Yoeyer Canada

Yoeyer Canada Myanmar Online Grocery in Toronto. Ship Across Canada. Premium quality by monthly air cargo. We import shipment bi weekly for maximum freshness.

Yoeyer is small Toronto based company, started by two food enthusiasts, an architect and an art curator. Our agenda is for our beloved Myanmar food not only to be easily accessible also fresh and reasonably priced. We source our products based on quality of raw materials, production process and consistency. Let's just put this way if they do not let our Yangon team see their kitchen or production

plant, and do not provide necessary health food certificates, we do not source their products. If the brand is in anyway affiliated with Junta, we do not source, however famous or high demand that brand is. We aim to deliver satisfactory products with exceptional customer service.

Holiday season မတိုင်ခင် မြန်မာပြည်ကပစ္စည်းလေးတွေ အိမ်မှာစားဖို့၊ လက်ဆောင်ပေးဖို့ ပစ္စည်းပို့ချင်ရင် Dec 12 မှာစုပေါင်းပ...
11/23/2025

Holiday season မတိုင်ခင် မြန်မာပြည်ကပစ္စည်းလေးတွေ အိမ်မှာစားဖို့၊ လက်ဆောင်ပေးဖို့ ပစ္စည်းပို့ချင်ရင် Dec 12 မှာစုပေါင်းပို့ DHL air cargo ရှိပါမယ်ရှင်။ Dec 10 နောက်ဆုံးထားပစ္စည်းလာပေးပေးပါနော်။

ဒီနှစ်အတွက် စုပေါင်းပို့နောက်ဆုံး flight ပါ။ Next year, Jan လလယ်မှ ပြန်ရှိပါမယ်ရှင်။

* လတိုင်းစျေးအပြောင်းအလဲရှိပါတယ်။

ကျေးဇူးပါရှင်။

Why use DHL Door-to-Door? ကိုယ့်ပစ္စည်းသီးသန့်ပုံးကို လက်ခံမဲ့လိပ်စာရှိတန်းရောက်ပြီး ပို့တဲ့အလေးချိန်များလေ ပေးရတဲ့စျေးန...
11/23/2025

Why use DHL Door-to-Door?
ကိုယ့်ပစ္စည်းသီးသန့်ပုံးကို လက်ခံမဲ့လိပ်စာရှိတန်းရောက်ပြီး ပို့တဲ့အလေးချိန်များလေ ပေးရတဲ့စျေးနဲ့တန်လေမို့ပါ။

Why use Yoeyer Cargo?
Myanmar ကနေ Canada တစ်နိုင်ငံတည်းကိုဘဲသီးသန့် အမြဲပို့နေတာမို့ ရိုးရာကနေတဆင့်ပို့ရင် ၃ရက်ဝန်းကျင်နဲ့ရောက်လေ့ရှိပြီး Canada custom tax သက်ကိုသက်သာရပါစေမယ်။ တစ်ချို့ logistic တွေဆို 30kg ပုံးကို 40$ to 100$ ကျော်ကျတက်ပါတယ်။ ရိုးရာနဲ့ဆို 30kgပုံးကို 20$ ဝန်းကျင်ဘဲကျလေ့ရှိပါတယ်။

Cargo flight schedule?
အချိန်မရွေးကြိုက်တဲ့အချိန်ပို့လို့ရပါတယ်ရှင်။

မေတ္တာရပ်ခံချင်တာက Canada ကတားမြစ်ထားတဲ့ တားမြစ်ပစ္စည်းမှန်သမျှ၊ အထူးသဖြင့်အသားနဲ့အသားထွက်ပစ္စည်းတွေတော့ လုံးဝ ပို့မပေးပါဘူးရှင်။

ရတနာပစ္စည်း၊ သစ်သား၊ ယွန်း တွေလဲ စာရွက်စာတမ်းပြည့်စုံရင် ပို့ပေးပါတယ်ရှင်။ သူ့စျေးကတော့ ပို့မဲ့ပစ္စည်းပေါ်မူတည်တာမို့ စျေးလေးအသေးစိတ်မေးပေးပါနော်။ ကျေးဇူးပါရှင်။

ပျော်ရွှင်သီတင်းကျွတ်နှင့် Happy Thanksgiving ပါရှင်။ ရိုးရာ page မှာဘာမတင်ဖြစ်ဘဲ အတော်လေးကြာသွားတာ  စိတ်မရှိကြပါနဲ့နော်...
10/13/2025

ပျော်ရွှင်သီတင်းကျွတ်နှင့် Happy Thanksgiving ပါရှင်။ ရိုးရာ page မှာဘာမတင်ဖြစ်ဘဲ အတော်လေးကြာသွားတာ စိတ်မရှိကြပါနဲ့နော်။ www.yoeyer.com မှာ တစ်လတစ်ခေါက် ပုံမှန်ရောက်တဲ့ လတ်ဆတ်တဲ့ မြန်မာစာတွေကို အမြဲဝယ်လို့ရသလို Yangon - Toronto DHL cargo လည်းလစဉ်ရှိနေပါတယ်ရှင်။

ပိုစ်မတင်ဖြစ်၊ marketing ကြေငြာမှမလုပ်၊ website ကနေအမြဲဝယ်၊ မြန်မာပွဲတွေမှာpop up store အားပေးကြတာ၊ ph/Viber ကနေဆက်သွယ်ပြီး လတိုင်းပစ္စည်းပို့ကြတဲ့ ဝယ်ယူအားပေးသူများကိုလဲအတိုင်းမသိကျေးဇူးပါလို့။

အားပေးကြသူများအဆင်ပြေအောင် ဒီ page မှာ ပုံမှန်လေးupdateလုပ်ပြီး posts လေးတွေတင်ပြီး CB သေချာလေးလုပ်ပါမယ်ရှင်။ တစ်ဆက်တည်းပြောပြပေးချင်တာက လတိုင်းရဲ့ လကုန်ရက် ၃၀ဝန်းကျင်မှာ အစားအသောက် ပစ္စည်းအသစ် တွေအမြဲရောက်ပါတယ်။ In-Stock items တွေကိုလဲအမြဲ up to date ဖြစ်နေအောင် ဆက်ကြိုးစားသွားပါမယ်နော်။ ပစ္စည်းလတ်အောင် limited supply ဘဲပို့တာမို့ တစ်ချို့ပစ္စည်းတွေ အလျင်မမှီကုန်ကုန်နေတာကို စိတ်ရှည်လက်ရှည်စောင့်ပေးကြတဲ့ ဝယ်ယူသူတွေကိုလဲ အားနာရပါတယ်။

Yangon to Toronto/ Canada, DHL cargo ပို့ချင်ရင်တော့ လတိုင်းရဲ့ ၁၅ နဲ့ ၃၀ ဝန်းကျင်မှာ စုပေါင်းပို့ တစ်လနှစ်ခေါက်နှင့် သီးသန့်ပို့၊ စာရွက်စာတမ်းပို့ကတော့ အချိန်မရွေးပို့လို့ရပါတယ်ရှင်။ Toronto to Yangon ပစ္စည်းပို့ချင်ရင်တော့ ၃လတစ်ခါရှိပါတယ်ရှင်။

သီတင်းကျွတ်အခါသမယနဲ့ Thanksgiving long weekend မှာ ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် ပျော်ရွှင်ကြပါစေရှင်။

မေတ္တာဖြင့်
ရိုးရာ

Happy New Year! We will be bringing you new and exciting services! Stay tuned 💛LoveYoeyer
01/01/2025

Happy New Year! We will be bringing you new and exciting services! Stay tuned 💛

Love
Yoeyer

Merry Christmas everybody ❤️ Hope you have the best time with the loved ones ❤️
12/25/2024

Merry Christmas everybody ❤️ Hope you have the best time with the loved ones ❤️

10/27/2024

မျှော်တော်မူဆောင်းပုရစ်
ဒီနှစ် ရိုးရာမှာ ဆောင်းပုရစ်မရောင်းပါဘူးရှင်။ အချက်နှစ်ချက် ကြောင့်ပါ။

ပထမအချက်က ပြီးခဲ့တဲ့လပိုင်းက USဘက်မှာဖြစ်သွားတဲ့ တားမြစ်စားသောက်ကုန်တွေကိုစည်းကမ်းမရှိ ပိုက်ဆံရပြီးရော ခိုးသွင်းမှုရဲ့အကျိုးကျေးဇူးကြောင့် Myanmar DHL ကို warning အကြီးအကျယ်ပေးခံရတာမို့ North America ကို ရန်ကုန်လေဆိပ်ကနေပေးမထွက်တဲ့စာရင်းထဲမှာ ပုရစ်ပါလာတာကြောင့်ပါ။ အကျင့်မဖျောက်နိုင်ကြတာမို့ နည်းမျိုးစုံနဲ့ packaging ပြောင်းပြီး ပုရစ်သာမက အသားတွေပါ မိတဲ့အခါမိ ထွက်သွားတဲ့အခါထွက်သွား ရသလိုလုပ်နေတဲ့ လူတွေကတော့ရှိနေဆဲပါ။ Canada ဘက်မှာတော့ ပုရစ်ကို တရားဝင်သွင်းလို့ရပေမဲ့ ရန်ကုန်အထွက် ခိုးထည့်ဖို့က ရိုးရာမှာတစ်နှစ်တစ်ခါဘဲဆောင်းပုရစ်ရောင်းရင်Pre order နဲ့တင်အထုပ်ရာချီတာမို့ အဆင်မပြေပါဘူးရှင်။ ထိုင်းဘက်ကနေလှည့်ပို့ရင် ရက်ကြာတာကြောင့် ဒီပြင်အစားအသောက်ကုန်ခြောက်တွေတောင် ထိုင်းတဆင့်မပို့တာမို့ ပုရစ်ကိုလဲ မပို့ပါဘူးရှင်။

ဒုတိယအချက်က ပြည်တွင်းလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုပါ။ ပုရစ်တကယ်ကြိုက်ရင်
1. ဆေး၊မိုင်းထောင်မဖမ်းဘဲ ကြော်မဲ့နေရာထိလတ်ဆတ်အောင် ဘယ်လောက်မြန်အောင်ပို့နိုင်လဲရယ် 2. ကြော်တဲ့လူက ပုရစ်ကိုင်တာ ပုရစ်ရွေးတာ ဘယ်လောက်ကျွမ်းသလဲရယ်၊ ဘာဆီသုံးပြီး လက်ရာဘယ်လောက်ကောင်းသလဲရယ်
3. ထုတ်ပိုးမှုနဲ့အရည်အသွေးဘယ်လိုထိမ်းလဲဆိုတာရယ်
4. ကြော်ပြီးချိန်မှ စားမဲ့လူရှိ ဘယ်နှစ်ရက်အတွင်း ဘယ်လိုထုတ်ပိုးမှုဒီဇိုင်း၊ ဘယ်လိုအခြေအနေနဲ့ ရောက်လဲဆိုတာရယ်

အဲ့ဒါတွေအကုန်ကိုက်မှ တကယ်ကောင်းတဲ့ပုရစ်စားရတယ်ဆိုတာ သိကြမှာပါ။ ပြည်တွင်းမှာအရာရာခက်ခဲတာမို့ အရည်အသွေးတန်ဖိုးထားတဲ့ တကယ့်နာမည်ကြီးပုရစ်ရောင်းတဲ့လူတွေမှာ ကုန်ကြမ်းကောင်းကောင်း ရတလှည့်မရတလှည့်ဖြစ်နေတာပါ။

ရာသီဥတုအနေနဲ့လဲ သီတင်းကျွတ်ပြီး ၁ပတ်မှာ မုန်တိုင်းဝင်နေတုန်းမို့ ဒီနှစ်ပုရစ်အထွက်နောက်ကျပါတယ်။ ပုံမှန် ဒီအချိန်ဆို ပုရစ်ထွားထွားဥဆိမ့်ဆိမ့် လှိုင်လှိုင်ပေါတဲ့အချိန်မို့ တောက်လျှောက် လက်မလည်အောင်ရောင်းရတဲ့ပုရစ်ရာသီပါ။

အခြေအနေတွေ ဒီနှစ်ပုရစ်တုန်းချိန်ထိမပြောင်းသေးသမျှ ဝမ်းနည်းစွာနဲ့ဘဲ ဒီနှစ် ရိုးရာမှာ ပုရစ်မရပါလို့။

Edit: All sold outရှယ်ပဲကပ်ကြော်ဒီနေ့ စနေ Mef Canada ကကျင်းပတဲ့ ကချင်ရန်ပုံငွေပွဲအမှီ လတ်ဆတ်ပြီးကြွပ်ရွနေအောင် ရက်ကပ်ပို...
10/26/2024

Edit: All sold out
ရှယ်ပဲကပ်ကြော်
ဒီနေ့ စနေ Mef Canada ကကျင်းပတဲ့ ကချင်ရန်ပုံငွေပွဲအမှီ လတ်ဆတ်ပြီးကြွပ်ရွနေအောင် ရက်ကပ်ပို့လိုက်တဲ့ ဉသာပဲကပ်ကြော်တွေရောက်ပါပြီနော်။

ကြေလွယ်တဲ့အပြင် ပို့ရတာလဲသာမာန်အစားအစာထက်ပိုကုန်ကျတာမို့ ပွဲတွေမှာဘဲ လတ်လတ်ဆတ်ဆတ်ရောင်းပေးတဲ့ ပဲကပ်ကြော်အဝိုင်းအကြီးကြီးတွေကို စားချင်ရင် Yoeyer Canada booth ကိုလာခဲ့ပါနော်။

မေရီချိုအာလူးကြော်တွေ၊ ရွှေပုဇွန်မုန့်တွေ၊ အရမ်းချိုတဲ့လက်ဖက်စားရွှေပုဇွန်ကြပ်တိုက်ခြောက်တွေ၊ လက်ဖက်၊အကြော်၊ ငါးခြောက်၊ ငပိကြော် ဒီသောကြာကမှရောက်လာတာတွေကို event special price နဲ့ပါရှင်။

မေတ္တာဖြင့်
ရိုးရာ

Today is the day! 🥳 Come and indulge in authentic Kachin cuisine and captivating entertainment. Our event boasts an arra...
10/26/2024

Today is the day! 🥳
Come and indulge in authentic Kachin cuisine and captivating entertainment. Our event boasts an array of Burmese specialties and imported Myanmar groceries from various vendors. Proudly presented by Mef Canada and Kachin Canadian Association with Yoeyer as one of co-sponsor, offering exclusive imports with special discount price.

Come say hi!

Address

Yonge & Bloor
Toronto, ON
M4R1G7

Telephone

+16475149986

Alerts

Be the first to know and let us send you an email when Yoeyer Canada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoeyer Canada:

Share

Category