းရေးတွေကတော့ လွယ်ဝိုင်း အနောက်ပဒေါင် နဲ့ ပီကင်း ချယ်ရီကုန်း လမ်းကြောင်းတွေကို လေကြောင်းတို-က်ခို-က်မှု ပြုလုပ်ဖို့ တင်ပြနေတာကို တွေ့ရပါတယ် ။

မကွေးတိုင်း မင်းတုန်းမြို့နယ် အနောက်ခြမ်း ကံကျော ကျေးရွာ ဝန်းကျင်မှာ တ-ပ်မ ၅၅ ရဲ့ စ-စ်ကြောင်းတစ်ခုလုံး အထိနာပြီး ဆုတ်ခွာခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ် ။ မင်းတုန်းမြို့နယ် အတွင်းမှာ ဒေသခံ အရှိုချင်းတ-ပ်တွေအပြင် အာရက္ခတ-ပ်တွေပါ အင်အားအများအပြား ရောက်ရှိလာတာကို တွေ့ရပါတယ် ။ ရခိုင်ရိုးမပေါ်ကနေ မအီ မင်းတုန်းလမ်း ကြောင်းအတိုင်း အာရက္ခတ-ပ်ဟာ မကွေးတိုင်းအတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ခြင်းဘဲ ဖြစ်ပါတယ်။စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာတော့ ချင်းနစ်ကျေးရွာကို ကပစ ၁၂ မှ တက်လာတဲ့ ပါရာ‌မော်တာ ၃ စီးဖြင့် -ဗုံး- ၉ လုံးချတဲ့ အ ပြင် လ-က်န-က်ငယ်များဖြင့်ပါ ပ-စ်ခ-တ်တို-က်ခို-က်ခဲ့တာကြောင့် ဒေသခံ ၂ ဦး-သေ-ဆုံး ၃ ဦး ဒ-ဏ်ရာရရှိကာ အိမ်မွေးတိရစ္ဆာန်များ လဲ -သေ-ဆုံး ခဲ့ကြရပါတယ် ။

အညာဒူဘိုင်း မြိုင်မြို့နယ် အနောက်ဘက်ခြမ်းကိုတော့ စက်တင် ဘာလ ၇ ရက်နေ့ တစ်ရက်တည်းမှာတင် တို-က်ခို-က်ရေးရဟတ်ယာဉ် တစ်စီး ၊ ဂျိုင်ရိုကော်ပတာ ၃ စီး ဖြင့် ၂ ကြိမ် လေကြောင်းတို-က်ခို-က်မှု ပြုလုပ်သွားခဲ့ပါတယ် ။ ကန်နီပျူသူ့စ-စ်ကျေးရွာကိုတော့ လေကြောင်းကနေ ရိက္ခာ ခဲ-ယ-မ်း အထုပ် ၈၀ ကျော် လေထီးဖြင့် ချပေးခဲ့တာကို တွေ့ရပါတယ် ။

ယောနယ် အစပ် ဖြစ်တဲ့ မြိုင် နဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် တို့ကို မိ-စ္ဆာလေတ-ပ်ဟာ စ-စ်လေယာဉ် ၇ စီး နဲ့ တပြိုင်နက် စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာ အပြင်းအထန် တို-က်ခို-က်မှုပြုလုပ်ခဲ့ပါသေးတယ် ။ချင်းပြည် နယ်တောင်ပိုင်း ကို ကြည့်ရင် စ-စ်ကြောင်းလက်တံ ၆ ခု နဲ့ တို-က်စ-စ်ဆင်နေတာကို တွေ့ရပါတယ် ။ လောင်းရှည် ကနေ ကျင်ဒွေးဘက်သို့ တစ်ကြောင်း ၊ ဆောမြို့ ကနေ ကန်ပက်လက် သို့ တစ်ကြောင်း ၊ ကျောက်ထု ကံကြီး ကျေးရွာကနေ မင်းတပ် သို့ တစ်ကြောင်း ၊ ကျောက်ထု ထင်ချောင်း ကျေးရွာကနေ မင်းတပ်ဘက်သို့ တစ်ကြောင်း ၊ ထီးလင်း ရွှေအောင်သာကျေးရွာကနေ မင်းတပ်ဘက်သို့ တစ်ကြောင်း ၊ ကံချောင်းကျေးရွာမှ ကန်ပက်လက် သို့ တစ်ကြောင်း ဖြင့် တပ်ဖြန့်ရွေ့လျား နေခြင်းဘဲ ဖြစ်ပါတယ် ။တ-ပ်မ ၇၇ ရဲ့ အင်အား ၄၀၀ ဝန်းကျင်ပါတဲ့ စ-စ်ယာဉ်တန်း ၁၅ စီးဟာ စေတုတ္တရာ လောင်းရှည် ခရိုင်ချင်းဆက်လမ်းအတိုင်း ငှက်ပြာဝ အခြေစိုက် ကပစ ၂၅ (ကာ-ကွ-ယ်ရေးပစ္စည်းစက်ရုံ) သို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ။ ကျင်ဒွေးမြို့သို့ ဦးတည်နေတဲ့ တ-ပ်မ ၇၇ ရဲ့ နည်းဗျူဟာတစ်ခုဟာ မဆာတွီတို-က်ပွဲဖြစ်စဉ်မှာ အများအပြားပြုန်းတီးခဲ့ရတာမို့ အင်အားဖြည့် အဖွဲ့ကို အလျင်အမြန် ထပ်မံဖြည့်တင်းလိုက်ရခြင်း ဖြစ်ပါတယ် ။ တ-ပ်မ ၇၇ ရဲ့ စ-စ်ယာဉ်‌တန်းတွေ စတင်ထွက်ခွာလာခဲ့စဉ်က -ဒုံး-ပ-စ်ယာဉ်တွေ ပါဝင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် ယခုအချိန် အထိ ပ-စ်ခ-တ်တို-က်ခို-က်မှု ပြုလုပ်ခြင်း မရှိသေးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ် ခင်ဗျာ ။

ဇင်ယော်
၂၀၂၆ အောက် ၁၀ ၁၀၁၀

#အိုင်အမ်ဇင်ယော်
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

06/10/2026

ရက္ခိုင်ပြည် ကျောက်တော် အိန္ဒိယစျေး
ကို မြန်မာ အကြမ်းဖက်စစ်ကော်မရှင်တပ်
မှ အပြစ်မရှိတတ် ပြည်သူတွေကို ဗုံးကြဲ
မှုအပါဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို အ
ကြမ်းဖက် စစ်ကော်မရှင်တပ်မှ စစ်ရာဇ
ဝတ်မှု ကျူးလွန်နေတာကို ထိုင်း သတင်း
ဌာန တစ်ခုဖြစ်သော
PPTV HD 36 မှ ဖော်ပြထားပါသည်

ที่อยู่

Ramkhamhaeng Soi 190/2 Home No. 71/103
Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Maung Khin Kyi - Arakan State โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่