Htet Family Construction

Htet Family Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Family Construction, Grocers, Bago.

07/05/2025
19/11/2024
19/11/2024

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တပ်ရမလဲ တွက်နည်း

----------------------------------------------

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။

အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ််သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်။

နေ့တနေ့ရဲ့ပျမ်းမျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။ ပထမဆုံးအခန်းရဲ့ထုထည်ကို ကုဗပေနဲ့ရှာပါ။

ဥပမာ အလျား=15ft အနံ=10ft

အမြင့်=10 ft ရှိတဲ့ အုတ်နံရံ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲဲ့အခန်းဆိုပါတော့အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့ အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လ်ို့ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကို ရပါတယ်။အဲဒီ BTU စုစုပေါင်းကို..8000 နဲ့ စားရင် မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာ ရပါတယ်။

အခန်းအမျိုးအစား (၁)

လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက် 6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင် 1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြော ‌ပြောရရင် 1 Hp တကောင်စက်တပ်ရမယ်လို့ဆိုတာပါ။

အခန်းအမျိုးအစား (၂)

လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှာကြက် လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။ ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hp တကောင်ခွဲကျော်ကျော်ရပါတယ်) ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။

အခန်းအမျိုးအစား (၃)

အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့သုံးပုံတပုံကျော်ကာထားတယ်၊မျက်နှာကြက်က အပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။


အခန်းအမျိုးအစား (၄)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက်နှာကြက် အပူလုံဆိုရင်လည်း ၉ နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား (၅)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား (၆)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့် လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့ နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား (၇)

အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ် နောက်ထပ် ဥပမာ - တခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်အလျား။ 40 ft အနံ။20 ft အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့ အခန်းထုထည်=40x 20 x 12=9600 ft3 သူကို့ အပေါ်ကဖော်ပြထားတဲ့ အခန်အမျိုးအစားအရ 12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင် 9600x 12 =115200 Btu ရပါမယ် အဲဒါဆိုရင် 115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)1.5 Hp ၁၀ လုံးတပ်ရင်တပ် 3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။ စက်တွေကိုနေရာချရင်သာ လူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။

အဓိကမှတ်ရမှာကတော့ ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကြက်မရှိတဲ့မလုံတဲဲ့အဆောက်အဦးတွေအတွက်ကတော့.....

အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်း မရပါဘူးဗျ။ 1 Ton အိမ်သုံးအဲကွန်းအသေးဟာ လျှပ်စစ် Power Input1119 Watts(1.119 Kw)1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။Cooling Capacity အနေနဲ့ 12000 Btu 3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ ညီပါတယ်။

အဲဒါတွေက.. စက်ရဲ့ဘေး Name plate မှာ ဘယ်လောက် Cooling capacity ရှိတယ် ဘယ်လောက် power input ရှိတယ်ရေးထားပါတယ်။Cooling capacity တူပြီး Power input နည်းတဲ့ တနည်းအားဖြင့််လျှပ်စစ်ဝပ်နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

Credit:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
゚viralfbreelsfypシ゚viral ᩣシ ゚viralシ ゚ ゚viralシ

09/10/2024

Address

Bago

Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Htet Family Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category