Htoo Htoo Official

  • Home
  • Htoo Htoo Official

Htoo Htoo Official Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Htoo Official, Grocers, .

06/05/2026

သရေခေတ္တရာပြည်မြို့ #တို့တောရွာ #တို့ဓလေ့ @ပြည်မြို့နယ်သီတင်းစုံ

ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် PDF နှင့် EAO များကို ဖိတ်ခေါ်DVBစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြည်သူ...
21/04/2026

ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် PDF နှင့် EAO များကို ဖိတ်ခေါ်
DVB

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ တိုင်းရင်းသားလက်နက်တပ် (EAO)တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

စစ်အာဏာရှင်အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ အတွင်းပြုလုပ်မဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဧပြီ ၂၀ ရက်က နေပြည်တော်ရှိ သမ္မတရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှုရလဒ်တွေ အရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ရာကနေ PDF တွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြီး PDF အဖွဲ့တွေ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာစေရေး ဖိတ်ခေါ် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

တကယ်တမ်းမှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် မြန်မာပြည်သူအများစုနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ပါတီ ရှုံးနိမ့်ခဲ့တဲ့အတွက် စစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့အတွက် ပြည်သူတွေက စစ်အာဏာရှင်ကို ရရာလက်နက် ဆွဲကိုင်တော်လှန်ကြရာကနေ PDF တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ PDF တွေအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့ ပြောဆိုထားတာတွေ ရှိသလို လက်ရှိမှာလည်း အလင်းဝင်တာတွေနဲ့ တောင်းဆိုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ မထိုးထားတဲ့ အဖွဲ့တွေကိုပါ ဇူလိုင် ၃၁ ရက် မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာ မဖြစ်နိုင်တာတွေ မတောင်းဆိုနဲ့လို့လည်း စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ကြိုတင်ကန့်သတ်ထားလိုက်ပါတယ်။

“ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ။ EAO နဲ့ပတ်သက်ပြီးတော့ ၂ ပိုင်းရှိပါတယ်။ တပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ ရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ အဲဒီတော့ ကျနော် ၂ ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။”

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေလုပ်ဖို့ EAO တွေကို အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပေမဲ့ တဖက်သတ်တောင်းဆိုချက်တွေကြောင့် အောင်မြင်ခဲ့တာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံခြင်းမရှိခဲ့တဲ့ KNU၊ CNF ၊ ABSDF စတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲက Union Accord ရထားတဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှာသာ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်လို့ရမှာ ဖြစ်ကြောင်းလည်း စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။

တဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေပေမဲ့ လက်တွေ့မြေပြင်မှာတော့ တိုင်းရင်းသားဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး၊ ရွာမီးရှို့၊ လူသတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင် စတဲ့ဒေသတွေကို စစ်တပ်က နေ့စဉ် စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့တာတွေကြောင့် ပြည်သူတွေ သိန်းနဲ့ချီ စစ်ပြေးတိမ်းရှောင်နေရသလို လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။

စစ်တပ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း ကျေးရွာတွေရှိ နေအိမ်ပေါင်း ၁ သိန်းကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက‌ နေအိမ် ၇၀,၀၀၀ ကျော်ပါဝင်တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

Photo: MOI
#ငြိမ်းချမ်းရေး #ဆွေးနွေးပွဲ #စစ်အာဏာရှင်သမ္မတ

ထိုင်းတွင် ရခိုင်ပွဲစားလင်မယား ဘတ်သိန်း ၇၀ ကျော် လိမ်လည်ပြီး ထွက်ပြေးနေထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခေါပထုံမြို့တွင...
20/04/2026

ထိုင်းတွင် ရခိုင်ပွဲစားလင်မယား ဘတ်သိန်း ၇၀ ကျော် လိမ်လည်ပြီး ထွက်ပြေးနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခေါပထုံမြို့တွင် နေထိုင်ပြီး ရခိုင်ပြည်နှင့် မြန်မာနိုင်ငံသို့ ငွေလွှဲ အကျိုးတော်ဆောင် လုပ်နေသည့် ရခိုင်ပွဲစားလင်မယားနှစ်ဦးသည် ရခိုင်လူမျိုးများထံက ဘတ်ငွေ သိန်း ၇၀ ကျော် လိမ်လည်ကာ ထွက်ပြေးနေကြောင်း သိရသည်။

အဆိုပါ လိမ်လည်သွားသူသည် ရခိုင်ပြည်၊ အမ်းမြို့နယ် မင်းတက်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ကိုဇော်မင်းသိန်းနှင့် သူ၏ ဇနီးဖြစ်သူ ခိုင်သဇင်တို့ဖြစ်ပြီး၊ ရခိုင်အလုပ်သမားနှင့် ငွေလွှဲလုပ်ငန်းလုပ်နေသူဦးရေ ၃၀ ကျော်ထံမှ ထိုင်း ဘတ်သိန်း ၇၀ (မြန်မာငွေ ကျပ်သိန်းသောင်းချီ) ကို ယူပြီး လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

“ သူတို့လင်မယားနှစ်ယောက်လုံးက ထိုင်းမှာ နေပြီး ငွေလွှဲငွေထုတ် လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်။ တခြား ငွေလွှဲ Agency တွေနဲ့ နှိုင်းယှဉ်မယ်ဆို သူတို့ဆီမှာက ငွေအဖြတ်အတောက် နည်းတယ်ပေါ့။ ဒါကြောင့် သူတို့ဆီ ထည့်လိုက်မိတာပါ။ ဒီပိုက်ဆံတွေက နှစ်နဲ့ချီပြီး စုဆောင်းထားတဲ့ ငွေတွေဖြစ်တယ်။ ရွာမှာ လယ်တွေ၊ နွားတွေ ဝယ်မလို့ ထည့်လိုက်တာပါ။ ကျမ တစ်ယောက်တည်းမှာ မြန်မာကျပ်ငွေ သိန်း ၃၀၀ ကျော် ပါသွားတယ်။ တခြား သူတွေဆို ဒီထက်ပိုပြီး များတယ် ” ဟု ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှ နစ်နာသူ အမျိူးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ငွေလွှဲပွဲစား ကိုဇော်မင်းသိန်းတို့ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်နေ့ထိ အဆက်သွယ်ရခဲ့ပြီး၊ ယင်းနောက်တွင် ငွေလွှဲထားသူများနှင့် အဆက်အသွယ်ပြတ်တောက်လိုက်ကာ ၎င်းတို့ Facebook အကောင့်နှင့် ဆိုရှယ်မီဒီယာ အကောင့်တို့ကိုလည်း Block သွားကြောင်း သိရသည်။

အလိမ်ခံရသူ အများစုသည် ထိုင်းငံနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ၊ ပြည်တွင်း၊ ပြည်ပ ငွေလွှဲငွေထုတ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။

“ အလိမ်ခံရသူအများစုက ငွေလွှဲငွေထုတ် လုပ်ကိုင်နေကြတဲ့သူတွေ။ အလုပ်သမားတွေ ဖြစ်ကြတယ်။ သူတို့ကိုပဲ လိမ်သွားတာ ဖြစ်တယ်။ အခုလို လိမ်လည်သွားသူ လင်မလားနှစ်ယောက်ဆိုရင်လည်း ငွေလွှဲငွေထုတ် လုပ်နေတာ ၃ နှစ်လောက်ကြာပြီ ဖြစ်တယ်။ သူတို့နှစ်ယောက်လုံးက ထွက်ပြေးသွားတာ တစ်ပတ်ကျော်ရှိနေပြီ။ ပျောက်နေတယ် ” နစ်နာသူ ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ငွေလိမ် ထွက်ပြေးနေသူကို ထိုင်းရဲနှင့် တခြား ရခိုင်လူမှုကူညီရေးအဖွဲ့အစည်းများထံ နစ်နာသူများက တိုင်ကြားထားသော်လည်း ယခုထိ ဖမ်းမရသေးဘဲ လွတ်မြောက်နေကြောင်း သိရသည်။

“ သူတို့နှစ်ယောက်ကို အမြန်ဆုံးဖမ်းပေးဖို့ ထိုင်းရဲတွေနဲ့ တိုင်ထားကြသလို တခြားအဖွဲ့အစည်းတွေနဲ့ တိုင်ထားကြတယ်။ ခန့်မှန်းခြေအရ သူတို့ လင်မယားနှစ်ယောက်က ထိုင်းနိုင်ငံမှာ ပုန်းနေလောက်သေးတယ်။ ဒါကြောင့် ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် အမြန်ဆုံး ဖမ်းရစေချင်တယ် ” ဟု နစ်နာသူ ကျောက်တော်ဒေသခံ အမျိူးသားက ဆက်ပြောသည်။

လိမ်လည်ခံရသူ လူ ၃၀ ကျော်ထဲတွင် ရခိုင်ပြည်၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်တို့မှာဖြစ်ပြီး၊ ဗမာပြည်မှလည်း ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရခိုင်အပါအဝင် မြန်မာအလုပ်သမား သန်းနှင့်ချီ ရှိနေပြီး အလုပ်ရှာပေးသူပွဲစားများ၊ ငွေလွှဲပေးနေသူ ပွဲစားများ၏ လိမ်လည်မှုများကိုလည်း အလုပ်သမားများမှာ မကြာခဏ ခံနေရသည်။

ပုံစာ - ငွေလိမ်သွားသူ ဇနီးမောင်နှံဓာတ်ပုံ

( DMG သတင်းဌှာနမှ ကူးယူဖော်ပြပါသည် )
#ထိုင်းသတင်း
#ထိုင်းမြန်မာ

In 2020, an 18-year-old girl from a remote Sabah village with no electricity and barely any internet signal climbed a tr...
19/04/2026

In 2020, an 18-year-old girl from a remote Sabah village with no electricity and barely any internet signal climbed a tree and spent 24 hours in it — just to get enough signal to sit for her exams.

Her name is Veveonah Mosibin. Her village, Kampung Sapatalang in Pitas, was so cut off that she had previously built a hut on a hilltop to study. The hut collapsed in a storm. So she climbed a tree instead, edited the whole experience into an 11-minute YouTube video on her phone, and uploaded it — one hour of waiting for it to go through on a weak signal.

The video went viral across Malaysia. And then came the cyberbullying. Thousands called her an attention seeker. The overnight fame, combined with pandemic stress, pushed her into depression.
She could have quit. She didn't.

She completed her Marine Science degree at Universiti Malaysia Sabah with a 3.46 CGPA. She honoured her scholarship till the very end, even though she had known since 2021 that medicine was her real calling. Her viral story also quietly changed her village — the government upgraded its internet infrastructure, and the roads improved too.
In October 2024, Veveonah began her MBBS at Management and Science University in Shah Alam. She wants to become a surgeon. And when she's done, she plans to go back to Pitas — to serve the same community she grew up in.

The girl who climbed a tree for a Wi-Fi signal is going to be a doctor.
Some people are just built different.In 2020, an 18-year-old girl from a remote Sabah village with no electricity and barely any internet signal climbed a tree and spent 24 hours in it — just to get enough signal to sit for her exams.

Her name is Veveonah Mosibin. Her village, Kampung Sapatalang in Pitas, was so cut off that she had previously built a hut on a hilltop to study. The hut collapsed in a storm. So she climbed a tree instead, edited the whole experience into an 11-minute YouTube video on her phone, and uploaded it — one hour of waiting for it to go through on a weak signal.

The video went viral across Malaysia. And then came the cyberbullying. Thousands called her an attention seeker. The overnight fame, combined with pandemic stress, pushed her into depression.
She could have quit. She didn't.

She completed her Marine Science degree at Universiti Malaysia Sabah with a 3.46 CGPA. She honoured her scholarship till the very end, even though she had known since 2021 that medicine was her real calling. Her viral story also quietly changed her village — the government upgraded its internet infrastructure, and the roads improved too.
In October 2024, Veveonah began her MBBS at Management and Science University in Shah Alam. She wants to become a surgeon. And when she's done, she plans to go back to Pitas — to serve the same community she grew up in.

The girl who climbed a tree for a Wi-Fi signal is going to be a doctor.
Some people are just built different.

ငွေမရှိတော့အဖက်မလုပ်ကြဘူးဆိုပြီးဘဝကိုစိတ်နာနေတဲ့ အသက် 55 နှစ်အရွယ်ဆီအုန်းပင်ဖြတ်အလုပ်ကြမ်းလုပ်နေရတဲ့ဆင်းရဲသားအဒေါ်ကြီး ပ...
19/04/2026

ငွေမရှိတော့အဖက်မလုပ်ကြဘူးဆိုပြီးဘဝကိုစိတ်နာနေတဲ့ အသက် 55 နှစ်အရွယ်
ဆီအုန်းပင်ဖြတ်အလုပ်ကြမ်းလုပ်နေရတဲ့ဆင်းရဲသားအဒေါ်ကြီး ပထမဆုထီ
ဘတ် 6 သန်းပေါက်ပြီးသူဌေးဖြစ်ပြီထပ်တူဝမ်းသာပါတယ်🥰🥰

07/04/2026

ရွာမှာအလှူရက်မတိုင်မှီလေး ဘုရားပင့်
ကွမ်းတောင်ပန်းတောင်ကိုင်လေးများရဲ့အလှတောပန်းလေးများ #တို့တောရွာ #တို့ဓလေ့😚😚😚

■ ထိုင်းတွင် e-Work Permit စနစ် ပျက်ယွင်းမှုကြောင့် အလုပ်သမား ၁ သန်းခန့် အထောက်အထားမဲ့ဖြစ်ရWestern News| ဧပြီ ၄ ထိုင်းနိ...
07/04/2026

■ ထိုင်းတွင် e-Work Permit စနစ် ပျက်ယွင်းမှုကြောင့် အလုပ်သမား ၁ သန်းခန့် အထောက်အထားမဲ့ဖြစ်ရ

Western News| ဧပြီ ၄

ထိုင်းနိုင်ငံတွင် e-Work Permit စနစ် ပျက်ယွင်းမှုကြောင့် မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့်မှာ ဧပြီလ ၁ ရက်နေ့ကစ၍ အထောက်အထားမဲ့ ဖြစ်သွားရကြောင်း ထိုင်းပြည်သူ့ပါတီ အမတ်များက ထောက်ပြကြသည်။

ဧပြီလ ၂ ရက်နေ့က ထိုင်းအောက်လွှတ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ ပြည်သူ့ပါတီ အမတ်များက ယင်းကဲ့သို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

မတ်လ ၃၁ ရက်နေ့တွင် အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်း ကုန်ဆုံးကြသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ အချိန်မီ သက်တမ်းတိုးနိုင်ခြင်း မရှိသောကြောင့် အလုပ်သမား ၁ သန်းခန့်မှာ အထောက်အထားမဲ့ ဖြစ်သွားကြသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ခဲ့သော e-Work Permit စနစ်မှာ အလုပ်ခန့်ထားရေးဦးစီးဌာနနှင့် အချက်အလက်များ ချိတ်ဆက်ထားမှုမရှိခြင်း၊ ဆာဗာ အလုပ်မလုပ်ခြင်း (Server Down)၊ ဆေးစစ်လက်မှတ်အတည်ပြုရန် e-Work Permit စနစ်နှင့် ဆေးရုံဆေးခန်းကြား ချိတ်ဆက်ထားမှုမရှိခြင်း စသည့် အကြောင်းအရင်များကြောင့် အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် အခက်ခဲ ဖြစ်ပေါ်စေခဲ့သည်ဟု ပြည်သူ့ပါတီ အမတ် ခွန်စဟတ်က ပြောသည်။

ထို့ကြောင့် အလုပ်လုပ်ခွင့်လက်မှတ် Work Permit သက်တမ်းတိုး ကာလကို ထပ်မံ တိုးမြှင့်ပေးရန် လိုအပ်ပြီး အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် အခက်ခဲဖြစ်စေသည့် e-Work Permit စနစ်ကိုလည်း ဖျက်သိမ်းပေးရန် ပြည်သူ့ပါတီ အမတ်များက တောင်းဆိုနေကြသည်။

အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ နှောင့်နှေးမှုကြောင့် အထောက်အထားမဲ့ ဖြစ်သွားသော ရွှေ့ပြောင်းအလုပ်သမားများ၏ နောက်ကွယ်တွင် ဥပဒေကို အသုံးချကာ အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ပြည်သူ့ပါတီ အမတ် ခွန်စဟတ်က သတိပေးထားသည်။

တစ်ဖက်မှာလည်း လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမား ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရနိုင်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို မှီခိုနေရသော စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတစ်ဦးက "ဆေးစစ်ထားတဲ့ စာရွက်လောက်ပဲရှိတယ်။ တချို့က Work Permit အတွက် ငွေချေထားတဲ့ စာရွက်ရကြတယ်။ ဒါပေမယ့် အလုပ်လုပ်ခွင့်လက်မှတ် Work Permit က ဘယ်သူမှ မရသေးဘူး ဖြစ်နေတယ်။ ကျနော်တို့မှာ အရင်ရှိနေတဲ့ Work Permit က မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်သွားပြီ။ သက်တမ်းတိုးထားတာ မရသေးဘူး။ အခု Work Permit မရှိတော့ အလုပ်သွားဖို့ အခက်အခဲရှိတယ်။ ရဲတွေရဲ့ ငွေညှစ်မှုကို ခံရနိုင်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ တော်တော် အခက်အခဲဖြစ်နေကြပါတယ်” ဟု ပြောသည်။

အထောက်အထား အပြည့်အစုံ ရှိသည့် အလုပ်သမားများမှာ အလုပ်တစ်ခု ရရှိရေး ခက်ခဲနေသည့်အချိန်တွင် အထောက်အထားမဲ့ ဖြစ်သွားရသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်အကိုင် ရရှိရန် အလွန်ခက်ခဲသွားကြမည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူများက ပြောဆိုကြသည်။

"နောက်ဆက်တွဲ ပြဿနာက အထောက်အထားမရှိတဲ့အတွက် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဖြစ်လာနိုင်တယ်။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုတွေ နောက် အပြင်လောကမှာ အခက်အခဲတွေ များလာနိုင်တယ်။ ပြီးတော့ အထောက်အထားမဲ့ ဖြစ်သွားတဲ့အတွက် ဖမ်းဆီးခံရမှုနဲ့ ကြုံတွေ့ရနိုင်တယ်။ အလုပ်ရှာဖွေရ ခက်ခဲသွားနိုင်တယ်။ စက်ရုံတွေက အလုပ်ဖြုတ်ပစ်မယ့် အခြေအနေတွေလည်း ခံရနိုင်တယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်နှင့် သက်တမ်းတိုး လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးသောကြောင့် အချို့သော အလုပ်သမားများမှာ အထောက်အထား မပြုလုပ်ကြကြောင်းလည်း သိရသည်။

သိန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများ အထောက်အထားမဲ့ ဖြစ်သွားရသည့် အခြေအနေအပေါ်မှာ ထိုင်းအစိုးရအနေဖြင့် နောက်ထပ်တစ်ကြိမ် ပန်းရောင်ကတ် ပြန်ဖွင့်ပေးခြင်း၊ သက်တမ်းတိုးကာလ ထပ်မံ တိုးမြှင့်ပေးခြင်း ရှိလာနိုင်သည့်အတွက် ရွှေ့ပြော■ ထိုင်းတွင် e-Work Permit စနစ် ပျက်ယွင်းမှုကြောင့် အလုပ်သမား ၁ သန်းခန့် အထောက်အထားမဲ့ဖြစ်ရ

Western News| ဧပြီ ၄

ထိုင်းနိုင်ငံတွင် e-Work Permit စနစ် ပျက်ယွင်းမှုကြောင့် မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့်မှာ ဧပြီလ ၁ ရက်နေ့ကစ၍ အထောက်အထားမဲ့ ဖြစ်သွားရကြောင်း ထိုင်းပြည်သူ့ပါတီ အမတ်များက ထောက်ပြကြသည်။

ဧပြီလ ၂ ရက်နေ့က ထိုင်းအောက်လွှတ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ ပြည်သူ့ပါတီ အမတ်များက ယင်းကဲ့သို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

မတ်လ ၃၁ ရက်နေ့တွင် အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်း ကုန်ဆုံးကြသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ အချိန်မီ သက်တမ်းတိုးနိုင်ခြင်း မရှိသောကြောင့် အလုပ်သမား ၁ သန်းခန့်မှာ အထောက်အထားမဲ့ ဖြစ်သွားကြသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ခဲ့သော e-Work Permit စနစ်မှာ အလုပ်ခန့်ထားရေးဦးစီးဌာနနှင့် အချက်အလက်များ ချိတ်ဆက်ထားမှုမရှိခြင်း၊ ဆာဗာ အလုပ်မလုပ်ခြင်း (Server Down)၊ ဆေးစစ်လက်မှတ်အတည်ပြုရန် e-Work Permit စနစ်နှင့် ဆေးရုံဆေးခန်းကြား ချိတ်ဆက်ထားမှုမရှိခြင်း စသည့် အကြောင်းအရင်များကြောင့် အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် အခက်ခဲ ဖြစ်ပေါ်စေခဲ့သည်ဟု ပြည်သူ့ပါတီ အမတ် ခွန်စဟတ်က ပြောသည်။

ထို့ကြောင့် အလုပ်လုပ်ခွင့်လက်မှတ် Work Permit သက်တမ်းတိုး ကာလကို ထပ်မံ တိုးမြှင့်ပေးရန် လိုအပ်ပြီး အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် အခက်ခဲဖြစ်စေသည့် e-Work Permit စနစ်ကိုလည်း ဖျက်သိမ်းပေးရန် ပြည်သူ့ပါတီ အမတ်များက တောင်းဆိုနေကြသည်။

အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ နှောင့်နှေးမှုကြောင့် အထောက်အထားမဲ့ ဖြစ်သွားသော ရွှေ့ပြောင်းအလုပ်သမားများ၏ နောက်ကွယ်တွင် ဥပဒေကို အသုံးချကာ အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ပြည်သူ့ပါတီ အမတ် ခွန်စဟတ်က သတိပေးထားသည်။

တစ်ဖက်မှာလည်း လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမား ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရနိုင်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို မှီခိုနေရသော စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတစ်ဦးက "ဆေးစစ်ထားတဲ့ စာရွက်လောက်ပဲရှိတယ်။ တချို့က Work Permit အတွက် ငွေချေထားတဲ့ စာရွက်ရကြတယ်။ ဒါပေမယ့် အလုပ်လုပ်ခွင့်လက်မှတ် Work Permit က ဘယ်သူမှ မရသေးဘူး ဖြစ်နေတယ်။ ကျနော်တို့မှာ အရင်ရှိနေတဲ့ Work Permit က မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်သွားပြီ။ သက်တမ်းတိုးထားတာ မရသေးဘူး။ အခု Work Permit မရှိတော့ အလုပ်သွားဖို့ အခက်အခဲရှိတယ်။ ရဲတွေရဲ့ ငွေညှစ်မှုကို ခံရနိုင်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ တော်တော် အခက်အခဲဖြစ်နေကြပါတယ်” ဟု ပြောသည်။

အထောက်အထား အပြည့်အစုံ ရှိသည့် အလုပ်သမားများမှာ အလုပ်တစ်ခု ရရှိရေး ခက်ခဲနေသည့်အချိန်တွင် အထောက်အထားမဲ့ ဖြစ်သွားရသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်အကိုင် ရရှိရန် အလွန်ခက်ခဲသွားကြမည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူများက ပြောဆိုကြသည်။

"နောက်ဆက်တွဲ ပြဿနာက အထောက်အထားမရှိတဲ့အတွက် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဖြစ်လာနိုင်တယ်။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုတွေ နောက် အပြင်လောကမှာ အခက်အခဲတွေ များလာနိုင်တယ်။ ပြီးတော့ အထောက်အထားမဲ့ ဖြစ်သွားတဲ့အတွက် ဖမ်းဆီးခံရမှုနဲ့ ကြုံတွေ့ရနိုင်တယ်။ အလုပ်ရှာဖွေရ ခက်ခဲသွားနိုင်တယ်။ စက်ရုံတွေက အလုပ်ဖြုတ်ပစ်မယ့် အခြေအနေတွေလည်း ခံရနိုင်တယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်နှင့် သက်တမ်းတိုး လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးသောကြောင့် အချို့သော အလုပ်သမားများမှာ အထောက်အထား မပြုလုပ်ကြကြောင်းလည်း သိရသည်။

သိန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများ အထောက်အထားမဲ့ ဖြစ်သွားရသည့် အခြေအနေအပေါ်မှာ ထိုင်းအစိုးရအနေဖြင့် နောက်ထပ်တစ်ကြိမ် ပန်းရောင်ကတ် ပြန်ဖွင့်ပေးခြင်း၊ သက်တမ်းတိုးကာလ ထပ်မံ တိုးမြှင့်ပေးခြင်း ရှိလာနိုင်သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အထောက်အထား လုပ်ထားကြရန်လည်း အေအေစီ ကိုရဲမင်းက တိုက်တွန်းထားသည်။

ထိုင်းပြည်သူ့ပါတီ အမတ်များကလည်း အစိုးရအနေဖြင့် လက်ရှိ အခက်အခဲကို အမြန်ဆုံး ဖြေရှင်းပေးရန်နှင့် ပိုမိုကောင်းမွန်သော စနစ်သစ်တစ်ခုကို လုပ်ဆောင်ပြီး ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူမြန်ဆန်သည့် စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သင့်ကြောင်း ထောက်ပြထားကြသည်။

#ထိုင်းနိုင်ငံ #ရွှေ့ပြောင်းအလုပ်သမားများအရေး #သက်တမ်းတိုးလုပ်ငန်းစဉ်များ #ကြန့်ကြာနေ #အလုပ်သမားတစ်သန်းခန့်အထောက်အထားမဲ့ဖြစ်သွားရ #ပြည်သူ့ပါတီင်းအလုပ်သမားများအနေဖြင့် အထောက်အထား လုပ်ထားကြရန်လည်း အေအေစီ ကိုရဲမင်းက တိုက်တွန်းထားသည်။

ထိုင်းပြည်သူ့ပါတီ အမတ်များကလည်း အစိုးရအနေဖြင့် လက်ရှိ အခက်အခဲကို အမြန်ဆုံး ဖြေရှင်းပေးရန်နှင့် ပိုမိုကောင်းမွန်သော စနစ်သစ်တစ်ခုကို လုပ်ဆောင်ပြီး ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူမြန်ဆန်သည့် စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သင့်ကြောင်း ထောက်ပြထားကြသည်။

#ထိုင်းနိုင်ငံ #ရွှေ့ပြောင်းအလုပ်သမားများအရေး #သက်တမ်းတိုးလုပ်ငန်းစဉ်များ #ကြန့်ကြာနေ #အလုပ်သမားတစ်သန်းခန့်အထောက်အထားမဲ့ဖြစ်သွားရ #ပြည်သူ့ပါတီ

အလုပ်သမားတွေ၊ အလုပ်ရှင်တွေအတွက် ခက်ခဲစေတဲ့ e-WorkPermit စနစ်ကို ဖျက်သိမ်းဖို့ ပြည်သူ့ပါတီအမတ် တိုက်တွန်း________________...
07/04/2026

အလုပ်သမားတွေ၊ အလုပ်ရှင်တွေအတွက် ခက်ခဲစေတဲ့ e-WorkPermit စနစ်ကို ဖျက်သိမ်းဖို့ ပြည်သူ့ပါတီအမတ် တိုက်တွန်း
___________________
e-WorkPermit စနစ်ကို ဖျက်သိမ်းပြီး ပိုကောင်းတဲ့စနစ်သစ်နဲ့ အစားထိုးဖို့ ပြည်သူ့ပါတီ (People's Party) လွှတ်တော်အမတ် နာယစဟတ်ဝတ်က အစိုးရကို ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။ အစိုးရက အသစ်စတင်လိုက်တဲ့ ဒီအွန်လိုင်းစနစ်ဟာ အလုပ်မဖြစ်တဲ့အပြင် အချက်အလက် ချိတ်ဆက်မှုတွေလည်း မရှိတာကြောင့် အလုပ်သမား ၁ သန်းလောက် အထောက်အထားမဲ့ဖြစ်မယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ထောက်ပြပါတယ်။

နာယစဟတ်ဝတ်ရဲ့ အဆိုအရ e-WorkPermit စနစ်ဟာ အလုပ်အကိုင်ခန့်ထားမှုဦးစီးဌာနနဲ့ အချက်အလက်ချင်း ချိတ်ဆက်မထားသလို၊ ခဏခဏလည်း ဆာဗာအလုပ်မလုပ် (Server Down) ဖြစ်နေတာကြောင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးသူတွေ အခက်အခဲ ဖြစ်ခဲ့ရတာပါ။ ဒီစနစ်ကြောင့် လုပ်ငန်းစဉ်တွေ ကြန့်ကြာနေပြီး အလုပ်သမားတွေ စနစ်ပြင်ပရောက်သွားတဲ့အခါ အဂတိလိုက်စားမှုတွေနဲ့ ငွေညှစ်တာတွေ ပိုများလာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

ဒါကြောင့် အသုံးမဝင်တဲ့ e-WorkPermit စနစ်ကို ချက်ချင်းဖျက်သိမ်းပြီး နောက်ထပ် ၁ နှစ်ကနေ ၂ နှစ်အထိ အသုံးပြုနိုင်မယ့် ပိုမိုကောင်းမွန်တဲ့ စနစ်သစ်တစ်ခုကို အမြန်ဆုံးအစားထိုးဖို့ နာယစဟတ်ဝတ်က အဆိုပြုပါတယ်။ ရေရှည်မှာတော့ လုပ်ငန်းစဉ်တွေဟာ လွယ်ကူ၊ မြန်ဆန်၊ ဈေးနှုန်းသက်သာတဲ့ စနစ်မျိုးဖြစ်လာအောင် ဥပဒေတွေကိုပါ ပြင်ဆင်သွားဖို့ သူက တိုက်တွန်းထားကြောင်း The Reporters သတင်းက ဖော်ပြပါတယ်။
#ရွှေ့ပြောင်းလုပ်သား #အလုပ်သမား -workpermit #ဝေါ့ပါမစ် #ဘီကွန်မြန်မာ

07/04/2026

တွေ့ကြဆုံကြကြုံကြရတဲ့သူငယ်ချင်းမိတ်ဆွေများအားလုံး ချစ်ခင်ရင်းနီးစွာဖြင့် နှုတ်ဆက်ခဲ့ပါတယ်👋👋👋😊😊😊

Address

Website

Alerts

Be the first to know and let us send you an email when Htoo Htoo Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share