MyoPa online business

MyoPa online business 😍😍😍😍😍

18/09/2025

ပိုပွင့် ပိုသီး ပိုကြီးစေမယ့် ကောမက်ပီဖိုလန်

မြေပဲစိုက်တောင်သူကြီးများ မျှော်မှန်းထားတဲ့အတိုင်း ဥကြီးကြီးရဖို့ စွယ်ကောင်းကောင်းချနိုင်ဖို့ဆိုရင် ပန်းပွင့်ချိန်ကတည်းက လိုအပ်တဲ့ အာဟာရတွေကို သေချာကျွေးပေးဖို့ လိုအပ်ပါတယ်။

တောင်သူကြီးတို့ မြေပဲခင်း ပန်းတွေ ပွင့်နေပြီဆိုရင်တော့ မြန်မာ့ဩဘာက ထုတ်လုပ်ဖြန့်ချိလျက်ရှိတဲ့ P - 51.5% + K - 33.5% + အနည်းလိုအာဟာရဓာတ်များ ပါဝင်သော ကောမက်ပီဖိုလန်ကို သုံးဖို့ အချိန်ရောက်ပါပြီ။

✨ပီဖိုလန်ကို ပန်းမပွင့်မှီနှင့် ပန်းလှိုင်လှိုင်ပွင့်ချိန်မှာ အသုံးပြုနိုင်ကာ သီးနှံကြီးထွားမှု အားကောင်းပြီး အစေ့အဆံတောင့်တင်းစေပါတယ်။

📍ဆေးနှုန်းထားအနေနဲ့ ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျင် ကောမက်ပီဖိုလန် ၅၀ ဂရမ်နှုန်းဖြင့် တစ်ဧက ၅ ပုံး အသုံးပြုလိုက်ပါ။

မြေပဲတောင့် ပိုဥစေဖို့ ပန်းပွင့်ချိန်မှာ ပီဖိုလန်သုံးစို့

#ပီဖိုလန် #မြေပဲ #ရွက်ဖျန်းအားဆေး

18/09/2025

စပါးနှံစုပ်ပိုး နှင့် ဖျက်ပိုးမျိုးစုံတိုက်ထုတ်ဖို့ "ဘီတာ စီ" ကို သုံးကြပါစို့ ...

🌾🦗🌾🦗🌾🦗🌾🦗🌾🦗🌾

➡️ ဦးကြီးတို့၏ အောင်မြင်စိမ်းလန်းနေသောမိုးစပါးခင်းများမှာ ယခုကာလတွင် ပင်ပွားစုံပြီး အချို့မှာ အနှံတည်စပြုနေကြပေမည်။ ထိုသို့အချိန်တွင် စပါးခင်းများအတွင်း ဖျက်ပိုးတွေအမျိုးမျိုးကျနေလို့ ပိုးသတ်ဆေးရွေးချယ်ရခက်နေပါက စပါးနှံစုပ်ပိုး၊ ရွက်လိပ်ရွက်ကပ် နှင့် ငမြှောင်တောင်အပါအဝင် ဖျက်ပိုးမျိုးစုံကို နှိမ်နင်းနိုင်သည့် "ဘီတာ စီ" ကို ရွေးချယ်သုံးစွဲလိုက်ပါရှင် !!!

🌾“ဘီတာ စီ ၁၀၀ အီးစီ” (Beta C 100 EC)🌾

➡️ “ဘီတာ စီ” တွင် အစွမ်းရှိပစ္စည်း Beta-Cypermethrin 100 g/L ပါဝင်ပါသည်။

➡️ “ဘီတာ စီ” သည် ထိသေစားသေ အာနိသင်ပြင်းထန်သော ထိရောက်မှုအရှိဆုံးပိုးသတ်ဆေးဖြစ်သည်။ ထိသေအာနိသင်ပြင်းထန်သဖြင့် ပိုးလောက်ကောင်များကိုဆေးထိပြီး ပြုတ်ကျသေစေနိုင်သည်။

➡️ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲမျိုးစုံ နှင့် ခရမ်းချဉ်၊ ဖရဲ၊ သခွား၊ သီးနှံပင်အမျိုးမျိုးတွင်ကျရောက်တတ်သော ရွက်ထွင်းပိုးများနှင့် အခြားဖျက်ပိုးအမျိုးမျိုးကို ကာကွယ်နှိမ်နင်းနိုင်သည်။ ထို့အပြင်ဂေါ်ဖီလိပ်ပြာဖြူ နှင့် စိန်ကွက်ဖလံ တို့ကိုလည်း ထိရောက်စွာနှိမ်နင်းနိုင်သည်။ ဝါသီးလုံးဖောက်ပိုးအမျိုးမျိုး နှင့် ဖောငမြှောင်တောင်အပါအဝင် ကိုက်ဖြတ်ဝါးစားပိုးမျိုးစုံကို နှိမ်နင်းနိုင်ပြီး မွှားပင့်ကူသတ်ဆေး အဖြစ်လည်းအသုံးပြုနိုင်ပါသည်။

➡️ “ဘီတာ စီ” ကို စပါး၊ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲမျိုးစုံ၊ ဝါ၊ ခရမ်းချဉ်၊ အာလူး၊ ဂေါ်ဖီ၊ ပန်းမုံလာ စသည့် ဟင်းသီးဟင်းရွက်ပင်များနှင့် လိမ္မော်သီးပင်တို့တွင် ကျရောက်သောဖျက်ပိုးများကိုနှိမ်နင်းရန်အတွက် အသုံးပြုပက်ဖျန်းနိုင်ပါသည်။

➡️ အထူးသဖြင့် စပါးတွင်ကျရောက်သော ရွက်ဖြတ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ လောင်မီးပိုး၊ စပါးရွက်လိပ် အိမ်ပိုး၊ စပါးနှံစုပ်ပိုး၊ ငမြှောင်တောင်ဖျက်ပိုးတို့ကို ထိရောက်စွာနှိမ်နင်းနိုင်ပြီး စပါးခင်းများအတွင်းရှိ ဂဏန်းအထူးသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။

➡️ "ဘီတာ စီ" သည် အစွမ်းထက်ပိုးသတ်ဆေးဖြစ်ပြီး ဆေးနှုန်းထားအနည်းငယ်မျှအသုံးပြုရုံဖြင့် သီးနှံပင်များတွင်ကျရောက်သော ဖျက်ပိုးအမျိုးမျိုးကို ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

➡️ အသုံးပြုရမည့်ဆေးနှုန်းထားမှာ ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀ - ၃၀) စီစီနှုန်းဖြင့် တစ်ဧကအတွက်ဆေး (၁၀၀ - ၁၅၀) စီစီ နှုန်းဖြစ်ပါသည်။

➡️ "ဘီတာ စီ" ကို ၁၀၀စီစီ၊ ၂၅၀စီစီ၊ ၅၀၀စီစီ နှင့် တစ်လီတာ ဆေးဗူးဆိုဒ်များဖြင့် ထုတ်လုပ်ထားပါသည်။

➡️ “ဘီတာ စီ” ဆေးအစွမ်းဖြင့် သီးနှံစိုက်ခင်းများတွင် ဖျက်ပိုးများဘေး ကင်းဝေးကြပါစေ .....

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾

#ဘီတာစီ #စပါးနှံစုပ်ပိုး #ငမြှောင်တောင် #ဝိစာရ

28/08/2025

🙀သုံးဖူးတဲ့တောင်သူတွေ အကုန်လုံးက‌တော့
#ဆလက်ပလပ်စ်မှဆလက်ပလပ်စ် ဖြစ်နေကြပြီနော်🥳

​တောင်သူ​တွေ #ဆလက်ပလပ်စ် ကို
ဘာ​ကြောင့်ကြိုက်ကြသလဲ??? ဆို​တော့.......🤗

◾ ထိ​သေ/စား​သေ၊ စိမ့်ဝင်ထိုး​ဖောက် အာနိသင်ပါပြီး စုပ်စား/ကိုက်စား အင်းဆက်ဖျက်ပိုးသာမက မွှားပင့်ကူမျိုးစုံကိုနှိမ်နင်းနိုင်တဲ့ Profenofos (OPI-အုပ်စု) နဲ့👈👈👈

◾အင်းဆက်ဖျက်ပိုး​တွေကို တွန်းလှန်/ဂျွမ်းပြန်/​ရှောင်ကွင်း အာနိသင် ရှိတဲ့ Lambda cyhalothrin (Pyrethroid-အုပ်စု) နှစ်မျိုးကို အချိုးကျ​ရောစပ်ထားလို့ပါနော်.......💯💯💯

#ဘယ်လိုပိုးမျိုး‌ကိုနှိမ်နင်းနိုင်လဲဆိုတော့🐜🕷🐞🐛
"""""""""""""""""""""""""""""''''''''''''''''""""""""""""""""""""""""""""""""""""""""
ငမြောင်တောင်၊ ပွင့်​ထွေး၊ သီးလုံး​ဖောက်၊ ထွာ​ကောင်စိမ်း၊ ခူ​မွှေး​ရှည် စသည့်.......
🦋Lepidoptera အုပ်စု (လိပ်ပြာဖလံမျိုးများ)

ကျိုင်း၊ နှံ​ကောင်၊ လိပ်ခုံးကျိုင်း၊ ဖိုးလမင်းကျိုင်း
စသည့်......
🦗Coleoptera အုပ်စု(ကျိုင်းအုပ်စုဝင်ဖျက်ပိုးများ)

ဂျပိုးစိမ်း၊ နှံစုပ်ဂျပိုး၊ ဝါပိုးနီ.....စ​သော စုပ်စား/ကိုက်စား ပါးစပ်အစိတ်အပိုင်းပါ ပိုးများစသည့်.....
🪲Hemiptera အုပ်စု တို့အပြင်

💢Acaricides အဖြစ်.........
-Spider mites(မွှားပင့်ကူနီ)
-Rust mites (သံ​ချေးမွှား)
-Gall mites (အရွက်ဖု မွှား)
-Tarsal mites(တာဆာမွှား)
-Broad mites (မွှားဖြူ).....များကို နှိမ်နင်းရာမှာလည်း အသုံးပြုနိုင်ပါတယ်။

💥ဒီလောက်ပဲမဟုတ်ဘူးနော်.... ကျန်သေးတယ်😁

🫧စပါးဆစ်ပိုး (Rice stem borer)
🫧စပါးရွက်လိပ်ပိုး(Rice leaf folder)
🫧စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့
စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

#ဆလက်ပလပ်စ်ကဘယ်လိုအစွမ်းအာနိသင်‌တွေနဲ့နှိမ်နင်းပေးမှာလဲ ❔❔❔

🌟 #ဆလက်ပလပ်စ်မှာ....

📌 ဥ-ဥမြုံကန်းစေနိုင်တဲ့ အစွမ်းရှိတယ်။

📌ဖျက်ပိုးကြီးထွားမှု အရွယ်မရွေး အဆင့်တိုင်း နှိမ်နင်းနိုင်တယ်။

📌 အရွက်အပေါ်အောက် စိမ့်ဝင်ထိုးဖောက်နိုင်စွမ်းရှိတယ်။

📌 ဆေးသက်ကြာလို့ ပိုးထပ်မလာနိုင်အောင် ဟန့်တားနိုင်တဲ့ "နှင်ဆေး" အစွမ်းရှိတယ်။

👀ဒါ့အပြင် .....
#ဆလက်ပလပ်စ်က ပိုးသတ်နိုင်စွမ်းသာမက ဖော့စဖိတ်အာနိသင်ကြောင့် မြေပဲ🥜🥜နှင့် အခြားသီးနှံတွေမှာ ဆေးဖျန်းပြီးနောက် အရောင်တောက်ကာ စိမ်းစိုသန်စွမ်းစေပါတယ်။☑️☑️☑️

ကဲ.....အဲ့ဒါကြောင့် တောင်သူ​တွေကပြောတယ်👨‍🌾👨‍🌾👨‍🌾

#ဆလက်ပလပ်စ် မပြတ်​စေနဲ့တဲ့✅✅💯

#ဖန်းလင့်

10/11/2024

🌿🌿🌿🌿🌿🌿☺️☺️☺️

30/04/2024

58K likes, 1891 comments. Check out nangkayae’s video.

30/04/2024

အော် ...
ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ
ဆရာတော်ကြီးပြောသွားတဲ့ အရဟံသိဒ္ဓိအကြောင်းကို
ကွန်ပြူတာစီခိုင်းထားတာ ပြီးသွားလို့ စာလုံးပေါင်းတွေ
စစ်နေတဲ့အချိန် ...
🙏🙏🙏 ကျေးဇူး‌တော်ရှင်မဟာ‌ဗောဓိမြိုင်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူပြီတဲ့ ... 🙏🙏🙏

အောင်ခင်မြင့် (တိုက်ကြီး)

29/02/2024

အိပ်လို့ အားရှိတယ် မထင်နဲ့

ရပ်ထဲရွာထဲမှာ
နေ့ခင်းနေ့လည် အိပ်ခဲကြပါတယ်။

ည ဘာလို့ အိပ်တုန်း ?

အိပ်ခြင်းရဲ့အကြောင်းဟာ 'အပူနဲ့အပုပ်လေ
အပူနဲ့ အပုပ်ဟာ သွေးကြောလေကြောထဲ ပါသွားရော။

နေ့မှာ နေရဲ့အပူချိန် ရှိတဲ့အတွက်
မွှေးညှင်းပေါက် ပွင့်နေတယ်၊
ဒီတော့ မအိပ်ချင်သေးဘူး။

ဟော - ညဦး ၆ နာရီလောက်ဆိုတော့
နေဝင်သွားပေမယ့် အပူချိန် ကျန်နေသေးတယ်၊
မွှေးညှင်းပေါက်ကလေးတွေ ရှိနေသေးတယ်။
ရှိတဲ့အပူပုပ်က ထွက်သာသေးတယ်။

ည ၉နာရီ, ၁၀ နာရီ ဆိုတော့
နေနဲ့တော်တော် ဝေးသွားပြီ ထင်တယ်။
အအေးဓာတ်ကလေး ရလာပြီ ဆိုတော့
မွှေးညှင်းပေါက်တွေ ပိတ်ကုန်ပြီ။
အပူအပုပ်က ဘယ်မှ ထွက်စရာမရှိတော့
အစာအိတ်ထဲကနေ ခါးဆစ်ရိုးကနေ ဖောက်ပြီး
နောက်ကျောကို တက်ကရော။

ဘေးထွက်စရာ, ဖြန့်ထွက်စရာ မရှိတော့
အပေါ်ဖောက်မှာပဲလေ၊
နောက်ကျောကတဆင့် အုပ်ဆက်ကြောထိုး၊
အဲဒီကမှ ငယ်ထိပ်ကို ဖောက်သွားမှာ။

၁၀ နာရီ, ၁၁ နာရီလောက်ရောက်တော့
ပိုအေးလာပြီထင်တယ် ဟေ့ ...။
အဲဒီမှာ .... ရှိသမျှ အပူ
အကုန်လုံး အလုံးအရင်းနဲ့ နောက်ကျောက ထိုးတက်၊
ငယ်ထိပ်ကို သွားဖောက်တော့
သွေးကျပြီး .....မျက်ခုံးကြီးလေးလံလာတယ်၊
ပြီးတော့ သန်းလာတယ်၊ နောက်တော့ ငိုက်လာတယ်။

ထိနမိဒ္ဓက ဝင်ပြီး အမိန့်ပေးရော

' ငါ အိပ်မယ် တဲ့
နေ့တိုင်း အိပ်လာတာ, တစ်သက်လုံး အိပ်လာတာ
ဒီနေ့ တစ်ရက် မအိပ်ဘူးကွာ လို့ ပြောရဲလား ?

ဒီ ထိနမိဒ္ဓ ကိလေသာကျ ဘုရားထက် ကြည်ညိုတယ်
ဘုရားအာရုံပြုတာ ဘယ်လောက်ကြာတုန်း ?
( ခဏကလေးပါဘုရား )

ထိနမိဒ္ဓ ကျတော့ရော
( တစ်ညလုံးပါ ဘုရား )

ဒါဆို .....
ဘုရားနဲ့ ထိနမိဒ္ဓ ဘယ်သူ့ကို ဆည်းကပ်တာ ပိုနေတုန်း ?
( ထိနမိဒ္ဓ ကို ပိုပြီး ဆည်းကပ်ပါတယ်ဘုရား )

ဒါဖြင့် ခင်ဗျားတို့
ဗုဒ္ဓဘာသာဝင်တွေလား ? ထိနမိဒ္ဓ ဘာသာဝင်တွေလား ?...................................................................................

အိပ်လိုက်ကြတာ,
တကယ်လို့များ တို့ယောဂီတွေ
လောဘကြီးကြီး, သောကကြီးကြီးနဲ့
တနေကုန်.....
ဖုတ်လှိုက်ဖုတ်လှိုက် သွားနေသူဆိုရင်
ညအိပ်ရင် .....
အပူအပုပ် များလွန်းတော့ 'ဟောက်ပြီးတော့ တောင်
အိပ်တတ်ပါသဗျာ...။

အပူအပုပ္က
နှာခေါင်းကချည်း ထွက်လို့မနိုင်တော့ဘူးလေ၊
ရှူလေမှာ လေဘက်ကို တိုးယူတာ,
ရှိုက်လေမှာ အထဲထဲရှိတဲ့ အပူအပုပ်ကို ထုတ်ပစ်တာ...၊

တို့ ရန်ကုန်ပြော ပြောရရင်တော့
နေ့မှာ ....
ကားတွေ,လူတွေ ရှုပ်နေတဲ့အတွက်
မြူနီစပယ် ဝင်မသာဘူး၊
ည .....
ကားတွေသိမ်းပြီ ဆိုတော့မှ .....
မြူနီစပယ် ဝင်ရသလို ပါပဲဗျာ။

နေပူ မိုးရွာ မရှောင် , လောဘထန်ထန်,
သောကထန်ထန်နဲ့ အတင်း သွားထားတဲ့
လူတစ်ယောက်ဟာ အပူအပုပ် `စု နေပြီ ....။

ညကျတော့ ....
ဝင်လေကလေးက လေကောင်းလေသန့်ကလေး၊
အဲဒီ လေကောင်းလေသန့်ကလေးနဲ့
လေဆိုးလေပုပ်တွေကို 'ထွက်လေ နဲ့ ထုတ်ပစ်ရတယ်၊
အဲဒီအချိန်မှာ
အလွန်ပင်ပမ်းတဲ့ပုဂ္ဂိုလ်, အပူအပုပ်ကြီးတဲ့ ပုဂ္ဂိုလ်ဟာ
' နှာခေါင်းနဲ့ လေ မဆန့်တော့တဲ့အတွက်
ပါးစပ်ကြီးပါ ဟောက်အိပ်သဗျာ....။

အဲဒီမှာ .....
အပူအပုပ် ကုန်တဲ့အချိန်ဟာ
နိုးတဲ့အချိန်ပဲ ။
အအိပ်ကြီးတော့ အပူအပုပ်ကြီးလို့
စိတ် မကလက်တော့တဲ့
ရဟန္တာ အရှင်သခင်ကြီးတွေကျတော့
အိပ်ကို မအိပ်တော့ဘူး၊
အရိယာအရှင်သခင်ကြီးများမှာ
ကိလေသာမှ မရှိတော့ဘဲ။

ပြီးတော့လည်း ....
တနေကုန် ဝင်လေထွကိလေနဲ့
ရှူသွင်း, ရှိုက်ထုတ် လုပ်နေတော့
အပူအပုပ် မအောင်းနိုင်တော့ဘူး။

တို့ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးက
ဘယ်လိုများ မှတ်လောက်သားလောက်အောင်
အမိန့် ရှိသွားသလဲ ဆိုရင်

"လူတစ်ယောက်ဟာ တစ်နေ့ သုံးမိနစ် အိပ်ရင်
လုံလောက်ပါတယ် " တဲ့ ။

ဒါက အရိယာအမြင်, အရိယာရှုထောင့်က မိန့်တာ၊
`အပူအပုပ်နည်းရင် နည်းသလောက် အအိပ်နည်းတယ်

အပူအပုပ် ကင်းတဲ့အချိန်ဟာ
နိုးတဲ့အချိန်။
ဒါပေမယ့် ......
နိုးသာနိုးတယ်, မထသေးဘူး
စိတ်က နိုးတာ မျက်လုံးမဖွင့်သေးဘူး၊
နိုးချင်စိတ်နဲ့ ' ဖွင့်တယ် - ဖွင့်တယ်
အဆင့်ဆင့် သွားတာဗျ။

အပူအပုပ် ကင်းစင်ပြီး.....နိုးထလာမှသာ
ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း

#အဲဒါ .....
အိပ်လို့ အားရှိတာလား ?

နေ့မှာထက် ညမှာက ဝင်လေထွက်လေက
ပုံမှန် မဖြစ်ဘူးလား ?
အိပ်ပြီဆို ....
သောကအနှောင့်အယှက်တွေ မရှိတော့ဘူး
ဝင်လေထွက်လေက -
နှာသီးနဲ့ ချက်တိုင်၊ ချက်တိုင်နဲ့ နှာသီး ပုံမှန်ဗျ ။

ပုံမှန်ဖြစ်တဲ့အတွက်
ချက်တိုင်ကနေ တန်းပြီးထွက်ရင်
အပူအပုပ်တွေ အကုန်ပါသွားပြီ ၊
အဲဒီအပူအပုပ် ကုန်လို့အားရှိတာ ။

အိပ်လို့ အားရှိတယ် မထင်နဲ့ ။

တို့ ... နေ့မှာလည်း
ပုံမှန်လေးသာ ရှူ နေ, ရှိုက်နေရင်
အပူအပုပ် အောင်းနိုင်ပါဦးမလားဗျာ ...။
ည အိပ်တဲ့ .....လူတစ်ယောက်ရဲ့
ရှူ ရှိုက်နှုန်း မဖြစ်သေးလို့ အပူအပုပ်တွေ စုနေတာ
ဘာလို့ မဖြစိတုန်း ?

နိုးကတည်းက -
သောကနှိုးလို့ နိုးခဲ့တာက များတာကိုး....
`ငါ့နှယိ,
အိပ်ယာထ ....နောကိကျလိုက်တာ,
ဘာလုပ်ရဦးမယ်, ညာလုပ်ရဦးမယ်,
ပျာယီးပျာယာနဲ့ ။
အဲဒီကတည်းက ဝင်လေထွက်လေခင်ဗျာ
ချက်တိုင်အထိ မရောက်တော့ဘဲ
ရင်ညွှန့်ကနေ ပြန်ထွက်ရတာ၊

သူ့အောက်က ....
ဘဝင်လေက ပင့်တင်ထားပြီလေ
အိပ်နေချိန်ကတော့ ...
လောဘတွေ , သောကတွေ
ခဏ ပျောက်နေတော့
ဘဝင်လေ ....အခုအခံ မရှိတော့ဘူး၊
သူ့စိတ်နဲ့ သူ့ကိုယ် ကောင်းလိုက်တာဗျာ

ဟော နိုးပါပြီ ဆိုတာနဲ့
သောကက တစ်ချက် ဆောင့်လိုက်မယ်၊
လောဘက တစ်ချက် ဆောင့်လိုက်မယ်၊
ဆောင့်လိုက်တာနဲ့ ...
ဝင်လေထွက်လေ ပုံမှန် မဖြစ်တော့ဘူး၊
ရင်ညွှန့်လောက်ကပဲ အဆင်းအတက်
လုပ်နေရတော့ အပူအောင်း မနေပေဘူးလားဗျာ။

ဒါ အိပ်ခြင်းရဲ့ အကြောင်းကို ပြောတာ။
ယောဂီတို့ ....
ကိုယ်တိုင် စမ်းကြည့်ပါ။
တို့ ပြောလို့ ဆိုပြီး မယုံပါနဲ့ ဦး
ဟုတ်, မဟုတ် ...လက်တွေ့ စမ်းကြည့်ကြ။
အိပ်တာလေးကိုပင်လျင် ကောင်းကောင်း ကွဲကွဲပြားပြား
သိအောင် လုပ်ခဲ့စမ်းပါ။

အဲဒီမှာ ...
စိတ်ကလေးက အရင်နိုးလာပါတယ်ဗျ ။
ဒါပြီးမှ ....
ကိုယ်ကို အထခိုင်းတာပါ
စိတ်ရောက်တဲ့နေရာမှာ စိတ်ကြောင့်ဖြစ်တဲ့
လေရဲ့ လှုပ်ရှားမှုကြောင့် ရုပ်လည်း အသက်ဝင်ရတာ။

အပေါ်ပိုင်း ကိုယ်ပေါ်မှာ စိတ်ရောက်လို့ရှိရင်
စိတ်ကြောင့် ဖြစ်တဲ့လေ ' စိတ္တဇဝါယောကြောင့်
ထပြီး လှုပ်ရှားပေးရတာ ။
ဒါပြီးတော့ ...
အောက်ပိုင်းကိုယ်ကြီးကို ထောင် ချင်တော့ ....
လက်ကလေးကို အထောက်ခိုင်းသေး ထင်တယ်၊

ဒီမှာလည်း ....
လက်မှာ စိတ်ရောက်မှ၊ လက်မှ စိတ္တဇဝါယော
ပျံနှံ့ပြီး လှုပ်ရှားပြီး အသက်ဝင်ပေးရပါတယ်။
ဒါပြီးမှ ....
ကိုယ်ကြီးကို ထပေးအောင် ထောင်ပေးရတာပါ။

ယောဂီတို့ .....အိပ်နေတာချည်းက
တံခါးပေါက်နဲ့ တည့်ချင်မှ တည့်မှာပါ၊
တံခါးပေါက်တည့်အောင်
စိတ်ကပဲ ......ထည့်ပေးရပြန်ပါတယ်။

အဲဒီလို .....
စိတ်က ဒီကိုယ်ကြီးကို အသက်သွင်းပြီး
အဆင့်ဆင့်ခိုင်းလာပုံကို မြင်အောင် ကြည့်ပေးစမ်းပါ။
ဒါကို ဇာဂရိတေ၊ နိုးတဲ့ကာလမှာလည်း
သမ္ပဇာနကာရီ ကောင်းကောင်း .....
ကွဲကွဲပြားပြားသိအောင် လုပ်ပေးစမ်းပါတဲ့။

ဘယ်သူသည် ထသလဲ ?
ဘာကြောင့် ထသလဲ ?

အဲဒီမှာ ...
'စိတ်နဲ့ ကိုယ် နှစ်ဦးပေါင်းပြီး အတိုင်ဖောက်လုပ်ပြီးတော့
ထရတာလေးတွေ မြင်လာပါလိမ့်မယ်။

🙏 🙏 🙏
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

🔰 အစဉ်လေးစား ချစ်ခင်နေလျှက်.........✍

ဓမ္မ၊သုတ၊ရသစာပေများ
ဖတ်ရှု့လိုပါက👇
👇👇👇
https://www.facebook.com/ကြည်-838712306265034/

https://www.facebook.com/profile.php?id=100087746347864

မေတ္တာဖြင့်.💞..✍️

ပြန်လည်မျှဝေသည်။

🙏တရားစာပေများနှင့်
👍သုတရသစာပေများကို

🤝မိမိအပေါင်းအသင်း မိတ်ဆွေများ

📖ဖတ်ရှု့လေ့လာမှတ်သားနိုင်ရန်

🤗 #ခွင့်တောင်းစရာမလို

✍️လွတ်လပ်စွာ ထပ်ဆင့်ကူးယူ
(share & copy)နိုင်ပါသည်။
📖✍️🗒️✍️🗓️✍️📋✍️📖

မူရင်း post ပိုင်ရှင်အားလေးစားစွာဖြင့် credit ပေးပါသည်။

credit: :original uploader

ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရားများ တိုးပွားကြပါစေ
--------------------------------------------------------------------------
ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။

Address

ရန်ကုန် မန္တလေးလမ်းဟောင်း သပြေပင် , လယ်ဝေး နေပြည်တော်
Lewe

Website

Alerts

Be the first to know and let us send you an email when MyoPa online business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyoPa online business:

Share

Category