Tint Tint - တင့်တင့် မြန်မာ့ရိုးရာ မုန့်မျိုးစုံ လုပ်ငန်း

  • Home
  • Dominica
  • Ranchi
  • Tint Tint - တင့်တင့် မြန်မာ့ရိုးရာ မုန့်မျိုးစုံ လုပ်ငန်း

Tint Tint - တင့်တင့်  မြန်မာ့ရိုးရာ မုန့်မျိုးစုံ လုပ်ငန်း “Heritage on a plate: Reviving Myanmar’s sweet story, One Dessert at a Time”
(1)

�ရန်ကင်းဆိုင်- ရန်ကင်း ၁၂လုံးတန်းမီးပွိုင့်ထောင့်

ဆိုင်ဖွင့်ချိန် -မနက် ၇:၃၀ မှ ညနေ ၅:၀၀

- လပြည့်/လကွယ်နေ့တိုင်းပိတ်ပါသည်

-မနက် ၇:၃၀ မှ နေ့လည် ၁၂:၀၀ထိ
မုန့်အစုံရပါသည်...၁၂:၀၀ နောက်ပိုင်း သိပ်မစုံတော့ပါ
( မုန့်များအား တနေ့စာ တနေ့သာလုပ်ပါသည်)

​�နေ့ချင်းအော်ဒါ
**************
ဆိုင်ဖုန်း-၀၉၄၄၆၆၂၂၈၇၁ သို့ဆက်သွယ်မှာယူနိုင်ပါသည်။

�တရက်ကြိုအော်ဒါများအား
*************************
အော်ဒါဖုန်း ( delivery)
၀၉၄၂၀၀၄၆၆၁၁,၀၉၄၃၀၉၆၅၃၇ ( သို့မဟုတ်)
page messenger မှ မှာယူလိုသောမုန့်အမျိုးအစား,
ပို့ရမည့်လိပ်စာ,ဖုန်း နံပတ်များပို့၍ ကြိုတင်အော်ဒါမှာယူနိုင်ပါသည်။

�ရရှိနိုင်သော မြန်မာမုန့်မီနူးများ�
*******************************
�တပွဲ (၁၅၀၀)တန်�
**********************
၁)ဌက်ပျောပေါင်း
၂)ဂျုံကြို
၃)မုန့်ကြာစိသာကူ
၄)သာခွေယိုင်
၅)ဆီထမင်း
၆)ငချိတ်ပေါင်း
၇)ကောက်ညှင်းပြန်ပေါင်း
၈)မုန့်စိမ်းပေါင်း
၉)မုန့်ဗိုင်းတောင့်
၁၀)ဘိန်းမုန့်
၁၁)မုန့်ပြားသလပ်
၁၂)မုန့်လိပ်ပြာ
၁၃)မုန့်လက်ကောက်
၁၄)နှမ်းကပ်ကြော်
၁၅)ဆပ်သဖူး
၁၆)ကြိတ်မုန့်
၁၇)မုန့်ဖက်ထုပ်
၁၈)ဌက်ပျောကောက်ညှင်းထုပ်
၁၉)မုန့်ကျွဲသဲ
၂၀)အုန်းနို့သာကူ
၂၁)ရွှေကြည်ဆနွင်းမကင်း
၂၂)အာလူးဆနွင်းမကင်း
၂၃)ဌက်ပျောဆနွင်းမကင်း
၂၄)ကောက်ညှင်းရွှေကြည်
၂၅)မုန့်လုံးကြီးအုန်းနို့ဆမ်း
၂၆)မုန့်လုံးရေပေါ်
၂၇)အုန်းနို့ကျောက်ကျော
၂၈)ထန်းသီးကျောက်ကျော
၂၉)ဆွမ်းမွှေးကျောက်ကျော
၃၀) ချောကလပ်နို့စိမ်းကျောက်ကျော

�Set Menu�
***************
၁) ဆနွင်းမကင်းအစုံဗူး - ၉၅၀၀ ကျပ်
(ရွှေကြည်,အာလူး,ကောက်ညှင်း,ဌက်ပျော,အုန်းနို့သာကူ,မုန့်ကျွဲသဲ)

၂) ဆပ်သဖူးမုန့် ဗူး- ၅၀၀၀ ကျပ်

၃)ကြိတ်မုန့်ဗူး - ၅၀၀၀ ကျပ်

၄)ဖက်ထုပ် set - ၆၅၀၀ ကျပ်
(မုန့်ဖက်ထုပ်,ကောက်ညှင်းထုပ် )

၅)ကောက်ညှင်း set -၆၅၀၀ ကျပ်
(ဆီထမင်း,ဆပ်သဖူး,မုန့်လက်ကောက်,နှမ်းကပ်)

၆)ဆန်မုန့် set -၆၅၀၀ ကျပ်
(မုန့်စိမ်းပေါင်း,မုန့်လိပ်ပြာ,မုန့်ပြားသလပ်,ဘိန်းမုန့်)

�Frozen Product�
**********************
၁) Frozen မုန့်လက်ကောက် တထုပ်-၃၉၀၀ ကျပ်
၂) Frozen မုန့်ဖက်ထုပ် တထုပ်-၃၉၀၀ ကျပ်
၃) Frozen မုန့်လုံးကြီး တထုပ်- ၄၃၀၀ ကျပ်
၄) Frozen နှမ်းကပ်ကြော် တထုပ်-၃၉၀၀ ကျပ်
၅)Frozen မုန့်ဗိုင်းတောင့် တထုပ်-၃၉၀၀ ကျပ်
၆) Frozen မုန့်ကြာစိ တထုပ်-၃၅၀၀ ကျပ်
၇) Frozen မုန့်လုံးရေပေါ် တထုပ်-၃၅၀၀ကျပ်

05/09/2026

ခေါ်ကြတာက "မုန့်ကျွဲသဲ"... သဘောကျကြတာက "စိမ့်အိမွှေး" 🤎🥥
ရှေးယခင်ကတည်းက မြန်မာ့ရိုးရာ မုန့်ပွဲတော်တွေမှာ မပါမဖြစ် ပါဝင်လေ့ရှိတဲ့ "မုန့်ကျွဲသဲ" ရဲ့ မုန့်ရာဇဝင်လေးကို သိကြပါသလား?
မုန့်ရဲ့ အိစိစိနဲ့ စိမ့်အိနေတဲ့ ထိတွေ့မှု၊ ထန်းညှက်ရည်ကြောင့် ထွက်ပေါ်လာတဲ့ သဘာဝ ညိုစိမ့်စိမ့်အရောင်လေးတွေဟာ ရေနက်ပိုင်းက စိမ့်အိနေတဲ့ ကျွဲသဲမြေတိုက်နဲ့ တူလို့ ရှေးလူကြီးများက ချစ်စနိုးနဲ့ "မုန့်ကျွဲသဲ" လို့ တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
✨ တင့်တင့် ရဲ့ မုန့်ကျွဲသဲ က ဘာကြောင့် အထူးသီးသန့်ဖြစ်ရတာလဲ?
သဘာဝ ကုန်ကြမ်းစစ်စစ်: ဓာတုဆိုးဆေး လုံးဝမပါဘဲ သဘာဝ ဆန်စစ်စစ်နဲ့ ထန်းညှက်ကောင်းကောင်းကိုသာ စနစ်တကျ အချိုးကျကျိုချက်ထားတာဖြစ်ပါတယ်၊
အနံ့၊ အရသာ စိမ့်အိမွှေး: လက်ရာမပျက် သမအောင် မွှေကျိုထားလို့ နူးညံ့ပြီး စိမ့်အိနေတဲ့ အရသာကို အပြည့်အဝ ရရှိစေပါတယ်။
အုန်းသီးနုနုလေးနဲ့ အလိုက်ဖက်ဆုံး: အုန်းသီးနုနု ဖတ်ဖတ်လေးတွေဖြန်းပြီး တွဲဖက်စားသုံးလိုက်ရင် ထန်းညှက်ရဲ့ သဘာဝအချိုနဲ့ အုန်းသီးရဲ့ အစိမ့်တို့ ပေါင်းစပ်ပြီး နှုတ်ခမ်းဖျားမှာ စွဲကျန်ခဲ့မယ့် ရိုးရာအရသာစစ်စစ်ကို ရရှိမှာပါ။
ရှေးရိုးရာ မုန့်ကျွဲသဲရဲ့ စိမ့်အိမွှေး အရသာစစ်စစ်ကို မြည်းစမ်းချင်တယ်ဆိုရင်တော့ တင့်တင့် ရိုးရာမုန့်များကို အခုပဲ မှာယူလိုက်ပါနော်။
Ph-09420046611
#တင့်တင့် #မြန်မာ့ရိုးရာမုန့် #မုန့်ကျွဲသဲ

04/09/2026

🎁 လှူဒါန်းဖို့…… ကန်တော့ဖို့ အကောင်းဆုံး… Tint Tint မြန်မာ့ရိုးရာ မုန့်စုံ Gift Box 🎁
ဝါတွင်းကာလမှာ လူကြီးမိဘများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် ဆရာသမားများကို မွန်မြတ်သော စေတနာဖြင့် ကန်တော့လှူဒါန်းချင်သူများအတွက် အထူးသင့်တော်တဲ့ Gift Box လေး ဖြစ်ပါတယ်… ✨
✨ " Tint Tint " Gift Box ရဲ့ အထူးခြားချက်များ
၁၀၀% သက်သတ်လွတ် စစ်စစ် ဖြစ်လို့ ဝါတွင်းကာလမှာ စိတ်ချလက်ချ သုံးဆောင် လှူဒါန်းနိုင်ခြင်း
မြန်မာ့ရိုးရာ မုန့်မျိုးစုံ အရသာစုံလင်စွာ ပါဝင်ပြီး Premium Design ဖြင့် သပ်ရပ်လှပစွာ ထုပ်ပိုးထားခြင်း
လှူဒါန်းရာတွင်လည်း ကြည့်ရှုသူတိုင်း စိတ်ချမ်းမြေ့စေမည့် တင့်တယ်လှပသော လက်ဆောင်ဖြစ်ခြင်း
မြတ်နိုးရသူများအတွက် မွန်မြတ်သော လက်ဆောင်အဖြစ် Tint Tint မြန်မာ့ရိုးရာ မုန့်စုံ Gift Box ကို ရွေးချယ်လိုက်ပါနော်။ 💛
📞 မှာယူရန်/စုံစမ်းရန် - 09420046611
📍 ဆိုင်လိပ်စာ - စံထိပ်ထား Food center , မိုးကောင်းလမ်းနဲ့ ဘိုးရာဇာလမ်းထောင့် , ရန်ကင်း https://maps.app.goo.gl/ASNEhdrREYJPyvY9A?g_st=ic

02/09/2026

“Home and Heart “က စီစဉ်တဲ့ PassiontoProfession in AIera ပွဲလေးမှာ ကလေးတွေရဲ့ အပြုံးတွေနဲ့အတူ "တင့်တင့်" ပါဝင်ခွင့်ရခဲ့ပါတယ် ✨🥰

30.8.26 နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Home and heart ရဲ့ ပွဲတော်လေးမှာ တင့်တင့် ကနေ ကလေးတွေအတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြန်မာ့ရိုးရာ မုန့်ပဲသရေစာလေးတွေကို အသန့်ရှင်းဆုံး ပြင်ဆင်ဧည့်ခံပေးခဲ့ပါတယ်။ 💚

ကျောင်းပွဲတော်လေးတွေကတစ်ဆင့် သားသားမီးမီးတို့ ရိုးရာမုန့်စစ်စစ်ရဲ့ အရသာကို ကြိုက်နှစ်သက်ပြီး ငါတို့ရဲ့ "မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်" လေးကို ပါးစပ်ဖျားမှသည် ရင်ထဲအထိ လက်ဆင့်ကမ်း အမွေဆက်ခံနိုင်ဖို့ တင့်တင့် တို့က အမြဲကြိုးစားလျက်ရှိပါတယ်။
ကလေးတွေရဲ့ တက်ကြွတဲ့ အပြုံးလေးတွေ၊ ရိုးရာမုန့်လေးတွေကို အရသာရှိရှိ သုံးဆောင်နေကြတဲ့ မြင်ကွင်းလေးတွေကြောင့် စိတ်ချမ်းမြေ့ပီတိဖြစ်ရတဲ့ ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်။

လှပတဲ့ ပွဲလေးတစ်ပွဲဖြစ်အောင် ဖန်တီးပြီး တင့်တင့် ကို ပါဝင်ခွင့်ပေးခဲ့တဲ့ Home and heart နဲ့တကွ မုန့်များလာရောက်အားပေးကြသူတစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏✨

01/09/2026

လာမယ့် သီတင်းကျွတ်မှာ သင့် ရဲ့ တန်ဖိုးရှိလှတဲ့ B2B Clients တွေနဲ့ ဝန်ထမ်းတွေကို လှပသပ်ရပ်ပြီး အဓိပ္ပာယ်ရှိတဲ့ ရိုးရာ လက်ဆောင်လေး ပေးချင်ပါသလား…❓
"တင့်တင့်" ရဲ့ သီတင်းကျွတ် ဂါရဝပြု Gift Sets လေးတွေက -
✨ မြန်မာ့ရိုးရာ မုန့်အမျိုးအစား ပေါင်းများစွာကို သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးထားခြင်း
✨ ကျန်းမာရေးနှင့် ညီညွတ်ပြီး လူကြီးမိဘများ သဘောကျ နှစ်သက်သည့် အရသာဖြစ်ခြင်း
✨ Corporate Gifts များကို Logo & Card ဖြင့် အထူးပြင်ဆင်ပေးခြင်း
လှပတဲ့ ဝါးခြင်းလေးတွေနဲ့ သပ်ရပ်စွာ ပြင်ဆင်ထားလို့ လက်ဆောင်ရသူတိုင်း သဘောကျစေမှာ အသေအချာပါပဲ။
📦 Corporate Pre-order သီးသန့် Discount မေတ္တာလက်ဆောင်များလည်း ရှိတာမို့ အခုပဲ ဆက်သွယ်လိုက်ပါနော်။
📞 ဖုန်း - 09-420046611,0943096537

📍 Chatbox မှလည်း တိုက်ရိုက် စုံစမ်းမှာယူနိုင်ပါသည်။

#ဂါရဝပြုလက်ဆောင်

20/08/2026

သူမရဲ့သိပ်ကိုဂုဏ်ယူရသော…ဟောင်ကောင်မြို့ အစားအသောက်ပြပွဲခရီး အပိုင်း (၁)



#တင့်တင့်

12/08/2026

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့်
တင့်တင့်

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ နှင့်တင့်တင့်   #တင့်တင့်
12/08/2026

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ နှင့်တင့်တင့်



#တင့်တင့်

လူမျိုးဘာသာမရွေး… စားသုံးနိုင်ပါပြီရှင် 😇
10/08/2026

လူမျိုးဘာသာမရွေး… စားသုံးနိုင်ပါပြီရှင် 😇

08/08/2026

မုန့်မသစ်လေးစမ်းထားတယ်….သိပ်ကိုအရသာရှိတယ်ရယ်….ဆွမ်းမွှေးနဲ့လေးသင်းသင်းရယ် အုန့်နို့အရသာအဆိမ့်ရယ် ချိုပေါ့ဆိမ့်မွှေးလေးပါရှင်…..

#ဆွမ်းမွှေးအိတုံ
#တင့်တင့်

Address

Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09420046611

Website

Alerts

Be the first to know and let us send you an email when Tint Tint - တင့်တင့် မြန်မာ့ရိုးရာ မုန့်မျိုးစုံ လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tint Tint - တင့်တင့် မြန်မာ့ရိုးရာ မုန့်မျိုးစုံ လုပ်ငန်း:

Shortcuts

Share