24/07/2025
🙆♀️🙆♀️ကလေးထွားတာ မထွားတာထက်
ကျန်းမာဖို့လိုပါတယ်
😍😍နို့ကြီးတာသေးတာထက် နို့ရည်ပေါဖို့လိုပါတယ်
😍😍ကစားစရာတွေ ဈေးကြီးတာ ဈေးမကြီးတာထက်
ကလေးပျော်အောင်ထားနိုင်ဖို့လိုပါတယ်
😍😍ဟင်းကောင်းတာ မကောင်းတာထက် အဟာရမျှတ ပြီးလတ်ဆတ်နေဖို့အရေးကြီးပါတယ်
🙆♀️🙆♀️အ၀တ်စားလှတာနဲ့ မလှတာထက် သန့်ရှင်းနေဖို့လိုပါတယ်
🤱🤱မေမေဆင်းရဲတာ ချမ်းသာတာထက် ပျော်ရွင်တဲ့မေမေဖြစ်ဖို့လိုအပ်ပါတယ်
🏡🏡အိပ်ယာက မွေ့ယာဖြစ်ဖြစ်ဖြစ် သင်ဖြူးဖျာဖြစ်ဖြစ် ကလေးသိပ်တဲ့မေမေရင်ခွင်ထက် နွေးထွေးတဲ့ရင်ခွင်မရှိပါဘူး ကလေးအိပ်အောင်သိပ်နိုင်တဲ့အိပ်ယာဖြစ်ဖို့ အရေးကြီးပါတယ်
🏡🏡အိမ်ကလည်း အိမ်ကြီးကြီး အိမ်သေးသေး နွေးထွေးတဲ့အမေ့အိမ် နားလည်မှုအပြည့်ရှိတဲ့အမေ့အပြုံး ထက် ဘာတွေက တန်ဖိုးရှိပါအုန်းမလဲ
🤰🤰🤱🤱မေမေတွေ ကျန်းမာပျော်ရွင်တဲ့ တန်ဖိုးရှိလွန်းတဲ့မိခင်ဘဝကို ရရှိနိုင်ကြပါစေလို့ စိတ်ဓာတ်ခွန်အားတွေ မျှဝေလိုက်ပါရစေ
မေတ္တာဖြင့်
Mommy of 3