PCE STORE _ပန်းခြူးအိမ်ကုန်မျိုးစုံဆိုင်

  • Home
  • Myanmar
  • Bago
  • PCE STORE _ပန်းခြူးအိမ်ကုန်မျိုးစုံဆိုင်

PCE STORE _ပန်းခြူးအိမ်ကုန်မျိုးစုံဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PCE STORE _ပန်းခြူးအိမ်ကုန်မျိုးစုံဆိုင်, Grocers, Myoma, Bago.

17/08/2024
16/08/2024
27/01/2024

ခေါင်းပိုင်းဆွဲပြီးမှ အကြွေးဟုပြောသောအခါ😆

27/01/2024
27/01/2024

ပဲမျိုးစုံ ပွင့်သီးချိန် နိူက်ထရိုဂျင်(N) မလိုအပ်ဘူးလား

ဆောင်းသီးနှံ စိုက်ပျိုးနေကြသော တောင်သူများ ဆေးဝယ်လာကြတဲ့အချိန် ပြောနေကြသော စကားများကတော့

♥ ပဲ အသီးဝင်နေပြီမို့ အားဆေး မဖြန်းတော့ဘူး။
♥ အသီးတင်ဘို့အတွက် နိူက်ထရိုဂျင်(N) ပါတာ မသုံးတော့ဘဲ P,K အချိုးများတာတွေဘဲ သုံးတော့မယ်။
♥ ပဲတွေ အသီးတင်ပြီတာနဲ့ အပင်တွေ ကျသွားတယ်။
ဆိုတဲ့ စကားတွေပါဘဲ။

မိမိကတော့ မိမိရှေ့တွင် မြင်ရ၊ ကြားရတဲ့အခါ
ဆေးလာဝယ်တဲ့တောင်သူတွေကို
ပဲမျိုးစုံသာမက ငရုပ်တွင်လည်း အသီးအတောင်ံ့၊ အစေ့အဆန်တည်ချိန်တွင် အဟာရလိုအပ်ချက် ပိုမိုများပြားပြီး အဟာရဓာတ်များဖြစ်တဲ့ N P K အချိုး ၃ မျိုးစလုံး လိုအပ်နေတာကို ပြောပြဖြစ်ပါတယ်။
♥( ငရုတ်အစိမ်းခူးခြင်းနှင့် အမှည့်ထားခြင်း ယှဥ်ပြိုင်လုပ်ဆောင်လျင် သိနိူင်ပါတယ်)

♥ P K အချိုးများများ ပါဝင်တဲ့ ရွက်ဖြန်းမြေဩဇာတွေကို သုံးမယ်ဆိုလျင်တောင် N အချိုးပါတဲ့ ရွက်ဖြန်းမြေဩဇာ၊ ကယ်လစီယမ်(Ca)၊ ဘိုရွန်(B)၊ နဲ့ အခြားအနည်းလို ပါဝင်တဲ့ ရွက်ဖြန်းအားဆေးများ အသုံးပြုတာတွေလုပ်ဆောင်ခြင်း များ ပြုသင့်ကြောင်း ပြောပြဖြစ်ပါတယ်။
(ရေပေးသွင်းလို့ ရလျင်တော့ ပုလဲမြေဩဇာ ၇.၅ ပိဿာလောက်ကြဲပက်ပြီး ရေတင်ပေးလျင် အကောင်းဆုံးပါဘဲ မိမိကတော့ ထိုနည်းစနစ် အသုံးပြုပါတယ်)
မိမိသည် အဟာရဗေဒ ပညာရှင်မဟုတ်တော့ ထိုအယူအဆ မှန်ခြင်မှ မှန်နိူင်မှာ ဖြစ်သော်လည်း လက်တွေ့ စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းမှာတော့ ကြုံတွေ့နေရတဲ့ အမှန်တရားဖြစ်၍ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

♥ အသီးအတောင့် အောင်မြင်စေဘို့ N P K အချိုး ၃ မျိုးစလုံး လိုအပ်ပါတယ်။
N (နိုက်ထရိုဂျင်) မလိုတော့ဘူး၊ တီစူပါ အချိုးများတာကို လိုအပ်တယ်၊ K (ပိုတက်စီယမ်) များများသုံးမှ အသီးအတောင့် များမယ်လို့ မှတ်ထင်နေကြတာကို တွေ့နေရပါတယ်။
ထိုသို့ မှတ်ထင်အောင်လဲ ပြောဆိုရောင်းချနေ၊ နည်းပညာပေးနေကြတာက ရှိနေတာကိုး။
အပင်အစေ့အဆန်အောင်မြင်ရန်အတွက် ပိုတက်စီယမ်(K) မှာ မရှိမဖြစ်လိုအပ်နေပေမဲ့ ဖော့စဖိတ်ဓာတ်( P) များကို အပင်များက အပင်ကြီးထွားချိန်မှာ စားနိူင်သေးရဲ့လား ဆိုတာကိုတော့ လေ့လာဆန်းစစ်ဘို့ လိုအပ်နေပါတယ်။

♥ မိမိတို့ ထမင်းစားသည့်အချိန်တွင် ထမင်း၊ ဟင်း အမယ်မျိုးစုံနှင့် စားနေကြသော်လည်း ထမင်းသည် နည်းခြင်းများခြင်းသာ ကွာခြားပြီး မပါမဖြစ် အဓိက ဖြစ်၍
နိူက်ထရိုဂျင်(N) သည်လည်း ထမင်းလိုပင် နည်းခြင်းများခြင်းသာ ကွာခြားပြီး မပါမဖြစ် အဓိက အဟာရဓာတ်ပင်ဖြစ်ပါတယ်။
ဒါက ဘယ်သူဘာပြောပြော သတိပြုရမဲ့ အချက်တွေပါ။

♥ ပဲတွေ အသီးတင်ပြီတာနဲ့ အပင်တွေ ကျသွားတယ်ဆိုတာကတော့ အပင်ကြီးထွားချိန်၌သာ နိူက်ထရိုဂျင်(N)
သုံးခဲ့ပြီး အပွင့်အသီး ဝင်ချိန်မှာ နိူက်ထရိုဂျင်(N) မသုံးစွဲကြတော့ဘဲ P K သည်သာ အသီးအတွက် အဓိက ဆိုတဲ့ အသိ၊ အတွေးများက ပြဿနာဖြစ်စေတာပါ။

ဒီလောက်ဆိုလျင် ပဲစိုက်ပျိုးနေကြသူများ ပဲတွေ အသီးတင်ပြီးတာနဲ့ အပင်တွေ ကျသွားခြင်းနဲ့ ပဲမျိုးစုံ ပွင့်သီးချိန် နိူက်ထရိုဂျင်(N) သုံးသင့်သေးလား၊ မသုံးသင့်တော့ဘူးလား ဆိုတဲ့ အဖြေကို သိလောက်ပြီလို့ ထင်ပါတယ်။

ချမ်းမြေ့ပါစေ
Crd
ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)
မင်းလှမြို့နယ်
ပဲခူးတိုင်းဒေသကြီး
၁၈.၁.၂၀၂၄

27/01/2024

Address

Myoma
Bago

Website

Alerts

Be the first to know and let us send you an email when PCE STORE _ပန်းခြူးအိမ်ကုန်မျိုးစုံဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category