14/09/2024
တစ်ခါတလေတော့ လောကကြီးက ဆန်းကျယ်သား။
တစ်ယောက် ကမ္ဘာပေါ်မှာ အကောင်းတကာ့အကောင်းဆုံးတွေပဲ ရှိတဲ့ အမေရိကန်နိုင်ငံက လော့စ်အိန်ဂျလိစ်မြို့မှာ လေ့ကျင့်ပြင်ဆင်နေတယ်။
တစ်ယောက်က ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးစာရင်းဝင်၊ပြည့်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံတစ်နိုင်ငံက မြို့ငယ်လေးတစ်မြို့မှာလေ့ကျင့်နေတယ်။
တစ်ယောက်က ခန္ဓာကိုယ်ကနေ အမြင့်ဆုံးစွမ်းဆောင်ရည်တွေ ထွက်ဖို့၊အတော်ဆုံး အဟာရဗေဒပညာရှင်တွေရဲ့ လမ်းညွှန်မှုတွေ နဲ့ စားသောက်နေချိန်၊
တစ်ယောက်ကတော့ ထမင်းအိုးထဲမှာတောင် ဆန်အပြည့်ရှိပါ့မလား ဆိုတာ ရင်တထိတ်ထိတ်နဲ့ နေရတဲ့ဘဝ၊
တစ်ယောက်က ခေတ်မှီအဆန်းသစ်ဆုံးပစ္စည်းကိရိယာတွေ သုံးပြီး လေ့ကျင့်နေချိန်မှာ၊
တစ်ယောက်က သူသူငါငါ ဟိုဟိုဒီဒီ သွားလာနေတဲ့ လမ်းမထက်ပေါ်မှာ ပြေးလွှားနေရတဲ့ဘဝ၊
ဒီလောက်ခြားနားလွန်းနေတဲ့ လူနှစ်ယောက် September 27 ရက်နေ့မှာ ထိပ်တိုက်တွေ့ကြမယ်ဆိုရင် ယုံမှာလား။
သူတို့မျက်နှာချင်းဆိုင်ကြချိန်မှာ၊အထက်မှာရေးခဲ့တဲ့ဘဝပေးအခြေနေကွာခြားချက်တွေကိုရော ကမ္ဘာကြီးက မြင်ပေးပါ့မလား။
အားကစားမှာ အရှုံးနဲ့အနိုင်ပဲ ရှိတယ်၊ကျန်တာတွေမရှိဘူးလို့ပဲ မျက်နှာလွဲ၊ခဲပစ် ပြောကြမှာလား။
သန့်ဇင်...............အကိုရေ
ရှုံးသည်ဖြစ်စေ၊နိုင်သည့်ဖြစ်စေ......…အကို့ဘက်မှာ ညီလေးတို့ရှိပါတယ်။
မညီမျှတဲ့ တိုက်ပွဲမှာ ဘယ်လိုနည်းနဲ့မဆို ဝန်းရံဖို့ ညီလေးတို့ရှိပါတယ်။
လုပ်ပြလိုက်ပါ............အကိုလုပ်ပြနိုင်တာတွေကို အဆုံးစွန်ထိလုပ်ပြလိုက်ပါ။
အကို့ရဲ့နောက်မှာ ပရိတ်သတ်တွေအားလုံးရှိနေပါတယ်။
မြန်မာကို ကမ္ဘာက သိအောင်အစွမ်းကုန်လုပ်ပြလိုက်ပါ။
Thant Zin One Championship