10/01/2026
လက်ရှိ ဂျပန်-မြန်မာ အခြေနေတင်းမာလျှက်ရှိ
ဂျပန်မှအကြွေစေ့များ :
ဂျပန်က တလစာက မြန်မာက တနှစ်စာပဲရှိတယ်
မြန်မာမှဘလိမ်မာများ :
မြန်မာမှာ တလ၃သောင်းလောက်နဲ့ ကောက်စိုက် ပေါင်းသင်ပဲလုပ်ခဲ့ဖူးတော့ ဂျပန်က တလစာက မြန်မာက တနှစ်စာဖြစ်နေမှာပေါ့
တောကနေ ရန်ကုန်တောင်မရောက်ဖူးပဲ ဂျပန်တန်းရောက်သွားတဲ့ အထင်ကြီးစရာမရှိတဲ့ အကြွေစေ့မတွေ
ဂျပန်မှအင်ဒီပန်းဒန့် ဘေဘီဘော့စ်များ :
ငါတို့က work visaနဲ့နေတာ ဂျပန်မလာပဲ မြန်မာမှာနေလဲ ဂျပန်မှာလုပ်သလောက်ဝင်ငွေရှိပြီးသား မိဘကလဲ လိုလေသေးမရှိပြည့်စုံအောင်ထားနိုင်တယ် ပြန်ချင်လဲအချိန်မရွေးပြန်လို့ရတယ်
ဂျပန်ကိုကြိုက်လွန်းလို့ ဂျပန်ရဲ့တိုးတက်မှုတွေ သဘာဝအလှတွေကို တနိုးရှိ(သဘောကျ/ခံစား)ချင်လွန်းလို့ လာနေတာ
မြန်မာမှဘလိမ်မာများ :
ဂျပန်ရောက်ရင် စတော်ကင်အမဲကြီး သားရေဖိနပ်လည်ရှည်ကြီးနဲ့ လည်သာဂျက်ကတ်ကြီးဝတ်ရတာ ရိုးရာလား သဘာဝရဲ့ တောသူမတွေ ဘလာဘလာ
ဂျပန်မှ ဖက်ရှင်ကွင်းများ :
ဂျပန်ရာသီဥတုနဲ့ အဲ့လို အသားကပ်မဝတ်ရင် သေသွားမှာပေါ့ ကိုယ့်ဘာကိုယ် ဘာဝတ်ဝတ် နင်တို့စောက်ပူလား ဒါမျိုး ငါတို့မှဝတ်တာမဟုတ်ဘူး ဂျပန်မတွေနဲ့ နိုင်ငံခြားသူတွေလဲ ဝတ်နေတာ အဲ့တာမျိုးကျမပြောပဲ ကိုယ့်မြန်မာအချင်းချင်း စိတ်ကောင်းလေးထားပြီး မကြည့်နိုင်ဘူး
ပြောတဲ့လူတွေလဲကြည့်လိုက်ဦး ဖက်ရှင်ဆိုတာဘာမှန်းတောင်နားမလည် မဝတ်တတ်မစားတတ်ပဲ သူများကိုလာဘလိန်းနေ
ဘာနေနေဂျပန်ကသူတွေဆိုတာနဲ့ ဘလိမ်းမယ်တကဲကဲဖြစ်နေတတ်သော မြန်မာမှ ဝါးလုံးကား ဘလိမ်မာများ :
နင်တို့ဂျပန်ကဟာတွေ အဖြစ်ကမရှိ အသုံးကမကျ ဆွဲဆောင်မှုမရှိလို့ ဂျပန်ကောင်လေး/ နိုင်ငံခြားသားကောင်လေးမရတာပေါ့
သူများတွေ ဂျပန်ကောင်လေးတွေထားနေကြတာ
နင်တို့ကိုတော့ ဘယ်သူမှလှည့်ကြည့်မဲ့သူမရှိလို့ မြန်မာကောင်တွေနဲ့ပဲတွဲနေရတာမလား
ဂျပန်မှ မြန့်မာ့မျိုးချစ် အမျိုးသမီးလေးများ :
ခဏ ကွက်လပ်ထားလိုက်ဦးမယ်
ဒီဘက်ရပ်ကွက်က debateပြန်လုပ်ရင် အကြောင်းအရာ အစုံအလင်နဲ့ ထပ် update လုပ်ပေးမယ်နော် 🥹
Update
မြန်မာ့ဘလိန်မာများ :
ပြောတော့သာ တလထဲနဲ့ တနှစ်စာရတာ လွယ်တဲ့အိတ်ကိုလဲမေးပေးဦး SHEINကအလကားရတဲ့ နိုင်ငံတော် အိတ်ကြီးနဲ့ forest sheတွေ
ဂျပန်မှဖက်ရှင်ကွင်းများ :
လည်သာဂျက်ကက်ကြီးနဲ့ လည်ရှည်ဖိနပ်ကြီးစီးဖို့ဆိုတာ
အဲ့လို ဝတ်နိုင်နေနိုင်တဲ့ နိုင်ငံမျိုးမှာ နေနိုင်ဦးမှ
အဲ့လိုပုံတပုံရဖို့ နောက်ကွယ်မှာ အကုန်အကျခံထားရတဲ့ (သွားစရိတ်လာစရိတ် စားစရိတ် အဝတ်အစားစရိတ် အလုပ်ပျက်ရင် တနေ့တာလုပ်အားခ) ယန်းတွေ နင်တို့သိလား စာမတတ်မှာစိုးလို့ မြန်မာငွေနဲ့ပါတွက်ပြထား
ဂျပန်မှဘဝမေ့သူများ :
နို့မှုန့်ထဲသံချောင်းလေးပါလာတာ တောင်းပန်ရုံနဲ့တင်ပြီးမလား ငါတို့ဂျပန်မှာဆို ဘလာဘလာ
တနေ့တနေ့မအားတဲ့ကြားထဲကလဲ မရိုးရဘူး ဒါလဲဟုတ်တာပဲ ဟိုဟာလဲဟုတ်တာပဲဆိုပြီး ကြားထဲကနေ ထိုင်သာရီနေလိုက်တော့တယ် 🤣