Nature သဘာဝစိုက်ပျိုးရေးသုံးအီးအမ်နှင့် သြော်ဂဲနစ်ပစ္စည်းများ အရောင်းဆိုင်

  • Home
  • Myanmar
  • Bagan
  • Nature သဘာဝစိုက်ပျိုးရေးသုံးအီးအမ်နှင့် သြော်ဂဲနစ်ပစ္စည်းများ အရောင်းဆိုင်

Nature သဘာဝစိုက်ပျိုးရေးသုံးအီးအမ်နှင့် သြော်ဂဲနစ်ပစ္စည်းများ အရောင်းဆိုင် � အရည်အသွေး ပစ္စည်း မှန်ကန် စေရမည်
� NATURE ပုဂံ ညောင်ဦး အရောင်းဆိုင်

အဝါ​ရောင်​လေး အပြာ​​ရောင်လေး🍇🍈🍉🍊🍋🍌🍍🥭🥝🫐🍓🍒စိုက်ပျိုးရေးသုံး အဝါရောင် ပိုးထောင်ချောက်ကတ် (Yellow Sticky Trap) သည် သီးနှံမျာ...
16/09/2026

အဝါ​ရောင်​လေး အပြာ​​ရောင်လေး
🍇🍈🍉🍊🍋🍌🍍🥭🥝🫐🍓🍒
စိုက်ပျိုးရေးသုံး အဝါရောင် ပိုးထောင်ချောက်ကတ် (Yellow Sticky Trap) သည် သီးနှံများကို ဖျက်ဆီးတတ်သည့် ပျံသန်းနိုင်သော ပိုးမွှားများကို ဓာတုဆေးဝါး မသုံးဘဲ သဘာဝအတိုင်း ဖမ်းယူနှိမ်နင်းပေးသည့် အကပ်ကတ် ဖြစ်ပါသည်။

​အဓိက အသုံးပြုပုံနှင့် အကျိုးကျေးဇူး✅️
​ဖမ်းယူနိုင်သော ပိုးမွှားများ ✅️
အဝါရောင်သည် ယင်ဖြူ (Whitefly)၊ ပျပိုး (Aphid)၊ လှေးပိုး (Thrips)၊ ရွက်ထိုးပိုး (Leafminer) နှင့် အခြားပျံသန်းနိုင်သော ပိုးမွှားအသေးစားများကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။
​အလုပ်လုပ်ပုံ ✅️
ကတ်ပြားတွင် ပါဝင်သော ရေစိုခံ၊ နေရောင်ခံ ကော်စိမ်းကြောင့် ပိုးမွှားများ လာရောက်နားသည့်အခါ လွတ်ထွက်မရဘဲ ငြိတွယ်ကျန်ရစ်စေပါသည်။

​စိုက်ခင်းစောင့်ကြည့်ခြင်း✅️
စိုက်ခင်းအတွင်း မည်သည့်ပိုးမွှား ပမာဏမည်မျှ ကျရောက်နေသည်ကို စောစီးစွာ စစ်ဆေးသိရှိနိုင်သဖြင့် ဓာတုပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲရန် မလိုတော့ပါ။

​တပ်ဆင် ချိတ်ဆွဲနည်း✅️
​အမြင့်အနိမ့်: အပင်၏ ထိပ်ဖျားအထက် ၁၀ မှ ၁၅ စင်တီမီတာ (၄ - ၆ လက်မခန့်) မြင့်သော အနေအထားတွင် ချိတ်ဆွဲပါ။ အပင်ကြီးထွားလာသည်နှင့်အမျှ ကတ်အမြင့်ကို အထက်သို့ လိုက်မြှင့်ပေးရန် လိုပါသည်။
​ပမာဏ✅️
စိုက်ခင်း သို့မဟုတ် မှို/ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး အိမ်များအတွင်း ၁ မီတာမှ ၃ မီတာခြား တစ်ကတ်နှုန်း သို့မဟုတ် တစ်ဧကလျှင် ၁၅ - ၂၀ ကတ်ခန့် တပ်ဆင်ပါ။

​လဲလှယ်ခြင်း✅️
ကတ်ပြားပေါ်တွင် ပိုးမွှားပြည့်သွားပါက သို့မဟုတ် ဖုန်/မိုးရေ ကြောင့် ကော်မကပ်တော့ပါက အသစ် လဲလှယ်ပေးပါ။

အပြာ​ရောင်ကဒ်
🫐🫐🫐🫐🫐🫐
စိုက်ပျိုးရေးသုံး အပြာရောင် ပိုးထောင်ချောက်ကတ် (Blue Sticky Trap) သည် အထူးသဖြင့် လှေးပိုး (Thrips) ကို သီးသန့် ဆွဲဆောင် နှိမ်နင်းရန်နှင့် စောင့်ကြည့်ရန် အသုံးပြုသည့် ဓာတုမဲ့ ပိုးထောင်ချောက် ဖြစ်ပါသည်။

​အဓိက သီးသန့်ဖမ်းယူနိုင်သော ပိုးမွှားများ♻️
​လှေးပိုး (Thrips)♻️
အပြာရောင်၏ အလင်းလှိုင်းနှုန်းသည် လှေးပိုးများ၏ မျက်လုံးကို ဆွဲဆောင်မှု အားအကောင်းဆုံး ဖြစ်သဖြင့် အဝါရောင်ကတ်ထက် လှေးပိုးကို အထူးထိရောက်စွာ ဖမ်းယူနိုင်ပါသည်။

​အခြားပိုးမွှားများ♻️
မြေဆီလွှာမှ ထွက်လာသော မှိုယင်ဖြူ (Fungus Gnats) နှင့် ရွက်ထိုးပိုး အချို့ကိုပါ ဖမ်းယူပေးနိုင်သည်။

​အဝါရောင်ကတ်နှင့် ကွာခြားချက်နှင့် အားသာချက်❇️❇️❇️
​အကျိုးပြုပိုးမွှားများကို မထိခိုက်ခြင်း♻️
အပြာရောင်သည် ပျားများ၊ ဝတ်မှုန်ကူးပေးသော ပိုးမွှားများနှင့် အခြား အကျိုးပြုပိုးမွှားများကို ဆွဲဆောင်မှု မရှိသဖြင့် အကျိုးပြုပိုးမွှားများ သေဆုံးမှုကို လျှော့ချပေးသည်။

​သီးသန့်ကာကွယ်နိုင်ခြင်း♻️
ငရုတ်၊ ခရမ်း၊ စတော်ဘယ်ရီ၊ ခဲခရမ်းနှင့် ပန်းပွင့် စိုက်ခင်းများကဲ့သို့ လှေးပိုးကျရောက်မှု များသော စိုက်ခင်းများတွင် အဓိက အသုံးပြုသည်။

​တပ်ဆင် ချိတ်ဆွဲနည်း❇️
​ချိတ်ဆွဲရမည့် အမြင့်♻️
အပင်၏ အဖူး၊ အပွင့် သို့မဟုတ် အထက်ထိပ်ဖျားမှ ၁၀ မှ ၁၅ စင်တီမီတာ (၄ - ၆ လက်မခန့်) အကွာတွင် ချိတ်ဆွဲပါ။

​ပန်းပွင့်နား ထားရှိခြင်း♻️
လှေးပိုးသည် အပွင့်ထဲတွင် ပုန်းအောင်းလေ့ရှိသဖြင့် ပန်းပွင့်စတင်ပွင့်ချိန်တွင် အပွင့်များအနီး ရောက်အောင် အမြင့်ညှိပေးရမည်။

​တွဲဖက်သုံးစွဲခြင်း♻️
စိုက်ခင်းအတွင်း အဝါရောင်ကတ် (ယင်ဖြူ/ပျပိုးအတွက်) နှင့် အပြာရောင်ကတ် (လှေးပိုးအတွက်) ကို တွဲဖက်သုံးစွဲပါက အဖျက်ပိုးမွှား အမျိုးအစား စုံလင်စွာ ကာကွယ်နိုင်ပါသည်။

🏪🏡 Nature သဘာဝစိုက်ပျိုးရေးသုံးအီးအမ်နှင့် သြော်ဂဲနစ်ပစ္စည်းများ အရောင်းဆိုင်
09789003379

ကုန်ကျစရိတ်သက်သာပီး အရည်အသွေးမြင့် သီးနှံတွေရဖို့အတွက် 💯💯💯🔰 အီးအမ်(EM)သုံးပီး သဘာဝမြေဆွေးပုံတွေ      များများလုပ်မယ်ဗျာ....
14/09/2026

ကုန်ကျစရိတ်သက်သာပီး အရည်အသွေးမြင့် သီးနှံတွေရဖို့အတွက် 💯💯💯
🔰 အီးအမ်(EM)သုံးပီး သဘာဝမြေဆွေးပုံတွေ
များများလုပ်မယ်ဗျာ...
🔰 အီးအမ်(EM)သုံးပီး ပိုးမွှား ရောဂါ ကာကွယ်ဆေး
လုပ်မယ်ဗျာ...
🔰 အီးအမ်(EM)သုံးပီး ငါးအမိုင်နိုအက်ဆစ်
အားဆေးလုပ်မယ်ဗျာ...

အီးအမ်(EM) အမျိုးမျိုး နဲ့ သဘာဝနည်းလမ်းဖြင့် ပိုးမွှားရောဂါကာကွယ်ဆေးများ အားဆေး မှိုဆေးများ ဆက်သွယ်မှာယူလိုပါက...

💠 NATURE(သဘာဝ)
📞 0943076278 & 09789003379
📞 09402617370 & 09797672637

စျေးနှုန်းသင့်တင့်ပီး သုံးစွဲရလွယ်ကူ​သော4 in 1 Soil Survey Instrument 🌱NATURE (သဘာဝ) မှာ ရရှိနေပါပြီ 🥰🌿 မြေဆီလွှာအခြေအနေ...
02/09/2026

စျေးနှုန်းသင့်တင့်ပီး သုံးစွဲရလွယ်ကူ​သော
4 in 1 Soil Survey Instrument 🌱
NATURE (သဘာဝ) မှာ ရရှိနေပါပြီ 🥰
🌿 မြေဆီလွှာအခြေအနေ စစ်ဆေးရန် အသုံးဝင်သော ကိရိယာ
💧 Soil Moisture — မြေအစိုဓာတ်
🧪 Soil pH — မြေချဉ်/မြေငန်အခြေအနေ
🌡️ Temperature — မြေအပူချိန်
☀️ Light — အလင်းရောင်အခြေအနေ

စိုက်ပျိုး​ရေးတောင်သူများ၊ ပန်းခြံစိုက်ပျိုးသူများ၊ အိမ်တွင်းအပင်စိုက်ပျိုးသူများအတွက် အသုံးဝင်ပါတယ်။
🌱မြေဆီလွှာကို သိရှိပြီးမှ အပင်ကို ပြုစုကြပါ 🌱

ရေရှည်တည်တံ့ပီး ​အောင်မြင်​သောစိုက်ပျိုး​ရေးအတွက်...အ​တွေးမမှားနဲ့  NATURE(သဘာဝ) ရှိ​နေပါပီဗျ..❇️ အီးအမ် အမျိုးမျိုး❇️ သ...
24/08/2026

ရေရှည်တည်တံ့ပီး ​အောင်မြင်​သောစိုက်ပျိုး​ရေးအတွက်...
အ​တွေးမမှားနဲ့ NATURE(သဘာဝ) ရှိ​နေပါပီဗျ..

❇️ အီးအမ် အမျိုးမျိုး
❇️ သဘာဝ​​မြေသြဇာများ
✳️ ထရိုင်ဂိုဒါးမား အမှုန့်/အရည်
✳️ တမာပိုးသတ်​ဆေးများ
✴️ တမာကြိတ်ဖတ်​မြေသြဇာ
✴️ တီ​ချေး​မြေသြဇာ(မြန်မာဗာမီ)
✴️ ဟူးမစ်အက်ဆစ်အမှုန့်/အရည်
⚜️ ငါးအမိုင်နို
⚜️ စပါးခွံ/ဝါး ​ပေါင်းခံရည်
⚜️ ခိုင်တိုစံ(​ရွှေစိမ်း)
✳️ လက်ချားမှုန့်
✴️ ဆားခါး
❇️ ဒုတ္ထာမှုန့်
⚜️ Rootone
♻️ ​စေးကပ်​ထောင်​ချောက်များ
♻️ မျိုး​စေ့အမျိုးမျိုး
♻️​ လက်ကိုင်​ဆေးဖျန်းပုံးများ
💱 စိုက်ပျိုး​ရေးသုံး အပိုပစ္စည်းများ
☢️ အုန်းဆံတုံး
☢️ အရိုးမှုန့် ​မြေသြဇာ
☣️ ​ကျောက်မှုန့်​မြေသြဇာ
🥜 ​မြေပဲမျိုးသန့်
🫘 စပါးမျိုးသန့်

🏡 ​ညောင်ဦးမြို့
🏡 ​ကျောက်ပန်း​တောင်းမြို့ များတွင်
အ​ရောင်းဆိုင်များဖွင့်လှစ်ထားပီး အခြားမြို့နယ်များသို့လည်း ကားဂိတ်များမှတဆင့် အ​ရောက်ပို့​ပေးပါတယ်ဗျ...

📞 09789003379 & 0943076278

*ဆလပ်စိုက်ပျိုးနည်း**၁။ မျိုးစေ့ရွေးချယ်ခြင်း*- ဆလပ်အမျိုးအစား (၄) မျိုးရှိပြီး မြန်မာနိုင်ငံတွင် အထုပ်မျိုးနှင့် ရွက်ပြ...
23/08/2026

*ဆလပ်စိုက်ပျိုးနည်း*
*၁။ မျိုးစေ့ရွေးချယ်ခြင်း*
- ဆလပ်အမျိုးအစား (၄) မျိုးရှိပြီး မြန်မာနိုင်ငံတွင် အထုပ်မျိုးနှင့် ရွက်ပြန့်မျိုး ဟူ၍ (၂) မျိုးရှိသည်။
- ရွက်ပြန့်မျိုးကို ပိုအစိုက်များပြီး အနီရောင်နှင့် အစိမ်းရောင် (၂) မျိုးရှိသည်။
- တစ်ဧကလျှင် မျိုးစေ့ (၁၀၀) ဂရမ် လိုအပ်သည်။
- မစိုက်မီ အပင်ပေါက်နှုန်း စမ်းသပ်ပြီးမှ စိုက်ပျိုးပါ။
*၂။ ပျိုးထောင်ခြင်း*
- စိုက်ဘောင်ပေါ်တွင် (၄) လက်မခြား မြောင်းဆွဲပြီး မျိုးစေ့ကို ကြွက်မြီးတန်းချပါ။
- အပေါ်မှ သဘာဝမြေဩဇာ ခပ်ပါးပါးဖြင့် ဖုံးပေးပါ။
- ကောက်ရိုးကို ဘောင်ပေါ်ပါးပါးအုပ်ပြီး မိုးရွာပါက အမိုးအကာလုပ်ပါ။
*၃။ မြေပြုပြင်ခြင်း*
- မြေဆီထက်သန်သော မြေကို ရွေးပါ။
- တစ်ဧကလျှင် နွားချေး (၅–၁၀) စီးထည့်ပါ။
- မြေညက်အောင်ပြုပြင်ပြီး မျက်နှာပြင်ညှိပေးပါ။
- စိုက်ဘောင်ကို (၃) ပေအကျယ်၊ (၆) လက်မအမြင့် ဖော်ပါ။
*၄။ စိုက်ပျိုးခြင်း*
- အပင် (၂) ပတ်သားတွင် အချိုးညီရွက်ဖျန်း မြေဩဇာဖျန်းပါ။
- အထုပ်မျိုးများကို (၃) ပတ်သားတွင် ရွှေ့ပြောင်းစိုက်ပါ။
- ရွှေ့ပြောင်းစိုက်ချိန်တွင် နေပူမမိစေရန် အရိပ်ပါမိုးထားပါ။
- ရေကို ဝအောင် လောင်းပေးပါ။
*၅။ အပင်ပြုစုခြင်း*
- ပေါင်းများကို မြေပြင်စဉ်ကပင် ရှင်းလင်းပါ။
- ပြောင်းရွှေ့စိုက်ပြီး အပင်ငယ်စဉ်တွင် ပေါင်းနှုတ်ပါက အမြစ်လန်ပျက်စီးတတ်သည်။
- အကြိမ်ကြိမ်ထယ်ထိုးထွန်မွှေ၍ မြေပြင်ချိန် (၁)လခန့်ယူ၍ စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။
- ရေအဆက်မပြတ်လိုသော သီးနှံဖြစ်သည်။
*၆။ ခူးဆွတ်ခြင်း*
- ရွက်စားဆလပ်ကို (၁) လအတွင်း နှုတ်ယူရောင်းချနိုင်သည်။
- အထုပ်မျိုးကို မျိုးအလိုက် (၆၀–၇၀) ရက်အတွင်း နှုတ်ယူနိုင်သည်။

ကိုးကား- Smart Taung Thu တောင်သူလက်စွဲစာအုပ်

တမာပိုးသတ်ဆေးကို ဘာကြောင့်သုံးသင့်တာလဲ?*********************************************** #တမာကြိတ်ဖတ်နှင့်တမာပိုးသတ်ဆေး၏အစ...
18/08/2026

တမာပိုးသတ်ဆေးကို ဘာကြောင့်သုံးသင့်တာလဲ?
***********************************************
#တမာကြိတ်ဖတ်နှင့်တမာပိုးသတ်ဆေး၏အစွမ်ထက်မှုများ

မျိုးရင်း MELIACEAE တွင် ပါရှိသည့်တမာပင်(NEEM) သည် ကြည့်လိုက်လျှင် တစ်မျိုးတည်းဟု ထင်ရသော်လည်း မျိုးမတူသည့်မျိုးကွဲ ရှစ်မျိုးရှိသည်။ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံများ၌လည်း ပေါက်ရောက် သည်။

နှစ်ပေါင်းရာကျော် သက်တမ်းရှိ၍ ပူပြင်းသောဒေသတွင် အေးမြသောအရိပ်ကိုပေးနိုင်သည့် အပင်ကြီးမျိုး ဖြစ်သည်။ တမာမှရသော ပိုးသတ်ဆေးနှင့် တမာကြိတ်ဖတ်မြေသြဇာတို့ကို တောင်သူလယ် သမားများလယ်ယာ ၌သုံးကြသည်။ အစွမ်းရှိသည်ဟုလည်း ပြောကြသည်။

ဘာကြောင့် အစွမ်းထက်မှုရှိနေသနည်း။
၈တမာကြိတ်ဖတ်၊ ကြိတ်မှုန့် နိုက်ထရိုဂျင်ဓာတ်ကို ထိန်းထားပေးနိုင်သည်။သီးနှံစိုက်ပျိုးရေးတွင် ဓာတ်သုံးမျိုး (N-P-K) နိုက်ထရိုဂျင်-ဖော့စပရပ်- ပိုတက်စီယမ်တို့တွင် နိုက်ထရိုဂျင်ဓာတ်သည် ဆုံးရှုံးနိုင်မှုများသည်။ ရေတွင်ပျော်၀င် သည်။ လေတွင် အငွေ့ပြန်သည်။ ရေသွင်း ရေထုတ်ဖြင့်ရေတွင် စီးဆင်းသွားပါသည်။ ထိုသို့ပျံ့လွင့်ဆုံးရှုံး လွယ်သော နိုက်ထရိုဂျင်ဓာတ်မြေသြဇာ(ပုလဲ) ယူရီးယားကို တမာ ကြိတ်ဖတ်၊ အမှုန့်တို့နှင့် ရောနှော၍ ထည့် ပေးလျှင်မပျံ့လွင့်အောင် ထိန်းချုပ်ပေးနိုင်သဖြင့် ပုလဲမြေသြဇာ၏ အာနိသင်ကို ရသင့်သလောက်ရရှိသည်။

မြေအောင်းပိုးနှင့် အပင်ရောဂါ ကာကွယ်သည်။
စပါးခင်းတွင် လယ်ပုစွန်လုံးနှင့် ဖောင်စီးဂဏန်းများ၊ မြေကြီးထဲတွင်နေ သည့် ခြ၊ ပရွက်ဆိတ်နှင့် သီးနှံဖျက်ပိုးများ၊ မှို၊ နီမတုတ်စသည့် အပင်ရောဂါများ၊ မျိုး စေ့မှ ကပ်၍ ပါလာသော ရောဂါများကို ကာကွယ်ပေးနိုင်သဖြင့် ခါးရိရောဂါ၊ ပင် စည်ရောဂါ၊ ပင်ညှိုး
ရောဂါများဖြစ်ပေါ်မှု နည်းသည်။ အထူးသဖြင့် ကွမ်းရွက်စိုက်ပျိုးသော ခြံများတွင် အသုံးပြုမှုများကြသည်။ ဒုတိယမှာ ဟင်းသီးဟင်းရွက်စိုက်ခင်း၌ သုံးကြသည်။ ပိုးမွှားကျရောက်မှု၌ သိသာ စွာထူးခြားမှုရှိသည်။

အပင်ကြီးထွားမှုကိုလည်းကောင်းလာစေသည်။
တမာကြိတ်မှုန့်တွင် နိုက်ထရိုဂျင် ဓာတ် ခုနစ်ရာခိုင်နှုန်း၊ ဖော့စဖိတ်ဓာတ် နှစ်ရာခိုင်နှုန်းနှင့် ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၈ ရာခိုင်နှုန်းပါရှိသဖြင့် အပင်ကြီးထွားမှုကို ကောင်းစေသည်။ ထို့ကြောင့် သီးနှံအလိုက်ထည့်ပေး နိုင်သော နှုန်းထားများမှာ စပါးတွင် တစ်ဧက ၅၀ ကီလိုအိတ် နှစ်အိတ်နှုန်းထည့် နိုင်သည်။ ဟင်းသီးဟင်းရွက်စိုက်ခင်း၌လည်း တစ်ဧက ၅၀ ကီလိုနှစ်အိတ်သုံးလျှင်စော၍ ရိတ်နိုင်ခူးဆွတ်နိုင်သည်။ ထည့်ပြီး တစ်လကျော် ပိုးမွှားကျရောက်မှုနည်းသွားသည်။

နှစ်ရှည်ပင်များဖြစ်သသော သရက်၊ လိမ္မော်၊ အုန်း၊ ကွမ်းသီးပင်၊ ရော်ဘာ၊ ဒူးရင်း၊ ပိန္နဲပင်တို့တွင် တစ်နှစ်သားအပင်များ၊ ပင်စည်မှာ ခြောက်လက်မအကွာတွင် ပင်စည် နှင့် မထိအောင် ကျွေးရသည်။ တစ်ပင် ဟင်းစားဇွန်း သုံးဇွန်း၊ မြေနှင့် ရော၍ထည့်ပြီး ရေ
လောင်းပေးရသည်။ သက်တမ်း နှစ်နှစ်အပင်များ၊ ပင်စည်မှ နှစ်ပေခွာ၍ တစ် ပင်နို့ဆီဗူး လေးဗူးမှ ခြောက်ဗူးထည့်၍ ရေလောင်းရသည်။ အသီးအရောင်လှလာ ပြီး အပင်လည်း ကြီးထွားလာသည်။ သိသာသည်မှာ မြေအောင်းပိုးနှင့် မှိုရောဂါသက် သာသွားသည်။

ပန်းစိုက်ခင်းများတွင် ပင်စည်မှ ခြောက်လက်မအကွာတွင် ဟင်းစားဇွန်း သုံးဇွန်းကို မြေနှင့် သမအောင် ရောမွှေထည့်ပြီး ရေလောင်းပေးရသည်။ ပန်းများ အရောင်ပို၍ လှလာသည်။ တမာဆေးနံ့ရ၍ ပိုးမွှား များ ရှောင်ဖယ်နေသော်လည်း အော်ဂဲနစ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် တမာ ကြိတ်ဖတ်ကို အသုံးပြုကြသည်က များသည်။

တမာပိုးသတ်ဆေး ဓာတုဗေဒပိုးသတ်ဆေးများသည် ပိုးမကျခင်ပက်ဖျန်းမှု မပြုလုပ်သင့်ပါ။ မိတ်ဆွေပိုးများ သေစေမှုအပြင် ထိရောက်မှုနည်းသည်။ တမာပိုးသတ်ဆေးမှာ ပိုးမကျခင် ကြိုတင်ပက်ဖျန်း၍ သုံးရသည်။ ပိုးဖလံအမများသည် တမာသေးနံံ့ရ၍ စိုက်ခင်းကို မလာကြဘဲ ဝေးဝေးရှောင်ပြေးကြသည်။

အနံ့ဖြင့် ရှောင်ဖယ်ထွက်ပြေးစေမှု ရှိသည်။ ထို့ကြောင့် စိုက်ခင်းတွင် ၁၅ ရက်တစ်ကြိမ်ဖြင့် ရိတ်သိမ်းခူးဆွတ်ချိန်ထိအောင်ဖျန်းပေးလျှင် ပိုးမွှားကျရောက်မှု သိသာစွာ ထူးခြားသည်။ဆေးနံ့ကြောင့် ဖျက်ပိုးများ စား သောက်လိုစိတ်ပျက်လာပြီး ဖျက်ဆီးမှုနည်းသည်။ ဆေးဖျန်း ပြီးနောက် တစ်ပတ်ကြာသည်ထိ ဆေးနံ့ အနည်းငယ်ရှိနေသော်လည်း စိုက်ခင်းသို့ လာသော ဖျက်ပိုးသည် သီးနှံပင်ကို မဖျက်ဆီးတော့ပေ။

ပိုးလောက်ကောင်များကိုလည်း သက်တမ်းစေ့မနေစေတော့ပဲ၊ ရုပ်ဖုံးဘ၀သို့ မြန် မြန်ပြောင်းလဲမှုကို တမာပိုးသတ်ဆေးကပြုလုပ်ပေးသည်။ ရုပ်ဖုံးမှ ဖလံအမကောင်ကြီး ဖြစ်လာသော်လည်း ဆေးအစွမ်းကြောင့်ပုံမှန်မရှိတော့ပဲ၊ မူမမှန်များဖြစ်လာပြီး မျိုး ပွားမှုတို့ကို ထိခိုက်သွားသည်။ ပိုးကောင် ၏ ကိုယ်ခန္ဓာပုံသဏ္ဌာန်လည်း မမှန်တော့၊ ဖလံဘ၀တွင် အတောင်ပံတစ်
ဖက်သေး သွားသည်။ ပျံသန်းရာတွင် မူမမှန်ဖြစ်သွားသည်။ အင်းဆက်ပိုးကောင်၏ ရင်အုပ်ပိုင်းသေးသွားသည်။ ကိုယ်ခန္ဓာ၊ခြေလက်ခြောက်ချောင်း အင်္ဂါချို့ယွင်းမှုများ ဖြစ်သွားသည်။ ထို့ကြောင့် ပျံသန်းမှု၊ မိတ်လိုက်မျိုးပွားမှု မပြုလုပ်နိုင်တော့ပဲမျိုးဆက်ပြန့်ပွား မှုများကို ထိန်းချုပ်နိုင်သည်။

တမာပိုးသတ်ဆေးသည် ဓာတုဗေဒအဆိပ်များ၊ ဓာတုဗေဒပစ္စည်းများ မပါရှိ သဖြင့် လူနှင့်သွေးနွေး သတ္တဝါများ အန္တရာယ်မပေးနိုင်။ ပတ်၀န်းကျင် လေထု၊ ရေ ထုကိုလည်း ညစ်ညမ်းမှုမဖြစ်နိုင်။ စားသုံး သူကိုလည်း ပိုးသတ်ဆေးဓာတ်ကြင်း အာနိသင်မရှိနိုင်။ ထို့ကြောင့် ကွမ်းရွက်ခြံ စိုက်ခင်းများ၌ အသုံးပြုကြသည်။ သရက်၊ ဇီး၊ မာလာကာ၊ လိမ္မော်၊ ဟင်းသီးဟင်းရွက်
စိုက်ခင်းများအတွက် အဓိကအသုံးပြုသင့် သော ပိုးသတ်ဆေးဖြစ်ပါသည်။ ယနေ့ စားသုံးသီးနှံများတွင် ကြုံတွေ့နေရသောပြဿနာများ၊ ဓာတ်ကြွင်းအာနိသင် အန္တရာယ်ဖြစ်ပါသည်။

ဓာတုပိုးသတ်ဆေး ဓာတ်ကြင်းအာနိသင်မရှိအောင် ပိုးသတ်ဆေးအလိုက် သတ်မှတ်ရာတွင် ခူးဆွတ်ရ မည်ကို စျေးကွက်တွင် စျေးနှုန်းအတက် အကျကိုလိုက်၍ မခူးဆွတ်သင့်သည့် အချိန်ခူးဆွတ်ရောင်းချကြ၍ ကင်ဆာမျက်စိမှုန်၊ မျက်စိကွယ်၊ကျန်းမာရေးချို့တဲ့မှုကို တမာပိုးသတ်ဆေးသည် မဖြစ်ပေါ်နိုင်။

မိတ်ဆွေပိုးများကို ထိခိုက်သေဆုံးမှု မရှိနိုင်ခြင်းကြောင့် တမာပိုးပတ်ဆေး သည်။ သုံးသင့်သော ပိုးသတ်ဆေးဖြစ်၏။ဓာတုဗေဒဆေးများသည် ဖျက်ပိုးသာမက မိတ်ဆွေပိုး အကျိုးပြုပိုးကိုပါ သေစေသည်။ ထို့ကြောင့် စိုက်ခင်းတွင် ဖျက်ပိုးနှင့် အကျိုးပြုပိုး သဘာ၀ညီမျှခြေရှိနေသည်။ နှစ်စဉ် တမာပိုးသတ်ဆေးကို သုံးသော်လည်း အင်းဆက်ပိုးတို့ကဆေးအပေါ်ခံနိုင်ရည်ရှိမှု ဖြစ်မလာနိုင်။ ဓာတုဗေဒပိုးသတ်ဆေးများ သည် ဆက်တိုက်သုံးလာပါက ဖျက်ပိုး၊ သည် ခံနိုင်ရည်ရှိလာပြီးဆေးနှုန်းထားကို ပို၍ပို၍ တိုးမြှင့်အသုံးပြုလာရသည့် ဆိုးကျိုးရှိနေသည်။

သီးနှံစိုက်ပျိုးရေးတွင် လူနှင့်ပတ်၀န်းကျင် ညစ်ညမ်းစေသော၊ ဓာတုပိုးသတ်ဆေးများ အသုံးပြုလာကြရာမှာ ဆိုးကျိုးများ ကြုံတွေ့လာရသောအခါ ရေရှည်တည်တံ့ ခိုင်မြဲသည့် စိုက်ပျိုးရေးအတွက်၊ ဇီ၀ရုက္ခ ဗေဒဆိုင်ရာ ပိုးသတ်ဆေးများကိုပြောင်းလဲတိုးချဲ့အသုံးပြုလာကြပါသည်။ ဓာတု ပစ္စည်းမသုံးသည့် ဆေးဝါးများနှင့် စိုက်ပျိုးထုတ်လုပ်သည့် အော်ဂဲနစ်သီးနှံများကို ထုတ်လုပ်စိုက်ပျိုး စားသုံးလာကြပါတော့ သည်။

- ဆွေရည်

ဖျော်စပ်နည်း
-----------------
ကာကွယ်ဆေး - တမာဆီ မြင်းခေါင်းဇွန်း (၀.၅ - ၁)ဇွန်းဆပ်ပြာမှုန့် (၀.၂ - ၀.၄)ဇွန်း၊ရေ (၁)လီတာ။
ကုသဆေး - တမာဆီ မြင်းခေါင်းဇွန်း (၂)ဇွန်း၊ ဆပ်ပြာမှုန့် (၀.၈)ဇွန်း၊ ရေ(၁)လီတာ။
ဆပ်ပြာနဲ့ရေ ကြက်သီးနွေး(၁)လီတာရောပါ။ ဆပ်ပြာရည်ထဲကို တမာဆီဖြည်းဖြည်းထည့်ပြီး ခပ်ပြင်းပြင်းမွှေပေးပါ။ ရေပေါ်မှာ တမာဆီဝေ့နေသေးရင် ဆပ်ပြာအနည်းငယ်ရောပြီး ပြင်းပြင်းမွှေပေးပါ။ မိမိလိုအပ်တဲ့ ဆေးရည်ကို လိုသလောက်ဆပွားပြီးဖော်စပ်သုံးစွဲနိုင်ပါတယ်။

ဆေးဖျန်းသင့်သောအချိန်
-------------------------------
မနက်စောစောနဲ့ ညနေနေအေးချိန်မှာ ပက်ဖျန်းရပါမယ်။ ညနေပိုင်းပက်ဖျန်းတာက နေရောင်နဲ့ ဆေးပြယ်မှုသက်သာတဲ့အတွက်ပိုပြီးတော့ ထိရောက်ပါတယ်။

ဆေးဖျန်းရမည့်အကြိမ်
----------------------------
ဆောင်းရာသီမှာ တစ်ပတ်ကနေ နှစ်ပတ်ခြားတစ်ကြိမ်နှုန်းဖျန်းနိုင်ပါတယ်။ မိုးရာသီမှာ အကြိမ်စိပ်ပြီး ဖျန်းနိုင်ပါတယ်။
မှတ်ချက် ။ ။
• ဆပ်ပြာစစ်စစ်ကိုသုံးစွဲဖို့လိုအပ်ပါတယ်။ အခြားဓာတုဆေးတွေပါဝင်တဲ့ ဆပ်ပြာမှုန့်တွေသုံးစွဲရင် အပင်ကိုလောင်းကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့်ဖျော်စပ်ပြီးရင်အနည်းငယ်စမ်းသပ်ပက်ဖျန်းပြီး အပင် လောင်ကျွမ်းမှုရှိ၊မရှိစမ်းသပ်ပြီးမှ သုံးစွဲသင့်ပါတယ်။
• ဆေးဖျန်းတဲ့အခါ သီးနှံပင်ရဲ့အရွက် အထက်အောက်မျက်နှာပြင်ကို စိုရွှဲအောင် ပက်ဖျန်းဖို့ လိုအပ်ပါ တယ်။ အပင်ခြေရင်းကိုလည်း ရောက်အောင် ပက်ဖျန်းပေးပါ။ ပိုးကျရောက်မှုကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
• ဖျော်စပ်ပြီး (၈)နာရီအတွင်း ပြီးအောင်ပက်ဖျန်းရပါမယ်။ သင့်တော်တဲ့အချိန်အပိုင်းအခြားအလိုက် ပက်ဖျန်းရင် ပိုးကျရောက်မှုကို လျော့နည်းစေနိုင်ပါတယ်။

ကာကွယ်နိုင်သောရောဂါများ
----------------------------------
ဖားဥမှိုရောဂါ၊ရွက်ပြောက်ရောဂါ၊မှည့်ပျောက်စွန်းရောဂါ၊သံချေးရောဂါ၊နီမတုတ်ရောဂါ။

အကျိုးကျေးဇူး
-------------------
• ပိုးမျိုးစုံကို ကာကွယ်ဟန့်တားနိုင်ပါတယ်။
• မိတ်ဆွေပိုးကို မထိခိုက်ပါ။
• သီးနှံတွေအပေါ် အဆိပ်ဓာတ်ကြွင်းမကျန်ပါ။
• ပတ်ဝန်းကျင်အဆိပ်သင့်မှုမရှိပါ။
• သီးနှံပင်တွေကို မထိခိုက်စေပါ။
• သီးနှံပင်ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေပါတယ်။
• ပိုးဖျက်ဆီးမှု သက်သာပြီး သီးနှံအထွက်ပိုရနိုင်ပါတယ်။
• သုံးစွဲရလွယ်ကူပါတယ်။
• ကုန်ကျစရိတ်သက်သာပါတယ်။

တမာစေ့မှပြုလုပ်နည်း
---------------------------
လတ်ဆတ်တဲ့တမာစေ့ (၆၀)ကျပ်သားကို လက်ဆုံနဲ့ အဆန်ကွဲအောင်ရိုက်ထောင်းပြီး ရေ(၂)ဂါလံနဲ့ရော မွှေပြီး(၂)ရက်ခန့်ရေစိမ်ထားပါ။ ပြီးရင် တမာစေ့ရည်ကို ပိတ်ပါးစနဲ့စစ်ပေးပြီး မိမိပက်ဖျန်းလိုတဲ့ သီးနှံခင်းမှာ ပက်ဖျန်းပေးပါ။ တမာစေ့ (၆၀)ကျပ်သားကနေရတဲ့တမာပျော်ဝင်ရည်ဟာ ကူဘိုတာ (အေ -၈)ဆေးဖျန်းပုံးမှာ ရေအပြည့်ဖြည့်ပြီး ဖျန်းတာက သင့်တော်တဲ့နှုန်းထားဖြစ်ပါတယ်။

အရွက်မှပြုလုပ်နည်း
--------------------------
တမာရွက်ခြောက်ကို လက်ဆုံနဲ့ထောင်းပါ။ ထောင်းပြီးသားကို ရေနဲ့ရောမွှေပြီး (၂)ညသိပ်စိမ်ထားပါ။ ပြီးရင် ပိတ်ပါးစနဲ့ စစ်ကျရည်ကိုယူပါ။ ပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ (တမာစေ့အမှုန့် တမာရွက်ခြောက် ပေါင် ၉၂၀)ခန့်ကို လွှစာ(၁၅)ပေါင်နဲ့ရောမွှေပြီး စပါးခင်းထဲမှာ အသုံးပြုခြင်းအားဖြင့် ပိုးမွှားရောဂါကို ကာကွယ် ပြီးသားဖြစ်တဲ့အပြင် သဘာဝမြေသြဇာအဖြစ်လည်း ထိရောက်မှုရှိပါတယ်။

Source; စိုက်ပျိုးရေးဦးစီးဌာန

*ဒိုလိုမိုက်မြေဩဇာ*▪️▪️▪️▪️▪️▪️▪️*ဒိုလိုမိုက်နှင့် ဂျစ်ပဆန် မြေပြုပြင်ပစ္စည်းများ၏ အသုံးဝင်ပုံ*✅ စိုက်ပျိုးရေးလုပ်ငန်းမျ...
16/08/2026

*ဒိုလိုမိုက်မြေဩဇာ*
▪️▪️▪️▪️▪️▪️▪️
*ဒိုလိုမိုက်နှင့် ဂျစ်ပဆန် မြေပြုပြင်ပစ္စည်းများ၏ အသုံးဝင်ပုံ*
✅ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးများသော မြေပြုပြင်ပစ္စည်းများအနက် ဂျစ်ပဆန်နှင့် ဒိုလိုမိုက်တို့သည် ရည်ရွယ်ချက်နှင့် အသုံးပြုသည့် အခြေအနေ မတူညီကြပါ။
✅ မြေဆီလွှာအရည်အသွေးကို ရေရှည်ထိန်းသိမ်းလိုပါက ဂျစ်ပဆန်ကို မြေအမျိုးအစားအများစုတွင် အသုံးပြုနိုင်သော်လည်း ဒိုလိုမိုက်နှင့် ထုံးအခြေခံမြေပြုပြင်ပစ္စည်းများကို မြေချဉ်ပြဿနာရှိသော မြေများတွင်သာ အသုံးပြုသင့်ပါသည်။
✅ ဒိုလိုမိုက်နှင့် ထုံးအခြေခံမြေပြုပြင်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုအသုံးပြုပါက သီးနှံပင်များ၏ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါသည်။
✅ မြေချဉ်ငန်ဓာတ်ညွှန်းကိန်း (pH) ၆.၂ အောက် ရှိသော မြေများတွင် ဒိုလိုမိုက် (သို့) ထုံးကို အသုံးပြု ခြင်းဖြင့် pH တိုးတက်လာစေပြီး အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို မြှင့်တင်နိုင်ပါသည်။
✅ မိုးများစွာရသည့် ဒေသများတွင် မြေဆီလွှာအာဟာရများ စီးဆင်းဆုံးရှုံးလွယ်သောကြောင့် မြေချဉ်မှု ပိုမိုဖြစ်ပေါ်တတ်ပါသည်။
✅ မြေဆီလွှာမှ အာဟာရဓာတ်များ ဆုံးရှုံးမှုများလာသည်နှင့်အမျှ မြေချဉ်မှုလည်း ပိုမိုမြင့်တက်လာ တတ်ပါသည်။

✅ အလွန်ချဉ်သော မြေများတွင် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် ဆိုဒီယမ်တို့ကဲ့သို့သော အရေးကြီးအာဟာရဓာတ်များကို အပင်အမြစ်မှ စုပ်ယူနိုင်မှု လျော့နည်းတတ်ပါသည်။
✅ ထိုသို့သောမြေများတွင် အလူမီနီယမ်၊ ဟိုက်ဒရိုဂျင်နှင့် မဂ္ဂနီးစ်ဓာတ်များ များပြားလာနိုင်ပြီး မြေဆီလွှာအဆိပ်သင့်မှု ဖြစ်စေနိုင်သကဲ့သို့ ဆာလ်ဖာ၊ ဘိုရွန်၊ ဇင့်၊ မော်လစ်ဒီနမ်နှင့် ကလိုရင်းတို့ကဲ့သို့ အာဟာရဓာတ်များလည်း ဆုံးရှုံးလွယ်ပါသည်။
✅ မြေချဉ်မှုပိုများလာသည်နှင့်အမျှ အလူမီနီယမ်နှင့် မဂ္ဂနီးစ်တို့၏ အဆိပ်သင့်မှုအန္တရာယ်လည်း ပိုမိုမြင့်မားလာပါသည်။
✅ မြေချဉ်ငန်ဓာတ်ညွှန်းကိန်း (pH) ၇ အထက် ရှိသော မြေများတွင် ဒိုလိုမိုက်နှင့် ထုံးအခြေခံ မြေပြု ပြင်ပစ္စည်းများကို မအသုံးပြုသင့်ပါ။
✅ မြေငန်များတွင် ဒိုလိုမိုက် သို့မဟုတ် ထုံးကျောက်ကို အသုံးပြုပါက ကာဗွန်နိတ်ဓာတ်ကြောင့် အပင် များ လောင်ကျွမ်းနိုင်ပြီး ပြင်းထန်ပါက အပင်သေဆုံးနိုင်ပါသည်။
✅ ထို့ကြောင့် စိုက်ပျိုးသူများအနေဖြင့် မြေအခြေအနေနှင့် ကိုက်ညီသော မြေပြုပြင်ပစ္စည်းအမျိုးအစား နှင့် အသုံးပြုသင့်သည့် ပမာဏကို မှန်ကန်စွာ သိရှိထားရန် လိုအပ်ပါသည်။
✅ ဒိုလိုမိုက်ကို ကမ္ဘာတစ်ဝှမ်းတွင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်အရင်းအမြစ်အဖြစ် အသုံးပြုကြသော်လည်း pH (၇) အောက် ရှိသော မြေများတွင်သာ အသုံးပြုသင့်ပါသည်။
✅ ဂျစ်ပဆန်နှင့် နှိုင်းယှဉ်ပါက ဒိုလိုမိုက်နှင့် ထုံးကျောက်တို့၏ ပျော်ဝင်နှုန်းမှာ အဆ (၁၅၀) ခန့် နှေး ကွေးပါသည်။

ဒိုလိုမိုက်မြေဩဇာ၏ အရေးပါမှု
*******************************
✅ ဒိုလိုမိုက်မြေဩဇာတွင် အပင်ကြီးထွားမှုအတွက် အရေးပါသော ဒုတိယအာဟာရဓာတ်များဖြစ်သည့် ကယ်လ်စီယမ် (Ca) နှင့် မဂ္ဂနီစီယမ် (Mg) တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။
✅ ကယ်လ်စီယမ်သည် မြေပဲအပင် ကြီးထွားဖွံ့ဖြိုးရန်နှင့် အစေ့အဆန်ပြည့်ဝသော သီးတောင့်များ ဖြစ်ပေါ်စေရန် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်ပြီး မြေပဲအထွက်နှုန်း တိုးတက်စေရန် အထောက်အကူပြုပါသည်။
✅ မြေပဲစိုက်မြေအများစုသည် သဲဆန်သော မြေများဖြစ်၍ ကယ်လ်စီယမ်နှင့် အော်ဂဲနစ်ပစ္စည်း ပါဝင်မှု နည်းပါးတတ်ပါသည်။ ကယ်လ်စီယမ်ချို့တဲ့ပါက အစေ့မပြည့်သော သီးတောင့်များ (ဗောက်သီး) ပိုမို ဖြစ်ပေါ်နိုင်သောကြောင့် မြေတွင်း၌ ကယ်လ်စီယမ်လုံလောက်စွာ ရှိနေစေရန် လိုအပ်ပါသည်။
✅ ဒိုလိုမိုက်သည် ပျော်ဝင်နှုန်းနှေးသဖြင့် စိုက်ပျိုးမည့်အချိန်မတိုင်မီ (၁) လခန့် ကြိုတင်ထည့်သွင်း ထားခြင်းက ပိုမိုထိရောက်ပါသည်။

*ဒိုလိုမိုက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ*
************************************
✅ မြေချဉ်သော မြေများတွင် pH ကို မြှင့်တင်ပေးနိုင်သည်။
✅ အပင်အမြစ်များမှ အာဟာရဓာတ်များကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေသည်။
✅ မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများ တိုးပွားလာစေပြီး မြေဆီလွှာ၏ အရည်အသွေးကို မြှင့်တင်ပေးသည်။
✅ မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေ၍ အမြစ်ဖွံ့ဖြိုးမှုနှင့် အာဟာရစုပ်ယူနိုင်စွမ်းကို တိုးတက်စေသည်။
✅ အသီးနှင့် အစေ့အဆန်များ၏ အလေးချိန်ကို တိုးစေပြီး အသီးညှာများကို ပိုမိုခိုင်မာစေသည်။
✅ အစာချက်လုပ်ငန်းစဉ်ကို အားကောင်းစေပြီး သီးနှံအထွက်နှုန်း တိုးတက်စေသည်။
✅ မြေတွင်းရှိ နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်နှင့် ပိုတက်စီယမ်တို့ကို အပင်များ ပိုမိုထိရောက်စွာ အသုံးချနိုင်စေသည်။
✅ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်အက်စစ်များ၏ ဓာတ်ပြုမှုကို ညီမျှစေသည်။
✅ မျိုးစေ့အပင်ပေါက်နှုန်းကို ကောင်းမွန်စေပြီး အပင်ငယ်များ၏ ကြီးထွားမှုကို အားပေးသည်။
✅ သီးနှံများ အမှည့်ညီညာစေပြီး အအေးဒဏ်ကို ခံနိုင်ရည် ပိုမိုကောင်းမွန်စေသည်။
✅ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းများကို ပိုမိုလျင်မြန်စွာ ဆွေးမြေ့စေသဖြင့် အပင်များ အာဟာရဓာတ်များကို အလွယ်တကူ ရရှိနိုင်သည့်အပြင် မဂ္ဂနီစီယမ်ကဲ့သို့သော အနည်းလို အာဟာရ ဓာတ်များကိုလည်း ဖြည့်ဆည်းပေးနိုင်ပါသည်။
✅ မြေချဉ်မှုကို ပြုပြင်လိုပါက ထည့်သွင်းအသုံးပြုမည့် ဒိုလိုမိုက်၊ ထုံးကျောက် သို့မဟုတ် မဖောက်ထုံး ပမာဏကို မြေဆီလွှာဓာတ်ခွဲစမ်းသပ်မှုရလဒ်အပေါ် အခြေခံ၍ တွက်ချက်သင့်ပြီး သီးနှံမစိုက်ပျိုးမီ (၁) လခန့် ကြိုတင်ထည့်သွင်းခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

ကိုးကား- https://www.fertilesoilsolutions.com/uncategorized/comparing-agricultural-gypsum-with-limestone-and-dolomite/

အော်ဂဲနစ်က ဘာကြောင့်ကောင်းသလဲဆိုသည့် အကြောင်းပြချက် (၈) ချက် 🍇🍈🍉🍊🍋🍌🍍🥭🍎🍏(၁) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက မြေဆီလွှာကို ပ...
10/08/2026

အော်ဂဲနစ်က ဘာကြောင့်ကောင်းသလဲဆိုသည့် အကြောင်းပြချက် (၈) ချက်
🍇🍈🍉🍊🍋🍌🍍🥭🍎🍏
(၁) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက မြေဆီလွှာကို ပိုကောင်းစေပါတယ်။

အော်ဂဲနစ်လယ်ယာ ကိုလက်တွေ့ကျင့်သုံးခြင်းဖြင့် သီးနှံပင်တွေရဲ့ အမြစ်များက ခပ်နက်နက်ဆင်းပြီး (၈၀) ရာခိုင်နှုန်းထက်ပိုသောမြေဆီလွှာ အဏုဇီ၀သက်ရှိအထူးသဖြင့်မှိုတွေက သစ်ပင်ရဲ့အမြစ်တွေမှာ အတူရှိနေပြီးတော့ အပင်အဟာရတွေကို စုပ်ယူထားကြတယ်။

(၂)အော်ဂဲနစ်အစားအစာက ကင်ဆာကို တိုက်ခိုက်ရာမှာကူညီတယ်။

လေဖြတ်တာ မဖြစ်အောင်ကူညီတယ်။အော်ဂဲနစ်အပင်များမှ ထောက်ပံ့ပေးတဲ့ အစာတွေထဲက Salicylic Acid (အက်စပရင်းဆေးမှာ အဓိကပါဝင်) ဟာရောဂါနဲ့ ဖိစီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အော်ဂဲနစ်လယ်ယာ စိုက်ပျိုးခြင်းကသဘာ၀မျိုးစိတ် (Wild Species) တွေကို (၅၀) ရာခိုင်နှုန်းထက်ပိုလာစေပြီး ငှက်မျိုးစုံတွေကို (၄၅) ရာခိုင်နှုန်းအထိပိုပြီးဆွဲဆောင်စေတယ်။ အော်ဂဲနစ်လယ်ကွက်တွေမှာလည်း လိပ်ပြာတွေ အဏုဇီ၀သက်ရှိတွေ အခြားသမားရိုးကျ စိုက်ကွင်းတွေထက် (၂)ဆ ပိုမိုဆွဲဆောင်ပါတယ်။

(၄) အော်ဂဲနစ်အစားအစာက အဟာရဓာတ်ပိုပြီးပါဝင်ပါတယ်။

ဒါကလည်း အံဩစရာတော့ မဟုတ်ပါဘူး။ အော်ဂဲနစ် မဟုတ်တဲ့စနစ်တွေက ဓာတုပစ္စည်းတွေကို မြန်သထက်မြန်မြန်ကြီးထွားစေဖို့ အသုံးပြုတဲ့အတွက် အစားအစာအပေါ်မှာအာဟာရအကျိုးသက်ရောက်မှု အချိန်ကာလမရှိတော့ပါဖူး။နှစ်ပေါင်း (၅၀)မျှ ဓာတုအသုံးပြုလို့ မိမိတို့ရဲ့ထုတ်လုပ်မှုကျဆင်းလာတဲ့အတိုင်း မိမိတို့ထုတ်ကုန်ရဲ့ အာဟာရတန်ဖိုးတွေကလည်း ကျဆင်းလာတယ်။ အာလူးမှာဆိုရင်ဗီတာမင် A (၁၀၀) ရာခိုင်နှုန်းမရှိတော့ဘူး။

ဗီတာမင်(C) နဲ့ သံဓာတ် (Fe) က၊ (၅၅) ရာခိုင်နှုန်း ပျောက်ဆုံးနေပြီးတော့ ထုံးဓာတ် (Ca) (၂၅) ရာခိုင်နှုန်းနဲ့ဗီတာမင် B ရရှိစေနိုင်မဲ့ ရိုင်ဗိုလေလင်က (၅၀) ရာခိုင်နှုန်းဆုံးရှုံးကုန်တယ်။ ပုလဲ ကဲ့သို့ ဓာတ်မြေဩဇာက အာလူးရဲ့ အရသာကိုပျက်ယွင်းစေတယ်။ ယခင်ပုလဲ ယူရီးယားမထည့်တဲ့အာလူးက သကြားပွင့်နေသလိုမျိုးပဲ စားရတာလည်း လျှာထဲမှာပျော်သွားလောက်အောင် အရသာရှိပါတယ်။

(၅) လူတွေရဲ့ ကျန်းမာရေးအတွက် အသီးတွေထဲမှာ ပန်းသီးကို တန်ဖိုးထားကြပါတယ်။ အော်ဂဲနစ်ပန်းသီးက ကျန်းမာရေးနဲ့ပြည့်စုံစေပါတယ်။မိမိတို့အနေနဲ့ ပန်းသီးစိုက်ပျိုးရေးခြံတွေကို ရောက်ဘူးကြပါသလား။ ပန်းသီး တစ်လုံးကောင်းမွန်စွာ စားသုံးရဖို့ မှိုသတ်ဆေး၊ပိုးသတ်ဆေးမျိုးစုံ အသုံးပြုနေကြတာကို တွေ့မြင်ကြရမှာပါ။ ဒီလိုနည်းလမ်းနဲ့ အော်ဂဲနစ်နည်းလမ်းမှ ရလာတဲ့ ပန်းသီးရဲ့ကွာခြားမှုကအလွန်ကို ကြီးမားလှပါတယ်။ အော်ဂဲနစ်ပန်းသီး က အရသာထူးခြားကောင်းမွန်တယ် အာဟာရလည်း ပိုပြီးပါဝင်ပါတယ်။ "အော်ဂဲနစ် ပန်းသီးနေ့စဉ်စားရင် ဆရာဝန်မလိုအပ်တော့ပါဘူး။''တဲ့။

(၆) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက ရာသီဥတုပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်ပါတယ်။

အော်ဂဲနစ်မြေဆီလွှာက ကာဗွန်ကိုသယ်ဆောင်တဲ့ အဏုဇီ၀ သက်ရှိတွေနဲ့ ပြည့်၀ရှင်သန်နေပါတယ်။ စမ်းသပ်မှုများအရ မြေဆီလွှာတိုးတတ်မှုဟာအော်ဂဲနစ်မြေမှာရာခိုင်နှုန်း (၁၂၀)တိုးတတ်ပြီး ဓာတုပစ္စည်းအသုံးပြုမှုမှာ စမ်းသပ်ချက်အရ (၂၀) ရာခိုင်နှုန်းတိုးတတ်တာတွေ့ရတယ်။ အော်ဂဲနစ်လယ်ယာမှာအော်ဂဲနစ်ကာဗွန်ထုတ်လုပ်မှု (၂၅)ရာခိုင်နှုန်းပိုမိုပြီး မြေဆီလွှာထဲမှာ သိုမှီးထားနိုင်တယ်။

(၇)ခြောက်သွေ့တဲ့ အခြေအနေမှာ အော်ဂဲနစ်လယ်ယာရဲ့ထုတ်လုပ်မှုက အထွက်ပိုမြှင့်မားစေတယ်။

အော်ဂဲနစ်မြေဆီလွှာက အစိုဓာတ်ကို ပိုပြီးထိန်းထားနိုင်တယ်။ အမြစ်အဖွဲ့အစည်းကလည်း မြေကြီးအောက်ကို နက်နက်ဆင်းလို့ အစိုဓာတ်ပိုရစေတယ်။ ကနေဒါနိုင်ငံ အော်ဂဲနစ် စိုက်ပျိုးသူများက
သမားရိုးကျထက်ပိုပြီးတော့ ခြောက်သွေ့အခြေအနေမှာ အထွက်ပိုကောင်းအောင် ထုတ်လုပ်နိုင်တယ်
လို့ဆိုပါတယ်။

(၈) အော်ဂဲနစ်အစားအစာက လုံခြုံစိတ်ချရတယ်။

နောက်ဆုံးအချက်ကတော့ အော်ဂဲနစ်အစားအစာဟာ လုံခြုံစိတ်ချရပါတယ်။အော်ဂဲနစ်လယ်ယာ အလုပ်အကိုင်ကို ပိုမို ဖန်တီးပေးနိုင်တယ်။ အမြတ်ပိုရစေတယ်။ နိုက်ထရိုဂျင်စီးဆင်းမှုမဖြစ်တဲ့ အတွက်ရေထုမညစ်ညမ်းစေပါဘူး။ ဒီလောက်တင်မဟုတ်ပါဘူး။ နိုင်ငံတကာ စိုက်ပျိုးရေးကို သွားရောက်လေ့လာကြည့်မယ်ဆိုရင် သမားရိုးကျနဲ့ စိုက်ပျိုးထုတ်လုပ်သူတွေက ဓာတုပစ္စည်းတွေနဲ့ လက်ပွန်းတတီး အသုံးပြုနေရလို့ကျန်းမာရေးဆုံးရှုံးမှုဖြစ်တယ်ဆိုတဲ့အချက်ကိုတွေ့ရမှပါ။ နောက်ဆုံးမှာတော့ အော်ဂဲနစ်လယ်ယာအလေ့အကျင့်ဟာ အားလုံကိုအောင်နိုင်သွားမှာပါ။ အာဟာရကောင်း၊ဓာတုအန္တရာယ်မရှိ၊ တစ်နှစ်ပတ်လုံးအတွက်အထွက်ကောင်း၊သဘာ၀သက်ရှိပိုမိုပွားများလာမယ်။ မြေဆီလွှာအရည်အသွေးပိုကောင်းကာ လူတွေလည်းဖျားနာတာမဖြစ်တော့ပါဖူး။

Crd: မင်းဝင်းထိန် (B.Ag)
အော်ဂဲနစ် လယ်ယာ

#သဘာဝ

မြေဆွေးနဲ့ တီကျစ်စာတို့ရဲ့ အာဟာရစွမ်းအင်နှင့် ကောင်းကျိုးများ 🔸🔸🔸🔸🔸🔹🔹🔹🔹မြေဆွေးဆိုတာ အော်ဂဲနစ်ပစ္စည်းများကို ဖြိုခွဲတဲ့ လ...
21/07/2026

မြေဆွေးနဲ့ တီကျစ်စာတို့ရဲ့ အာဟာရစွမ်းအင်နှင့်
ကောင်းကျိုးများ
🔸🔸🔸🔸🔸🔹🔹🔹🔹
မြေဆွေးဆိုတာ အော်ဂဲနစ်ပစ္စည်းများကို ဖြိုခွဲတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ တီကျစ်စာကတော့ တီကောင်လေးတွေကနေ အော်ဂဲနစ်ပစ္စည်းများကို စားသုံးပြီးနောက် စွန့်ထုတ်လိုက်တဲ့ သဘာဝစွန့်ပစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းတို့ ၂ မျိုးစလုံးမှာ အကျိုးပြုအဏုဇီဝသက်ရှိများ၊ အင်ဇိုင်းများနဲ့ အာဟာရဓာတ်များ ကြွယ်ဝတာကြောင့် အလွန်ကောင်းမွန်တဲ့ သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ မြေဆွေးနဲ့ တီကျစ်စာ နှစ်မျိုးစလုံးဟာ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေပြီး အပင်တွေရဲ့ ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။

✅ မြေဆွေးရဲ့ လုပ်ငန်းစဉ်အတိအကျက ဘာလဲ?

မြေဆွေးဆိုတာ အကျိုးပြု အဏုဇီဝသက်ရှိများကနေ အော်ဂဲနစ်ပစ္စည်းများကို ဖြိုခွဲတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ မြေဆွေးပြုလုပ်တဲ့အခါ အခြေခံအကျဆုံး အချက်က နိုက်ထရိုဂျင်အခြေခံ (အစိမ်း) ပစ္စည်း ၁ ဆနဲ့ ကာဗွန်အခြေခံ (အညို) ပစ္စည်း ၄ ဆ တို့ကို ရောစပ်ရတာ ဖြစ်ပါတယ်။ အညိုရောင်ပစ္စည်းတွေအနေနဲ့ သစ်ရွက်ခြောက်၊ သစ်ပင်မှ ရရှိတဲ့ သစ်ကိုင်းသစ်ခက်၊ ကောက်ရိုး၊ လွှစာမှုန့်နဲ့ ဆုတ်ဖြဲထားတဲ့ စက္ကူကဲ့သို့ ပစ္စည်းတွေ ပါဝင်ပါတယ်။ အစိမ်းရောင်ပစ္စည်းများကတော့ ရိတ်ထားတဲ့ မြက်ပင်များ၊ စွန့်ပစ် အစားအစာများ၊ ကော်ဖီမှုန့်နဲ့ တိရိထွက်စ္ဆာန်စွန့်ပစ်ပစ္စည်းများကဲ့သို့ ပစ္စည်းတွေပါဝင်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းတွေ မျှတမှုမရှိပါက ကောင်းစွာဆွေးမြေ့မှာမဟုတ်ဘဲ မြေဆီလွှာအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေလည်း ရရှိိနိုင်မှာမဟုတ်ပါဘူး။

မြေဆွေးမှာ နောက်ထပ်အရေးကြီးတာက အစိုဓာတ်ဖြစ်ပါတယ်။ သင့်တော်တဲ့အစိုဓာတ်ရှိခြင်းဟာ အဏုဇီဝသက်ရှိတွေနဲ့ မှိုတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပြီး ဆွေးမြည့်ပျက်စီးခြင်းလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေပါတယ်။ နောက်တစ်ချက်ကတော့ လေဝင်လေထွက်ရှိဖို့ပါ။မြေဆွေးပုံကို ဆွေးမြည့်မှု မြန်ဆန်စေဖို့အတွက် ၂ - ၅ ရက်လျှင် ၁ ကြိမ် အထက်အောက် လှန်ပေးသင့်ပါတယ်။ ထိုကဲ့သို့ မလုပ်ပါက မြေဆွေးပုံအတွင်းရှိ အဏုဇီဝသက်ရှိများထံ အောက်ဆီဂျင်နဲ့ ရေ ရရှိမှုနည်းသွားပြီး မြေဆွေးဖြစ်ပေါ်မှုကို နှေးကွေးသွားစေမှာ ဖြစ်ပါတယ်။ အောက်စီဂျင်နဲ့ အစိုဓာတ်သာ ကောင်းစွာရှိနေမယ်ဆိုရင် မြေဆွေးအဖြစ် လျင်မြန်စွာနဲ့ ပြိုကွဲနိုင်ဖို့အတွက် လိုအပ်တဲ့အပူချိန်ကိုပါ ထုတ်လွှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ ပါဝင်ပစ္စည်း၊ မြေဆွေးပုံ အရွယ်အစားနဲ့ အထက်​အောက်လှန်ပေးနိုင်တဲ့အပေါ် မူတည်ပြီး ဆွေးမြေ့ပြိုကွဲမှုဟာ ရက်သတ္တပတ်အနည်းငယ်ကနေ နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ မြေဆွေးဟာ အေးမြပြီး အညိုရင့်ရောင်ပြောင်းသွားကာ မြေသားကဲ့သို့ အမှုန်အမွှားလေးများအဖြစ် တွေ့ရှိရပါက အသုံးပြုရန်အသင့် ဖြစ်ပြီလို့ ယူဆနိုင်ပါတယ်။

မြေဆွေးမှာ အဓိကပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်တို့ဖြစ်ပြီး အခြားသော ဒုတိယအများလို အာဟာရဓာတ်တွေနဲ့ အနည်းလို အာဟာရဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ မြေဆွေးဟာ အချိန်ကြာမြင့်လာတာနဲ့ အမျှ တဖြည်းဖြည်းပြိုကွဲပြီး အရေးပါတဲ့ အာဟာရဓာတ်တွေကို မြေဆီလွှာထဲ ထည့်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် မြေဆီလွှာထဲမှာ အကျိုးပြု ဘက်တီးရီးယား၊ မှိုနဲ့ ပရိုတိုဇိုးဝါး တွေကိုလည်း တိုးပွားစေနိုင်တာ ဖြစ်ပါတယ်။ မြေဆီလွှာရဲ့ အစိုဓာတ်ကိုထိန်းထားနိုင်ပြီး အမြစ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုသလို မြေဆီလွှာ တိုက်စားခံရတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

✅ တီကျစ်စာနဲ့ ၎င်းရဲ့အာနိသင်များ

တီကျစ်စာဆိုတာကတော့ အထက်မှာဖော်ပြခဲ့သလိုပဲ တီကောင်လေးတွေကနေ အော်ဂဲနစ်ပစ္စည်းများကို စားသုံးပြီးနောက် စွန့်ထုတ်လိုက်တဲ့ သဘာဝစွန့်ပစ်ပစ္စည်း ဖြစ်ပါတယ်။ တီကောင်လေးတွေဟာ စွန့်ပစ်သဘာဝပစ္စည်းများကို အလွန်ကောင်းမွန်တဲ့ မြေသြဇာအဖြစ်နဲ့ ပြောင်းလဲပေးနိုင်တာ ဖြစ်ပါတယ်။ တီကျစ်စာအတွက်
တီကောင်လေးတွေ မွေးတဲ့အခါ မျိုးရွေးချယ်ခြင်းဟာလည်း အရေးကြီးလှပါတယ်။ Red worm (သို့မဟုတ်) Eisenia fetida ဆိုတဲ့ မျိုးတွေကတော့ အော်ဂဲနစ်စွန့်ပစ်ပစ္စည်း အများအပြားကို လျင်မြန်စွာ စားသုံးနိုင်တာကြောင့် မွေးမြူရာမှာ မကြာခဏ ညွှန်းဆိုခံရပါတယ်။ တီကောင်လေးတွေ ကြိုက်နှစ်သက်တဲ့ အစားအစာတွေကတော့ ဟင်းသီးဟင်းရွက် (အာလူးမပါဝင်ပါ)၊ သီးနှံအခွံများ (ရှောက်၊ သံပုရာအခွံများ မပါဝင်ပါ)၊ ကော်ဖီမှုန့်၊ ပေါင်မုန့်၊ သစ်ရွက်ခြောက်၊ စက္ကူ၊ ပြောင်းဖူးအမှုန့်၊ အချိုဓာတ်မပါတဲ့ ကောက်ပဲသီးနှံများ စသည်တို့ဖြစ်ကြပါတယ်။ ထို့ကြောင့် မိမိရဲ့စိုက်ခင်းမှာ တီကောင်လေးတွေ ရှင်သန်နေထိုင်နိုင်အောင် အော်ဂဲနစ်ပစ္စည်းတွေ ထည့်ပေးသင့်ပါတယ်။ ထိုကဲ့သို့ ထည့်ပေးခြင်းဟာ တီကောင်လေးတွေအတွက် အစားအစာ ပေါများစေမှာဖြစ်ပြီး ၎င်းတို့ရဲ့ အရေအတွက်ကိုလည်း တဖြည်းဖြည်းတိုးလာစေမှာ ဖြစ်ပါတယ်။

တီကောင်လေးတွေရှိတဲ့ မြေဆီလွှာမှာဆိုရင် ၎င်းတို့လှုပ်ရှားသွားလာနေတဲ့ လမ်းကြောင်းလေးတွေကတစ်ဆင့် လေဝင်ပေါက်လေးတွေ ဖြစ်စေပြီး မြေဆီလွှာထဲမှာ လေဝင်လေထွက်ကောင်းစေပါတယ်။ လေဝင်ပေါက်တွေရှိနေတာဟာ အမြစ်တွေအတွက် ကောင်းစေရုံသာမက ရေနဲ့ အာဟာရဓာတ်တွေကိုလည်း အပင်ဆီသို့ လျင်လျင်မြန်မြန် ပို့ဆောင်ပေးနိုင်ပါတယ်။ တီကောင်လေးတွေရှိနေခြင်းဟာ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေသလို သီးနှံတွေစိုက်ပျိုးရာမှာ အဓိကအသုံးပြုရတဲ့ မြေဆီလွှာ အပေါ်ယံမြေသားရဲ့ အရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

တီကောင်လေးတွေဆီကနေ စွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိလာတဲ့ တီကျစ်စာမှာဆိုရင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ် ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ၎င်းတီကျစ်စာတွေကို အပင်ရဲ့ အမြစ်တွေကနေ အလွယ်တကူ ရယူစားသုံးနိုင်တာကြောင့် အကျိုးရှိစေမှာ အမှန်ပါပဲ။


Htoo (Agri)

*ပဲတီစိမ်းရွက်ပြောက်ရောဂါ**ရောဂါဖြစ်ပွားပုံ*• အပင်ငယ်စဉ်တွင် အောက်ခြေရွက်များမှ စတင်ဖြစ်ပေါ်သည်။• အရွက်အောက်မျက်နှာပြင်တ...
20/07/2026

*ပဲတီစိမ်းရွက်ပြောက်ရောဂါ*
*ရောဂါဖြစ်ပွားပုံ*
• အပင်ငယ်စဉ်တွင် အောက်ခြေရွက်များမှ စတင်ဖြစ်ပေါ်သည်။
• အရွက်အောက်မျက်နှာပြင်တွင်အနက်ရောင်၊ လုံးဝန်းလုနီးပါး ရွက်ပြောက်ငယ်များ ပေါ်လာသည်။
• ပြင်းထန်ပါက အရွက်များ ကြွေကျပြီး ရိုးတံမဲများသာ ကျန်တတ်သည်။
*ကာကွယ်နှိမ်နင်းနည်း*
• ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
• ပြောင်းကဲ့သို့ သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
• ရောဂါရအခင်းတွင် အသုံးပြုသော ကိရိယာများကို သန့်ရှင်းစွာ ဆေးကြောပြီးမှ ပြန်လည်အသုံးပြုပါ။
• မျိုးစေ့ကို မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။
အသုံးပြုနိုင်သော ဆေးများ
• သိုင်အိုဖာနိတ်မီသိုင်း၊ မန်ကိုဇက်
🌱 *အထူးသတိပြုရန်*
📌 ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
• ရောဂါခံနိုင်ရည်ရှိသော မျိုးရွေးချယ်ခြင်း
• သီးလှည့်စိုက်ပျိုးခြင်း
• စိုက်ခင်းသန့်ရှင်းစွာ ထိန်းသိမ်းခြင်း
👉 ထိုနည်းလမ်းများဖြင့်
ကုန်ကျစရိတ်လျှော့ချနိုင်ပြီး အထွက်ကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုနည်းသော စိုက်ပျိုးရေးကို ရရှိနိုင်ပါသည်။
Photo-RAJA J, ANNAMALAI UNIVERSITY, Bugwood.org
Source- Smart Taung Thu တောင်သူလက်စွဲစာအုပ်

Address

Bagan

Telephone

+959789003379

Website

Alerts

Be the first to know and let us send you an email when Nature သဘာဝစိုက်ပျိုးရေးသုံးအီးအမ်နှင့် သြော်ဂဲနစ်ပစ္စည်းများ အရောင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nature သဘာဝစိုက်ပျိုးရေးသုံးအီးအမ်နှင့် သြော်ဂဲနစ်ပစ္စည်းများ အရောင်းဆိုင်:

Shortcuts

Share