Education Knowledges and News

Education Knowledges and News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Education Knowledges and News, Grocers, Buthidaung.

ရိုဟင်ဂျာအရေး ပါဝင်ဆောင်ရွက်မယ်လို့ ပြင်သစ်သမ္မတပြော~~~■ ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့ကိစ္စကို ...
12/09/2023

ရိုဟင်ဂျာအရေး ပါဝင်ဆောင်ရွက်မယ်လို့ ပြင်သစ်သမ္မတပြော
~~~
■ ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့ကိစ္စကို ပြင်သစ်နိုင်ငံကလည်း ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က တနင်္လာနေ့က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံရာမှာ အခုလိုပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီပံ့ပိုးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၇ သန်းနဲ့ညီမျှတဲ့ ယူရို တစ်သန်းထပ်မံလှူဒါန်းတယ်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။ မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးသုဉ်းသုတ်သင်မှုတွေကို ရှုတ်ချဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း ပြင်သစ်နိုင်ငံ ပါဝင်ဆောင်ရွက်မယ်ဆိုတာဟာ သတင်းကောင်းဖြစ်ကြောင်း သူ့ရဲ့တွစ်တာအကောင့်မှာ ပြောထားပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်တရားစွဲထားတာပါ။ အဲဒီအမှုကိုလည်း ICJ မှာ ကြားနာစစ်ဆေးနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့သလို အာဏာသိမ်းပြီးတော့လည်း ဦးကိုကိုလှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ် ဖြေရှင်းခဲ့ပါတယ်။

ဒီအမှုအတွက် ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ထုချေလွှာအဆိုတင်သွင်းဖို့ တရားရုံးကဆင့်ခေါ်ခဲ့ပါတယ်။ ထုချေလွှာတင်သွင်းမှုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၁၀ လ ရွှေ့ဆိုင်းပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပေမဲ့ တရားရုံးကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှာ တင်သွင်းရမယ်လို့ ဆုံးဖြတ်ထားပါ တယ်။ စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ အမှုနဲ့ပတ်သက်ပြီး ထုချေလွှာမတင်သွင်းနိုင်သေးပါဘူး။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။ လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ဘာဆန်ချာကျွန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ရှိနေပါတယ်။
______________

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) တို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် တွေ့ဆုံစဉ်။ (Photo: AFP)

ဘဝကို “ရတယ် ဘာမှမဖြစ်ဘူး”ဆိုတဲ့ စိတ်နဲ့ပဲ နေထိုင်တယ်တစ်ယောက်ယောက်က ငါ့ကို လာချစ်ပီး တခြားတစ်ယောက် ​ပြောင်းချစ်ချင်လည်း င...
06/09/2023

ဘဝကို “ရတယ် ဘာမှမဖြစ်ဘူး”ဆိုတဲ့
စိတ်နဲ့ပဲ နေထိုင်တယ်
တစ်ယောက်ယောက်က ငါ့ကို လာချစ်ပီး
တခြားတစ်ယောက် ​ပြောင်းချစ်ချင်လည်း
ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူး ပဲ
တစ်ယောက်ယောက်က မတည်နိုင်တဲ့
ကတိတွေပေးပီး ဘဝထဲက ဒိုးသွားလည်း
“ရတယ် ဘာမှမဖြစ်ဘူး”ပဲ
မိဘက အလိုမလိုက်လည်း
“ရတယ် ဘာမှမဖြစ်ဘူး”
ရည်းစားက မချစ်တော့လည်း
“ရတယ် ဘာမှမဖြစ်ဘူး”
သူငယ်ချင်းက စိမ်းသွားရင်လည်း
“ရတယ် ဘာမှမဖြစ်ဘူး”
ငါ ဘာမှကို မဖြစ်သွားဘူး
တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး
ကမ္ဘာကြီးက အေးဆေးလည်နေတုန်း

ဘာပဲဖြစ်ဖြစ်ရှင်သန်နေတဲ့ဒီနေ့တစ်ရက်တော့ ပျော်အောင်နေပါ။ချစ်ရတဲ့သူတွေကို ဂရုစိုက်ပြီး ချစ်တယ်လို့ပြောပါကိုယ့်ကိုယ်ကိုယ်လည...
05/09/2023

ဘာပဲဖြစ်ဖြစ်
ရှင်သန်နေတဲ့
ဒီနေ့တစ်ရက်တော့ ပျော်အောင်နေပါ။

ချစ်ရတဲ့သူတွေကို ဂရုစိုက်ပြီး ချစ်တယ်လို့ပြောပါ
ကိုယ့်ကိုယ်ကိုယ်လည်း ပိုဂရုစိုက်ပါ။

ဘယ်သူကြောင့်မှစိတ်ပင်ပန်းမခံနဲ့
အတွေးမလွန်နဲ့
စာအုပ်ဖတ်ပြီးကမ္ဘာတွေပတ်
ခေတ်ဟောင်းသီချင်းတွေနားထောင်ပြီး
ဘဝကို ပေါ့ပါးစွာ ဖြတ်သန်းပါ။

သွားချင်တဲ့ နေရာဒေသတွေကို
ငယ်ရွယ်တုန်းလေး သွားနိုင်အောင်ကြိုးစား
လူငယ်ပဲမို့
ရုန်းကန်လိုက်၊ပျော်လိုက်ပေါ့။

ဘယ်ဆက်ဆံရေးပဲဖြစ်ဖြစ် ကံပါသလောက်တွေးထား
ဘယ်အရာတွေပဲကြုံလာကြုံလာ ခဏလေးလို့တွေးထား
အဲလိုတွေးနိုင်တဲ့အခါ
ဘဝကို ရှင်သန်ရတာ ပိုပြီး အေးချမ်းလိမ့်မယ်။

လူတစ်ယောက်ကိုချစ်လို့ရတယ်
ဒါပေမယ့်
ကိုယ့်တန်ဖိုးတွေအလကားဖြစ်သွားတဲ့အထိ မချစ်နဲ့
မင်းကတန်ဖိုးရှိတဲ့လူမို့
တန်ဖိုးရှိတဲ့ အရပ်မှာဘဲ ရှင်သန်ပါ ..။

#ဖားစည်ရည်ကျော်
#ဘဝစာပေ

#𝐘𝐌𝐇
#လူငယ်များအတွက်ဗဟုသုတစာပေများ
#

11/03/2023
Mohammed Salah's Skills in Liverpool team
21/02/2023

Mohammed Salah's Skills in Liverpool team

21/02/2023
26/12/2022

Which animal is the biggest ?
Which animal is the smallest in the world?

26/12/2022

Welcome to my new page

Address

Buthidaung
BUTHIDAUNG

Telephone

+959697814169

Website

Alerts

Be the first to know and let us send you an email when Education Knowledges and News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Education Knowledges and News:

Share

Category