Mindat. Warrior

Mindat. Warrior Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Mindat. Warrior, Épicerie, Democratic Republic of the.

ထန်တလန် Tilim စစ်ဆင်ရေး ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးသူ ၁၅ ဦးထိရှိလာ ၊ စကစ စခ ၃၀ ကျော် သေပြီး ၅၀ ကျော် ဒဏ်ရ...
30/08/2023

ထန်တလန် Tilim စစ်ဆင်ရေး ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးသူ ၁၅ ဦးထိရှိလာ ၊ စကစ စခ ၃၀ ကျော် သေပြီး ၅၀ ကျော် ဒဏ်ရာရ

Aug 30

CDF-Thangtlang ထုတ်ပြန်ချက်

ထန်တလန်မြို့တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်က ၁၃ ဦးကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခိုနူမ်းသုန်သတင်း၊ ၂၉ ဩဂုတ် ၂၀၂၃ (06...
29/08/2023

ထန်တလန်မြို့တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်က ၁၃ ဦးကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

ခိုနူမ်းသုန်သတင်း၊ ၂၉ ဩဂုတ် ၂၀၂၃

(06SV)

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီတပ်ရင်းစခန်းကို CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က ယမန်နေ့က စီးနင်းတိုက်ခိုက်ရာ တစ်နေကုန်တိုက်ပွဲပြင်းထန်ပြီး ချင်းပူးပေါင်းတပ်က ၁၃ ဦး ကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဩဂုတ် ၂၈ ရက် မနက် ၅ နာရီခန့်တွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA၊ CDF ထန်တလန် ၊ CDF ဟားခါး နှင့် CDF ဇိုဖေ ချင်းပူးပေါင်းတပ်ဖွဲ့သည် ထန်တလန်မြို့က စစ်ကောင်စီတပ်ရင်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ၄ နေရာမှ ပြင်ဆင်ခုခံခဲ့ပြီး ဂျက်ဖိုက်တာ ပစ်ကူများအပြင် လက်နက်ကြီးနှင့် မတန်တဆပစ်ကူပေးကာ ခုခံခဲ့သည်ဟု CNF/CNA က ပြောသည်။

ကျနော်တို့ ဘက်က CNA ရယ်၊ ထန်တလန်၊ ဟားခါး၊ ဇိုဖေ CDF က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထန်တလန်မြို့ စစ်ကောင်စီ တပ်စခန်းကို ကျနော်တို့ တိုက်ခိုက်တယ်။ သူတို့က ၃/၄ နေရာမှာ နေရာယူထားတယ်။ အဲဒါကို ကျနော်တို့က တခါတည်း ဝင်တိုက်တယ်။ တိုက်တဲ့အချိန်မှာ သူတို့ရဲ့ ဂျက်ဖိုက်တာနဲ့ ကျနော်တို့ဘက်ကို ဗုံးကြဲခံရ တယ်။ လက်နက်ကြီးနဲ့ မတန်တဆ ပစ်ခတ်ခံရတယ်။ အဲဒါနဲ့ ကျနော်တို့ဘက်က ၁၃ ဦး ကျတယ်။ ဒဏ်ရာရရှိသူ တချို့ရှိတယ်။ သူတို့ဘက်ကလည်း အထိအခိုက်အကျအဆုံးတော့ တော်တော်များတယ်။
အတိအကျတော့ မသိဘူး ဟု CNF/ CNA မှ ဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲပြင်းထန်မှုတွင် ချင်းအမျိုးသားတပ်မတော် CNA ကရဲဘော် ၆ ဦးနှင့် CDF တပ်ဖွဲ့ကရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက် တပ်သား ၃၀ ခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ များပြား နိုင်သော်လည်း အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။

သို့သော် စစ်ကောင်စီသည် ထိခိုက်ဒဏ်ရာရှိသူများနှင့် သေဆုံးသူများကို လူနာတင်စစ်ကား ၃ စီးနှင့် အရံကားတချို့ဖြင့် ထန်တလန်မှ ဟားခါးဘက်သို့ တင်သွားသည်ကို မြင်တွေ့ရသည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်မှ လေးနေရာက ပြင်ဆင်ခုခံမှုအပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံမှုကို ချင်းကာကွယ်ရေးပူးပေါင်းတပ် ဒရုန်းများနှင့် တွဲ၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လအတွင်း နှစ်ကြိမ်စီးနင်း တိုက်ခိုက်ရာ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ချင်းပူးပေါင်းတပ်က ထိခိုက်ကျဆုံးမှု များပြားခဲ့ရသည်။

တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘက်က အကျအဆုံးရှိသလို၊ သူတို့ဘက်ကလည်း အကျအဆုံးရှိတယ်။ ကျနော်တို့ လက်နက်တချို့ ရရှိတယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်မဲ့ အနေအထားမှာရှိတယ်။ သူတို့ ဘက်ကလည်း ပြင်ဆင်ထားတယ်။ ကျနော်တို့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်ဟု CNF/ CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဩဂုတ် ၁၄ ရက်က ထန်တလန်မြို့၊ စစ်ကောင်စီ၏ ဟောင်ကာဘုံး (Haukabung) စခန်းကို ခငျြးအမြိုးသားတပျဦး CNF/ CNA၊ CDF- ထန်တလန်၊ CDF- ဇိုဖေ နဲ့ CDF Hualngoram ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၂ ဦးကို အရှင်းဖမ်းမိခဲ့သည်။

ယင်းတိုက်ပွဲတွင် RPG ၂ လက်၊ သေနတ် ၃ လက်အပြင် အခြားလက်နက်ခဲယမ်းများကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းဆည်း ရမိခဲ့ပြီး စစ်ကောင်စီက ထိခိုက်ဒဏ်ရာ အများအပြား ရရှိ၍ ဟားခါးဆေးရုံးမှာ ကုသနေရသည်ဟု သိရသည်။

ထန်တလန်မြို့နယ်အနီးတိုက်ပွဲဖြစ်ပွားရာ CDF ပူးပေါင်းအဖွဲ့မှရဲဘော်(၁၁)ဦးကျဆုံး================================  ဩဂုတ် ၂၈,၂...
28/08/2023

ထန်တလန်မြို့နယ်အနီးတိုက်ပွဲဖြစ်ပွားရာ CDF ပူးပေါင်းအဖွဲ့မှရဲဘော်(၁၁)ဦးကျဆုံး
================================ ဩဂုတ် ၂၈,၂၀၂၃
ထန်တလန်မြို့နယ်အနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကာကွယ်ရေးတပ် CDF ပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ CDF ပူးပေါင်းအဖွဲ့မှရဲဘော်(၁၁)ဦးသည် တိုက်ပွဲတွင်ကျဆုံးသွားကြောင်း The Chin Post ထံမှသိရသည်။
တိုက်ပွဲတွင် CNA မှ ရဲဘော်(5)ဦိး, CDF - Zophei မှ( 4)ဦး, CDF - Thantlang( 1)ဦး, CDF - Hakha (1)ဦိး ကျဆုံးသွားကြောင်းကြားသိရပြီး စကစတပ်ဖွဲ့ဝင်များ၏သေဆုံး/ဒဏ်ရာရသတင်းနှင့်ပတ်သက်၍ မသိရသေးပါ။
ဟားခါးမြို့အခြေစိုက် စကစတပ်ရင်းမှ ယနေ့နံနက်ပိုင်း၌ထန်တလန်မြို့အနီးပတ်ဝန်းကျင်ကိုလက်နက်ကြီး(၁၀)လုံးထက်မနည်းရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

28/08/2023

ငှက် ကလေး ေတွက ဆလိုင်း နဲ့ မိုင်လေး တို့ ကို လွမ်းနေကြပြီ

ဧပြီလကနေဩဂုတ်လအတွင်းငှက်မပစ်ဖို့ငှက်မျိုးစိတ်တွေတော်တော်များများဟာ ဧပြီလ ကနေ သြဂုတ်လအတွင်း ဥချပြီး အကောင်ပေါက်တတ်တယ်လို့...
29/04/2023

ဧပြီလကနေဩဂုတ်လအတွင်းငှက်မပစ်ဖို့

ငှက်မျိုးစိတ်တွေတော်တော်များများဟာ ဧပြီလ ကနေ သြဂုတ်လအတွင်း ဥချပြီး အကောင်ပေါက်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဧပြီလကနေ ဩဂုတ်လအတွင်းမှာ တောထွက် ငှက်ပစ်တာမျိုးတွေ မလုပ်ကြဖို့၊ ရှောင်ကြဖို့ တိုက်တွန်းလိုက်ပါရတယ်ခင်ဗျာ

#ချစ်တဲ့မြေဆီက

မင်းတပ်မှာ ၃ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ် မြို့တွင်း ခလရ ၂၇၄ တပ်ရင်းအနီးမှာပါ ပစ်ခတ်မှုဖြစ်ပွားတာလို့ မြေပြင်သတင်းအရင်းမြစ်...
26/04/2023

မင်းတပ်မှာ ၃ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်

မြို့တွင်း ခလရ ၂၇၄ တပ်ရင်းအနီးမှာပါ ပစ်ခတ်မှုဖြစ်ပွားတာလို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။
~~~~
The Mindat Post
၂၆ ဧပြီ၊ ၂၀၂၃၊ မင်းတပ်

မင်းတပ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တို့အကြား ၃ ရက်ဆက်တိုက် ပစ်ခတ်မှု ဖြစ်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကနေ ဒီနေ့ (ဧပြီ ၂၆ ရက်) အထိ ၃ ရက်ဆက်တိုက် ပစ်ခတ်မှု ရှိခဲ့တာပါ။

ဧပြီ ၂၃ ရက်နေ့ မင်းတပ် - ကျောက်ထုလမ်းတနေရာမှာ ကျောက်ထုမြို့ အခြေစိုက် အမှတ် (၃၆၈) အမြောက်တပ်ကနေထွက်လာတဲ့ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ် (CDF ကန်ပက်လက်၊ CDF မင်းတပ် နဲ့ The Youth Force (Saw, Kyaukhtu) တို့ ရေရှင်ရွာအနီး ၁ နာရီဝန်းကျင်ကြာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သား ၇ ယောက်သေ၊ပြီး ပူးပေါင်းတပ် ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ရဲဘော်တဦး ဒဏ်ရာ (မစိုးရိမ်) ရတယ်လို့ ဆိုပါတယ်။

မနေ့ (ဧပြီ ၂၅ ရက်) ကလည်း မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းအနီးနဲ့ ဒီနေ့ (ဧပြီ ၂၆ ရက်) မနက်အစောပိုင်းက အနောက်ရပ်ကွက်၊ ကန်ပက်လက်လမ်းခွဲအနီး ထပ်မံပစ်ခတ်မှု ဖြစ်တာလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၂၅ ရက်၊ ၂၆ ရက်နေ့ ပစ်ခတ်မှုမှာ ထိခိုက်တဲ့အခြေနေအသေးစိပ်ကိုတော့ ထုတ်ပြန်မထားပါဘူး။

အခုတလော စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေတာကြောင့် သတိပေးထုတ်ပြန်ချက်တွေကို နားစွင့်ပေးကြဖို့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

ဓာတ်ပုံ အညွှန်း - မင်းတပ်မြို့ အခြေစိုက် အမှတ် ၂၇၄ တပ်ရင်းအား ၂၀၂၂ မေလအတွင်းက တွေ့ရစဉ်။ (Photo: HKL - MINDAT)



ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊တိုက်နယ် (၁) ပန်းပါ ကျေးရွာအတွင်းလေကြောင်းတိုက်ခိုက်သည့် မှတ်တမ်းများ။CDF...
17/04/2023

ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊တိုက်နယ် (၁) ပန်းပါ ကျေးရွာအတွင်းလေကြောင်းတိုက်ခိုက်သည့် မှတ်တမ်းများ။

CDF-Mindat (သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန)

  | ၂၀၂၃ ဧပြီ ၁၆ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ပန်းပါကျေးရွာအခြေနေ နောက်ဆုံးရသတင်းတွေကို ဖော်ပြထားပါ...
17/04/2023

| ၂၀၂၃ ဧပြီ ၁၆ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ပန်းပါကျေးရွာအခြေနေ နောက်ဆုံးရသတင်းတွေကို ဖော်ပြထားပါတယ်။

လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတဲ့ မင်းတပ်မှာ ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာပြင်းထန် အသက်ဆုံးရှုံးရသူတွေဟာ ၄ နှစ်အရွယ်...
16/04/2023

လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတဲ့ မင်းတပ်မှာ ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာပြင်းထန်

အသက်ဆုံးရှုံးရသူတွေဟာ ၄ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦးလို့ ဆိုပါတယ်။
~~~~
The Mindat Post
၁၆ ဧပြီ၊ ၂၀၂၃၊ မင်းတပ်

မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁ ပန်းပါကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းအပါဝင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဒီနေ့ (ဧပြီ ၁၆ ရက်) ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ၂ ဦး ပွဲချင်းပြီးအသက်ဆုံးရှုံးရသလို ၃ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ တိုက်ခိုက်ခံရတဲ့နေရာကို သွားရောက်ကူညီနေသူက The Mindat Post ကို ပြောပါတယ်။

အမျိုးသမီးတယောက်နဲ့ နောက်တယောက်ကို ဘယ်သူလဲဆိုတာ အတည်မပြုနိုင်သေးဘူး၊ ၂ ယောက် ပွဲချင်းပြီးပါ။ ဒဏ်ရာရတဲ့သူတွေ ဦးစားပေးနေရတော့လေ၊ ဆုံးသွားတဲ့ အမျိုးသမီးက ကျနော့် သူငယ်ချင်း အမေ။ လို့ ဒီကနေ့ ညနေ ၅ နာရီကျော်မှာ ပြောပါတယ်။

အသက်ဆုံးရှုံးရသူတွေထဲမှာ အမျိုးသမီးတဦးနဲ့ အသက် ၄ နှစ်အရွယ်ကလေးငယ်တဦး ပါသွားတယ်လို့ နောက်ထပ်သတင်းရင်းမြစ်က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပါ မင်းတပ် ခလရ ၂၇၄ နဲ့ ကျောက်ထုအမြောက်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ကူနေတာကြောင့် နေအိမ်တချို့ပါ မီးလောင်ပျက်စီးရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ပန်းပါကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ပန်းပါကျေးရွာအပါဝင် အနီးနားက ပြည်သူ ရာချီ ဘေးလွတ်ရာတောတောင်ထဲ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်မှာ အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို နေပြည်တော် လေတပ်စခန်းက ဂျက်ဖိုက်တာ ၂ စင်းက တိုက်ခိုက်တာလို့ (WaiHin) ဆိုပါတယ်။

အခုရက်သတ္တပတ်ထဲ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အသက်ဆုံးရှုံးရသူအရေတွက် ၂၀၀ ကျော်ရှိနေပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့အရပ်သားပြည်သူ များစွာပါဝင်နေပါတယ်။

စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေအပေါ် ဒီလိုပစ်မှတ်ထား တိုက်ခိုက်တာမျိုး သူတို့လုပ်တာမရှိဘူးလို့ အ၊သေ၊အလဲ ငြင်းဆန်လေ့ရှိပါတယ်။

တကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာတဲ့ မင်းတပ်မြို့နယ်မှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဗုံးခိုကျင်းတွေ အမြန်ဆုံးတူးထားကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေမှာ ရိုးရာပွဲလမ်းသဘင်၊ လူစု၊ လူဝေးလုပ်တာမျိုး ရှောင်ကြဖို့လည်း ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ အညွှန်း - ၂၀၂၃ ဇန်နဝါရီက တိုက်ခိုက်ခံရသည့် မင်းတပ်မြို့နယ်တနေရာအား တွေ့ရစဉ်။ (Photo: MTPA)




ဟားခါးမှာ ရွာလုံးကျွတ် မီးရှို့ခံရမှု ထပ်မံဖြစ်ပွား~~~~The Mindat Post၁၆ ဧပြီ၊ ၂၀၂၃၊ ဟားခါးဟားခါးမြို့ကနေ ၃ ဖာလုံလောက်ပဲ...
16/04/2023

ဟားခါးမှာ ရွာလုံးကျွတ် မီးရှို့ခံရမှု ထပ်မံဖြစ်ပွား
~~~~
The Mindat Post
၁၆ ဧပြီ၊ ၂၀၂၃၊ ဟားခါး

ဟားခါးမြို့ကနေ ၃ ဖာလုံလောက်ပဲဝေးတဲ့ နှီယာလောန်ထာရ်ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရမှု ထပ်မံဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Chin Journal က ဖော်ပြပါတယ်။

မနေ့က (ဧပြီ ၁၅ ရက်) အိမ်ခြေ ၄၀ ဝန်းကျင်ရှိတဲ့ နှီယာလောန်ထာရ်ကျေးရွာထဲကို စစ်ကောင်စီက ဝင်ရောက်မီးရှို့တာဖြစ်ပြီး ၄ အိမ်ပဲကျန်တယ်လို့ ဒေသခံ မျက်မြင်တဦးရဲ့ ပြောကြားချက်ကိုလည်း ထည့်သွင်းရေးသားပါတယ်။

ချွန်ကျုံးကျေးရွာအနီး ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကူပေးဖို့သွားတဲ့ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းက ဝင်ရောက်တပ်စွဲပြီး မီးရှို့တာလို့ ဆိုပါတယ်။

နှီယာလောန်ထာရ်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရမှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးကို ဆက်သွယ်ခဲ့ပေမယ့် ရွာထဲမီးလောင်တာမှန်ကန်ပေမယ့် လုံခြုံရေးအရ တခြားအကြောင်းတွေ မဖြေကြားနိုင်သေးဘူးလို့ The Mindat Post ကို အကြောင်းပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်ထဲကို သံချပ်ကာ ၂ စီးအပါဝင် ကားအစီး ၃၀ နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတဝက်မှာတင် ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်ခံရပြီး အထိခိုက်များခဲ့ပါတယ်။

လက်ရှိမှာ ဆယ်ဂဏန်းဝန်းကျင်သာကျန်တဲ့ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့တို့ နောက်ထပ်ထိတွေ့တိုက်ပွဲ ရှိနေတာလို့ယူဆရပြီး တိုက်ပွဲဖြစ်စဉ်အသေးစိပ်ကိုတော့ The Mindat Post အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း မင်းတပ်မြို့နယ်ဒေသခံအများစု ခိုလှုံနေထိုင်နေတဲ့ ဆောမြို့နယ်ရှိ စစ်ရှောင်တဲ အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသလို မတူပီ - ပလက်ဝကားလမ်းမပေါ် ဝလံတဲကျေးရွာ၊ ကလားကျေးရွာတွေမှာလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရပါတယ်။

အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြီးရင် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ခံရတာ တတိယအများဆုံးလို့ Data for Myanmar က ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စာရင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ အညွှန်း - ၂၀၂၃ ဧပြီ ၁၅ ရက်နေ့ မီးရှို့ခံရသည့် နှီယာလောန်ထာရ်ကျေးရွာရှိ နေအိမ်များအား တွေ့ရစဉ်။ (Photo: The Chin Journal)




  | လက်နက်ကြီးရန်၊ လေကြောင်းရန်ကာကွယ်နိုင်အောင် ဗုံးခိုကျင်းတွေ တူးထားဖို့ မင်းတပ် (ပအဖ) နဲ့ CDF မင်းတပ် ပူးတွဲထုတ်ပြန်လ...
15/04/2023

| လက်နက်ကြီးရန်၊ လေကြောင်းရန်ကာကွယ်နိုင်အောင် ဗုံးခိုကျင်းတွေ တူးထားဖို့ မင်းတပ် (ပအဖ) နဲ့ CDF မင်းတပ် ပူးတွဲထုတ်ပြန်လာ

ပြီးခဲ့တဲ့ ၃ လက မင်းတပ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးအပါဝင် လေကြောင်းကနေ အကြိမ် ၅၀ ထက်မနည်း တိုက်ခိုက်ခံရ
~~~~
The Mindat Post
၁၅ ဧပြီ၊ ၂၀၂၃၊ မင်းတပ်

စစ်ကာင်စီရဲ့ လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်)၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ကာကွယ်ပေးနိုင်တဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ CDF မင်းတပ်က ပူးတွဲထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက နိုင်ငံ့အနှံ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်တာမျိုးကို နေ့မနား၊ ညမအား ဆက်တိုက်ကျူးလွန်လာတာကြောင့် ဧပြီ ၁၄ ရက်နေ့မှာ CDF မင်းတပ်အနေနဲ့ ဒုတိယအကြိမ် ထုတ်ပြန်လာကြတာပါ။

CDF မင်းတပ်ကတော့ ခုထုတ်ပြန်ချက်ကို ပြည်သူတွေ အမြန်ဆုံးလိုက်နာပေးဖို့နဲ့ ဗုံးခိုကျင်းတွေ တူးတဲ့နေရာမှာလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီရမယ် လို့ အထူး တိုက်တွန်းပါတယ်။

ဒါ့အပြင် မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေမှာ ရိုးရာပွဲလမ်းသဘင်၊ လူစု၊ လူဝေးလုပ်တာမျိုးရှောင်ကြဖို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆော်ဩထားပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်မှာ ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းအားလုံး ဖြတ်တောက်ခံထားရတာကြောင့် ဒီထုတ်ပြန်ချက်တွေကို နီးစပ်ရာတွေမှာ ဖြန့်ဝေပေးဖို့ကိုလည်း CDF မင်းတပ် ပြန်ကြားရေးတာဝန်ရှိသူက တောင်းဆိုပါတယ်။

ခုထုတ်ပြန်ချက်ကို တွေ့တဲ့ဘယ်သူမဆို ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာတွေကို ရတဲ့နည်းနဲ့ ဖြန့်ပေးကြဖို့ပါ။ လို့ The Mindat Post ကို ပြောပါတယ်။

ခုရက်သတ္တပတ်ထဲ စစ်ကောင်စီ ပစ်ချလို့ မပေါက်ကွဲသေးတဲ့ ဖျက်အားပြင်း ဗုံးကျည်ဆံတွေ မင်းတပ်မြို့နယ်နေရာတချို့မှာ ရှိနေတာကြောင့် CDF မင်းတပ်က ဖယ်ရှားရှင်းလင်းတာကို ဦးစားပေးလုပ်ဆောင်နေပါတယ်။

ဒီလို ဗုံးကျည်ဆံတွေ တွေ့ရှိရင် ထိတွေ့ကိုင်တွယ်တာမျိုးမလုပ်ဘဲ နီးစပ်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ CDF မင်းတပ်က တပါတည်း ထုတ်ပြန်ထားတာပါ။

တကျော့ပြန် ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ မင်းတပ်မြို့နယ်မှာ ၂၀၂၃ အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၅၀ ထက်မနည်း ရှိနိုင်တယ်လို့ The Mindat Post က စုံစမ်းသိရပါတယ်။

ဓာတ်ပုံ အညွှန်း - CDF မင်းတပ်ရဲဘော် ၂ ဦးအား ၂၀၂၂ စက်တင်ဘာလအတွင်းက မင်းတပ်မြို့နယ်တနေရာ၌ တွေ့ရစဉ်။ (Photo: The Mindat Post)




Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Mindat. Warrior publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager