ချက်စားကြမယ် cooking receipt

  • Home
  • ချက်စားကြမယ် cooking receipt

ချက်စားကြမယ် cooking receipt Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ချက်စားကြမယ် cooking receipt, Grocers, .

29/12/2022

#မုန့်လင်မယား လုပ်နည်း..

မုန့်ရည်အတွက်..
ဆန်မှုန့်.. ၁၅၀ ဂရမ် (၁၀ကျပ်သား)
Tempura flour...၇၅ ဂရမ် ( ၅ ကျပ်သား )
ပဲစိမ်းမှုန့်.............. ၁ စားပွဲတင်ဇွန်း
စား ဆော်ဒါ........ ၂ ငြုပ်ကောင်းစေ့ခန့်
ကြက်ဥ ...... တစ်လုံး
ဆား ....... အနဲငယ်
အချိုမှုန့်(စားတတ်ရင်) ...အနဲငယ် တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ...
ပြီးရင် ..ပဲပြုတ်..ငုံးဥ....ကြက်သွန်မြိတ်/နံနံပင်ပါးပါးလှီး ( မုန်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ ) တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ...
မုန့်ရည်ကျဲကျဲ ကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲစေ့ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်ရှင်..

မုန့်ရည် ပိုရင်..မန်ကျည်းချဉ် ပိုရင်..နောက်ရက် လုပ်စားရအောင် ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါနော်..

Credit : Thi Thi Kitchen Queen

29/12/2022

#ရေခဲမုန့်( Ice Cream )
===============
-ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို
နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။
နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။
-နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။
နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့
ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။
-ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊
ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို
ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။
-ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။
သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။
မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။
-ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။
အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ
၎နာရီလောက်ထည့်ပြီးအအေးခံပါ ။
-ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး
သစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။
-တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင်
ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။
-ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။
အချိုးအဆမပေးပါဘူး။
နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။
များများထည့်ရင် များများမွှေးမယ်။
နှစ်သက်သလောက်ထည့်နိုင်ပါတယ်။
ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။
-သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊
သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။သမအောင် ဇွန်းနဲ့မွှေပါ။
Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။
-ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို
ဥာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။
-မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။
၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။

crd

ပုဇွန်ကိုရေဆေးပြီးစစ်ထားမယ်ပြီးရင်ဆားနဲ့ရေနဲ့ဖျော်မယ်နော်။ဆားကိုအငံကြီးမထည့်ရနော်ပြုတ်မဲ့ပုဇွန်နဲ့ရေနဲ့အနေတော်ဖြစ်ရမယ်။ဟ...
26/10/2022

ပုဇွန်ကိုရေဆေးပြီးစစ်ထားမယ်
ပြီးရင်ဆားနဲ့ရေနဲ့ဖျော်မယ်နော်။
ဆားကိုအငံကြီးမထည့်ရနော်
ပြုတ်မဲ့ပုဇွန်နဲ့ရေနဲ့အနေတော်ဖြစ်ရမယ်။
ဟင်းချိုအနေအထားပေါ့အငံက။
#ပုဇွန်ကပြုတ်ကိုပြုတ်ရမှာ
ရေဆူအောင်တည်မယ်
ရေဆူရင်ဆေးပြီးစစ်ထားတဲ့ပုဇွန်ထည့်မယ်
ရေပြန်ဆူလာပြီးပွက်နေတာကိုခုနစ်မိနစ်လောက်ထားမယ်
ပြီးရင်ပုဇွန်တွေဇကာထဲစစ်ချမယ်
ရေသေခြာစစ်ရင်အခွံတွေ
‌ခြောက်ပြီးကြွတ်လာတဲ့အထိနေလှန်းမယ်။
ပုဇွန်တကောင်ယူပြီးလက်နဲ့ညှစ်ကြည့်မယ်။
ခေါင်းရောကိုယ်ရောရှိတဲ့အခွံလေးတွေကြွတ်နေပြီ
လက်နဲ့ခွာကြည့်လို့ရပြီဆိုရင်ဗန်းသိမ်းလာတော့
အဲ့ပုဇွန်‌ခြောက်တွေကိုဂုံနီအိပ်ဖြစ်စေအဝတ်အိပ်ဖြစ်စေထဲကိုထည့်မယ်။
ပြီးရင်စုကိုင်ပြီးအဝတ်လျှော်ရင်လွှဲပြီးရိုက်သလိုရိုက်။
စကောဖြစ်ဖြစ်ဗန်းဖြစ်ဖြစ်နဲ့အခွံတွေကိုအခင်းသန့်သန့်ပေါ်ဆန်ပြာသလိုပြာမယ်။
မနီကတော့ဇကာထဲထည့်ချတယ်။
ပြီးရင်အိပ်ထဲပြန်ထည့်
ပြန်ရိုက်၊ဇကာချ
အခွံတွေပြာထုတ်
ကိုယ်လိုချင်တဲ့အနေအထားရရင်ပုဇွန်‌ခြောက်ရပြီ။
အများကြီးလုပ်မှနဲနဲပဲရတာနော်။
ခုနအခွံတွေခေါင်းအကျိုးအကျေတွေ၊အဆီလေးတွေကတော့ပြန်သုံးမယ်။
ပုဇွန်ကိုသန့်အောင်ရေဆေးခိုင်းတာဒါကြောင့်ပါ။
ကဲပုဇွန်‌ခြောက်ဆိုင်တွေမှာပုဇွန်ခြောက်မူံ့ရောင်းတာတွေ့လား၊အေးအဲ့ဒါအခွံတွေရယ်၊ပုဇွန်‌ခြောက်အကောင်းကြိတ်ထားတာရယ်နဲ့ပြန်ရောတာပါရှင့်။
ကိုယ်လဲပုဇွန်‌ခြောက်ကြော်
၊ဗာလချောင်ကြော်၊ငံပြာရည်‌ကြော် ကြော်
မယ်ဆိုရင်အကောင်အကောင်းကြိတ်နဲ့ပြန်ရောသုံးပါ
မပြစ်ချပါနဲ့။
ဆားလေးနဲနဲသကြားနဲနဲနဲ့အဲ့ပုဇွန်‌ခြောက်ခွံအမူံတို့ရောပြီးအချိုမူံ့အစားထိုးပုဇွန်မူံ့ဆိုပြန်ရောင်းလို့ရတယ်နော်။ရောင်းနေကြပါတယ်။
#ကဲပုဇွန်ကိုမပြုတ်ရင်ဘာဖြစ်လဲ။ဟုတ်ပြီ
ပုဇွန်‌ခြောက်ဖြစ်သွားရင်ပဲလှော်လိုဖြစ်နေမယ်
ထောင်းလိုက်ကြိတ်လိုက်ရင်အသားမဖွာပဲအမူံ့သက်သက်ဖြစ်သွားမယ်။
အိပ်သွန်ဖာမှောက်ဆရာစားမချန်သင်ပေးလိုက်ပြီနော်။
ကိုယ်ကသဘာဝ‌ခြောက်အစစ်စားချင်ရင်အဲ့အဆင့်မှာရပြီနော်။
ပုဇွန်‌ခြောက်လှမ်းရင်လဲမမနီပြောတယ်နော်အထဲကအသား‌ခြောက်ကြွတ်နေစရာမလိုဘူးအပေါ်ခွံကြွတ်နေရင်ရပြီ။ထုရင်ကွာထွက်သွားရမယ်။အခွံတွေရိုက်နှက်ပြာလို့သန့်သွားမှပုဇွန်ခြောက်တွေဖြန့်ပြီးလေသလပ်အောင်ထားမယ်။ဒါမှအလေးချိန်တအားမရော့သွားမှာ။ဒါကရောင်းပန်းအတွက်။ကိုယ်အိမ်စားဖို့ကတော့သေချာလေးပြန်‌ခြောက်အောင်အရိပ်မှာလှမ်းမယ်။မြင်တယ်မဟုတ်လားတခါတလေပုဇွန်ခြောက်တွေပုတ်အက်အက်အူတူတူနဲ့၊ခြောက်အောင်မလုပ်ပဲရောင်းတယ်၊ရေထိုးတယ်၊ဒါကြောင့်လေ။
ဟုတ်ပြီနေရောင်မရဘူး
မုတ်ဖုတ်ဖိုထဲကြပ်တိုက်‌ခြောက်လုပ်ရင်ရတယ်နော်၊
မနီတို့ဆီမှာနေကောင်းကောင်းမပူဘူး
#အိုဗင်ထဲမှာမီး #၂၀၀ ဒီဂရီ #အပူချိန်နဲ့ Bakeမှာလေးဆယ့်ငါးမိနစ်ထားတယ်။အခွံလေးကြွတ်လာတာနဲ့ထုရိုက်ပြီးအခွံ‌တွေပြာထုတ်တာကအတူတူပဲ။
ရေဆေးမယ်၊ဆားရည်နဲ့ပြုတ်မယ်၊ရေစစ်မယ်၊အပူပေးပြီး‌အခြောက်ခံမယ်၊အားလုံးအတူတူပဲနော်။
ဈေးကရွှေပုဇွန်ခြောက်သိတ်အရသာရှိတာပေါ့။အိုင်တို့မြန်မာပြည်နေတုံးကပုဇွန်‌ခြောက်ဒိုင်တွေလိုက်သွားတော့တွေ့တာ။
ရေခွက်ထဲဆေးသကြားမူံ့အနဲငယ်ရယ်၊လိမ္မော်ရောင်ဆိုးဆေးရယ်၊အချိုမူံ့ရယ်ရောပြီးပုဇွန်‌ခြောက်ထဲသေခြာလောင်းထည့်နယ်ပေးတာပြီးရင်ဇကာကြီးတွေထဲဖြန့်ထားတာ။အလေးချိန်လေးလဲတိုးအရသာလဲရှယ်၊အရောင်လေးလဲလှ၊‌ဒေါ်နီပြောဘူးနော်😁😁
#ဒေါ်နီပုဇွန်ခြောက်ကတော့အိုဗင်ထဲမီး၂၀၀bakeနဲ့အခြောက်ခံထားတဲ့သဘဝစ်စ်
အကုန်သင်ပေးတယ်နော်။
ဒေါ်နီလူဆိုးမ😍
Crd

 #ပဲကပ်ကြော် ***ကုလားပဲကို ရေ ၄ နာရီ အနည်းဆုံး စိမ်ထားပေးပါတယ် .. ကုလားပဲ ၁၀၀ gဆန်မှုန့် 80gကောက်ညင်း 20gတိုဖူးမှုန့် 10...
11/10/2022

#ပဲကပ်ကြော် ***
ကုလားပဲကို ရေ ၄ နာရီ အနည်းဆုံး စိမ်ထားပေးပါတယ် ..
ကုလားပဲ ၁၀၀ g
ဆန်မှုန့် 80g
ကောက်ညင်း 20g
တိုဖူးမှုန့် 10g
ဆော်ဒါ 1/4 tsp
ရေ 250ml

***g နဲ့ မလုပ်ချင်ရင် ***
ကုလားပဲ ၁ ခွက်
ဆန်မှုန့် ၁ ခွက်
ကောက်ညင်းမှုန့် ၁/၎
တိုဖူးမှုန့် ၁/၈
ဆော်ဒါ ၁/၄ tsp
ရေကတော့ ကွကိုယ်သာ မှန်းထည့် 😆 (၄ ခွက်လောက်ထည့်ရမယ် ထင်တာပဲ)
ကြော်ထားတာ ဆီစစ်ပီးလို့ အေးပီဆို လေလုံဘူးထဲထည့်ပီး သိမ်းထားတယ် ၁ ပတ်လောက်ထိတော့ ကြွပ်ရွနေတုန်းပဲ .. တပတ်ကျော်ရင်တော့ မသိတော့ဖူး အိမ်မှာ ကြော်ထားပီးရင် ၁ ပတ်နဲ့တင် ကုန်တာမို့ 😆
ကြော်တဲ့အချိန် မီးအရမ်းမပြင်းရပါဖူး.. နည်းနည်းလောက်ကြွပ်ပီဆို ဆယ်ထားပါ.. ပီးမှ နောက်တစ်ခေါက် ပြန်ကြော်ပေးပါ .. ကြွပ်ကြွပ်ရွရွလေးရပါမယ်
crd #

Address


Website

Alerts

Be the first to know and let us send you an email when ချက်စားကြမယ် cooking receipt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share