09/11/2025
အိပ်ရာမဝင်ခင် ၁ နာရီ - 'Digital Detox' အချိန် ဘာလို့လိုတာလဲ?
တစ်နေကုန် ဖုန်း၊ ကွန်ပျူတာ Screen တွေနဲ့ ပင်ပန်းလာတဲ့ သင့်ရဲ့ မျက်လုံးနဲ့ ဦးနှောက်ကို အိပ်ရာမဝင်ခင်မှာ ဂရုစိုက်ပေးဖို့ အချိန်တန်ပါပြီ။
အိပ်ရာမဝင်ခင် ၁ နာရီ (မိနစ် ၆၀) လောက်ကို 'Digital Detox' လုပ်ခြင်းက ကျွန်ေတာ်တို့ရဲ့ ကျန်းမာတဲ့ အိပ်စက်မှုအတွက် ဘယ်လောက် အရေးပါလဲဆိုတာ က မျှဝေပေးပါရစေ။
🚨 Screen တွေရဲ့ အန္တရာယ် - အပြာရောင်အလင်း (Blue Light)
ဖုန်း၊ တီဗီ စတဲ့ Digital ပစ္စည်းတွေကနေ ထွက်တဲ့ 'အပြာရောင်အလင်း' ဟာ သာမန် အလင်းရောင်တွေထက် ဦးနှောက်ကို ပိုပြီး လှုံ့ဆော်မှုပေးပါတယ်။ ဒီအလင်းရောင်က ခန္ဓာကိုယ်ရဲ့ သဘာဝအိပ်ဆေးဖြစ်တဲ့ Melatonin ထုတ်လုပ်မှုကို လျှော့ချ လိုက်ပါတယ်။
ရလဒ်အနေနဲ့ကတော့ သင့်ခန္ဓာကိုယ်က "မအိပ်သေးနဲ့" ဆိုတဲ့ အချက်ပြမှုမျိုး ရသွားပြီး၊ အိပ်ချင်စိတ် လျော့နည်းလာကာ အိပ်စက်ဖို့ ခက်ခဲစေပါတယ်။
ဒါကြောင့်မို့လို့ သင်လုပ်ဆောင်သင့်တဲ့ အကောင်းဆုံးအရာက "Screen ကို ပိတ်လိုက်ခြင်း" ပါပဲ။
အဲဒီ မိနစ် ၆၀ အတွင်းမှာ...
သင့်ကိုယ်သင် အချိန်ပေးပါ: စိတ်လှုပ်ရှားစရာ ကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ Social Media ပေါ်က အကဲခတ်မှုတွေကို ခဏမေ့ထားလိုက်ပါ။
နွေးထွေးမှုရှာပါ: စိတ်အေးချမ်းစေမယ့် စာအုပ်ကောင်းကောင်းတစ်အုပ် ကို ကော်ဖီခွက် ဒါမှမဟုတ် Herbal Tea တစ်ခွက်နဲ့ ဖတ်ပါ။
ဦးနှောက်ကို အနားပေးပါ: ပေါ့ပါးတဲ့ သီချင်းနားထောင်တာ၊ ဒါမှမဟုတ် သက်တောင့်သက်သာရှိတဲ့ အိပ်ရာပေါ်မှာ တွေးစရာမရှိဘဲ ခဏတာ အနားယူနေလိုက်ပါ။
ချစ်ရတဲ့ စာဖတ်သူတို့ကရော... သင့်ကိုယ်သင် တကယ်အိပ်ရေးဝဝ အနားယူခွင့်ပေးလိုက်ပါ။ ဖုန်းကို ချပြီး၊ ကိုယ့်ရဲ့ Cozy Time လေးထဲမှာ နစ်မြောလိုက်ပါ။ ဒီလို လုပ်ခြင်းက မနက်ဖြန်မှာ ပိုပြီးလန်းဆန်းတဲ့ နေ့သစ်တစ်ခုကို စတင်စေဖို့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ။