U Latt Yar - ဦးလက်ရာ

U Latt Yar - ဦးလက်ရာ သန့်ရှင်းလတ်ဆတ်သော မြန်မာမုန့်များကို သုံးဆောင်မယ်ဆိုရင် ဦးလက်ရာကို ဆက်သွယ်လိုက်ပါ....

ဦးလက်ရာရဲ့ ခရစ္စမတ်ဒိုဒိုး (မုန့်ကုလားမဲ)....Not for Sale. Just for Bless.  {22-12-2025}
22/12/2025

ဦးလက်ရာရဲ့ ခရစ္စမတ်ဒိုဒိုး (မုန့်ကုလားမဲ)....

Not for Sale. Just for Bless.



{22-12-2025}

မုန့်ကုလားမဲ (ဒိုဒိုး)ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ မလုပ်ဖြစ်တာကြာတဲ့ ဒိုဒိုးလေး လုပ်ဖြစ်တယ်...ငယ်တုန်းက ခရစ္စမတ်ရောက်ပြီဆ...
13/11/2025

မုန့်ကုလားမဲ (ဒိုဒိုး)

ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ မလုပ်ဖြစ်တာကြာတဲ့ ဒိုဒိုးလေး လုပ်ဖြစ်တယ်...

ငယ်တုန်းက ခရစ္စမတ်ရောက်ပြီဆို အမြဲတမ်းစားရတဲ့ မုန့်လေးပေါ့...

ငယ်တုန်းက အမှတ်တရလေးကို လွမ်းမိလို့ လုပ်ဖြစ်ခဲ့တယ် ဒိုဒိုးလေးက အနံ့လေးကို မွှေးလို့...





{13-11-2025}

U Latt Yar - ဦးလက်ရာရဲ့ ပုသိမ်ဟာလဝါဆိုတာ တကယ်စားကောင်းမကောင်းက လက်တွေ့စားဖူးတဲ့သူတွေဘဲ သိတယ်ဗျ...သန့်ရှင်းပြီး အရသာရှိအေ...
13/09/2025

U Latt Yar - ဦးလက်ရာရဲ့ ပုသိမ်ဟာလဝါဆိုတာ တကယ်စားကောင်းမကောင်းက လက်တွေ့စားဖူးတဲ့သူတွေဘဲ သိတယ်ဗျ...

သန့်ရှင်းပြီး အရသာရှိအောင် သေချာလေးလုပ်ထားတာမို့ တကယ်စားကောင်းပါတယ်လို့ ပြောကြာတာလေဗျာ...

ဦးလက်ရာက အမြတ်အတွက် အဓိကမထားတာမို့ စားသုံးသူအတွက် ပေးရတဲ့ဈေးနဲ့လည်း တန်စေရမယ်ဗျ...

အရသာက မြန်မာပြည်ပြန်ရောက်သွားသလို တစ်ဘူးကို တစ်ယောက်စားရင်တောင် ထပ်စားချင်နေတာမျိုးပါဆို...

ဘာလို့ စားပြီးရင်းစားချင်လဲဆိုတော့ ဆီတွေမများတော့ အီမနေသလို အချိုမကဲပေမဲ့ ချိုတဲ့အရသာလေးရယ်၊ ready made အုန်းနို့မဟုတ်ဘဲ သဘာဝအုန်းနို့စိမ့်စိမ့်လေးရယ်ကြောင့် ပိုပြီးစားကောင်းနေတာဗျ...

အားပေးကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ...


#ပုသိမ်ဟာလဝါ
#ကန်စွန်းဥဆနွင်းမကင်း
#ရွှေကြည်ဆနွင်းမကင်း

#မြန်မာမုန့်
#မုန့်ဦးနှောက်
#ငှက်ပျောရွှေကြည်
#အုန်းနို့ကျောက်ကျော
{13-09-2025}

ဦးတို့ငယ်တုန်းက ချောင်းသာ/ငွေဆောင်သွားပြီဆို အိမ်အပြန်လက်ဆောင်က ပုသိမ်ဟာလဝါဘဲ အရဝယ်သလို အရမ်းလည်းကြိုက်ခဲ့ရတယ်... အသိမိတ...
07/09/2025

ဦးတို့ငယ်တုန်းက ချောင်းသာ/ငွေဆောင်သွားပြီဆို အိမ်အပြန်လက်ဆောင်က ပုသိမ်ဟာလဝါဘဲ အရဝယ်သလို အရမ်းလည်းကြိုက်ခဲ့ရတယ်...

အသိမိတ်ဆွေတွေ ချောင်းသာသွားလို့ လက်ဆောင်ပါလာတဲ့ ဟာလဝါဘူးဆို အိမ်မှာ ခွဲတမ်းကျနဲ့စားရတော့ ၂၅/-သားဗူးလေးက တစ်ယောက် ဘယ်လောက်မှ မစားရဘူးရယ်...

ခုလို အမိမြေနဲ့ ဝေးနေတဲ့အချိန်မှာ ချောင်းသာဆိုတာ ဘာမှန်းမသိသလို အိမ်ပြန်လက်ဆောင် ပုသိမ်ဟာလဝါဆိုတာ ဝေးပေါ့...

ဒါပေမဲ့ မြန်မာပြည်အလွမ်းပြေ ပုသိမ်ဟာလဝါလေးတွေ စားချင်တယ်ဆိုရင်တော့ အရသာက တစ်ခါစားပြီး မရပ်ဘဲ ထပ်ကာထပ်ကာ စားနေစေချင်အောင်ကို ကောင်းလွန်းလှစေရမယ်လို့ ဦးလက်ရာရဲ့ ပုသိမ်ဟာလဝါက ၁၀၀% တာဝန်ယူတယ်...

ဒါပေမဲ့ ဦးလက်ရာရဲ့ ထုံးစံအတိုင်း ဦးလက်ရာရဲ့ မြန်မာမုန့်တွေက Limited edition ဆိုတော့ များများစားချင်တဲ့သူတွေအတွက်ကတော့ တစ်ခါတည်း လိုသလောက် မှာထားဖို့တော့ လိုမယ်နော်...

ပိုမှာလိုက်ပြီး အရသာမကောင်းမှာတော့ စိတ်မပူနဲ့...

ဦးလက်ရာရဲ့ မြန်မာမုန့်တွေရဲ့ အရသာအတွက်ကတော့ ဦးလက်ရာက ၁၀၀% အာမခံတာမို့ မှာပြီး စားမကောင်းမှာတော့ မပူနဲ့နော်...

U Latt Yar - ဦးလက်ရာရဲ့ ပုသိမ်ဟာလဝါကို စားချင်ပြီဆို ဦးလက်ရာရဲ့ Page messenger ကနေ ကြိုပြီးသာ အော်ဒါတင်ထားလိုက်တော့နော်...



#ကန်စွန်းဥဆနွင်းမကင်း
#ရွှေကြည်ဆနွင်းမကင်း

#မြန်မာမုန့်
#မုန့်ဦးနှောက်
#ငှက်ပျောရွှေကြည်
#အုန်းနို့ကျောက်ကျော
#ပဲကပ်ကြော်
#ပုသိမ်ဟာလဝါ

#

U Latt Yar - ဦးလက်ရာရဲ့ အုန်းနို့ကျောက်ကျောလေးက အချိုမကဲပေမဲ့ အုန်းနို့ထူထူ စိမ့်စိမ့်လေးနဲ့ဆိုတော့ စားရတာ အရသာစွဲသွားစေ...
06/09/2025

U Latt Yar - ဦးလက်ရာရဲ့ အုန်းနို့ကျောက်ကျောလေးက အချိုမကဲပေမဲ့ အုန်းနို့ထူထူ စိမ့်စိမ့်လေးနဲ့ဆိုတော့ စားရတာ အရသာစွဲသွားစေရမယ်...

အချိုအရသာလေးရယ် အုန်းနို့ စိမ့်စိမ့်လေးရယ်ပေါင်းစပ်ထားတဲ့ ဦးလက်ရာရဲ့ ကျောက်ကျောလေးကို ရေခဲသေတ္တာ အအေးခန်းလေးထဲထားပြီး တစိမ့်စိမ့်နဲ့ ချိုအေးမွှေးစိမ့်လေး စားချင်တယ်ဆို အော်ဒါ ကြိုတင်ဖို့တော့ လိုမယ်နော်...

ဦးလက်ရာရဲ့ မြန်မာမုန့်လေးတွေက Limited နဲ့ လုပ်တာမျိုးဆိုတော့ အမြဲတမ်း မရနိုင်တာတော့ နားလည်ပေးပါဦး...

တောင်းဆိုတဲ့သူတွေ များလာရင်တော့ သီးသန့်အချိန်လေးတွေနဲ့ ရောင်းပေးပါမယ်...

ခုကတော့ တခြားအော်ဒါတွေနဲ့ ပေါင်းပြီးရောင်းပေးတာမို့ အမြဲမရနိုင်သေးတာအတွက် တောင်းပန်ပါတယ်...

ဦးလက်ရာကို အားပေးကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်...



#မြန်မာမုန့်

#ကန်စွန်းဥဆနွင်းမကင်း
#ရွှေကြည်ဆနွင်းမကင်း
#ငှက်ပျောရွှေကြည်
#ပဲကပ်ကြော်
#မုန့်ဦးနှောက်
#အုန်းနို့ကျောက်ကျော
{06-09-2025}

အမိမြေနဲ့ဝေးနေတော့ မြန်မာပြည်က အစားအသောက်လေးတွေ လွမ်းတာပေါ့ဗျာ...လွမ်းတဲ့အခါတိုင်းလည်း ဝယ်စားလို့မလွယ်တော့ ကိုယ်တိုင်လုပ...
06/09/2025

အမိမြေနဲ့ဝေးနေတော့ မြန်မာပြည်က အစားအသောက်လေးတွေ လွမ်းတာပေါ့ဗျာ...

လွမ်းတဲ့အခါတိုင်းလည်း ဝယ်စားလို့မလွယ်တော့ ကိုယ်တိုင်လုပ်တတ်မှဖြစ်မှာပေါ့ဗျာ...

မင်းတို့ရဲ့ ဦး ကလည်း ငယ်တည်းက အမေ့ကို ကူညီပေးတဲ့အကျိုးက စားချင်တဲ့အချိန်မှာ ကိုယ့်အိမ်ကို လုပ်နိုင်တဲ့ အစွမ်းတွေ တိုးလာခဲ့တယ်ပေါ့...

ငယ်တည်းက တစ်ခုခုစားချင်ရင် အပြင်စာထက် အိမ်မှာချက်ပေး၊ လုပ်ကျွေးတော့ အပြင်စာဆို တော်ရုံအကြိုက်မတွေ့တာလည်း အကျင့်ဖြစ်နေတာပေါ့...

ကောင်းကောင်းစားချင်ရင် ကောင်းကောင်းလုပ်တတ်ရတယ်ဆိုတဲ့အတိုင်း ကိုယ်စားချင်တာကို အကောင်းဆုံးကြိုးစားပြီးလုပ်တယ်...

အော် ဒါနဲ့ U Latt Yar - ဦးလက်ရာက စီးပွားဖြစ်ဆိုတာထက် ကိုယ့်အနီးနားပတ်ဝန်းကျင်က မြန်မာမုန့်လေးတွေစားချင်ပြီး မလုပ်နိုင်တဲ့သူတွေအတွက် ဆန္ဒဖြည့်ပေးရင်း ကိုယ့်ဝါသနာအရ လုပ်ပေးဖြစ်တာရယ်ပါ...

မအားတဲ့ရက်နဲ့ကြုံရင်တော့ ဘာမှမလုပ်ပေးနိုင်ပါဘူးလို့...

တစ်ဗန်း၊ တစ်အိုးစာမဟုတ်ရင်လည်း စရိတ်စကနဲ့ အဆင်မပြေတဲ့အတွက် မလုပ်ပေးဖြစ်ပါဘူးလို့...

စားချင်စိတ်တွေ ပြင်းပြနေရင်တော့ အကြိုက်တူသူလေးတွေ စုပေါင်းပြီးမှာရင်တော့ စေတနာအပြည့်နဲ့ လုပ်ပေးပါမယ်လို့...

ဒီနေ့လည်း ပြာရည်ထုပ်မစားရတာ ၃ နှစ်နီးပါးရှိပြီဆိုတော့ ဖြစ်သလိုလေးဘဲ ထုပ်စားလိုက်တယ်...

အိမ်နားက လူကြီးနှစ်ယောက်ကိုလည်း သွားပေး၊ ကျန်တာ ကိုယ့်မိသားစုလေးစားကြပေါ့...

သမီးငယ်ကလည်း ကြိုက်မှကြိုက်ဘဲ...


#မြန်မာမုန့်

{06-09-2025}

ဒီနေ့တော့ အိမ်မှာဘဲ မိသားစုလေးနဲ့အတူ full version နဲ့ မြန်မာမုန့်ဟင်းခါးလေးချက်စားဖြစ်တယ်...U Latt Yar - ဦးလက်ရာရဲ့ ပဲကပ...
30/08/2025

ဒီနေ့တော့ အိမ်မှာဘဲ မိသားစုလေးနဲ့အတူ full version နဲ့ မြန်မာမုန့်ဟင်းခါးလေးချက်စားဖြစ်တယ်...

U Latt Yar - ဦးလက်ရာရဲ့ ပဲကပ်ကြော်လေးနဲ့ဆိုတော့ စားကောင်းသော မနက်စာလေးပေါ့...


#ကန်စွန်းဥဆနွင်းမကင်း
#ရွှေကြည်ဆနွင်းမကင်း

#မြန်မာမုန့်
#ငှက်ပျောရွှေကြည်
#ပဲကပ်ကြော်


{30-08-2025}

Premium Version ဆိုတဲ့အတိုင်း အုန်းနို့နံ့သင်းသင်းလေးနဲ့ အချိုမများဘဲ အုန်းနို့အရသာစိမ့်စိမ့်လေးနဲ့ တစ်ကိုက်ဆို တစ်ကိုက်...
25/08/2025

Premium Version ဆိုတဲ့အတိုင်း အုန်းနို့နံ့သင်းသင်းလေးနဲ့ အချိုမများဘဲ အုန်းနို့အရသာစိမ့်စိမ့်လေးနဲ့ တစ်ကိုက်ဆို တစ်ကိုက်ဆိုသလို စွဲလမ်းသွားစေရမယ့် U Latt Yar - ဦးလက်ရာရဲ့ အုန်းနို့ကျောက်ကျောလေးက အထူးအော်ဒါလေးအတွက် လုပ်ပေးခဲ့တာပါ...

ဦးလက်ရာရဲ့ မြန်မာမုန့်လေးတွေ မြည်းစမ်းကြည့်လိုက်ရုံနဲ့ မြန်မာပြည်ပြန်ရောက်သွားသလို ခံစားစေရဖို့ ဦးလက်ရာကို ဆက်သွယ်လိုက်ပါ...

ဦးလက်ရာက ဘယ်သူမဆို မြန်မာမုန့်လေးတွေလည်း စားရအောင်၊ အဆီတွေလည်းမတက်အောင် အဆီတွေလျှော့သုံးထားသလို ဝိတ်မတက်စေဖို့လည်း အချိုတော့ အနည်းငယ်လေး လျှောထားတာမို့ အချိုလေးလေးကြိုက်တဲ့သူတွေဆိုရင်တော့ အော်ဒါမှာတဲ့အခါ ချိုချိုလေးလုပ်ပေးဖို့ ကြိုပြောပေးနော်...

အားပေးကြတဲ့ ဦးလက်ရာရဲ့ မိတ်ဆွေတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်...


#ရွှေကြည်ဆနွင်းမကင်း
#မြန်မာမုန့်
#ပဲကပ်ကြော်
#ငှက်ပျောရွှေကြည်
#ကန်စွန်းဥဆနွင်းမကင်း
{25-08-2025}

U Latt Yar - ဦးလက်ရာရဲ့ Limited Version နဲ့ ပဲကပ်ကြော်လေးပေါ့... Offical Version နဲ့ မိတ်ဆွေတွေထံ အမြန်ဆုံးရောက်ရှိနိုင်...
23/08/2025

U Latt Yar - ဦးလက်ရာရဲ့ Limited Version နဲ့ ပဲကပ်ကြော်လေးပေါ့...

Offical Version နဲ့ မိတ်ဆွေတွေထံ အမြန်ဆုံးရောက်ရှိနိုင်အောင်လည်း ကြိုးစားနေပါတယ်ခင်ဗျ...

Official Version လေးထွက်လာတဲ့အခါကြလည်း အားပေးကြပါဦးခင်ဗျ...


#ရွှေကြည်ဆနွင်းမကင်း
#မြန်မာမုန့်
#ပဲကပ်ကြော်


#မုန့်ဦးနှောက်

Address

London

Telephone

+447311033974

Website

Alerts

Be the first to know and let us send you an email when U Latt Yar - ဦးလက်ရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Latt Yar - ဦးလက်ရာ:

Share