18/09/2025
မင်္ဂလာပါ။
ယခင် post မှာတော့ မြေပဲဆီထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မြေပဲဆံ အဆင့်အတန်းတွေ အကြောင်း ရေးခဲ့ပါတယ်။
https://www.facebook.com/share/p/14JtekaGxjJ/
🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜
ယခုတစ်ခါမှာတော့ မြေပဲဆီ အဆင့်တန်းများကို ဖေါ်ပြပေးသွားမှာပါ။ မြေပဲဆီကို အဆင့်အတန်း ၃ မျိုးခွဲလို့ရနိုင်ပါတယ်။
#ကျန်းမာရေးမြေပဲဆီ
#စားပျော်သောမြေပဲဆီ
#စားသုံးရန်မသင့်သောမြေပဲဆီ
🏷️🏷️🏷️🏷️🏷️🏷️🏷️🏷️🏷️🏷️🏷️🏷️
#စားသုံးရန်မသင့်သောမြေပဲဆီ
အချို့က အနိမ့်ဆီ လို့လည်း ခေါ်ကြပါတယ်။
ယခင် post မှာ မြေပဲဆံ အဆင့်အတန်း ၃ မျိုးဖေါ်ပြပေးခဲ့ပါတယ်။ အဲဒီ ၃ မျိုးထဲက #အကျဆံ အဆင့်အတန်းကို ကြိတ်ခွဲပြီး ထွက်လာတဲ့ဆီ မြေပဲဆီ ဖြစ်ပါတယ်။ အကျဆံ၊ အချို့က စက်ကျဆံလို့ ခေါ်ပါတယ်။ အဲဒီထဲမှာ အနုဆံ၊ အသိမ်အဖျင်းအဆံ၊ မြေပဲခွံအကြေများ၊ မှိုတက်အပုပ်အဆံများ၊ မြေပဲပင်အမြစ်အပိုင်းအစများ၊ သဲ၊ ခဲ စတာတွေ ပါဝင်ပါတယ်။ မြေပဲအတောင့်ကောင်းရင် လုံးဆံ ၅၀%၊ ဆီဆံ ၃၀%၊ ၂၀% လောက်ရပါတယ်။ မြေပဲတောင့်ညံရင်ညံ့သလို မကောင်းတာပိုထွက်ပါတယ်။ ပဲခွဲစက်ကထွက်လာတဲ့ စက်ကျဆံတွေကို အမှိုက်အနေနဲ့ စွန့်ပစ်လိုက်တာမျိုး မဟုတ်ပါဘူး။ သူ့ဈေးတန်းနဲ့သူရောင်းကြ/ဝယ်ကြပါတယ်။ ဆီကြိတ်ပြီး အလွန်သက်သာသောနှုန်းနဲ့ ရောင်းကြပါတယ်။ အဓိကက ထွက်လာတဲ့ပဲဖတ်က တန်ဖိုးရှိတာပါ။ အကျဆံကြိတ်သည်ဖြစ်စေ/ လုံးဆံကြိတ်သည်ဖြစ်စေ ပဲဖတ်ဈေးကတော့ အတူတူပါပဲ။
အဆိုပါမြေပဲဆီတွေမှာ အဓိက ကြောက်စရာကောင်းတာက မှိုအဆိပ်( Aflatoxin) ဖြစ်ပါတယ်။ Aflatoxin ဖယ်ရှားတဲ့ စက်တွေ ဒီနိုင်ငံမှာ မတွင်ကျယ်ပါဘူး။ Aflatoxin ကအသည်းရောဂါ၊ ကင်ဆာရောဂါ တွေကို ဖြစ်စေပါတယ်။ အဆိုပါ မြေပဲဆီနဲ့ နှိုင်းယှဉ်ရရင် အထူးသန့်စင်ထားသော စားအုန်းဆီ( ဈေးကွက်အခေါ် Vegetables oil ) တွေ သုံးစွဲတာက ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။
အကျဆံကြိတ်မြေပဲဆီက ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။
#စားပျော်သောမြေပဲဆီ
ဒီဆီအဆင့်အတန်းကတော့ ကျန်းမာရေးအတွက် အရမ်းကြီး Serious မထားတဲ့ လူများအတွက် သင့်တော်ပါတယ်။ မြေပဲခွဲစက်ကရတဲ့မြေပဲဆံထဲက ဆီဆံ အဆင့်အတန်းကို ကြိတ်ခွဲထားတဲ့ ဆီဖြစ်ပါတယ်။ ခြမ်းကွဲနဲ့ အဆံသေး လေးတွေ ဖြစ်ပါတယ်။ အကျဆံထက်တော့ သိသိသာသာပိုကောင်းမွန် သန့်ရှင်းပါတယ်။ ဈေးနှုန်းကလည်း အလယ်အလတ်တန်းပါ။ ကျန်းမာရေးရှုထောင့်အရလည်း အပြစ်ပြောစရာမရှိပါဘူး။
#ကျန်းမာရေးမြေပဲဆီ
ဒီဆီအဆင့်အတန်းကတော့ မြေပဲလုံးဆံတွေကို ကြိတ်ခွဲကြပါတယ်။ ရာနှုန်းပြည့်နီးပါး ပြည့်ဝပြီး အပြစ်အနာအဆာ မရှိတဲ့ မြေပဲဆံတွေပါ။ ရလာတဲ့ဆီကလည်း ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဈေးနှုန်းလည်း အမြင့်ဆုံးဖြစ်ပါတယ်။
🥜🥜🥜🥜🥜🥜🥜🥜🥜
ယနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်နားပါမယ်။ စာရှည်ရင် ငြီးငွေ့စေနိုင်လို့ပါ။ နောက်လာမယ် post မှာတော့ ကျန်းမာရေးမြေပဲဆီကို ဘယ်လိုကြိတ်ခွဲတယ်၊ အခြား မြေပဲဆီ ၂ မျိုးကို ဘယ်လို ကြိတ်ခွဲတယ် ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် ။
ယနေ့မြေပဲဆီဈေးနှုန်းများကတော့💲💲💲💲
#လုံးဆံသန့်ကြိတ် ၁၈၅၀ဝိ/-
#ဆီဆံကြိတ် ၁၅၅၀ဝိ/-
#အကျဆံများကြိတ်ခွဲခြင်းမရှိပါ။
#နှမ်းဆီ ၁၅၅၀ဝိ/-
ဆီသားသက်သက်ဈေးနှုန်းများဖြစ်ပြီး အများဈေးနှုန်းသီးသန့်ရှိပါသည်။
ရွှေမိုးထွန်း
၀၉၂၀၄၂၃၆၁
မကွေးမြို့။