Better You

Better You Home made food

Permanently closed.
 #အမဲမာလာ   #ချဉ်ပေါင်ကြော်
05/12/2025

#အမဲမာလာ #ချဉ်ပေါင်ကြော်

ဒီနေ့ချက်ဖြစ်တဲ့  #ကြက်သားမဆလာလုံးချက် ********************************** ြက်ပျော့ နဲ့ မာမာတင်းတင်းကြက်သားဟင်းဖြစ်အောင်ခ...
11/11/2025

ဒီနေ့ချက်ဖြစ်တဲ့ #ကြက်သားမဆလာလုံးချက်
**********************************
ြက်ပျော့ နဲ့ မာမာတင်းတင်းကြက်သားဟင်းဖြစ်အောင်ချက်စားပါမယ်။

ကြက်သား (၃၀ဆယ်သား) ကို ရေဆင်အောင်ဆေးပြီး ဂျင်း၊ကြက်သွန်ဖြူ၊ ငရုပ်သီးအစိမ်းမှုန့်၊နနွင်း၊ဆား၊အရသာ ‌တို့နှင့်ရောနယ်ပြီးနှပ်ထားပါမယ်။ ကြက်သွန်နီ ဥကြီး ၃လုံးကို ပါပါးလှီးထားရပါမယ်။
၅မိနစ်လောက်နှပ်ထားပြီးရသာနယ်ထားသောကြက်သားနဲ့ ပါးပါးလှီးထားသောကြက်သွန်နီကို ရောနယ်ပါ။
ဒယ်အိုးကို မီးဖိုတင်ပြီးဆီဆူအောင်တည်ထားပါ။
ဆီဆူလာရင် ကြက်သားတွေထည့်ပြီးလုံးပေးပါ။
အနံလေးမွှေးပြီး ကြက်သားထဲကရေတွေခြောက်သည်ထိလုံးချက်ပါ။
ပြီးနောက်ရေတခွက်ထည့်ပေးပြီးအဖုံးအုပ်ပြီးရေခန်းသည်ထိတည်ပေးပါ။ ရေခန်းပြီးဆီပြန်လာပါက မဆလာလေးအုပ် ပြီးစားဖိုရေအနည်းငယ်ထည့်တည်ပေးပြီးရေဆူလာပါက မွှေးကြိုင်ပြီးစားလို့ကောင်းတဲ့ #ကြက်သားမဆလာဟင်းလေး ရပါပြီ။
#အိမ်ရှင်မများ
#ဟင်းအလွယ်ချက်နည်း

ငွေကုန် အချိန်ကုန် သက်သာပြီး မိသားစုဝင်တွေ အကြိုက်တွေ့မဲ့ #နံနက်စာ  #ကြာဇံကြော်‌ #ကြာဇံကြော်နည်းအမျိုးမျိုးရှိတဲ့ထည်ကမှမ...
04/11/2025

ငွေကုန် အချိန်ကုန် သက်သာပြီး မိသားစုဝင်တွေ အကြိုက်တွေ့မဲ့

#နံနက်စာ #ကြာဇံကြော်‌

#ကြာဇံကြော်နည်းအမျိုးမျိုးရှိတဲ့ထည်ကမှ

မင် ကြော်စားဖြစ်တဲ့နည်းလေးမျှဝေပေးမယ်နော်

ပါဝင်ပစ္စည်းတွေ မများပဲအရသာရှိအောင်ကြော်စားကြမယ်

၁။ငရုတ်သီးတံဆိပ်ကြာဇံ ၁ထုပ်
၂။ကြက်သား
၃။ကြက်ဥ _၂လုံး
၄။ သီးစုံလှီးပြီးသာ ၂ထုပ်
၅။ဆား / သကြားအနည်းငယ်
၆။ပဲငံပြာရည် အကြည်/အနောက်
၇။ခရုဆီ အနည်းငယ်
၈။ဆီအနည်းငယ်
၉။ငြုတ်ကောင်းအနည်းငယ်

ကြာဇံကိုမကြော်ခင် ၁၅မိနစ်လောက်ရေကြိုစိမ်ထားပါ။ကြက်သားနုတ်နုတ်(သို့)အရွယ်တော်လှီးပြီးရေစစ်ထားပါ။အသီအရွက်များ ဆားထည့်ရေဆေးပြီး ရေစစ်ထားရပါမယ်။ကြက်ဥ၂လုံးခလောက်ထားပြီး အကြော် ဆော့စပ်ထားပါမယ်။
သကြား ထမင်းစားဇွန်း _၂ဇွန်း
ပဲငံပြာရည် အနောက် _ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည်ခေါင်းစိမ်း _ ထမင်းစားဇွန်း ၁ဇွန်း
ဆားအနည်းငယ်၊ရေအနည်းငယ်ထည့်ဖျော်ထားပါမယ်။

အားလုံးအဆင်သင့်ဖြစ်ပြီးဆို ဒယ်အိုးအပူပေးပြီး ခေါက်ထားတဲ့ ကြက်ဥကြော်ပါမယ်။
ပြီးရင်ဆယ်ထားပြီး ကြက်သားကြော်ပေးပါမယ်။
ကြက်သားအနံလေးမွှေးလာရင် ဆော့နည်းနည်းထည့်မွှေပြီး အသီးအရွက်ထည့်ကြော်ပါမယ်။
‌ေလးငါးချက်‌ေလာက်‌ေမွှပြီးကြာဇံထည့် ဆော့ထည့်ပြီးပြီးမွှေ‌ေပးပါ။ကြာဇံအိဖို့ အသီးအရွက်လေးတွေအပေါ်ကတင်ပေးပြီး ‌ေရအနည်းငယ်ထည့်အဖုံးခဏအုပ်ပေးပါ။ပြီးနောက် အထပ်အောက် မွှေ‌ေကြာ်ပေးပါ။ (သတိ ခဏခဏအရမ်းမမွှေရဘူးပါနော်) ကြာဇံ‌ေလးအိလာရင် အရသာအပေါ့အငံ စိတ်ကြိုက်ပြင်ဆင်ပြီးငြုတ်‌ေကာင်း‌ေလးအုပ်(တရုတ်နံနံမကြိုက်၍)လိုက်ရင်‌‌ေမွှးကြိုင်ပြီးအရသာရှိတဲ့ကြာဇံ‌ေကြာ်‌ေလးရပါပြီ။

#ကြာဇံကြော်လေးကို မကျည်းဆော့‌ေလးရယ်၊ ‌ဂေါ်ဖီချဉ်သုပ်လေးရယ်
နဲ့တွဲစားပါတယ်။

မှတ်ချက်။ မင် က အချိုမှုန့်ထည့်ပါဘူး။ ဆီများတာလည်း မကြိုက်လို့ ဆီနည်းနည်းနဲ့ ကြာဇံအိဖို့ရေထည့်ကြော်တာပါနော်။

#မိသားစုမနက်စာ
#အိမ်ရှင်မများ

Address

Hpa-an

Alerts

Be the first to know and let us send you an email when Better You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Better You:

Share