Latt Swel Taw Delivery Service

Latt Swel Taw Delivery Service လက်စွဲတော် Delivery Service

08/03/2024

✍️10.3.24(Sunday)
Deli ပို့တာလေး
တစ်ရက်နားပါမယ်ဗျနော်
သောကြာ ညနေနဲ့ စနေ မနက်မှာ
အပ်လိုက်တဲ့ ပါဆယ်များကို
စနေနေ့မှာ အတတ်နိုင်ဆုံး နေ့ချင်းပို့ပေးပြီး
နေ့ချင်းမရောက်ဖြစ်ခဲ့တဲ့ ပါဆယ်တွေနဲ့
စနေနေ့လည်/စနေညနေမှာ
အပ်လိုက်တဲ့ ပါဆယ်တွေကိုတော့
Mondayမှ ပို့ပေးတော့မယ်နော်🚵🚴

လိုအပ်ချက်များရှိပါက
ဖြည့်စွက်နားလည်ပေးဖို့နဲ့
ဝေဖန်အကြံဉာဏ်များလည်း
ပေးနိုင်ပါကြောင်းပါခင်ဗျာ🥰🫶


#လက်စွဲတော်Delivery
#ငွေကြိုရှင်းDelivery
#ရန်ကုန်မြို့တွင်း
#နယ်ဂိတ်တင်

မင်မင်ကအပေါင်းအသင်းနည်းတဲ့ထဲမှာပါတယ်။အပေါင်းအသင်းနည်းရခြင်းအကြောင်းအရင်းကလည်းများများစားစားတော့ မရှိပါဘူး။အဓိက ကတော့ မင်...
03/03/2024

မင်မင်က
အပေါင်းအသင်းနည်းတဲ့ထဲမှာပါတယ်။
အပေါင်းအသင်းနည်းရခြင်းအကြောင်းအရင်းကလည်း
များများစားစားတော့ မရှိပါဘူး။
အဓိက ကတော့ မင်မင်ကိုယ်တိုင်က
လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်ရတာကို
မကြိုက်တတ်တာပေါ့နော်။

စီးပွားရေးအရ
လူမှုရေးအရ
စကားပြောကြတဲ့အခါ
နှုတ်သွက်အာသွက်ရှိတတ်ပေမယ့်

အ လာဘ သ လာဘ စကားတွေ
ပြောဖို့ကျ မင်မင့်ပါးစပ်က
တွန့်တိုတယ်ဗျ😊

မကောင်းတာလား
ကောင်းတာလား
မသေချာပေမယ့်
မလိုအပ်ဘဲ၊
မရင်းနှီးဘဲ
ပြောစရာ Contentသီးသန့်မရှိဘဲ
စကားပြောရတာ
သိပ်မုန်းတာဗျ😀

ဒါပေမယ့်ပေါ့လေ
လက်ချိုးရေလို့ရတဲ့၊
မင်မင်နဲ့လည်း အစေးကပ်တဲ့
မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆို
စကားသိပ်များလို့
တား တောင် ယူရတယ်ဗျာ😅

မင်မင်က အဲ့လိုမျိုး😍

ပေါင်းရသင်းရခက်တတ်ပေမယ့်
အနား‌မှာရှိတဲ့ လက်တစ်ဆုပ်စာ
လူတစ်စုအတွက်
မင်မင်က
🤣တစ်ခါတစ်ရံ လူရွှင်တော်
🫶တစ်ခါတစ်ရံ Motivation speaker
🤪တစ်ခါတစ်ရံ အတင်းပြောဖော်ပြောဖက်
😘တစ်ခါတစ်ရံ သူတို့ရဲ့ တီးတိုးတိုင်ပင်ဖော်လေးပေါ့ဗျာ

နင့်ဘဝကြီးကလည်း ပျင်းစရာကြီးပဲလို့
တစ်ဘက်လူက မြင်ရင်
‌ပျင်းစရာပဲပေါ့ဗျာ😛

ဒါပေမယ့်လေ
နေ့လည်နေ့ခင်းမှာ
ကိုယ်တိုင်စီမံ
ကိုယ်တိုင် Deliveryပို့
ညကျ စာရင်းလုပ်တာရယ်၊
မိဘတွေနဲ့ဖုန်းပြောတာရယ်နဲ့ဆိုတော့
ပျင်းဖို့တောင်အချိန်မရှိပါဘူးဗျ။

အပေါင်းအသင်းတောင်
ရွေးပေါင်းတဲ့ကောင်ဆိုတော့
ချစ်သူရည်းစားဆိုတာ‌ကတော့
မင်မင်နဲ့မသက်ဆိုင်သော
နာမ်စားပေါ့လေ🤪

အဲ့တော့မင်မင့်ရဲ့ ရှားရှားပါးပါး
အဖိုးတန်အချိန်လေးတွေမှာ
ဘာလုပ်လဲဆိုတော့
စာအုပ်ဖတ်တာ များတယ်ဗျ

အရင်က အချိန်များများပိုတော့
စာအုပ်များများဖတ်ဖြစ်၊
ရုပ်ရှင်လည်း များများ ကြည့်ဖြစ်ပါတယ်။

အခုတော့ စာတစ်အုပ်ပြီးဖို့
တစ်လ ကိုးသီတင်းလောက်😥
ဖတ်နေရတယ်။
စာအုပ်ဆိုင်‌ရှေ့ဖြတ်ဖြစ်ရင်လည်း
မဝင်ရမနေနိုင်
စာအုပ်အသစ်မဝယ်ရမနေနိုင်။
အရင်ဝယ်ပြီးသားစာအုပ်‌တွေကလည်း
မဖတ်ဖြစ်နဲ့ စာအုပ်ပုံတစ်ပုံကို
အတော်ဖြိုရပါတယ်ဗျာ။

🫶အလုပ်လည်း ကြိုးစားလုပ်ရမယ်
🫶စာအုပ်လည်း များများဖတ်နိုင်ရမယ်။
ဘဝအိမ်မက်က ကြီးကြီးမားမားမရှိပေမယ့်
သေးသေးမွှားမွှားလေးလည်း မဟုတ်လို့
အလုပ်လည်း ကြိုးစားမယ်✌️
စာအုပ်လည်း ကြိုးစားဖတ်မယ်ဗျာ🥰

တစ်နေ့တစ်လံ
ပုဂံ ဘယ်မရွေ့နိုင်ဘူး မဟုတ်လားဗျ🤩



#ငွေကြိုရှင်း

23/02/2024

09784089259
ပြန်ရပါပြီဗျ
Viber/Kpay/Wavepay
အားလုံးပြန်ရပါပြီနော်

17/02/2024

မင်မင့်ဖုန်းလေး
ကျပျောက်သွားလို့
09784089259နဲ့
09940684427ဖုန်းတွေ
ဆက်သွယ်လို့မရ‌တော့ပါခင်ဗျာ
ဒီရက်ပိုင်း ‌09403207736ကိုသာ
ဆက်သွယ်ပေးဖို့ တောင်းဆိုပါတယ်ဗျ
လုပ်ငန်းသုံး Cardလေး ဖြစ်တာမို့
Cardပြန်ရတာနဲ့
Postတင်ပြီး အသိပေးပါမယ်နော်😥

ရက်ကို လစားလကိုလည်း လက စားလို့😅၆လပြည့်ခဲ့ပါပြီ။၆လဆိုတဲ့ကာလအတွင်းတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။လိုအပ်ချက်ရှိခဲ...
17/01/2024

ရက်ကို လစား
လကိုလည်း လက စားလို့😅
၆လပြည့်ခဲ့ပါပြီ။
၆လဆိုတဲ့ကာလအတွင်း
တတ်နိုင်သမျှ အကောင်းဆုံး
ကြိုးစားခဲ့ပါတယ်။
လိုအပ်ချက်ရှိခဲ့ရင်လည်း
နားလည် သည်းခံပေးကြဖို့နဲ့
ဝေဖန်အကြံဉာဏ်များပေးဖို့
မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

စျေးနှုန်းအနည်းငယ်ပြောင်းလဲထားသလို
ဝန်ဆောင်မှုကိုလည်း ဒီထက်ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမယ်လို့
ကတိပြုပါတယ်ခင်ဗျာ။

မအားတဲ့ကြားက ရေးရတဲ့ Contentမို့
အစီအစဥ်မကျရင်လည်း
ခွင့်လွတ်တော်မူကြပါတော့ခင်ဗျာ။

လက်စွဲတော်ဆိုပြီး ရပ်တည်နိုင်အောင်
အမြဲ သတိတရ အပ်ပေးကြတဲ့
Online Shop အစ်ကိုအစ်မများ
အသက်ရှူတိုင်း ငွေဝင်၊
စီးပွားလာဘ်လာဘများ တစ်နေ့တခြား
တိုးပွားပါစေကြောင်း
Latt Swel Taw Delivery Service မှ
ဆုမွန်ကောင်း တောင်းပါတယ်ခင်ဗျာ❣

01/01/2024

Hello 2024😍
ပျော်ရွှင်ချမ်းမြေ့ဖွယ်
နှစ်တစ်နှစ်ဖြစ်လာပါစေ
ကိုယ်စီရည်မျှော်ရာပန်းတိုင်နဲ့အတူ
ဘုံမျှော်လင့်ရာ အနာဂတ်တစ်ခုကို
ဖန်တီးနိုင်ကြပါစေ

29/12/2023

Delivery ဝန်ထမ်း
အလိုရှိပါတယ်။

ကျွန်တော်ကိုယ်တိုင်
ဦးစီးလုပ်ကိုင်နေတဲ့
Latt Swel Taw Delivery serviceနဲ့
လက်တွဲလုပ်ဆောင်ရန်
Delivery hero (2)ဦး အလိုရှိပါတယ်ခင်ဗျာ။

▶အခြေခံလစာ -150000mmk
▶ဖုန်းဘေ -10000mmk
✔1way-500mmk(way 150ထိ)
✔1way-800mmk(way 150အထက်)
❗1way-1000mmk(way 200အထက်)
(တစ်လအတွင်းWay150ပြည့်အောင်
မပေးနိုင်ပါက လိုအပ်တဲ့ Wayကြေးကို
ပြည့်အောင်ဖြည့်ပေးပါမယ်)

#️⃣ လုပ်ငန်းတိုးတက်မှုပေါ် မူတည်၍
အကျိုးခံစားခွင့် ထပ်မံရရှိပါမယ်။

လိုအပ်ချက်အနေနဲ့

👉 အသက်၁၈နှစ်ပြည့်ပြီး
၂၅နှစ်အောက် ကျန်းမာရေး
ကောင်းမွန်သူ အမျိုးသားဖြစ်ရပါမယ်။

👉 လုပ်ငန်းအတွေ့အကြုံရှိပြီး
ရန်ကုန်မြို့တွင်း စက်ဘီး/YBSဖြင့်
အလျင်းသင့်သလို သွားလာနိုင်ရပါမယ်။

👉လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍
Way Zone ပြောင်းလဲပို့ဆောင်နိုင်ရပါမယ်။
(ဝန်ထမ်း၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့
လမ်းကြောင်းမျိုးကို မပို့ခိုင်းပါ)

👉မြောက်ဒဂုံနှင့်ထိစပ်မြို့နယ်အတွင်း
နေထိုင်သူဖြစ်လျှင် ပိုသင့်တော်ပြီး
မှတ်ပုံတင်မူရင်း ပေးထားရပါမယ်။

👉အခါအားလျော်စွာထုတ်ပြန်တဲ့
စည်းကမ်းများကို လိုက်နာနိုင်ပြီး
Customer serviceကောင်းမွန်ရပါမယ်။

🔷လျှောက်ထားလိုပါက
Page Chat box မှာ ဖြစ်စေ၊
ကျွန်တော့် Personal accountရဲ့
Chat boxမှာဖြစ်စေ
ကိုယ်တိုင်ပေးပို့လျှောက်ထားနိုင်ပါတယ်။

#အတူတကွတိုးတက်ဖို့
#လက်စွဲတော်နဲ့လက်တွဲစို့
'sgrowtogether

လက်စွဲတော် Delivery Service

Address

Dagon

Website

Alerts

Be the first to know and let us send you an email when Latt Swel Taw Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category