23/09/2024
✨တစ်ခါသုံးပြီးရင် တစ်သက်လုံးစွဲသွားနိုင်တဲ့ Vaseline Overnight Radiance Repair Lotion
Vaseline ရဲ့ products တွေကို အရှေ့မှာလည်း Re review ရေးပေးဖူးသလို review ပေးသမျှ Vaseline products တွေက audience တွေနဲ့ အဆင်ပြေကြတာများလို့ ကိုယ်တိုင်လည်း ဝမ်းသာမိပါတယ်..
ဒီတစ်ခေါက်တော့ Vaseline ရဲ့ Gluta-Hya Serie ထဲမှာ Re အကြိုက်တကာ့အကြိုက်ဆုံး Overnight Repair လေးအကြောင်း sharing လုပ်ပေးချင်တယ်..
ပထမဆုံးဒီ Lotion ကိုကြိုက်တဲ့အချက်က စျေးနှုန်းသက်သက်သာသာနဲ့ Re စိတ်တိုင်းကျတဲ့ quality ကိုပေးနိုင်တာပါပဲ…. ပေါ့ပါးလွန်းတဲ့ Texture မို့ moisture က်ိုမထိန်းနိုင်လောက်ဘူးဆိုပြီးအထင်သေးခဲ့ပေမယ့် အခု ၃ ဘူးကုန်တဲ့အထိ ညတိုင်း သူမှသူ လိမ်းဖြစ်တဲ့အထိပါပဲ..
✨ Moisture Deep လုပ်ပေးနိုင်တဲ့ body lotion အများစုက အားနည်းချက်အနေနဲ့ အနည်းငယ်ပျစ်ပြီးအသားရေထဲစိမ့်ဝင်ဖို့အချိန်ပေးရပါတယ်.. Vaseline ရဲ့ Overnight Repair lotion မှာတော့ Non-sticky texture ဖြစ်ပြီး အရေပြားပေါ်လိမ်းလိုက်ရင်ရေလိုtexture ဖြစ်သွားတဲ့အပြင် အသားရေထဲကိုချက်ချင်းစိမ့်ဝင်သွားတာတွေ့ရတယ်.. ရေလိုအေးသွားတဲ့ feeling မို့ မြန်မာပြည်လိုပူတဲ့ရာသီဥတု မီးပျက်တတ်တဲ့နိုင်ငံနဲ့ဆို ဒီ lotion က အရမ်းကိုအဆင်ပြေတယ်..
✨ Vitamin C ထက် 10ဆ ပိုအစွမ်းထက်တဲ့ Gluta Glow Tech ပါဝင်တာကြောင့် sheet mask 10 ချပ်ကပ်တာနဲ့ညီမျှလို့ အသားရည်ကို အမြန်ဆုံးဖြူကြည်လာစေတယ်.. ခြင်ကိုက်လို့ကုတ်ပြီးကျန်ခဲ့တဲ့ အမဲစက်လေးတွေရှိရင် ညဘက်ကို ဒီ lotion လေးလူးကြည့်ရင် သိသိသာသာမှေးမှိန်လာတာတွေ့ရလိမ့်မယ်…
✨ နေ့ဘက်မှာ နေရောင်ကြောင့် ညဘက်မှာ မီးအလင်းတွေကြောင့် ပျက်စီးသွားတဲ့ skin ကို အားဖြည့်ပေးပြီး Repair ပြန်လုပ်ပေးတာကြောင့် healthy and glow skin ဖြစ်လာစေတယ်..ဒီလောက်ပေါ့ပါးတဲ့ texture နဲ့ skin ထဲမှာ moisture lock လုပ်ပေးနိုင်တာကို အရမ်းသဘောကျမိတယ်..
✨ညလိမ်းအိပ်လိုက်ရင် မနက်ဆို skin လေးက dewy skin ဖြစ်နေစေတယ်…
✨skin barrier တက်လာစေလို့ အထိခိုက်မခံတဲ့အသားအရည်ကို ကျန်းမာလာစေတယ်..
✨ အနံ့လေးက Lavender ပါလို့အရမ်းrelax ဖြစ်တယ်.. ဒီလိုစျေးလေးနဲ့ ဒီလိုကောင်းတာမျိုး ဒီ lotion မှာပဲတွေ့ဖူးပါသေးတယ်… Re အရမ်းကြိုက်တဲ့ နာမည်ကြီး brand တစ်ခုက 70000 ကျော်တဲ့ body lotion နဲ့ အနံ့ကလွဲရင် texture, effect တော်တော်လေးကိုတူပါတယ် 🫢💙
အရမ်းပေါ့ပါးပြီး လိမ်းရတာကောင်းသလို အသားရည်အတွက်လည်းထိထိရောက်ရောက်အားဖြည့်ပေးနိုင်တဲ့ lotion မို့ Guys, you must to try thisပါ..