08/17/2026
“အမေရိကန်တစ်ဝန်းမှ တော်လှန်အင်အားစုများအား လေးစားစွာ ဖိတ်ခေါ်ခြင်း”
🇲🇲 အမေရိကန်ပြည်ထောင်စုအတွင်းရှိ တော်လှန်အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် တော်လှန်ညီအစ်ကိုမောင်နှမများခင်ဗျား—
လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the UN General Assembly) ကို စတင်ကျင်းပမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားပြုမှုနှင့်ပတ်သက်၍ Credentials Committee အဖွဲ့ဝင် ၉ နိုင်ငံ၏ ဆုံးဖြတ်ချက်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါသည်။
🇺🇳 ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီရေးနှင့် နွေဦးတော်လှန်ရေးအတွက် အရေးကြီးသော အရွေ့တစ်ရပ်ဖြစ်သကဲ့သို့၊ ကုလသမဂ္ဂတွင် မြန်မာပြည်သူများ၏ အသံကို ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက်လည်း အထူးအရေးကြီးပါသည်။
ထို့ကြောင့် 🇺🇸 အမေရိကန်တစ်ဝန်းရှိ တော်လှန်အင်အားစုများ၏ စုစည်းညီညွတ်မှုနှင့် မြန်မာပြည်သူများ၏ သန္နိဋ္ဌာန်ကို နိုင်ငံတကာအသိုင်းအဝန်းသို့ ထင်ရှားစွာ ဖော်ပြနိုင်ရန်—
📢 လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင်
📍 နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့၌
🇺🇳 သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာပြည်သူများ၏ ကိုယ်စားပြုမှု ဆက်လက်တည်ရှိရေးအတွက်ချီတက်ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ဤလှုပ်ရှားမှုမှတစ်ဆင့် သံတမန်အသိုင်းအဝန်း၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မြန်မာပြည်သူများ၏ တစ်သံတည်းသော ဆန္ဒနှင့် စုစည်းညီညွတ်မှုကို ထင်ရှားစွာ ဖော်ပြကြပါစို့။
🤝 ဒီမိုကရေစီရေးကို လိုလားသူများ၊ တိုင်းရင်းသားအင်အားစုများ၊ အဖွဲ့အစည်းအသီးသီးနှင့် အမေရိကန်တစ်ဝန်းရှိ တော်လှန်ညီအစ်ကိုမောင်နှမများအားလုံးကို လေးစားစွာဖြင့် ပါဝင်တက်ရောက်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
(အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်)
🇲🇲 တစ်သံတည်း၊ တစ်စိတ်တည်း၊ တစ်စုတစ်စည်းတည်း — မြန်မာပြည်သူများ၏ အသံကို ကုလသမဂ္ဂထံ ဆက်လက်ရောက်ရှိစေကြပါစို့။
New York City Burmese Community (NYCBC)