Zinlay Zinlay

Zinlay Zinlay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zinlay Zinlay, Grocers, ရပ်ကွက်၃, , မီးသတ်လမ်း, Loi-lem.

အလှအပကြိုက်တဲ့မမတို့ညီမလေးတို့
05/06/2023

အလှအပကြိုက်တဲ့မမတို့ညီမလေးတို့

ဒီခေတ်မှာ လှတာတစ်မျိုးတည်းနဲ့မရဘူးခန္ဓာကိုယ် လှဖို့လည်းလိုသေးတယ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာလည်းစားပေးရသေးတယ် ခန္ဓာက...
05/06/2023

ဒီခေတ်မှာ လှတာတစ်မျိုးတည်းနဲ့မရဘူး
ခန္ဓာကိုယ် လှဖို့လည်းလိုသေးတယ်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာလည်း
စားပေးရသေးတယ်
ခန္ဓာကိုယ်ထဲ မလိုအပ်တဲ့ အဆီပိုတွေ ဗိုက်ခေါက်တွေ
အမြန်နည်း ဖယ်ထုတ်ချင်ရင်တော့
𝐏𝐫𝐨𝐋𝐞𝐚𝐧 ကိုပဲဆောင်ထားလိုက်ပါ
နှစ်ပတ်အတွင်း 𝟑 ကီလိုထိကျလာတာကိုတွေ့ရပါ
လိမ့်မယ် 🔥🔥🔥
1Box-53500ks
3 Box-151500ks (Fiber or shake ဘူး1ဘူး free)
#𝐌𝐀𝐍𝐀𝐏𝐫𝐨𝐋𝐞𝐚𝐧
#𝐅𝐢𝐛𝐞𝐫𝐒𝐭𝐢𝐜𝐤
#ผู้บริหารฝนมานา
#𝗠𝗔𝗡𝗔𝗟𝗲𝗮𝗱𝗲𝗿𝗦𝗵𝗶𝗽
#𝗠𝗔𝗡𝗔𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱
#𝗠𝗔𝗡𝗔𝗚𝗿𝗲𝗲𝗻𝗧𝗲𝗮𝗺
#𝗠𝗔𝗡𝗔𝗠𝘆𝗮𝗻𝗺𝗮𝗿🇲🇲
#𝗠𝗔𝗡𝗔𝗧𝗲𝗮𝗺𝗠𝘆𝗮𝗻𝗺𝗮𝗿🇲🇲

မြေယာနှင့်ပက်သက်တဲ့ဥပဒေအကြောင်းမေးမြန်းလိုရပါတယ်ရှင့်ဥယျာဉ်ခြံမြေ အကြောင်း၁။ ဥယျာဉ်ခြံမြေဆိုတာ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ...
03/06/2023

မြေယာနှင့်ပက်သက်တဲ့ဥပဒေအကြောင်းမေးမြန်းလိုရပါတယ်ရှင့်

ဥယျာဉ်ခြံမြေ အကြောင်း

၁။ ဥယျာဉ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဉ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။
မြေစာရင်း ပုံစံမှာ " G" အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ "G" မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဉ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။

၂။ ဥယျာဉ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဉ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် ဈေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဉ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဉ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က "G" မြေများဟာ
ခိုင်မာမှုရှိပြီး ဈေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။

၃။ ဥယျာဉ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဉ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဉ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။

၄။ ဥယျာဉ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။​အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် " လ/ယ ၃၀" လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။

၅။ ဥယျာဉ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။


ပြန်လည်ကူးယူဖော်ပြပါသည်။

Address

ရပ်ကွက်၃, , မီးသတ်လမ်း
Loi-Lem

Website

Alerts

Be the first to know and let us send you an email when Zinlay Zinlay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zinlay Zinlay:

Share

Category