We love gwegyi

We love gwegyi ‌ကျွန်တော်တို့ရွာလေး

Gwegyi (ဂွေ့ကြီး)ရွာသို့အလည်လာလည်ရန်ဖိတ်ခေါ်ပါတရ်😍😍
04/06/2023

Gwegyi (ဂွေ့ကြီး)ရွာသို့
အလည်လာလည်ရန်ဖိတ်ခေါ်ပါတရ်😍😍

01/05/2023

ရွာအကြောင်းကြားရတာလဲ စိတ်ထဲတစ်မျိုးပဲ
မေတ္တာဘက်ကကြည့်ရင်မှန်ပေမရ့်
အမုန်းဘက်ကကြည့်တော့မှားနေတရ်
နေရာတကာတော့လဲ မေတ္တာမထားစေချင်ဘူး
ကို့ရွာက အရိပ်ကောင်းတဲ့သစ်ပင်ကြီးနဲ့တူတရ်
ရွာသားတွေက အပင်မှာ နေထိုင်တဲ့ မျောက်လေးတွေနဲ့တူတရ်
ဘေးသစ်ပင်ကမျောက်တွေက
သစ်ပင်ကိုလဲ လာနားသေး
အရိပ်လဲနေတရ် အခက်လဲ ချိုးတရ်
သစ်ပင်ကြီးကတော့ စိတ်မဆိုးဘူးပေါ့
နောက်တော့ သစ်ပင်ကမျောက်တွေပါ
ရိုက်ပုတ် သွေးထွက်နာကျင်အောင် ရိုက်တာပေါ့
ပဲွဖြစ်စတော့ အပင်က မျောက်တွေက
စိတ်တိုတရ်စိတ်ပေါက်တရ်
အဲ့မျောက်တွေ ဒီသစ်ပင်နဲ့မကင်းပါဘူး
မလာပဲမနေနိုင်ပါဘူး
လာရင်ရိုက်သတ်မှာ ဘာညာနဲ့😊
လမကူးဘူး ရက်ပိုင်းပဲရှိသေးတာ
သစ်ပင်ကြီးက လာမနားရင် အော်ခေါ်သေးတာ😁
ဟိုအကောင်တွေကလဲ ဒီစကားကြားတော့လာသာပေါ့ အိမ်ရှင်မျောက်လဲ $ဂရုစိုက်စရာမလိုတဲ့ပံုစံမျိုးစံုနဲ့ပေါ့
အိမ်ရှင်မျောက်တွေကလဲ လာပါစေ သူတို့ထပ်မလုပ်လောက်တော့ပါဘူးပေါ့
အေးအေးဆေးဆေးပါပေါ့
ဟိုမျောက်တွေကလဲ နောက်တစ်ခါဖြစ်လဲ ဘာဂရုစိုက်စရာလိုလို့နဲ့
ဒီအပင်ကမျောက်တွေ ညီညီညာညာမှ မရှိတာ
ငါတို့ လုပ်သမျှခံရမှာ $ဂရုစိုက်စရာမလိုပါဘူး‌
အေးဆေးပေါ့
ခံရနေကျမို့ထင်ပါရဲ့ သစ်ပင်ကမျောက်တွေကလဲ
ပြံုးပြံုးလေးနဲ့ .................လေးပါပဲ

25/01/2023

#အနှစ်နှစ်ဆယ်လုပ်ခ_အကြံပေးစကား၃ခွန်း

လက်ထပ်တာ တနှစ်လောက်ပဲရှိသေးတဲ့
ဆင်းရဲတဲ့ လင်မယားနှစ်ယောက်
ဆင်းရဲလွန်းလို့ တနေ့မှာ
ယောက်ကျားလုပ်သူက မိန်းမကို ပြောတယ်။

မိန်းမရေ...
ငါတို့တော့ ဒီအတိုင်းနေလို့ မဖြစ်တော့ဘူး။
ဆင်းရဲလွန်းလို့ ငတ်သေဖို့ပဲရှိတယ်။

အဲဒီတော့ ငါမြို့တက်ပြီး
သူဌေးတယောက်ဆီမှာ အလုပ်သွားလုပ်မယ်။
ဘာအလုပ်ရမယ် ဘယ်နှစ်နှစ်ကြာမလဲတော့
မပြောနိုင်ဘူး။

ဒါပေမဲ့ ငါ့ကိုယုံပါ
နင်ကို ဘယ်တော့မှ သစ္စာမဖောက်ဖူး။
နင်လည်း ငါ့ကို သစ္စာရှိမယ်ဆိုတာ ယုံတယ်လို့
ပြောပြီး မိန်းမကို
သူ မြို့ပေါ်တက်အလုပ် လုပ်မယ်ဆိုပြီး
တိုင်ပင်တယ်။

မိန်းမကလည်း ရွေးစရာ လမ်းမရှိတော့
ခွင့်ပြုလိုက်တယ်။

အဲလိုနဲ့ လူငယ်ဟာ
မြို့ပေါ်တက်သွားပြီး အလုပ်ရှာတယ်။
သူတို့ရွာနဲ့ အရမ်းအလှမ်းဝေးတဲ့ မြို့တမြို့က
သူဌေးတယောက်ဆီမှ အလုပ်ရတယ်။
သူဌေးကလည်း အလုပ်စဝင်ကတည်းက
သူ့အပေါ် ကောင်းတယ်။ နေစရာပေးတယ်။
ထမင်း အလကားကျွေးထားတယ်။

အဲဒါနဲ့ လူငယ်ကလည်း
သူ့လစာကို သူဌေးပဲ သိမ်းထားပေးပါ။
သူ ရွာအပြီးပြန်မှပဲ အကုန်မှတ်ထားတာ
တွက်ပြီးထုတ်ပေးပါလို့ ပြောလိုက်တယ်။

သူဌေးကလည်း လူငယ်ပြောတဲ့အတိုင်း
သူ့လုပ်အားခငွေတွေကို သိမ်းထားပေးတယ်။
အဲလိုနဲ့ လုပ်လိုက်တာ အနှစ် ၂၀ ပြည့်တဲ့အထိ
တခါမှ မပြန်ဖြစ်ဘူးတဲ့..။

အနှစ် ၂၀ ပြည့်ပြီး ရက်အနည်းငယ်ကြာမှ
လူရွယ်က သူ့သူဌေးကို ပြောတယ်။

သူဌေး ခင်ဗျာ
အိမ်အပြီး ပြန်ပါတော့မယ်။
စုထားတဲ့ ငွေတွေ ပြန်ပေးပါ ဆိုတော့။

သူဌေးက ကောင်းပြီ။
ငါ မင်းကို ပြန်ခွင့်ပြုတယ်။
နောက်တခုက မင်းကို ငါရွေးစရာ ၂ ခုပေးမယ်။
၁ ခုက မင်းစုထားတဲ့ ငွေတွေ
အကုန်ပြန်ယူသွားလို့ ရတယ်။
နောက်တခုက မင်းဘဝ အတွက် အသုံးဝင်မဲ့
အကြံပေး စကား ၃ ခွန်းပေးလိုက်မယ်။

ဒါပေမဲ့ အဲဒီ ၂ ခုထဲက တခုပဲ မင်းရွေးရမယ်။
စုထားတဲ့ငွေတွေ ယူရင်
အကြံပေးစကား ၃ ခွန်း မရဘူး။
အကြံပေးစကား ၃ ခွန်း လိုချင်ရင်
စုထားတဲ့ငွေတွေ ပြန်မပေးဘူးလို့
ပြောလိုက်တယ်။

လူငယ်ကို ဆုံးဖြတ်ဖို့ အချိန် ၁ ရက်ပေးမယ်။
လူငယ်လည်း စဉ်းစားတာပေါ့။
သူ့ သူဌေးပေးတဲ့ အကြံတွေဟာ
ဘဝအတွက် အသုံးဝင်မှာ သူသိတယ်။

အိမ်ပြန်ရင်
အနှစ် ၂၀ တောင် လုပ်ခဲ့တဲ့အတွက်
ငွေပြန်ပေးနိုင်မှ မဟုတ်ရင်လဲ
တခုခုပါသွားမှ ဖြစ်မယ်။
ဘာမှ မပါသွားရင်လည်း အကုန်လုံးရဲ့
ဝိုင်းဝန်း ကဲ့ရဲ့ ခြင်းကို ခံရနိုင်တယ်။

အဲလိုနဲ့ မနက်ရောက်တော့ သူ့သူဌေးရဲ့
အကြံပေး စကား ၃ ခွန်းကိုပဲ ယူဖို့
ဆုံးဖြတ်လိုက်တယ်။

သူ့ သူဌေးကလည်း မင်းသေချာပြီလား။
အကြံပေး စကား ၃ ခွန်းယူရင်
မင်း အနှစ် ၂၀ လုံးလုံး စုထားတဲ့ ငွေတွေ
ပြန်ရမှာ မဟုတ်ဘူးနော် ဆိုတော့။

လူငယ်က သေချာပါတယ်။
သူဌေးဆီမှာ အနှစ် ၂၀ လုံးလုံး လုပ်ပြီး
အများကြီး သင်ကြားခဲ့ရတယ်။
အဲဒီ အတွေ့ အကြုံတွေနဲ့ မိသားစု တခုကို
ကောင်းကောင်းလုပ်ကြွေးနိုင်ပါတယ်။
နောက်ပြီး သူဌေးပေးမဲ့
အကြံပေး စကား ၃ ခွန်း ကလည်း
အရမ်း အသုံးဝင်မှာ သေချာပါတယ် လို့
ပြန်ပြောတယ်။

သူဌေးကလည်း အေး ဒါဆို ငါ မင်းကို
အကြံပေး စကား ၃ ခွန်း ပဲ ပေးလိုက်မယ်။
သေသေချာချာ မှတ်သားသွား ကောင်လေးရေ
လို့ မှာလိုက်တယ်။

အကြံပေးစကား ၃ ခွန်းက

နံပတ် (၁) ဘဝမှာ
ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့။
ဖြတ်လမ်း လိုက်တဲ့သူဟာ
သူ့ ဘဝ တခုလုံး ပေးဆပ်ရတတ်တယ်တဲ့။

နံပတ် (၂) ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို
မစပ်စု မပတ်သက်ပါနဲ့တဲ့။

နံပတ် (၃) စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်
ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ
ဘာဆုံးဖြတ်ချက်မှ မချမိပါစေနဲ့တဲ့..။

နောက်ပြီး သူဌေးက
လမ်းစရိတ်ငွေ အနည်းငယ်နဲ့
လူရွယ် လမ်းမှာ စားဖို့ ပေါင်မုန့် ၃ လုံး
ထည့်ပေးလိုက်တယ်။

ဒီပေါင်မုန့် ၂ လုံးက
မင်း လမ်းမှာ ဆာရင်စားဖို့။
ဒီ တလုံးကတော့ မင်းမိသားစုနဲ့ တွေ့မှ စား
ဆိုပြီး မှာလိုက်တယ်။

အဲလိုနဲ့ လူရွယ်ဟာ အိမ်ပြန်ဖို့
အထုတ်အပိုးတွေနဲ့ ထွက်လာတာပေါ့။
တော်တော်လည်း လျောက်မိရော။
လမ်းဆုံလမ်းခွ တခုတွေ့တယ်။
အနှစ် ၂၀ တောင် ရှိပြီဆိုတော့
အိမ်ပြန်လမ်းလည်း မမှတ်မိတော့ဘူး။
အဲဒါနဲ့ အဲဒီနားမှာတွေ့တဲ့ လူတယောက်ကို
မေးတယ်။ ဘယ်လမ်းသွားရမလဲဆိုတော့
အဲဒီလူက ဒီလမ်းကသွားရင်
၅ ရက်နဲ့ရောက်မယ် ဟိုဘက်လမ်းက သွားရင်
အရက် ၂၀ လောက် ကြာလိမ့်မယ်ဆိုပြီး
ပြန်ဖြေတယ်။

အဲဒါနဲ့ သူ့ သူဌေး ပေးတဲ့
ပထမဆုံးအကြံပေးစကား သွားသတိရတယ်။

အဲဒါက ဘဝမှာ
ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့တဲ့။
အဲဒါနဲ့ ဖြတ်လမ်း မလိုက်တော့ပဲ
အရက် ၂၀ သွားရတဲ့
ပိုကြာတဲ့ လမ်းကို ရွေးလိုက်တယ်။

အဲလိုနဲ့ တပတ်လောက် သွားမိတဲ့ အချိန်မှာ
တခြားခရီးသွားဖော်တွေနဲ့ ဆုံမိပြီး
ပြန်ကြားတာက ၅ ရက်ပဲ သွားရတဲ့လမ်းမှာ
ဓါးပြတွေ ရှိတယ်တဲ့..။
ဓါးပြတွေက ပစ္စည်းယူရုံသာမက
လူပါသတ်ပြီး အပျောက်ရှင်းလေ့ရှိတယ်တဲ့..။
အဲဒါနဲ့ သူ့သူဌေးပေးလိုက်တဲ့
အကြံပေးချက်ဟာ သိပ်မှန်ပါလား ဆိုပြီး
ကျေနပ်သွားတယ်။

အဲလိုနဲ့ လမ်းမှာ နားဖို့ ဟိုတယ်လေးတွေ့တယ်။
သူ့မှာရှိတဲ့ အဝတ်အစားတွေက ညစ်ပတ်နေပြီ
ရေမိုးချိုးပြီး တညလောက် နားချင်တာနဲ့
အဲဒီဟိုတယ်မှာ တည်းဖို့ ဆုံးဖြတ်လိုက်တယ်။

အဲလိုနဲ့ ညဖက် သန်းခေါင်ယံ အချိန်မှာ
အသံနက်ကြီး ကြားရတယ်။
အဲဒါနဲ့ လူငယ်ဟာ
ဟိုတယ် အခန်းကနေ ထွက်ကြည့်တယ်။
ဟိုတယ် အရှေ့ဘက်မှာ
အလင်းရောင် တောက်ပနေတယ်။
အဲဒီနောက် သူအလင်းရောင် ရှိတဲ့ဆီ
သွားကြည့်မယ် လုပ်ပြီးမှ

သူဌေးရဲ့နံပတ် (၂)
အကြံပေးစကားကို သွားသတိရတယ်။
အဲဒါက ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို
မစပ်စု မပတ်သက်နဲ့တဲ့။

အဲဒါနဲ့ ဒါငါနဲ့ မဆိုင်ပါဘူးလေ ဆိုပြီး။
သူ့အခန်းထဲ ပြန်ဝင်အိပ်နေလိုက်တယ်။
မနက်လင်းတော့ မျက်နှာသစ်ပြီး
နံနက်စာစားတော့ ဟိုတယ် မန်နေဂျာက
အံသြတဲ့ မျက်နှာနဲ့ သူ့ကိုကြည့်နေတယ်တဲ့..။

အဲဒါနဲ့ လူရွယ်ကို မေးတယ်
မင်း ညက အသံနက်ကြီး မကြားရဘူးလားတဲ့..။
ကြားတာပေါ့လို့ ပြန်ပြောတယ်။

ဟိုတယ် အပြင်ဘက်မှာရော
တောက်ပတဲ့ အလင်းရောင် မတွေ့ဘူးလား
ဆိုတော့ တွေ့ပါတယ်ပေါ့။

အဲဒါဘာလဲဆိုတာ မင်းသွားမကြည့်ဘူးလား
ဆိုတော့ မကြည့်ပါဘူး ငါနဲ့မှ မဆိုင်တာ ဆိုပြီး
ပြန်ဖြေလိုက်တယ်။

အဲဒီကျမှ
ဟိုတယ် မန်နေဂျာက သူ့ကို ရှင်းပြတယ်။
အေး မင်းသွားမကြည့်လို့ မင်းအသက်ရှင်တာ။
အဲဒါ စုန်းမကြီး တယောက်က အရမ်းလှတဲ့
ကောင်မလေး ပုံစံ ဖန်တီးပြီး လာရပ်နေတာ။
ထွက်ကြည့်မိတဲ့ လူတိုင်း
ကောင်မလေး ယောင်ဆောင်ထားတဲ့
စုန်းမကြီးနောက်လိုက်သွားရပြီး။
တယောက်မှ ဟိုတယ်ကို ပြန်မလာခဲ့ကြဘူး။
မင်း တယောက်ပဲ ရှိသေးတယ်။
အခုလို ထွက်မကြည့်လို့ အသက်ရှင်ရတာ။
ငါတို့လည်း သူ့ကို ကြောက်လို့
ကြိုမပြောထားရဲဘူးလို့ ပြန်ပြောတယ်။

လူရွယ်လည်း ဒုတိယ အကြံပေးချက်ဟာလည်း
အရမ်းအသုံးဝင်ပြီး သူအသက်ရှင်ခွင့် ရပါလား
ဆိုပြီး ဝမ်းမြောက်နေတာပေါ့။

အဲလိုနဲ့ သူ့အိမ်ရှိရာဘက် ခရီးဆက်ခဲ့တယ်။
ရက်အနည်းငယ်ကြာပြီး
သူ့ရွာကို ရောက်လာတယ်။
ရောက်တဲ့ အချိန်က နေဝင်ရီတရောအချိန်
သူ့အိမ်ကို ခပ်လှမ်းလှမ်းက မြင်နေရတယ်။
အဲဒီချိန် မီးရောင်အောင်မှာ သူ့မိန်းမကို
ယောက်ကျားတယောက်က ဖက်ထားတာ
တွေ့လိုက်တယ်။

သူ့ဒေါသတွေ ဆူဝေသွားတာပေါ့။
ကြည့်စမ်း ငါက သစ္စာရှိရှိနဲ့
သေအောင်ကြေအောင် အလုပ်လုပ်ပြီး
ငွေရှာခဲ့ရသလောက် သူက
တခြားယောက်ကျားနဲ့ ဖောက်ပြန်နေတယ်။
နင်တို့ နှစ်ယောက်လုံးကို သတ်မယ်ဆိုပြီး
သွားမလို့ ခြေလှမ်းလိုက်တယ်။

အဲဒီ အချိန်မှာပဲ သူဌေးရဲ့တတိယ
အကြံပေးချက်ကို သွားသတိရတယ်။

အဲဒါက စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်
ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ
ဘာဆုံးဖြတ်ချက်မှ မချမိပါစေနဲ့တဲ့။

အဲဒါနဲ့ သူမသွားတော့ပဲ မနက်ကျမှ
သူ့မိန်းမ သွားတွေ့မယ်လို ဆုံးဖြတ်ပြီး
အိမ်နဲ့ ခပ်လှမ်းလှမ်းက လယ်တောထဲမှာ
အိပ်ဖို့ စဉ်းစားလိုက်တယ်။

နောက်ပြီး အိပ်နေရင်း စဉ်းစားမိတာက
သူထင်သလို ဟုတ်နေရင်
သူ့မိန်းမနဲ့ သူ့ချစ်သူကို မသတ်တော့ဘူး။
တိတ်တိတ်လေးပဲ သူ့သူဌေးဆီ ပြန်ပြီး
အလုပ်လုပ်တော့မယ်လို့ စဉ်းစားနေလိုက်တယ်။

အဲလိုနဲ့ မနက်ရောက်တဲ့ အချိန်မှာ
သူ့ အိမ်သွားပြီး တံခါးခေါက်လိုက်တယ်။
သူ့မိန်းမက တံခါးထွက်ဖွင့်ပေးပြီး
သူ့ယောက်ကျားမှန်း သိတာနဲ့ ချုံးပွဲချ ငိုတယ်။

ဒါပေမဲ့ ယောက်ကျားက
သူ့မိန်းမကို ဆောင့်တွန်းလိုက်ပြီး
နင့်အကောင် ဘယ်မှာလဲလို့ မေးလိုက်တယ်။

မိန်းမက ဘယ်အကောင်လဲဆိုတော့မှ
ညက နင်နဲ့ဖက်နေတဲ့ အကောင်လေ ဆိုတော့မှ။

အဲဒါရှင့်သား ရှင့် သိရဲ့လားလို့
ငိုပြီးပြန်ပြောတယ်။

ရှင်ထွက်သွားပြီး ရက်အနည်းငယ်ကြာမှ
ကိုယ်ဝန်ကျန်ခဲ့မှန်းသိတယ်။
အဲဒါ အခု သူ့အသက် ၂၀ အရွယ်ထိ
မဖောက်မပြန်ပဲ သူ့ကိုစောင့်ရှောက်ခဲ့တာလို့
ပြန်ပြောတယ်။

အဲဒါနဲ့ မိန်းမက
အခန်းထဲမှာ အိပ်နေတဲ့ သူ့သားကို နိုးပြီး
ဒါ နင်အဖေလေ ဆိုပြီး ပြတယ်။

အဲဒီတော့မှ ယောက်ကျားလည်း
မိန်းမနဲ့ သားကို ဖက်ပြီး ငိုတယ်။
တော်သေးတယ် ကြည့်စမ်း ငါမှားတော့မလို့။
မနေ့ညက နင်တို့သားအမိကို တွေ့ပြီး
ဒေါသ အလျောက်သတ်မိတော့မလို့။
ငါ့သူဌေး အကြံပေးစကား နားထောင်မိလို့
မသတ်မိတာဆိုပြီး
သားနဲ့ မိန်းမကို ပြန်ပြောပြတယ်။

ငါ့အနှစ် ၂၀ လုပ်အားခကို မယူပဲ
သူဌေး အကြံပေးစကား ၃ ခွန်းကို
မြေဝယ်မကျ နားထောင်ခဲ့လို
နင်တို့နဲ့ အသက်ရှင်လျက်ပြန်တွေ့ရတာ..ဆိုပြီး
သူလမ်းမှာ ကြုံခဲ့ရတာတွေ
ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။

ငါမှာ ဘာငွေမှ မပါပေမဲ့
ငါ့အတွေ့အကြုံတွေနဲ့
နင်တို့ သားအမိကို
ကောင်းကောင်းလုပ်ကျွေးပါ့မယ် ဆိုပြီး
နှစ်သိမ့်တယ်။

ငါမှာ မိသားစုနဲ့တွေရင် စားဖို့
ပေါင်မှန့် တလုံးတော့ ရှိသေးတယ်။
မိန်းမ နင်ကော်ဖီဖျော်
ဒီပေါင်မုန့်နဲ့ မနက်စာ စားကြတာပေါ့ ဆိုပြီး
ပြောလိုက်တယ်။

ပေါင်မုန့် လှီးနေရင်းနဲ့
ခပ်မာမာလေး တခုကို လှီးမိတာနဲ့
ထုတ်ကြည့်တော့ ရွှေပြားတွေ
ပေါင်မုန့်ထဲမှာ မြှုပ်ထားတာ တွေ့ရတယ်။

အဲဒီထဲမှာ
စာလေး တစောင်လည်းတွေ့ရတယ်။
ဒါ မင်း အနှစ် ၂၀ လုပ်အားခနဲ့ ညီမျှတဲ့
ရွှေတွေပဲတဲ့။
အောက်မှာ သူ့သူဌေး လက်မှတ်တိုလေးနဲ့။

လူရွယ်လည်း
သူ့သူဌေးမျက်နှာကို ပြန်မြင်ယောင်လာပြီး
သူ့သူဌေးပေးတဲ့ အကြံပေး စကား ၃ ခွန်းကို
သွား သတိရတယ်။

အဲဒါတွေက

နံပတ် (၁) ဘဝမှာ
ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့။
ဖြတ်လမ်း လိုက်တဲ့သူဟာ
သူ့ ဘဝ တခုလုံး ပေးဆပ်ရတတ်တယ်တဲ့။

နံပတ် (၂) ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို
မစပ်စု မပတ်သက်ပါနဲ့တဲ့။

နံပတ် (၃) စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်
ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ
ဘာဆုံးဖြတ်ချက်မှ မချမိပါစေနဲ့တဲ့..။

~~~~~~~~~~~~~~~~~~~~~

14/01/2023

ဂွေ့ကြီးသူ /သား များ မင်္ဂလာပါ
ကျနော်တို့ကျေးရွာလေးလဲ acc လေးအတွက် အကောင့်လေးတခုဖောက်ထားချင်လို့ပါ
နိုင်ငံရပ်ခြားက အကိုတွေ /အမတွေ အမျိုးအားလံုးကိုလဲ ဒီ gp လေးမှာ တွေ့ချင် ဆံုချင်စေချင်လို့ ခုလို ဖွင့်ထားသာပါဗျ။
သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးပါဦးနော်
သျိုင်းကျူးပါ😘😘

Address

Gwegyi
Magway
544624

Website

Alerts

Be the first to know and let us send you an email when We love gwegyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category