20/06/2023
တစ်ခါတစ်ရံ တစ်ယောက်ထဲနေရတာ သဘောကျတယ်။
သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ဆုံရင်တော့ ကိုယ်ဟာ လူရွှင်တော်ကြီးပေါ့။
မသိတဲ့လူတွေကို လိုက် ရောပြီး ရောရောနှောနှောမနေတတ်ဘူး။
မရင်းနှီးတဲ့သူတွေနဲ့လည်း စကားတွေ ဖောင်ဖွဲ့ပြီး မပြောတတ်ဘူး။
တစ်ကြိမ်တစ်ခါမှ မဆုံဖူး မတွေ့ဖူးတဲ့သူတစ်ယောက်ကို Activities တွေ ပြောပြနေရတာမျိုးကိုလည်း သဘောမကျဘူး။
ခုမှ စတွေ့တဲ့ သူစိမ်းတစ်ယောက်ကို ကိုယ့်ကောင်းကြောင်းတွေပြောပြပြီး ကြွားရတာမျိုးကို သဘောမကျသလို
သူတစ်ပါး အတင်း မကောင်းကြောင်း ပြောရတာလည်း မနှစ်သက်ဘူး။
မတော်တဆဆုံတဲ့ သူစိမ်းတစ်ယောက်ကို ကိုယ့်အကြောင်းတွေ ပြောပြနေရလောက်တဲ့အထိလည်း ကိုယ်ဟာ ဈေးပေါမနေခဲ့ဘူး။
ရင်းနှီးသွားပြီဆိုရင်လဲ ကြက်တူရွေးလို စကားတွေ တအားပြောဖြစ်တယ်။
ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆို
ခပ်ပေါပေါ နေတတ်တယ်
စကားတွေ အများကြီးပြောဖြစ်တယ်။
ရင်းနှီးတဲ့လူတွေနဲ့သာ ကိုယ်က ခပ်ပေါပေါနေတာ
ပေါ့ပျက်ပျက်နေတာမျိုးတော့မဟုတ်ဘူး။
မသိတဲ့သူတွေကိုလည်း အရောတဝင် လိုက်ပြီး ပြုံးပြနေတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။
မရင်းနှီးတဲ့ သူစိမ်းတွေနဲ့ဆို ခပ်တည်တည်ပဲ နေဖြစ်တယ်။
ဒါဟာ ... မာနကြီးတာ မဟုတ်သလို
ချေတာလည်း မဟုတ်ဘူး။
ကိုယ့်ပုံစံအတိုင်း
ကိုယ့်ဘာသာ နေတတ်သလို နေတာပါ။
ဟုတ်တယ်...
ကျွန်တော်က အဲ့လိုလူစားမျိုး...။
#သဟာဆွေလှိုင်း