26/03/2024
ရွှေရင်ကျော်နှင့် အစောင့်အရှောက်များ ~~~~~~~~~~~~~~~~~~~~~~
"ဆေးတော်သွားရာနောက်ကို နတ်မင်းကြီးလေး
ပါးနဲ့မယ်တော်ထပ်ကြပ်မကွာစောင့်ရှောက်တယ်"
အဖေကြီး ဦးမြခင်
ရွှေရင်ကျော်တွင် အစောင့်အရှောက် ၂ မျိုးရှိ့
ပါသည် အပြင်စည်း အစောင့်အရှောက်နဲ့ အတွင်းစည်း
အဆင့်လိုက် အစောင့်အရှောက် ဟူ၍ ၂ မျိုးရှိ့ပါသည်
ပညာအပ်စဉ်တွင်
တောပိုင် တောင်ပိုင် ကွင်းပိုင် နယ်ပိုင် မြို့တော်
ရှင် ရွှာတော်ရှင် နယ်တော်ရှင်နတ်အပေါင်းတို့နှင့် တောလမိုင်း တောင်လမိုင်း မြို့လမိုင်း ရွှာလမိုင်း နေလမိုင်း
ရေလမိုင်း မီးလမိုင်း လ လမိုင်း ပထဝီလမိုင်း အာကာသ
လမိုင်း စကြာ်ဝဌာလမိုင်း အစရှိ့သော လမိုင်းအပေါင်း
တို့နှင့် တစ်ကွ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း အရံ ၃၇ မင်း နတ်များအပြင် ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုး
ထောင် ကိုးရာ ကိုးဆယ့်ကိုးနန်း၌ ရှိ့ကြကုန်သော သိုက်ချုပ် သိုက်အုပ် သိုက်နန်းရှင် သိုက်နန်းသခင် တို့နှင့် ရွှေ
တော်ရှစ်သောင်း မျိုးတော်အပေါင်းတို့နှင့်တစ်ကွ
နန်းရှင် သိုက်နန်းသခင်အစရှိ့သော ရွှေတော်ရှစ်သောင်း
မျိုးတော်အပေါင်းတို့နှင့်တစ်ကွ အမည်မဖော်ရသေးပဲ
ကျန်ရှိ့နေသေးသော နတ်များ အပေါင်းတို့သည် ကျွန်ပ်
၏ တပည့်များ သွားစဉ် ၎င်း လာစဉ်၎င်း အိပ်စဉ်၎င်း မေ့စဉ်၎င်း တွေဝေထိုင်းမှိုင်းလေးလံခဲ့သည်ရှိ့သော် အထက်
ပါအပ်ထားရာစောင့်အရှောက်များက ကြိုတင်တွန်းလှန်
၍ ဖြိုဖျက် တိုက်ခိုက်စေရမည် ဟု ပါရှိ့သည့်အတိုင်း
အထက်ပါအစောင့်အရှောက်များသည် ရွှေရင်ကျော်ဆရာ/ဆရာမများအတွက် ဘေးရန်စီးတာရန် တာဝန်ယူ
ထားရပေသည် ထိုအပြင်စည်း အစောင့်အရှောက်များမိမိကိုယ် အပြင်စည်းမှစောင့်ရှောက်ရန် အထူးမေတ္တာထားရန်လိုအပ်သလို အပြင်စည်းအစောင့်များကို အတွင်းစည်းသို့ဝင်ခွင့်မပြုသင့်ပေ မိမိကခွင့်ပြုလျှင် အကုန်ဝင်လို့ရပေသည်
အတွင်းစည်း အစောင့်အရှောက်များသည်
အဆင့်လိုက်အစောင့်အရှောက်များဖြစ်ပြီး အဆင့်လိုက်
အစောင့်အရှောက်များကို တင်ပြခဲ့ပြီးဖြစ်ပါသည် အဆင့်
လိုက်အစောင့်အရှောက်ပုဂ္ဂိုလ်များသည် အရိယာ သူတော်စင်များဖြစ်၍ ကိုယ်တိုင်လာ၍ မစောင့်ရှောက်ပါ
မေတ္တာ ဟိတ်တန်ခိုးဖြင့်သာစောင့်ရှောက်ခြင်းဖြစ်ပါသည် ရွှေရင်ကျော်ဆေးစောင့်ကို မည်သည့် ပုဂ္ဂိုလ်ကမှ စစ်ဆေး ချုပ်နှောင်၍ မရပါ သူတော်စင်ပုဂ္ဂိုလ်တို့၏
မေတ္တာ ဟိတ်တန်ခိုး မိမိ၏ ကိုယ်ကျင့်တရားအရ မိမိနှင့်
သင့်တော်သော ပုဂ္ဂိုလ်က လာရောက်၍ စောင့်ရှောက်ခြင်းဖြစ်သည် ရွှေရင်ကျော် အတွင်းစည်း အစောင့်များ
တွင် သန ခြင်းမရှိ့ပေ ရွှေရင်ကျော်ပညာသည် သဘာဝ
ပညာဖြစ်ပြီး သစ္စာဖြင့် ချုပ်ထားသောပညာဖြစ်၍ နိမ့်
ကျသောအချိန် အပုတ်ချိန်ဟူ၍မရှိ့ပေ သစ္စာပျက်လျှင်
တော့ပညာပျက်၍ နိမ့်ကျပေပြီ
လူနာကုသရာတွင် စမ ရေမန်း အစရှိ့သည်တို့
ကိုတောင်းဆိုရာ၌ သစ္စာဆို၍ တောင်းဆိုမှသာ သစ္စာမှန်
မှသာ စမ ရေမန်း ၏ အစွမ်းထက်မြတ်ပေသည်
အချုပ်ဆိုရသော် ဂိုဏ်းတူ ဆရာတူ ပညာအဆင့်တူသော်လည်း ဂိုဏ်းအပေါ်ထားသော စေတနာ သစ္စာ
လုပ်ဆောင်မှု့ ဥာဏ် အစရှိ့သည်များ ကွာခြားပါက ပညာ
၏ အစွမ်းထက်ပုံခြင်းလည်း တူညီမည်မဟုတ်ပါ
ပညာသင်ရွှေတိုး မုဒုံမြို့
#မေတ္တာဖြင့်ပြန်လညမျှဝေသည်