Kalaw Organic Farm

Kalaw Organic Farm Organic Fresh Fruits and Vegetables.

23/08/2026
ထင်းရှူးမှို 8ခြင်းရပါအုံးမယ်ရှင်... အဖူးအငုံလေးတွေ သီးသန့်သေချာရွေးချယ်ထားပါတယ်ရှင်ခြင်းအမာလေးနဲ့လည်းသေချာထည့်ထားပေးပါတ...
23/08/2026

ထင်းရှူးမှို 8ခြင်းရပါအုံးမယ်ရှင်... အဖူးအငုံလေးတွေ သီးသန့်သေချာရွေးချယ်ထားပါတယ်ရှင်

ခြင်းအမာလေးနဲ့လည်းသေချာထည့်ထားပေးပါတယ်ရှင်....

🍄‍🟫 တစ်ခြင်း - 22000ks

🚛 ရန်ကုန်အိမ်အရောက်ပို့ခ - 2500ks သာ

ရှမ်းရိုးရာ အရသာစစ်စစ်ကိုမှ အိစက်နုညံ့နေအောင် ပြင်ဆင်ထားတဲ့ KoF ရဲ့ ခေါပုတ်လေးတွေကတော့ စားလိုက်တိုင်း အသည်းစွဲစေမှာပါ။🖤 ...
23/08/2026

ရှမ်းရိုးရာ အရသာစစ်စစ်ကိုမှ အိစက်နုညံ့နေအောင် ပြင်ဆင်ထားတဲ့ KoF ရဲ့ ခေါပုတ်လေးတွေကတော့ စားလိုက်တိုင်း အသည်းစွဲစေမှာပါ။

🖤 ငချိတ်နှမ်းထောင်းခေါပုတ်
▪️ 400g (25သား) တစ်ထုတ် - 6,500 ကျပ်
▪️ 10 ထုတ် - 62,000 ကျပ်

(ငချိတ်ဆန်ရှယ်ကို နှမ်းလုံးလေးတွေနဲ့ ပေါင်းထောင်းထားလို့ စားရတာ အမွှေးဆုံးနဲ့ အိစက်ဆုံးပါ)

⚠️ စားသုံးနည်းလမ်းညွှန်
ရောက်ရောက်ချင်း ချက်ချင်းစားသုံးပေးပါ။ (တာရှည်ခံဆေးမပါလို့ အပြင်မှာ 2ရက်သာအထားခံပါတယ်)
အကြာကြီး သိမ်းချင်ရင် ရေခဲသေတ္တာ အပေါ်ထပ်မှာ (2 လ/3 လ) အထိ အထားခံပါတယ်။ စားခါနီးမှ ထုတ်ကြော်စားရင် ပြန်ပြီး အိစက်သွားမှာပါရှင်။

☕ ခေါပုတ်ကို ကော်ဖီနဲ့တွဲဖက်စားမလား၊ ဆီတို့ဟူး၊ ငရုတ်သီးနှစ်ကြော်၊ ပဲပြုတ်၊ သကြားတို့နဲ့ တွဲစားမလား... ဘယ်လိုစားစား အရသာရှယ်ပါပဲ။

🏠 Kalaw Organic Farm (KoF)
📍 No.207, Nhee Phayar Street, Quarter 8, Kalaw.
📞 09459951805, 09792229888, 09975077888
#ငချိတ်ခေါပုတ် #ခေါပုတ် #ဆီတို့ဟူး

ကျန်းမာရေးအတွက် အကောင်းဆုံး အာဟာရပြည့်ဝတဲ့သဘာဝ "လိမ္မော်ရောင် ကန်စွန်းဥ"အသားနူးနူးလေးနဲ့ သဘာဝအချိုဓာတ်ပြည့်ဝတဲ့ကန်စွန်းဥ...
22/08/2026

ကျန်းမာရေးအတွက် အကောင်းဆုံး အာဟာရပြည့်ဝတဲ့သဘာဝ "လိမ္မော်ရောင် ကန်စွန်းဥ"

အသားနူးနူးလေးနဲ့ သဘာဝအချိုဓာတ်ပြည့်ဝတဲ့
ကန်စွန်းဥလိမ္မော်ရောင်လေးတွေ ရပါပြီရှင် 💛

🍠 လိမ္မော်ရောင်ကန်စွန်းဥ 1ပိဿာ - 7,000ks
🍠 ကန်စွန်းဥရွှေဝါကြော် 10သားထုတ်- 5000ks

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် A (Beta-carotene) အပြည့်အဝပါဝင်တဲ့ Kalaw Organic Farm ရဲ့ လိမ္မော်ရောင် ကန်စွန်းဥလေးတွေပါ

👁️ မျက်စိအားကောင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။
💪 ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အစာကြေလွယ်ပါတယ်။
👶 သဘာဝအတိုင်း ချိုမြိန်ပြီး အရသာရှိပါတယ်။
ကလေးငယ်များအတွက် ဖြည့်စွက်စာအဖြစ် အကောင်းဆုံးပါ။

🌱 သဘာဝမြေဆီလွှာမှာ စိုက်ပျိုးထားလို့ လုံးဝစိတ်ချရပါတယ်။ ဒီနေ့ပဲတူးထားလို့ အရမ်းကိုလတ်ဆတ်ပါတယ်ရှင်။

✔️ အမျှင်ဓာတ်ကြွယ်ဝ
✔️ ဗီတာမင် A ပါဝင်မှုမြင့်
✔️ အစာချေစနစ်ကောင်းစေ
✔️ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝအစားအစာ

မီးဖုတ်လိုက်ရင် မွှေးမွှေးလေးနဲ့ အရမ်းစားကောင်း 😋
ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ သဘာဝ snack လေးပါရှင် ✨

ပိုးသတ်ဆေးလုံးဝမသုံးစွဲပဲ သဘာဝတီကျစ်မြေဩဇာ၊ သဘာဝဘိုကာချီများဖြင့်စိုက်ပျိုးထားပါသောကြောင့် ကျန်းမာရေးအတွက် အထူးစိတ်ချရပါတယ်ရှင်။ GAP လက်မှတ်ရရှိပီးသားပါရှင်။

GAP လက်မှတ်ရပီးသား အော်ဂဲနစ်ကန်စွန်းဥတွေမို့ အာဟာရဓာတ်နှင့် စိတ်ချစွာသုံးစွဲနိုင်မှုက အများကြီးကွာခြားပါတယ်ရှင်

အရသာ၊ နုညံအိစက်မှု၊ လတ်ဆတ်မှု နှင့် အာဟာရဓာတ်ကြွယ်ဝမှုများသည် ရိုးရိုးကန်စွန်းဥနဲ့ တအားကွာပါတယ်ရှင်။ ဝယ်ယူသုံးဆောင်ကြည့်ပါရှင်၊ အရမ်းကောင်းတဲ့ ကန်စွန်းဥဆိုတာ လက်ခံမှာပါရှင်။

ဘေဘီပိစိ လသားလေးတွေကိုတောင်မှ စိတ်ချကျွေးလို့ရပါတယ်ရှင့်။ သေချာပြုစု စိုက်ပျိုးထားတဲ့ ကန်စွန်းခင်းကြီးကနေ တူးရောင်းတာဖြစ်ပါတယ်ရှင်။

အလုံးအသေးလေးတွေ ရွေးဖယ်ထားပေးပါတယ်၊ အနာအဆာ နှင့် အသေးဆိုဒ် လုံးဝမပါပါ သေချာကို ရွေးချယ် ရွေးသန့်ထားပေးပါတယ်ရှင်။ အလုံးသန့် အလုံးလှပီး ကြာကြာထားလို့ရပါတယ်ရှင်။

——— ——— ——— ——— ——— ——— ———
ကလောဆိုင်သို့လာရောက်ဝယ်ယူလို့လည်းရပါတယ်ရှင်၊ online အမှာများကိုလည်း နေ့စဉ်နေ့တိုင်းပို့ဆောင်ပေးပါတယ်။ မှာယူပီး 2ရက်အတွင်း အလတ်ဆတ်ဆုံး အမြန်အရောက်ပို့ပေးပါတယ်။

🚛Ygn နှင့် Mdy အိမ်အရောက်ငွေချေ cash on Deli ရပါတယ်ရှင်။ နေ့စဉ်နေ့တိုင်းပစ္စည်းပို့ပါတယ်။ ပို့ခ - 4500 - 5000ks

🚚အခြားမြို့များ ကားဂိတ်ချပေးပါတယ်ရှင်။ တိုက်ရိုက်ကားမရှိသောမြို့များ ရန်ကုန်/မန္တလေးမှတစ်ဆင့်ဂိတ်ချိန်းပို့ပေးပါတယ်ရှင်။

Kalaw Organic Farm(KoF)
No.207, Nhee Phayar Street, Quarter 8, Kalaw.
09459951805, 09975077888, 09792229888

သဘာဝအတိုင်း အချိုဓာတ်နဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်စေမယ့် Kalaw Organic Farm (KoF) ရဲ့ Mulberry ထုတ်ကုန်အသစ်တွေကို ...
22/08/2026

သဘာဝအတိုင်း အချိုဓာတ်နဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်စေမယ့် Kalaw Organic Farm (KoF) ရဲ့ Mulberry ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးပါရစေရှင်။

🫐 Mulberry Strips (100% Natural / No Added Sugar)
▪️ 200gဘူး - 13,000 ကျပ်
▪️ 500g အထုတ်ကြီး - 30,000 ကျပ်

ပိုးစာသီးတောင့်
သဘာဝပိုးစာသီးအနှစ်ကို ပျားရည် + သဖ့ပုရာရည်လေးနဲ့တွဲစပ်ပီး အပြားလိုက်ဖြန့်ပြီး အခြောက်ခံထားတဲ့အတွက် အတောင့်ပုံစံလေးနဲ့စားလို့ကောင်း၊ အထားခံပြီး သယ်ရလွယ်ကူပါတယ်။

ကျွန်မတို့ရဲ့ ထုတ်ကုန်များကို ဓာတုပစ္စည်းမပါဝင်ဘဲ ပိုးစာသီးအနှစ်၊ ပျားရည်နှင့် သံပုရာရည် တို့ဖြင့်သာ 100% သဘာဝအတိုင်း ပြုလုပ်ထားပါတယ်။

--------------------------------------------
✨ ကျန်းမာရေးအတွက် ကောင်းကျိုးများ:
🧬Antioxidants ကြွယ်ဝစွာပါဝင်ပီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး Free Radicals များကို တိုက်ဖျက်ပေးပါတယ်။

🫀နှလုံးကျန်းမာရေးအတွက် အရမ်းအကျိုးပေးကောင်းမွန်ပါတယ်။ Cholesterol မျှတစေရန် ကူညီပေးပြီး နှလုံးသွေးကြောကို အထောက်အကူပြုပါတယ်။

🩸 Iron ဓာတ်ပါဝင်သောကြောင့် သွေးနီဥဖွဲ့စည်းမှုကို ကူညီပေးကာ သွေးအားကောင်းစေပါတယ်။

✨အသားအရေစိုပြည်တောက်ပစေပါတယ်။ Vitamin C နှင့် Collagen ဖွဲ့စည်းမှုကြောင့် အသားအရေကို လန်းဆန်းစေပါတယ်။

🩺 Fiber ပါဝင်၍ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အစာခြေစနစ်ကောင်းမွန်စေပါတယ်။
💪Healthy Snack: သဘာဝစွမ်းအင်ကို ချက်ချင်းရရှိစေတဲ့အတွက် နေ့စဉ်စားသုံးရန် အသင့်တော်ဆုံးပါပဲ။

--------------------------------------------
🥤 စားသုံးနည်း:
အသီးစစ်စစ်ဖြစ်တဲ့အတွက် အဆာပြေ Snack အဖြစ် စားသုံးနိုင်သလို၊ ရေနွေး သို့မဟုတ် ရေအေးနဲ့ ဖျော်စပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Mulberry ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါတယ်ရှင်။

🚛 ပို့ဆောင်မှုများ:
ရန်ကုန်နှင့် မန္တလေး: အိမ်အရောက်ငွေချေ (Cash on Delivery) ရရှိနိုင်ပါသည်။

အခြားမြို့များ: ကားဂိတ်သို့ ပို့ဆောင်ပေးပြီး၊ တိုက်ရိုက်ကားမရှိသော မြို့များအတွက် ရန်ကုန်/မန္တလေးမှတစ်ဆင့် ဂိတ်ချိန်းပို့ဆောင်ပေးပါသည်။

Kalaw Organic Farm (KoF)
🏠 အမှတ် ၂၀၇၊ နီးဘုရားလမ်း၊ ရပ်ကွက်(၈)၊ ကလောမြို့။
☎️ 09459951805, 09975077888, 09792229888

#ပိုးစာသီး

🙏အမြန်ပို့ပေးရအောင် ကျေးဇူးပြု၍ comment လေးမှာ ယူမယ့်အရေအတွက်လေး ရေးပေးပါရှင့် 🙏🙏🙏🌿မနက်ဖြန်ရန်ကုန်ကို ထင်းရှူးမှိုနဲ့ စိ...
22/08/2026

🙏အမြန်ပို့ပေးရအောင် ကျေးဇူးပြု၍ comment လေးမှာ ယူမယ့်အရေအတွက်လေး ရေးပေးပါရှင့် 🙏🙏🙏

🌿မနက်ဖြန်ရန်ကုန်ကို ထင်းရှူးမှိုနဲ့ စိမ်းချိုသရက်သီးလေးတွေ အပိုပါပါတယ်ရှင် 🌿

🍄‍🟫ထင်းရှူးမှို 1ခြင်း - 22000ks

မှိုလေးတွေက ဒီနေ့ညနေမှ လာပို့တော့ ရောင်းချိန်မရတော့တာမို့ ကားပဲတန်းတင်လိုက်ရတာပါ။

လတ်လတ်ဆတ်ဆတ် ရရှိထားတဲ့ ထင်းရှူးမှို လေးတွေညနေကားနဲ့ တန်းပို့ပေးလိုက်တာမို့ မနက်ဖြန်မနက် ရန်ကုန်ကို ရောက်ရှိ တော့မှာ ဖြစ်ပါတယ်ရှင်။

✨ ထင်းရှူးမှိုလေးတွေရဲ့ အားသာချက် ✨
- အပွင့်ကြီးကြီး ပွင့်ကားနေတာတွေ လုံးဝမပါပါဘူးရှင့်။
- အပွင့်သေးသေး ငုံငုံလေးတွေကိုမှ သေချာဂရုတစိုက် သန့်စင် ရွေးချယ်ပေးထားပါတယ်။
- တစ်ခြင်းကို ၃၅ ကျပ်သား အတိအကျ ပါဝင်ပါတယ်။

🥭 ဒါ့အပြင် ချိုမြိန်တဲ့ စိမ်းချိုသရက်သီး လေးတွေလည်း အပိုပါလာတာမို့ ထင်းရှူးမှိုနဲ့အတူ တွဲဖက်မှာယူလို့ ရပါတယ်နော်။
သရက်သီးလေးက 19ရက်နေ့ကခူးဆွတ်ထားတဲ့အသီးပါရှင်။ ခြံထဲမှာလည်းကုန်ပီမို့ ဒါနောက်ဆုံးပါပဲရှင်။

🛵 မနက်ဖြန်မနက် ရန်ကုန်ရောက်တာနဲ့ နေ့ချင်းအိမ်အရောက် (Home Delivery) သေချာ ပို့ဆောင်ပေးသွားမှာပါရှင်

🎃 ဖရုံဆံ / ဖရုံစေ့အလှော် လတ်လတ်ဆတ်ဆတ် ရရှိနိုင်ပါပြီရှင် 🎃သဘာဝအတိုင်း ၁၀၀% လတ်ဆတ်စင်ကြယ်စွာ ထုတ်လုပ်ထားပြီး Nutrition အပ...
22/08/2026

🎃 ဖရုံဆံ / ဖရုံစေ့အလှော် လတ်လတ်ဆတ်ဆတ် ရရှိနိုင်ပါပြီရှင် 🎃
သဘာဝအတိုင်း ၁၀၀% လတ်ဆတ်စင်ကြယ်စွာ ထုတ်လုပ်ထားပြီး Nutrition အပြည့်အဝပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ ဖရုံဆံနှင့် ဖရုံစေ့အလှော်များကို အဆင်သင့် သုံးဆောင်နိုင်ပါပြီရှင်။
စျေးနှုန်းများ

🎃ဖရုံဆံအလှော် (အခွံချွတ်ပြီးသား)
▪️100g ထုတ်သေး - 8,000ks
▪️600g ထုတ်ကြီး - 45,000ks

🎃 ဖရုံစေ့အလှော် (အခွံပါ)
▪️100g ထုတ်သေး - 7,500ks
▪️500g ထုတ်ကြီး - 35,000ks

✨ Roasted Pumpkin Seeds (အခွံချွတ်ပြီး ဖရုံဆံအလှော်)
အခွံချွတ်ပြီးသားမို့ တိုက်ရိုက် Ready-to-eat သုံးဆောင်နိုင်ပြီး ဆိမ့်ဆိမ့်လေးနဲ့ ဖောင်းဖောင်းရွရွ အလွန်စားကောင်းပါသည်။

အသီးအရွက်သုပ် (Salads) နှင့် လက်ဖက်သုပ်များတွင် ထည့်သွင်းသုပ်စားပါက ပိုမိုအရသာရှိလှပါသည်။

သုံးဆောင်ရန် နည်းလမ်းများ -!ငှက်ပျောသီး၊ ပန်းသီး၊ နွားနို့၊ Almond Nut တို့နှင့် ရောစပ်ဖျော်သောက်ပါက တစ်နေ့တာအတွက် Energy ပြည့်ဝစေမည့် Juice တစ်ခွက် ရရှိပါမည်။

အခွံချွတ်ပြီး သန့်စင်ထားသဖြင့် ကလေးငယ်များကို တန်းကျွေး၍ရသလို Puree ထဲတွင် ထည့်ကြိတ်ကျွေးလျှင်လည်း ကလေးများ အလွန်ကြိုက်နှစ်သက်ကြပါသည်။

✨ Roasted Pumpkin Seeds (အခွံပါ ဖရုံစေ့အလှော်)
သေချာ ရေဆေးသန့်စင် အခြောက်လှန်းပြီးမှ စနစ်တကျ လှော်ထားခြင်းဖြစ်ပါသည်။
နေကြာစေ့ကဲ့သို့ အခွံနွာစားရပြီး နေကြာစေ့ထက် ပိုမိုဆိမ့်ကာ အာဟာရဓာတ် ပိုမိုကြွယ်ဝစွာ ပါဝင်ပါသည်။

💡 ဖရုံစေ့/ဖရုံဆံ၏ ကျန်းမာရေးကောင်းကျိုးများ
Magnesium - အရိုးအဆစ်နှင့် သွားများကို သန်မာစေပြီး နှလုံးလေဖြတ်ခြင်းမှ ကာကွယ်ပေးသည်။

Tryptophan - အိပ်စက်ခြင်းကို အထောက်အကူပြုသဖြင့် ညအိပ်မပျော်သူများ အိပ်ယာမဝင်မီ စားသုံးပေးသင့်သည်။

Zinc - ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး အအေးမိ၊ ရာသီတုပ်ကွေးများကို ကာကွယ်ပေးသည်။

Plant-based Omega 3 - သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေသည်။

Antioxidants (Carotenoids & Vitamin E) - အသားအရေကို စိုပြေနုပျိုစေကာ ဝက်ခြံများကို လျှော့ချပေးပြီး အရေပြားကင်ဆာမှ ကာကွယ်ပေးသည်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေး၍ ဆီးချို/သွေးချိုသမားများနှင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ရောဂါ ကာကွယ်ရေးအတွက် အထူးသင့်တော်ပါသည်။

#ဖရုံစေ့ #ဖရုံဆံ
Kalaw Organic Farm | KoF (Est. 2017)
📞 09459951805, 09792229888, 09975077888
📍 အမှတ် (၂၀၇)၊ နီဘုရားလမ်း၊ ရပ်ကွက် (၈)၊ ကလောမြို့။

သဘာဝတောပျားရည်စစ်စစ် 4မျိုးရပါတယ်ရှင်... အရောအနှောလုံးဝမပါ သဘာဝတောပျားရည်စစ်စစ် အာမခံရောင်းပါတယ်ရှင်  🍯. သစ်ခေါင်းပျားရည...
22/08/2026

သဘာဝတောပျားရည်စစ်စစ် 4မျိုးရပါတယ်ရှင်... အရောအနှောလုံးဝမပါ သဘာဝတောပျားရည်စစ်စစ် အာမခံရောင်းပါတယ်ရှင်
🍯. သစ်ခေါင်းပျားရည် (ချိုပေါ့)
🍯. ဆေးဖက်ဝင်ပန်းခါးပျားရည် (ချိုခါး)
🍯. ပျားကြီးပျားရည် (အချို)
🍯. ဆူးသီးပျားရည် (ချိုချဉ်)
▪️730ml ပုလင်းကြီး - 30000ks

တောထဲကရတဲ့ သဘာဝတော့ပျားရည်စစ်စစ်ပါရှင်၊ အရောအနှောလုံးဝမပါ စစ်ပါတယ်ရှင်။ ပျားအုံကိုပိဿာချိန်နဲ့ဝယ်ပီး ညှစ်ယူထားတဲ့ ပျားရည်တွေပါ။ ပျားအုံရဲ့အရောင်အနေအထားပေါ်လိုက်ပီး တစ်ခါနဲ့တစ်ခါက အရောင်လေးနည်းနည်းကွဲတတ်ပါတယ်ရှင်

- ဒီလိုရာသီအကူးအပြောင်းဖျားနာတုပ်ကွေးတွေအဖြစ်များချိန်မှာ ပျားရည်လေးသောက်ကြပါ၊ အားရှိစေ ခေါင်းကြည်လန်းဆန်းစေ အဖျားပျောက်မြန်စေပါတယ်ရှင်။ ရေနွေးပူပူထဲ ပျားရည်ထည့်မွှေပီး သံပုရာသီးလေးညှစ်ထည့်သောက်ရုံပါရှင်။ ဂျင်းမှုန့်လေးထည့်သောက်လို့လည်းကောင်းပါတယ်ရှင်

- ပျားရည်စစ်တယ်ဆိုတာထက်ကို ပိုကောင်းတဲ့ပျားရည်ပါ၊ တောထဲရှာဖွေတွေ့ပီးရလာတဲ့ပျားအုံတွေကနေဖွပ်ထားတဲ့ ပျားရည်၊ မွေးမြူရေးပျားရည်မဟုတ်တဲ့ သဘာဝတောပျားရည်ပါ

- ပျားအမျိုးအစား ပျားအုံစွဲတဲ့နေရာ နှင့် အချိန်ရာသီလမတူတော့ ပျားရည်တွေကလည်းကွဲပြားပါတယ်

- လောလောဆယ် မင်မင်ဆီမှာ ပန်းခါးပျားရည်၊ ပျားကြီးပျားရည်၊ သစ်ခေါင်းပျားရည် နှင့် ဆူးသီးပျားရည် 4မျိုးရပါတယ်ရှင်။ ဆေးဖက်ဝင် ပျားရည်အစစ်ပါ၊ ဆေးဖော်ရာ ကျန်းမာရေးဓာတ်စာအဖြစ်အသုံးပြုကြတာ များပါတယ်ရှင်

☑️အရောအနှောလုံးဝမပါ 💯 စစ်မှန်မှု အာမခံပါတယ်ရှင်၊ တောထဲမှာရှာတွေ့လာတဲ့ပျားအုံတွေကို ဖွတ်ယူထားတဲ့ ပျားရည်အစစ်အရိုင်းရည်ပါရှင် (ပျားအုံသလက်ဖတ်လေးတွေပါလို့တစ်ခါတစ်လေခဲတတ်ပါတယ်ရှင်)

🐝ပန်းခါးပျားရည်- ပန်းခါးပန်းရဲ့ဝတ်မှုန်ခါးသက်တဲ့အရသာနဲ့ ပူရှိန်းရှိန်းလေးနည်းနည်းပါပါတယ်၊ ဆေးဖက်တော့အရမ်းဝင်ပါတယ်၊ ရဖို့ရာမလွယ်တဲ့ပျားရည်လေးပါ။ လူကြီးတွေ၊ နိုင်ငံခြားသားတွေကတော့ ပန်းခါးပျားရည်ကို ပျားရည်အချိုထက်ပိုနှစ်သက်ကြပါတယ်။
(ဘာလို့ခါးတာလဲဆိုတန်ဆောင်းမုန်းလမှာ ညီမတို့ရှမ်းပြည် တောထဲမှာ ပန်းခါးပန်းပွင့်ဖြူဖြူလေးတွေအများကြီးပွင့်ကြပါတယ် ပျားတွေကအဲ့ပန်းရဲ့ဝတ်ရည်ကိုစုပ်ယူပီးရပျားရည်သိုမှီးကြတော့ အဲ့ပျားရည်ဟာ ပန်းရဲ့ဝတ်ရည်အခါးအရသာပါနေတာပါ)

🐝ပျားကြီးပျားရည်- ပျားရည်အချိုကကြတော့ pan cake တို့ ပေါင်မုန့်တို့အပေါ်စမ်းစားတာမျိုး၊ Honey lemon ဖျော်တဲ့အခါမျိုးတွေမှာသုံးလို့ကောင်းပါတယ်။ ကလေးလေးတွေကအစကြိုက်ကြပါတယ်၊ သစ်သီးလေးတွေပေါ်ပျားရည်လေးစမ်းကျွေးရင် ချိုမြိန်စားကောင်းစေပီး ကျန်းမာရေးအတွက်ကောင်းကျိုးရှိ အားအင်ဖြစ်စေပါတယ်။ ပျားရည်အချိုလေးကတော့ လူတိုင်းကြိုက်တဲ့အရသာလေးပါ။ ပျားကြီးပျားရည်စစ်စစ်မို့ အရမ်းကောင်းပါတယ်ရှင်။

🐝သစ်ခေါင်းပျားရည်- သစ်ခေါင်းပျားရည်ကဒီနေ့မှအသစ်ရောက်လာတာပါ။ သစ်ခေါင်းပျားဆိုတာ အမဲရောင်ပျားလေးတွေဖြစ်ပီး အကောင်သေးပါတယ်၊ သစ်ခေါင်းတွေ ကျောက်ဆောင်ကြားတွေမှာ အုံဖွဲ့နေတတ်ပီး ပျားအုံက အမဲရောင်ဖြစ်ပါတယ်။ ပျားရည်ကလည်း အမဲရောင်ဘက်သွားပီး ချိုချဉ်အရသာလေးရှိပါ ဆေးဘက်ဝင်လို့ အသုံးများအကြိုက်များပါတယ်ရှင်။

🐝ဆူးသီးပျားရည် - ဆူးသီးပျားရည်လေးကတော့ မင်တို့ရှမ်းပြည်တောင်ပိုင်းရဲ့ တောထဲတွေမှာ အလေ့ကျပေါက်လေ့ရှိတယ် ဆူးသီးဝါဝါလေးတွေရဲ့ ပန်းဝတ်မှုန်ကိုစုတ်ယူပီး အုံဖွဲ့နေတတ်ကြတဲ့ ပျားသေးသေးလေးမျိုးတွေပါရှင်။ ဆူးသီးပျားကောင်လေးတွေက အကောင်အရမ်းသေးငယ်လွန်းပီး သူ့ပျားအုံလေးတွေကလည်း လက်သီးစုတ်သာသာ သေးသေးပိစိလေးတွေပါရှင်။ သစ်ကိုင်းအခက်သေးသေးလေးတွေမှာ အုံဖွဲနေတတ်ကြလို့ ပျားအုံကိုဖွပ်တဲ့အခါ သစ်ကိုင်းလိုက်လေးချိုယူလာလို့ရပါတယ်။ ပျားရည်ရဲ့အရသာကတော့ ချိုချိုချဉ်ချဉ်အရသာလေးနဲ့လတ်ဆတ်တဲ့ အနံ့လေးရှိပါတယ်ရှင်။

Kalaw Organic Farm(KoF)
No.207, Nhee Phayar Street, Quarter 8, Kalaw.
09459951805, 09792229888, 09975077888

နေကြာစေ့လှော် (အစေ့အဆံအကြီးအသန့်) 5မျိုးရပါတယ်ရှင်🌻ကြက်သွန်ဖြူနေကြာစေ့လှော်   ▪️200g အထုတ်သေး - 5500ks    ▪️600g အထုတ်ကြ...
22/08/2026

နေကြာစေ့လှော် (အစေ့အဆံအကြီးအသန့်) 5မျိုးရပါတယ်ရှင်
🌻ကြက်သွန်ဖြူနေကြာစေ့လှော်
▪️200g အထုတ်သေး - 5500ks
▪️600g အထုတ်ကြီး - 16500ks

🌻ဆားအချိုလုံးဝမပါသည့် အဆိမ့်အရသာ
▪️200g အထုတ်သေး - 5500ks
▪️600g အထုတ်ကြီး - 16500ks

🌻 ဇီးသီးနီနေကြာစေ့လှော်
▪️200g အထုတ်သေး - 5500ks
▪️600g အထုတ်ကြီး - 16500ks

🌻 သစ်ကြားသီးအရသာနေကြာစေ့လှော်
▪️200g အထုတ်သေး - 6000ks
▪️600g အထုတ်ကြီး - 17500ks

▪️ဆီးချိုရောဂါရှိသူနှင့် သွေးတိုးရောဂါရှိသူများစားသုံးနိုင်ရန်အတွက် အဆိမ့်အရသာကို အထူးထုတ်လုပ်ထားပါတယ်ရှင်။

🌻 အချိုအရသာ - နေကြာစေ့ကို ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြားများဖြင့်ပြုတ်ပီးမှ လှော်ပီးထုတ်ထားသည့်အတွက် အနံ့လေးကမွှေးပါတယ်။ အရသာလေးလေးနက်နက်ဖြင့်စားကောင်းပါတယ်ရှင်။ အချိုအရသာအရမ်းမများပါဘူး/ ချိုရဲမနေပါဘူးရှင်။ အချိုနဲ့ ဆားလေးကပါတယ်ဆိုရုံ စားကောင်းရုံလေးမျှသာပါတာပါရှင်။

🌻 အဆိမ့်အရသာ - နေကြာစေ့ကို ဘာမှမထည့်ပဲ ပြုတ်လည်းမပြုတ်ပါပဲ အစိမ်းအတိုင်းသာလှော်ထားပါတယ်။ အချို အငံအရသာလုံးဝမပါ သဘာဝနေကြာစေ့ရဲ့အဆိမ့်အရသာသီးသန့်ပါရှင်။ ဆီးချိုရောဂါရှိသူများ နှင့် သွေးတိုးတတ်သူများအတွက် အဓိကထုတ်လုပ်ထားပါတယ်ရှင်။

ဒေသနေကြာစေ့မို့ အရသာက ဆိမ့်ပီးလေးပါတယ်၊ အစေ့အကြီးအသန့်ကိုသာသုံးထားတဲ့အတွက် စားရကောင်းပါတယ်၊ အပိန်အပုတ်အဆံမအောင်တာတွေ လုံးဝမပါလို့ စားတဲ့အခါ အောက်အောက်ကြီးနဲ့ ခါးတာမျိုး စားတဲ့အရှိန်ပျက်စီးသွားတာမျိုးတွေလုံးဝမဖြစ်စေတာပါပဲရှင်။

အရသာကိုလည်း သဘာဝအရသာအတိုင်းခံစားရမိစေရန် ထုတ်လုပ်ထားပါတယ်၊ ဆီးချို/ သွေးတိုးရောဂါရှိသူတွေပါ စားသုံးနိုင်စေရန်ပါ ဆား၊ သကြားလုံးဝ ဘာမှမပါသည့် plain နေကြာစေ့လှော် အဆိမ့်အရသာကိုပါထုတ်လုပ်ထားပါတယ်ရှင်။

အချိုအရသာကတော့ ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ဂျင်းပါရောထည့်လှော်ထားတာမို့ ဆားအရသာလေးဖြင့်စားလိုသူက အချိုအရသာကိုယူပါရှင်၊ အချိုအရသာဆိုလို ဆေးသကြားတွေနဲ့ ချိုရဲ လျှာပေါ်စွဲနေတာမျိုးကြီးမဟုတ်ပါဘူးရှင်။ ဆေးသကြားလုံးဝမသုံးစွဲထားပါဘူးရှင်။

🚛Ygn နှင့် Mdy အိမ်အရောက်ပို့~ အိမ်အရောက်ငွေချေ cash on Deli ရပါတယ်ရှင်။

🚚အခြားမြို့များ ကားဂိတ်ချပေးပါတယ်ရှင်။ တိုက်ရိုက်ကားမရှိသောမြို့များ ရန်ကုန်/မန္တလေးမှတစ်ဆင့်ဂိတ်ချိန်းပို့ပေးပါတယ်ရှင်။

Kalaw Organic Farm(KoF)
No.207, Nhee Phayar Street, Quarter 8, Kalaw.
📞09459951805, 09975077888, 09792229888

#နေကြာစေ့လှော် #ကလောဒေသထွက်

အရမ်းကိုစားကောင်းလွန်းတဲ့ မှိုအကြွပ်ကြော်လေးပါရှင်.... အရသာ 2မျိုးရပါတယ်🍄original မှိုအကြွပ်ကြော် 170g -  12500ks🍄မာလာ မ...
22/08/2026

အရမ်းကိုစားကောင်းလွန်းတဲ့ မှိုအကြွပ်ကြော်လေးပါရှင်.... အရသာ 2မျိုးရပါတယ်
🍄original မှိုအကြွပ်ကြော် 170g - 12500ks
🍄မာလာ မှိုအကြွပ်ကြော် 170g - 12500ks

ဒါလေးကိုမဖြစ်မနေမှာစားကြည့်စေချင်ပါတယ်ရှင်... မာလာအရသာနဲ့ original အရသာ 2မျိုးထုတ်ထားပါတယ်ရှင်။ မာလာအရသာလေးက ပိုစားကောင်းတယ်လို့ recommend ပေးပါရစေရှင်... ကလေးလေးတွေအတွက်ဆိုရင်တော့ original လေးယူပါရှင်

အရင်ကမှိုကိုအပျော့ပျော့အိအိလေးကြော်တာမှာ အခုကမှိုကိုအကြွပ်ကြော်ထားတာပါ၊ လုံးဝကြွပ်နေအောင်ကြော်ထားတာပါရှင်၊ ကြွပ်နေတာကိုမှ လုံးဝမွရွနေတာ၊ မွမွရွရွလေးပါ၊ အရမ်းအရသာရှိပါတယ်ရှင်။

လာအရသာလေးက အရသာရှိလှတဲ့ မာလာနှစ်ရယ်၊ ဆိမ့်ပီးမွှေးတဲ့ နှမ်းလေးရယ်၊ ချိုတဲ့မှိုလေးရယ် ပေါင်းစပ်ထားမှုကြောင့် ပီးပြည့်စုံတဲ့ တကယ်ရှယ်အရသာကြီးနဲ့ပါရှင်။

အကြွပ်ကြော်ထားတာမို့ တစ်ဘူးဆို မှိုဖတ်အများကြီး ဘူးအပြည့်ကိုရပါတယ်ရှင်၊ အများကြီးကိုပါပါတယ်။ ဆီလုံးဝမပါအောင် ဆီသေချာစစ်ထည့်ထားလို့ နိုင်ငံခြားသယ်ယူပို့လို့လုံး လုံးဝကိုဆီမပါ ဆီမဖိတ် ✅ ok 👌🏻 ပါတယ်ရှင်

🍄original မှိုအကြွပ်ကြော် 170g - 12500ks
🍄မာလာ မှိုအကြွပ်ကြော် 170g - 12500ks

🚛Ygn နှင့် Mdy အိမ်အရောက်ပို့- အိမ်အရောက်ငွေချေ cash on Deli ရပါတယ်ရှင်။

🚚အခြားမြို့များ ကားဂိတ်ချပေးပါတယ်ရှင်။ တိုက်ရိုက်ကားမရှိသောမြို့များ ရန်ကုန်/မန္တလေးမှတစ်ဆင့်ဂိတ်ချိန်းပို့ပေးပါတယ်ရှင်။

Kalaw Organic Farm(KoF)
No.207, Nhee Phayar Street, Quarter 8, Kalaw.
09459951805, 09975077888, 09792229888

Address

No.207, Hnee Pagoda Road, Quarter 8 , Kalaw, Myanmar Near Mya Taw Win Hotel
Kalaw
+95

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959792229888

Website

Alerts

Be the first to know and let us send you an email when Kalaw Organic Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share