Shwe Din Gar Dawei Food ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Dawei
  • Shwe Din Gar Dawei Food ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး

Shwe Din Gar Dawei Food  ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး Premium Grade Dry Shrim and Dry Fish , Dawei local snacks

 #ငါးတံခွန်အစပ်ကြော်ရွှေဒင်္ဂါး Kitchen ရဲ့ New Items လေးပါရှင်။ ငါးတံခွန်အချိုခြောက်စစ်စစ် ငါးခြောက်အရသာကောင်းကောင်းလေး...
11/06/2026

#ငါးတံခွန်အစပ်ကြော်

ရွှေဒင်္ဂါး Kitchen ရဲ့ New Items လေးပါရှင်။

ငါးတံခွန်အချိုခြောက်စစ်စစ် ငါးခြောက်အရသာကောင်းကောင်းလေးကို ငရုတ်သီးခွဲကြမ်းလေးနဲ့ ကြော်ထားတာပါ။

တစ်ထုပ်မှာ 15 ကျပ်သားပါပါတယ်။ 240 g ရှိပါတယ်။

တစ်ထုပ်ဆို အများကြီးပါပါတယ်။ အကြားကြီးစားရမှာ။

(၁)ထုပ်- 13000Ks

 #ကင်းမွန်ခြောက်မီးကင်ကင်းမွန်ခြောက်မီးကင် အချိုခြောက် လေးတွေ ကို မီးကင်ထားတာ။ Review လေးတွေအရမ်းကောင်းသလို Review ကောင်...
10/06/2026

#ကင်းမွန်ခြောက်မီးကင်

ကင်းမွန်ခြောက်မီးကင် အချိုခြောက် လေးတွေ ကို မီးကင်ထားတာ။

Review လေးတွေအရမ်းကောင်းသလို Review ကောင်းတဲ့အတိုင်းကို အရသာလည်း အရမ်းကောင်းတာနော်။

(၁၀) ကျပ်သား - 22000Ks

☎️09450009860

 #ငါးမန်းခြောက် အချိုခြောက်စစ်စစ် မီးကင် (၁၀) ကျပ်သား (၂)ဗူးရပါမယ်ရှင်။ (၁)ဗူး 16000Ks ပါဒီမိုးဒီလေထဲမှာ ရတဲ့ ရှားပါးပစ္...
10/06/2026

#ငါးမန်းခြောက် အချိုခြောက်စစ်စစ် မီးကင် (၁၀) ကျပ်သား (၂)ဗူးရပါမယ်ရှင်။

(၁)ဗူး 16000Ks ပါ

ဒီမိုးဒီလေထဲမှာ ရတဲ့ ရှားပါးပစ္စည်းလေး။

 #အုန်းထညက်မြစ်လည်ကျွန်းကရတဲ့ ဓနိသကြားနဲ့ အုန်းသီးခြစ်သားတွေနယ်ပြီး ထိုးထားတဲ့ မင်းရပ်ရွာထွက် ထားဝယ်အုန်းထညက် ပါရှင်။ ထာ...
09/06/2026

#အုန်းထညက်

မြစ်လည်ကျွန်းကရတဲ့ ဓနိသကြားနဲ့ အုန်းသီးခြစ်သားတွေနယ်ပြီး ထိုးထားတဲ့ မင်းရပ်ရွာထွက် ထားဝယ်အုန်းထညက် ပါရှင်။

ထားဝယ်ဒေသရိုးရာ ထမင်းစားပြီးအချိုတည်းတဲ့အခါ အိမ်ကို ဧည့်ကောင်းဆောင်ကောင်းတွေ အလည်လာလို့ ဧည့်ခံရတဲ့အခါ ညဘက် လရောင်ဖွေးဖွေးအောက် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ လူကြီးသူမတွေ ရပ်ထဲရွာထဲက ကာလသားများနဲ့ ရှေးဟောင်းနှောင်းဖြစ်ပြောဆိုကြတဲ့အခါ ရေနွေးကြမ်းပူပူလေး နဲ့ အလိုက်ဖက်ဆုံး မိတ်ဖက်လေးကတော့ ဟောဒီက ထားဝယ်အုန်းထညက်လေးပါပဲရှင်။

(၂၅) ကျပ်သား တစ်ထုပ် - 5000Ks ပါရှင်။

ဘန်ကောက်က ညီမလေး တစ်ယောက်ရဲ့ product arrival photo လေးနဲ့ Review လေးပါရှင်။ ညီမလေးရေ ကျေးဇူးအများကြီးတင်ပါတယ်နော်။
06/06/2026

ဘန်ကောက်က ညီမလေး တစ်ယောက်ရဲ့ product arrival photo လေးနဲ့ Review လေးပါရှင်။

ညီမလေးရေ ကျေးဇူးအများကြီးတင်ပါတယ်နော်။

 #ငါးကွန်းရှပ်ခြောက် အသားမြောင်းငါးခြောက်အရသာတွေရဲ့ ဘုရင် အရသာအကောင်းဆုံး ငါးကွန်းရှပ်ခြောက် အသားမြောင်း ဆားပေါ့ခြောက် န...
06/06/2026

#ငါးကွန်းရှပ်ခြောက် အသားမြောင်း

ငါးခြောက်အရသာတွေရဲ့ ဘုရင် အရသာအကောင်းဆုံး ငါးကွန်းရှပ်ခြောက် အသားမြောင်း ဆားပေါ့ခြောက် နေခြောက်စစ်စစ် တွေ အသစ်ပြန်ရောက်ထားပါတယ်။

ရှေ့တစ်ပတ်တုန်းကထက် တစ်ထုပ် ကို 4000Ks တိတိ ဈေးသက်သာပါတယ်။

ငါးကွန်းရှပ်စစ်စစ် အရောအနှောကင်းဖို့ လုံးဝအာမခံပါတယ်။ ဝယ်နေကျ Customer တွေသိပါတယ်။

ကမ်းခြောက် ဆားပေါ့ခြောက်ပါ။ ဆားပါးပါးရှိပါတယ်။ အချိုခြောက်လိုစားချင်တယ်ဆိုရင် ဆားထုတ်ပြီးမှလိုရာ ချက်စားပါနော်။

ကိုင်းခရမ်းချဉ်သီးလေးနဲ့ ငါးခြောက်ဆီပြန်ဟင်းလေးချက်စားမယ်ဆို ငါးကွန်းရှပ်ခြောက်လေးကိုပဲရွေး။ အသားတုံးလေးတွေကို ဝါဝါဝင်းဝင်းဝင်းလေး ကြော်စား ကြက်သွန်နီကြော်လေး အုပ်ပြီးစားရင် အရမ်းကိုကောင်း။

အသားမြောင်း သီးသန့် (၂၅) ကျပ်သား-
24000Ks

(ရှေ့တစ်ပတ်က တစ်ထုပ် 28000Ks နဲ့ရောင်းခဲ့တာပါ အခု ဈေးနည်းနည်းထပ်ကျထားလို့ပါ ပစ္စည်းလည်းဒီတစ်ပတ်ပိုလှပါတယ်)

ထားဝယ်ကနေ ပို့ပါတယ်။
အိမ်အရောက်ငွေချေရပါတယ်။

☎️09450009860

 #ငါးနီတူသီဟိုစေ့ကြော်ရန်ကုန်မှာ ဝယ်လို့ အလွယ်တကူမရတဲ့ ယိုးဒယားပဲပိစပ်ဆီ အသန့်နဲ့ကြော်ပေးထားတဲ့ ရွှေဒင်္ဂါး ရဲ့ Home Kit...
06/06/2026

#ငါးနီတူသီဟိုစေ့ကြော်

ရန်ကုန်မှာ ဝယ်လို့ အလွယ်တကူမရတဲ့ ယိုးဒယားပဲပိစပ်ဆီ အသန့်နဲ့ကြော်ပေးထားတဲ့ ရွှေဒင်္ဂါး ရဲ့ Home Kitchen ကထွက်တဲ့ #ငါးနီတူသီဟိုစေ့ကြော် ပါရှင်။

စမ်းလှမ်းရွာကထွက်တဲ့ အရိုးလုံးဝမမာအဲ အရသာရှိတဲ့ Organic Anchovy ငါးနီတူငါးသေးသေးလေးတွေရယ်

ထားဝယ်ကျွန်းဆွယ်တလျှောက်မှာရှိတဲ့ Organic စစ်စစ် သီဟိုစေ့ လုံးချော အသန့်ရှယ်စတွေချည်းရယ်

ကြက်သွန်ဖြူကြော်ကြွပ်ကြွပ်ကလေးရယ် ကျနော့်အမေ့အိမ်က ကိုယ်တိုင်စိုက်ထားတဲ့ ပျဉ်းတော်သိမ်ရွက်မွှေးမွှေးလေးရယ်ကို ကြော်ထားတာပါ။

ပါဝင်ပစ္စည်းတစ်ခုချင်းစီကိုလုံးဝ စိစစ်ပြီးကောင်းပေ့ဆိုတာတွေချည်းရွေးကြော်ထားတာမို့ အရသာလုံးဝ ရှယ်ပါနော်။

ထမင်းနဲ့စားလည်းရတယ်။ အပျင်းပြေနှိုက်စားနေလည်းရတယ်။ အမြည်းလေးလိုစားလည်းရတယ်။ အထားလည်းခံပြီး စားမကုန်ရင်လည်း လေလုံအိပ်လေးနဲ့ပြန်ပိတ်ထားယုံပဲ။

(၁၅) ကျပ်သား (240g) - 13000Ks ပါရှင်။

ထားဝယ်ကနေပို့ပေးပါတယ်။
Bee Express / Royal Express ရတဲ့မြို့တိုင်း အိမ်အရောက်ငွေချေရပါတယ်။

☎️09450009860

 #ပင်လယ်ရေမှော်ခြောက်အသုပ်တွေထဲထည့်သုပ်စားကြတဲ့ ပင်လယ်ရေမှော်ခြောက် အသစ်ပြန်ရောက်ထားပါတယ်။ ရေလေးနဲ့ပွအောင်စိမ်ပြီးရင် မြ...
06/06/2026

#ပင်လယ်ရေမှော်ခြောက်

အသုပ်တွေထဲထည့်သုပ်စားကြတဲ့ ပင်လယ်ရေမှော်ခြောက် အသစ်ပြန်ရောက်ထားပါတယ်။

ရေလေးနဲ့ပွအောင်စိမ်ပြီးရင် မြေပဲလေးနဲ့ကြော်ယုံပဲနော်။ အများကြီးထည့်စရာမလိုဘူး။ နည်းနည်းလေးစိမ်ရင်တောင် အများကြီးရတယ်။

(၁၀)ကျပ်သား - 6000Ks

 #ဒုံးပုဇွန်ခြောက်ဗိုက်သားရှင်းပြီး အခွံတွေရှင်းပြီး တစ်ကောင်ချင်းကို အရမ်းလှ အချိုခြောက်စစ်စစ် ပုဇွန်ဆိုဒ်အကြီးဆုံး ဒုံ...
06/06/2026

#ဒုံးပုဇွန်ခြောက်

ဗိုက်သားရှင်းပြီး အခွံတွေရှင်းပြီး တစ်ကောင်ချင်းကို အရမ်းလှ အချိုခြောက်စစ်စစ် ပုဇွန်ဆိုဒ်အကြီးဆုံး ဒုံးဆိုဒ် အချိုခြောက်များရပါမယ်ရှင်။

အကောင်ဆိုဒ်လေးတွေ ညီပါတယ်။ တစ်ကောင်ချင်းအရမ်းလှပါတယ်။ လုံးဝ အသန့်တွေပါ။

(၁၀) ကျပ်သား- 20000Ks
(၂၅) ကျပ်သား- 50000Ks
(၅၀ ) ကျပ်သား- 100000Ks
(၁) ပိသာ- 200000Ks

 #ပင်လယ်ငါးလေးချဉ်ထားဝယ်က ငါးလေးချဉ်ကလည်းအရမ်းစားကောင်းပါတယ်နော်ပင်လယ်ငါးသေးသေးလေးတွေက မြစ်ငါးချောင်းတွေထက် ပိုသန့်ရှင်း...
01/06/2026

#ပင်လယ်ငါးလေးချဉ်

ထားဝယ်က ငါးလေးချဉ်ကလည်းအရမ်းစားကောင်းပါတယ်နော်

ပင်လယ်ငါးသေးသေးလေးတွေက မြစ်ငါးချောင်းတွေထက် ပိုသန့်ရှင်းပြီး ပိုမွှေးပိုအရသာရှိပါတယ်။ ဒိုက်စော်မနံဘူး။ အညစ်အကြေးတွေမစားထားဘူး။ သဘာဝရေညှိပင်တွေကိုပဲစားတာမို့ သဘာဝပင်လယ်ရဲ့ အနံ့အရသာအပြည့်နဲ့ပါ။

ဒီလိုငါးပြားပြားသေးသေးလေးတွေ အရိုးမမာတာလေးတွေကို ရိုးရာနည်းအတိုင်းထမင်းချဉ်ဖောက်ထားတာမို့ လုံးဝ စားကောင်းပါတယ်။

စပါးလင်/ကြက်သွန်စိမ်း/ရှောက်ရွက်/ ငရုတ်သီးစိမ်းပါးပါးလှီးပြီးဆီစိမ်းလေးနဲ့သုပ်စားကြည့် အရမ်းစားကောင်းတယ်။

ရာသီပေါ်ပိန်းဥဟင်းခါးပူပူလေးနဲ့ဆို အရမ်းကိုလိုက်ဖက်နေရော။

ငါးလေးချဉ် (၂၀) ကျပ်သားထုပ်- 5000Ks

လေစုပ်အိတ် အိတ်နှစ်ထပ်ဖြင့်ထုပ်ပိုးထားတာမို့ Oversea စိတ်ကြိုက်သယ်ပါနော်။

Address

No(3) , Inner Strand Road, Next To Chinese Temple, Taline Htein Quarter
Dawei
14011

Telephone

+959450009860

Website

Alerts

Be the first to know and let us send you an email when Shwe Din Gar Dawei Food ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category