Myo koko Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Myo koko, Épicerie, Democratic Republic of the.

25/04/2024

ပင်လယ်ရေပြင်ကြီး ကျယ်တာကို
ဘယ်သူမှ အပြစ်တင်ဘူးဆိုရင်...

နဖူးပြင်ကြီးကျယ်တဲ့ ပြောင်ကြီးတွေကို
ခင်ဗျားတို့ အပြစ်မပြောသင့်ဘူး...

နဖူးပြင်ကျယ်ကျယ်ထက်မှာ စိုက်ခွင့်ရတဲ့
အနမ်းပန်းတွေက ပိုပြီး မွှေးတယ်ဆိုတာ
ခင်ဗျားတို့ မသိလို့လား...

ဆံမြိတ်လေးကိုချပြီး နှဖူးပြောင်တာလေးကို
ဖုံးကွယ်တာကလွဲရင် အဖြူရောင်သက်သက်
နှဖူးလေးကို ပိုင်ဆိုင်ထားကြတာပါ...

ဆံမြိတ်ချထားတဲ့ နှဖူးလေးက
လေတိုက်မှာကို ကြောက်တယ်ဗျ

ခင်ဗျားတို့ကသာ ပြောင်ကြီးလို့
ပေါ့ပေါ့လေးပဲ ခေါ်လိုက်တာ
ကျွန်တော့မှာ ကမ္ဘာကြီးကိုပျက်လို့...

အဲဒီနှဖူးလေးကို ကျွန်တော့နှလုံးသားက
အလုပ်ကျွေး ပြုနေတာဗျ...

ခင်ဗျားတို့ ပြောင်ကြီးလို့ ထပ်ခေါ်ရင်
တတိယကမ္ဘာစစ်ကို ကျွန်တော်စမယ် ၊

သူမ နှဖူးလေးက မဟာဆန်တဲ့
နှဖူးဆိုတာ ခင်ဗျားတို့မှမသိတာ

မဟာဆန်တဲ့ " ကောင်မလေး ရေ "
ရှင်သန်ခွင့်ပေးမယ်ဆိုရင် မင်းနှဖူးလေးအဖြစ်နဲ့ပဲ
အစ်ကို မင်းနဲ့ အသက်ဆက်ချင်ပါတယ်...

ဒါကြောင့်...
မင်းနှဖူးထက်မှာ အစ်ကို စာရေးလိုက်တယ်
" နှဖူးပြောင်လဲ ချစ်တယ် "

#𝕾𝖆𝖗𝖙𝖔

#𝘿𝙊𝙍𝘼

25/04/2024
21/04/2024

မဂ်လာပါ

ကမ္ဘာတစ်ဖက်မှာ လူနှစ်ယောက်ရယ်မောသံတွေလွှမ်းနေရင်ကမ္ဘာတစ်ဖက်မှာ လူတစ်ယောက် အရက်နာကျပြီးနွမ်းကြေနေမယ်။ #🤝
09/04/2024

ကမ္ဘာတစ်ဖက်မှာ
လူနှစ်ယောက်
ရယ်မောသံတွေလွှမ်းနေရင်

ကမ္ဘာတစ်ဖက်မှာ
လူတစ်ယောက် အရက်နာကျပြီး
နွမ်းကြေနေမယ်။

#🤝

ကျနော်.. လူတစ်ယောက်ကြောင့် ပျော်ရွှင်ခဲ့ဖူးတယ်ဗျ ဒါပေမဲ့ အဲ့ဒီလူတစ်ယောက်ကြောင့်နဲ့ပဲ ကျနော် ညတွေ မအိပ်ပဲနဲ့ ငိုခဲ့ဖူးတယ်...
08/04/2024

ကျနော်.. လူတစ်ယောက်ကြောင့်

ပျော်ရွှင်ခဲ့ဖူးတယ်ဗျ ဒါပေမဲ့

အဲ့ဒီလူတစ်ယောက်ကြောင့်နဲ့ပဲ

ကျနော် ညတွေ မအိပ်ပဲနဲ့ ငိုခဲ့ဖူးတယ် ။

-ဗွန်း

ပူအိုက်လွန်းလို့ အိပ်မရနိုင်တဲ့ညတွေမှာပေါ့အချစ်ရယ်ဘာမီတွန်စိပ်ပုတီးကို စိပ်ရင်းချစ်သူသရဏံဂစ္ဆာမိပါ နွေရာသီရေ...။ခန္ဓာငါး...
08/04/2024

ပူအိုက်လွန်းလို့ အိပ်မရနိုင်တဲ့ညတွေမှာပေါ့အချစ်ရယ်
ဘာမီတွန်စိပ်ပုတီးကို စိပ်ရင်း
ချစ်သူသရဏံဂစ္ဆာမိပါ နွေရာသီရေ...။

ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး သံသရာဝဋ်ဆင်းရဲအပေါင်းမှ
လွတ်မြောက်ချင်ရုံသက်သက်နဲ့
မင်းနာမည်လေးရေရွတ်မိပြန်တယ်။

ဟောဒီ ဂိမ္မန္တရာသီဥတုကို
ရေခဲသတ္တာထဲထုပ်ပိုးထားသော်လည်း
ခေတ်စနစ်အရ...
မင်းအပြုံးလေးမှာ အရည်ပျော်ရတာပါပဲ။

လက်ပံတွေဝေ သစ်ရွက်တွေကြွေရင်ဖြင့်
မမြဲခြင်းသဘောတရားကို မင်းဆီမှသင်ယူရရှိခဲ့တယ်
လောင်မြိုက်ခြင်းသဘောတရားကို ဘာဏုရာဇာနေမင်းဆီမှ သင်ယူရရှိခဲ့တယ်။

ခြွင်းချက်အနေနဲ့အသဲကွဲခဲ့သော်လည်း
ရယူပိုင်ဆိုင်ခြင်းကလွဲ...
အရာအားလုံးကို သင်ယူတတ်​မြောက်ခဲ့ပါတယ်အချစ်ရယ်။

သံသရာခရီးဝယ် အအေးဓာတ်၊အကြည်ဓာတ်ဝေမျှရာ စတုဒိသာမဏ္ဍပ် တွေ့ခဲ့သော်လည်း
မင်းရှိတယ်အသိနဲ့ နိဗ္ဗာန်လမ်းမှ လှည့်ပြန်ခဲ့ရသည်အထိ
အချစ်ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ပါတယ်။

ရှူလေ ရှိုက်လေ ၊ ရုန်းလေ ကျွံလေ
ကာမတဏှာနွံအိုင်ကြီးထဲ မင်းလက်ကိုစွဲ မြဲမြဲတွဲ၍
နစ်စေက နစ်စေလို...။

ဥတုရာသီ ၊ တောကိုမှီ၍
တောပြုန်း ၊ တောင်ပြုန်းဒီနိုင်ငံမှာ
ပူစေက ပူစေလို...။

-ဘယ်လာခင်

27/02/2024

စွန့်လွှတ်ခံရတယ်

19/02/2024

အမေ့အိမ်လေးကိုလွမ်းတယ်ဗျ

14/02/2024

မပက်သက်တော့တာပါ

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Myo koko publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager