Seafood Hero

Seafood Hero Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seafood Hero, Supermarket, Yangon, Dagon.

'ညဘက်မှာ အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်လေးတွေ'အများအားဖြင့် အပင်တွေက နေ့ဘက်မှာအလင်းဖြင့် အစာချက်လုပ်ပြီး ထုတ်ကုန်တစ်ခုအနေနဲ့...
13/07/2021

'ညဘက်မှာ အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်လေးတွေ'

အများအားဖြင့် အပင်တွေက နေ့ဘက်မှာအလင်းဖြင့် အစာချက်လုပ်ပြီး ထုတ်ကုန်တစ်ခုအနေနဲ့ အောက်ဆီဂျင်ကို ထုတ်ပေးကြတယ်ဆိုတာကို လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ညမှာတော့ အောက်ဆီဂျင်ကို ယူ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ကြပါတယ်။ ဒါကြောင့် ညဘက်မှာ သစ်ပင်အောက်မှာမအိပ်ကြဖို့လူကြီးတွေက ပြောခဲ့ကြတာပါ။ ဒါပေမယ့် ညဘက်မှာပါ အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ အပင်အချို့လည်း ရှိနေပါသေးတယ်။

၁။အလှစိုက်အုန်း(Areca Palm)

အိမ်တွင်းမှာစိုက်ဖို့ အကောင်းဆုံးအပင်တစ်ပင်ပါ။အပူပိုင်းဒေသတောတွေမှာ တွေ့ရတတ်တဲ့မျိုးရင်းတစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ နေရောင်နဲနဲလေးရတဲ့နေရာမှာတောင် ကောင်းကောင်းရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ကြပါတယ်။ ဒီအပင်တွေက လူကိုထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့အတော်များများ(formaldehyde ,benzene)ကို စုပ်ယူပြီး အနီးအနားကလေထုရဲ့ အစိုဓာတ်ကိုထိန်းပေးပါတယ်။နှာစီး၊နှာခေါင်းပိတ်နေတဲ့ ဝေဒနာ ခံစားနေရတဲ့ လူတွေအတွက် အထူးသင့်တော်တဲ့အပင်ဖြစ်ပါတယ်။

၂။နဂါးစက်ပင်(snake plant)

ကျေးလက်ဒေသတော်တော်များများမှာတွေ့ရပြီး သူလည်း နာမည်ကြီးတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ တိုက်ခန်းတွေနဲ့နေတဲ့သူတွေ၊ ရုံးခန်း ၊အိပ်ခန်းတွေမှာ ထားသင့်တဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။အရွက်ပိုင်းလေးကနေပဲ အလွယ်တကူမျိုးပွားလို့လည်းရပါတယ်။ ဂရုစိုက်မှုသိပ်မလိုတဲ့ အပင်ဖြစ်ပြီး နေရောင်တိုက်ရိုက်မရတဲ့နေရာမှာတောင် ရှင်သန်နိုင်ပါတယ်။ရေပုံမှန်လောင်းပေးစရာလည်းမလိုသလို ခြောက်သွေ့နေတဲ့ မြေမှာတောင် ဒီအပင်က ရှင်သန်ပါတယ်။ ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးမယ့် အပင်တစ်ပင်ပါ။

၃။ပင်စိမ်း (Tulsi)

ဟင်းခတ်အမွေးအကြိုင်တစ်မျိုးလည်းဖြစ်တဲ့ ပင်စိမ်းက ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးတဲ့အပင်လည်းဖြစ်နေပြန်ပါတယ်။ပင်စိမ်းရွက်ကနေထုတ်လွှတ်တဲ့ အနံတစ်မျိုးက စိုးရိမ်ကြောင့်ကြမှုတွေကို ပြေလျော့စေပါတယ်။ လေလာရာပြတင်းပေါက်အနီးမှာ ပင်စိမ်းပင်တွေစိုက်ထားတာက ခုလိုအချိန်ကာလအတွက် ကောင်းမွန်စေမှာ အမှန်ပါပဲ။ မြေကျယ်ကျယ်မရှိသူတွေကလည်း ပင်စိမ်းပင်ကို အိုးလေးနဲ့စိုက်ပြီး အိပ်ရာနားမှာထားနိုင်ပါတယ်။

၄။ရှားစောင်း(Aloe Vera)

ရှားစောင်းကတော့ အသားအရေထိန်းသိမ်းမှုတွေအတွက် နာမည်ကြီးတဲ့အပင်ပါ။ဒီအပင်ကလည်း ညဘက်မှာ အောက်စီဂျင်တွေထုတ်ပေးနိုင်ပါတယ်တဲ့ အမျိုးတို့ရေ။ညဘက်တွေကောင်းကောင်းအိပ်မပျော်ရင် ရှားစောင်ပင်ကို အိပ်ခန်းထဲထည့်စိုက်ထားသင့်ပါတယ်နော်။ရေအမြဲလောင်းပေးနေစရာလည်း မလိုသလို၊ခြောက်ခြောက်သွေ့သွေ့အခြေအနေက ရှားစောင်းပင်ကြီးထွားဖို့ အကောင်းဆုံးပါ။မြေလုံးဝခြောက်နေပြီဆိုမှသာ ရေလောင်းပေးရပါတယ်။

၅။ရှင်သီဝလိဂမုန်း (Peace Lily)

ဒေသအခေါ်အဝေါ်တွေကွဲပြားကြပေမယ့် အတော်များများမြင်ဖူးမယ့် ပန်းပင်လေးပါ။ ညဘက်မှာအောက်ဆီဂျင်ထုတ်ပေးတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အိမ်တွင်းအလှစိုက်ပင်တွေထဲ နာမည်ကြီးပါတယ်။ benzene,formaldehyde,toluene,carbon monoxide,နဲ့ xylene လို ဓာတ်ငွေ့တွေကို သန့်စင်ပေးပါတယ်။ ဒီပိန်းပန်းပင်လေးက အခန်းတွင်းရဲ့ စိုထိုင်းစကို ၅ ရာခိုင်နှုန်းတိုးစေပါတယ်။ ဒါက အိပ်ပျော်နေတဲ့အချိန် ကောင်းမွန်တဲ့ အသက်ရှုနှုန်းကို ရဖို့အတွက် အများကြီးအထောက်အကူပြုစေပါတယ်။ စိုက်ပျိုးပြုစုမှုကလည်း တိုက်ရိုက်နေရောင်မဟုတ်ရင်တောင် အဆင်ပြေပါတယ်၊ အမြဲရေလောင်းပေးစရာမလိုသလို အိုးထဲကမြေခြောက်မှသာ ရေလောင်းပေးရုံပါပဲ။

၆။ ပင့်ကူဂမုန်း(spider plant)

နာမည်အတိုင်း အရွက်တွေက ပင့်ကူလက်တံတွေလို သွယ်သွယ်မျှင်မျှင်လေးတွေနဲ့ အတော်လေး လှတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ အစိမ်းနဲ့အဖြူကြားလေးက ကြည့်လို့လည်းလှသလို ညဘက်အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်မို့ အိပ်ခန်းထဲထားဖို့ သင့်တော်တဲ့အပင်လေးပါ။ညနေခင်းအချိန်တွေဟာ မြို့ပြမှာဆို လေထုအညစ်ညမ်းဆုံးအချိန်တွေပါ။ ပင့်ကူဂမုန်းတွေ အခန်းထဲ၊ အိမ်ထဲမှာရှိမယ်ဆို လေထုညစ်ညမ်းလို့ အသက်ရှုရခက်တဲ့ ဒါဏ်တွေကို သက်သာစေမှာပါ။ ပင့်ကူဂမုန်းတွေက ရေဆင်းကောင်းတဲ့ မြေတွေမှာဆို ကောင်းကောင်းရှင်သန်ပါတယ်။ရေအများကြီးမလောင်းမိဖို့ ၊အမြစ်တွေမပုတ်ဖို့တော့ ဂရုစိုက်ပေးပါနော်။


ိမ်းရောင်လမ်း
ကားအရစ်ကျရောင်းဝယ်ရေး ဝန်ဆောင်မှု

Address

Yangon
Dagon
11421

Opening Hours

Monday 08:30 - 21:00
Tuesday 08:30 - 21:00
Wednesday 08:30 - 21:00
Thursday 08:30 - 21:00
Friday 08:30 - 21:00
Saturday 08:30 - 21:00
Sunday 08:30 - 21:00

Telephone

+959956674627

Website

Alerts

Be the first to know and let us send you an email when Seafood Hero posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category