OKay

OKay ကျန်းမာသောဘ၀နေထိုင်စားသောက်မှုအတွက် မရှိမဖြစ် OKay

17/12/2022

ပဲဆီစစ်ရင် လုံး၀မခဲဘူး ဆိုတဲ့ အယူအဆမှား
=================================

ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုရောက်ရင် ခဲနိုင်တယ်ဆိုတာ သုတေသနပြုလုပ်သူတွေက ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီတွေကလည်း Cloud Point ရောက်ရင် ခဲတတ်ကြပါတယ်။ ဒါပေမယ့် ..
ဆီအမျိုးအစား တခုနဲ့တခုရဲ့ Cloud Point ကတော့ မတူပါဘူး။ အဲ့ဒါအပြင်…..
ဆီရဲ့ အလေးချိန်ပမာဏနဲ့ ထုထည်ကိုလိုက်ပြီးတော့ ခဲစေတဲ့အချိန်တော့ ကွာပါတယ်။ ဆီတွေဘာကြောင့်ခဲလဲဆို…

မူလဆီထွက်သီးနှံအစေ့အပေါ်ယံမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းပါးတွေက ဆီကြိတ်ခွဲတဲ့အခါ ပျော်၀င်ပြီး ဆီနဲ့အတူ ပါလာတာကြောင့် သာမာန်အခန်းအပူချိန်ထက် လျော့ကျပြီး အအေးဓာတ်လွန်ကဲတဲ့အခါမှာ ခဲတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးအများစု စားသုံးလာကြတဲ့ မြေပဲဆီအစစ်က လုံး၀ မခဲတာမျိုး မဟုတ်ဘဲ ...

မြေပဲဆီရဲ့ Cloud Point (3˚C ~ 13˚C) ရောက်ရင် မြေပဲဆီလည်း ခဲပါတယ်။ သို့သော်လည်း မြေပဲဆီက ဆီအခဲပိုင်း (Stearin) မပါ၀င်တာ ဖြစ်တဲ့အတွက် အလွယ်တကူ မခဲတဲ့အပြင် သာမာန်အပူချိန်ရောက်ရင် အရည်ပျော်တာလည်း မြန်ပါတယ်။ စားအုန်းဆီလိုမျိုး ခဲလွယ်တဲ့ အခြားဆီတွေ ရောထားရင်တော့ ခဲလွယ်ပြီး အရည်ပျော်တာလည်း ကြာပါတယ်။ စားသုံးသူတွေအနေနဲ့ …

သာမာန် အခန်းအပူချိန်မျိုးမှာတောင် အလွယ်တကူခဲစေတဲ့ Stearin ပါ၀င်တဲ့ ဆီတွေကိုတော့ မစားသုံးသင့်ပါဘူး။ လုံး၀ မခဲအောင် ဓာတုပစ္စည်းထည့်ပြီး ပြုပြင်ထားတဲ့ဆီတွေကိုလည်း မစားသုံးသင့်ပါဘူးလို့ အသိပေးလိုပါတယ်။ မခဲတိုင်း ဆီကောင်းဆီသန့်လို့ သတ်မှတ်လို့မရဘဲ ဆီရဲ့တကယ့်အရည်အသွေးကို တိုင်းတာဖို့ဆို …

♦️Oil Properties
♦️Acid Value/ FFA (Free Fatty Acid)
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Titer/Cloud Point
♦️Saponification Value
♦️Rancidity
♦️Melting Point စတဲ့အချက်တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

အခု ဖော်ပြထားတာတွေက …
ဆီတွေခဲနိုင်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာ ဖြစ်ပြီး လုံး၀ မခဲတိုင်း ဆီကောင်းဆီသန့် မဟုတ်ကြောင်း စားသုံးသူတွေကို သိစေလိုခြင်းပါ။

ကျန်းမာစေသောဆီကို ရွေးချယ်စားသုံးရင်း ပျော်ရွှင်ကျန်းမာသောနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

မြေပဲက လူသိများတဲ့စားစရာတမျိုးဖြစ်ပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်စေပါတယ်။ ဝိတ်ကျစေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ပရိ...
17/11/2022

မြေပဲက လူသိများတဲ့စားစရာတမျိုးဖြစ်ပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်စေပါတယ်။ ဝိတ်ကျစေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ပရိုတင်းဓာတ်တွေပါဝင်ပါတယ်။ ဝိတ်ကျဖို့ ကူညီနိုင်သလို နှလုံးရောဂါဖြစ်ပွားနိုင်ချေနဲ့ သည်းခြေကျောက်တည်တာတွေကို သက်သာစေနိုင်ပါတယ်။ မြေပဲကို "diet food" အဖြစ်လည်း ပြောကြပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး အဆီပါဝင်မှုလည်းနည်းပါတယ်။ အဝလွန်ခြင်းကို ကာကွယ်နိုင်ပြီး ဝိတ်ကိုထိန်းပေးနိုင်ပါတယ်။ မြေပဲစားသုံးခြင်းရဲ့ကောင်းကျိုးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁) ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန်စေပါတယ်။
၂) နှလုံးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။
၃) သည်းခြေကျောက်တည်ခြင်းကို ၂၅ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။
၄) ဦးနှောက်ကို သွေးစီးဆင်းလည်ပတ်မှုအားကောင်းစေနိုင်ပါတယ်။
၅) စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။
၆) အင်ဇီုင်းမားရောဂါဖြစ်ပွားမှုကို ၇၀ရာခိုင်နှုန်းထိလျော့ကျစေနိုင်ပါတယ်။
၇) ဆီးချိုရောဂါကို လျော့ကျစေနိုင်ပါတယ်။
၈) အိုမင်းရင့်ရော်ခြင်းကို သက်သာစေနိုင်ပါတယ်။
၉) အရေပြားအရောင်ကိုလှပစေပါတယ်။
၁၀) ဆံသားသန်စွမ်းစေပါတယ်။
၁၁) ဝိတ်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။
အထက်ပါအချက်တွေကတော့ မြေပဲရဲ့ကောင်းကျိုးတွေဖြစ်ပါတယ်

Credit

14/11/2022

နှမ်းဆီ ကပေးတဲ့ ကျန်းမာရေး
အိမ်တိုင်းမှာ ဟင်းချက်ဖို့အတွက် မြေပဲဆီကိုသုံးကြတာ များပါတယ်။ နှမ်းဆီ က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ခါးသက်သက် အရသာကြောင့် ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် တစ်ခုလို သုံးကြတာ များပါတယ်။

ဒီတစ်ခေါက်တော့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုပ်တွေထဲမှာ ထည့်သုပ်လေ့ရှိတဲ့ နှမ်းဆီ လေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။

နှမ်းဆီ လေး ကပေးတဲ့ ကျန်းမာရေး
ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ အသုံးများကြတဲ့ နှမ်းဆီ လေးက

နှလုံး ကျန်းမာစေတယ်
နှမ်းဆီ က အခြားသော ဟင်းဆီတွေထက် ပြည့်ဝဆီ ပါဝင်မှု နည်းပါတယ်။ နှမ်းဆီ ၁၀၀ ဂရမ်မှာ monounsaturated fats ၄၀ ဂရမ်၊ polyunsaturated fats ၄၂ ဂရမ် နဲ့ ပြည့်ဝဆီက ၁၄ ဂရမ်သာ ပါဝင်နေပါတယ်။

ဒီလို ပြည့်ဝဆီ ပါဝင်မှု နည်းတာက ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ပါတယ်။ အကြောင်းကတော့ ပြည့်ဝဆီ များတဲ့ အစားအစာတွေ၊ စားသုံးဆီတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေသလို ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုး များလို့ပါ။ မပြည့်ဝဆီ အထူးသဖြင့် polyunsaturated fatty acids (PUFAs) က နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

နှမ်းဆီမှာ ဒီလို polyunsaturated fatty acids (PUFAs) ကြွယ်ဝမှုက သွေးတွင်းအဆီနည်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေး နိုင်မှာပါ။

လေးဖက်နာ အဆစ်ရောင်ရောဂါကို သက်သာစေတယ်
နှမ်းစေ့လေးက သေးသေးလေး ဆိုပေမယ့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်နေနိုင်ပါတယ်။ နှမ်းမှာ copper၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ် နဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။

နှမ်းမှာပါတဲ့ ဇင့် နဲ့ copper တွေက သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အထောက်အကူ ပြုပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး ဇီဝတွင်းဖြစ်စဉ်ကို ကောင်းစေပါတယ်။ copper ကအရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် အဆစ်တွေ ရောင်ရမ်းတာ နဲ့ လေးဖက်နာ ပြဿနာကို သက်သာစေနိုင်ပါတယ်။ အရိုးတွေ သန်မာစေဖို့လည်း အားဖြည့်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစေပါတယ်
နှမ်းဆီမှာ အပင်တွေကနေ ရတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ lignans ပါဝင်နေပါတယ်။ ဒီ ဒြပ်ပေါင်းက ဓာတ်တိုးဆန့်ကျင် အာနိသင် ရှိနေတာပါ။ ဒါတင်မကသေးပါဘူး နှမ်းဆီမှာ ဗီတာမင် E နဲ့ အခြားခြားသော ဓာတ်တိုးပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ ကျန်းမာရေးအတွက်ရော အလှအပ အတွက်ပါ အသုံးတည့် ပါတယ်။

သွေးပေါင် ထိန်းညှိပေးတယ်
ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ နှမ်းဆိကို ပုံမှန် စားသုံးပေးမယ်ဆိုရင် သွေးတိုး သက်သာစေနိုင်သလို သွေးတိုးရောဂါ မရှိသူတွေမှာလည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေ ကျန်းမာစေတယ်
နှမ်းဆီက ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အသားအရေ လှပမှုအတွက် အသုံးပြုပေးလို့ရပါတယ်။ အရေပြားကို အစိုဓာတ် ထိန်းပေးသလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ အရွယ်တင် နုပျိုစေပြီး ဘက်တီးရီးယားကြောင့် ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေကို သက်သာစေပါတယ်။

အရေပြားကို နှမ်းဆီ လိမ်းပြီး နှိပ်နယ်ပေးတာက နွေးထွေးစေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။

စိတ်ဖိစီးမှု ပြေလျော့စေတယ်
နှမ်းဆီမှာ tyrosine လို့ခေါ်တဲ့ အမိုင်နိုဆက်ဆစ် တစ်မျိုး ပါဝင်နေပါတယ်။ ဒီ အမိုင်နိုဆက်ဆစ်က စီရိုတိုနင်ဟော်မုန်း အပေါ် သက်ရောက်မှု ရှိနေပြီး စိတ်ခံစားမှု ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။

နှမ်းဆီကို စားသုံးပေးတာက စိတ်ခံစားမှု အပေါ် တိုက်ရိုက် သက်ရောက်နေတဲ့ စီရိုတိုနင် ဟော်မုန်း ထွက်ရှိမှုကို အထောက်အကူ ပြုပေးတာ​ကြောင့် စိတ်ခံစားမှုကောင်းစေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်စေဖို့ ကာကွယ်ပေး ပါတယ်။

ခံတွင်း ကျန်းမာစေတယ်
နှမ်းဆီက ခံတွင်းထဲက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးပြီး သွားချေးတွေကို ဖယ်ရှား ပေးပါတယ်။ ဒါတင်မကသေးပါဘူ။း နှမ်းဆီကကို မနက်စောစောမှာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ သောက်သုံးပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းပါ။

Credit

11/11/2022

🌿🌿🌿မြေပဲဆီအကြောင်း🌿🌿🌿

မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာ၀ဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပါ၀င်ပါတယ်...🌿🌿🌿

🌿အရောင်🌿
======

မြေပဲဆီရဲ့အရောင်က အရမ်း မနုမရင့်တဲ့ အဝါရောင် ဖြစ်ပါတယ်။

(ကြိတ်ခွဲမှုပုံစံမတူတာကြောင့် ပဲဆီအမျိုးအစားကိုလိုက်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။)

🌿အရသာ🌿
======

အရသာကတော့ အရမ်းပြင်းထန်ခြင်းမရှိဘဲ နှစ်လိုဖွယ်ကောင်းပြီး ဆိမ့်တဲ့အရသာ ဖြစ်ပါတယ်။

🌿အနံ့🌿
===

မြေပဲဆီရဲ့ အနံ့ကတော့ သဘာဝမြေပဲအနံ့မဟုတ်ပါဘူး။

🌿မြေပဲဆီရဲ့ထူးခြားချက်များ🌿
====================

မြေပဲဆီက Smoking Point မြင့်တာကြောင့် အကြော်ခံ၊ အချက်ခံပါတယ်။ Smoking Point ဆိုတာ ဆီတွေကို အပူပေးတဲ့အခါ ပြင်းထန်တဲ့အပူချိန်ကြောင့် ဆီမှာပါ၀င်တဲ့ဓာတ်တွေ ပြိုကွဲပျက်စီးပြီး ပြောင်းလဲသွားတဲ့အမှတ် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Smoking Point မြင့်တဲ့ဆီတွေက အကောင်းဆုံးလို့ သတ်မှတ်ကြတာပါ။🌿🌿🌿

မြေပဲဆီက Cloud Point နိမ့်တာကြောင့် သာမာန်အခန်းအပူချိန်မှာ မအေးခဲနိုင်ပါဘူး။ Cloud Point ဆိုတာ အပူချိန် အရမ်းလျော့ကျတဲ့အခါ ဆီတွေ အေးခဲသွားတဲ့အမှတ်ကို ခေါ်တာဖြစ်ပါတယ်။ Cloud Point နိမ့်တဲ့ဆီတွေက ပြည့်၀ဆီပါ၀င်မှု နည်းပါတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်။ စားသုံးဖို့သင့်တော်တယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်...🌿🌿🌿

မြေပဲဆီမှာ ကိုလက်စထရောမပါ၀င်ပါဘူး။ အဲ့ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဆီအမျိုးအစား ဖြစ်တဲ့အပြင် Antioxidant ပါ၀င်တာကြောင့် ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်နိုင်တာလိုမျိုး အစွမ်းသတ္တိတွေ ရှိပါတယ်...🌿🌿🌿

မြေပဲဆီကို စားသုံးဆီအဖြစ်သာမကဘဲ ဆေးဝါးများဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်...🌿🌿🌿

🌿မြေပဲဆီအမျိုးအစားများ🌿
================

🥜 Refined Peanut Oil
🥜 Gourmet Peanut Oil
🥜 Cold Pressed Peanut
🥜 Roasted Peanut Oil
🥜 Peanut Oil Blends

နိုင်ငံတကာမှာတော့ မြေပဲကြိတ်ခွဲနည်းကို အမျိုးအစားခွဲခြားသတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာတော့ ဆုံဆီ/နှင့် စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်သောဆီဆိုပြီး ၂ မျိုးပဲ ရှိပါတယ်။

ဆုံဆီက သဘာ၀ အနံ့အရသာနဲ့ပြည့်စုံသော်လည်း

ရေဓာတ်ပါ၀င်မှုများတာ၊ Aflatoxin လိုမျိုး မှိုဓာတ်ပါ၀င်နိုင်ချေမြင့်တာ၊ ကြာရှည်မခံတာတွေ ဖြစ်တတ်ပါတယ်။

စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်တဲ့ဆီကတော့ …

FDA စံနှုန်းများအတိုင်း လိုက်နာပြီး နည်းစနစ်တကျထုတ်လုပ်ထားမယ်ဆိုရင် မှိုဓာတ်ပါ၀င်မှု မရှိဘဲ ကြာရှည်လည်း သိုလှောင်သိမ်းဆည်းထားနိုင်ပြီး ပဲဆီမှာ ပါ၀င်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ ရရှိနိုင်မှာဖြစ်ပါတယ်။

🌿မြေပဲဆီမှာ ပါ၀င်သော အာဟာရဓာတ်များ🌿
===============================

မြေပဲဆီမှာ သစ်သီးတွေလိုမျိုး Vitamin A,C,D တွေ မပါ၀င်ပေမယ့်

⭐Vitamin – E
⭐Potassium
⭐Carbohydrates
⭐Portein
⭐Sodium
⭐Omega 3, 6 အစရှိတဲ့

အကျိုးပြု အာဟာရဓာတ်တွေ ပါ၀င်ပါတယ်။

30/10/2022

မြေပဲဆီအကြောင်း

လူတို့စားသုံးရန် အကျိုးအများဆုံးသော ဆီ မှာ သံလွင်ဆီဖြစ်သော်လည်း‌ေစျးကြီးသဖြင့် မစားသုံးနိုင်ပါ။ဒုတိယမြောက်စားသုံးသင့်သော မြေပဲဆီအကြောင်းလေ့လာကြမည်။
တောင်အမေရိက ဇာတိဖြစ်သော မြေပဲကို
ကမ္ဘာ့ နိုင်ငံများတွင် စိုက်ပျိုးသုံးစွဲလျက် ရှိသည်။အမေရိကန်၊အိန္ဒိယ၊တရုတ်နိုင်ငံများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြသည်။
မြေပဲဆီ(peanut oil)ကို အပူကြိတ်နည်း သို့မဟုတ် အအေးကြိတ်နည်း ဟူ၍ နည်း(၂)မျိုးဖြင့်
ထုတ်ယူရရှိသည်။သစ်သားဆုံဖြင့် ဆီကြိတ်နည်းကို
အအေးကြိတ်နည်း ဟုခေါ်သည်။ စက် ဖြင့် ဆီကြိတ်နည်း ကို အပူကြိတ်နည်း ဟု ခေါ်ပါသည်။
မြေပဲဆီ၏ cloud point သည်37ံ F (3ံC) ဖြစ်သည်။ cloud point ဆိုသည်မှာ ၎င်းအပူချိန်တွင် ဆီအေးခဲသွားသည့်အမှတ် ဖြစ်သည်။မြေပဲဆီသည်အပူချိန် 3 ံC အောက်တွင် ပျစ်၍ခဲသွားသည်။မူလမြေပဲဆံ အပေါ်ယံတွင် ဖုံးအုပ်ထားသော ဖယောင်းပါးများ မြေပဲဆီတွင် ပျော်၀င်နေ၍ ပျစ်ခဲရခြင်းဖြစ်သည်။
cloud point နိမ့်သည့် ဆီသည် ပြည့်၀ဆီ(saturated
oil ) ပါ၀င်မှု နည်း၍ ကျန်းမာရေးနှင့် ညီညွတ်သည်။
မြေပဲဆီ၏ smoking point သည် ,450 ံF
(232 ံC) ဖြစ်သည်။smoking point ဆိုသည်မှာ ဆီကိုအပူပေးသည့်အခါ အပူချိန်ကြောင့် ဓါတ်တွေ ပြိုကွဲ
ပြောင်းလဲသွားသော အမှတ်ဖြစ်သည်။မြေပဲဆီ၏
smoking point သည် မြင့်မားသဖြင့် အကြော်အချက်ခံ၍ စားသုံးသင့်သော ဆီဖြစ်သည်။
မြေပဲဆီတွင် မပြည့်၀ဆီ monou saturated
fatty acid နှင့် polyunsaturated fatty acid တို့ 34% မျှပါ၀င်သည်။၎င်း မပြည့်၀ဆီသည် ကိုလက်စ
ထရော ဖြစ်ပေါ်မှုကို အားမပေးသော ဆီဖြစ်သည်။
မြေပဲဆီတွင် ကိုလက်စထရော(cholesterol)လုံး၀
မပါ၀င်ချေ။
မြေပဲဆီတွင် vitamine E ဗီတာမင် အီး နှင့်
မပြည့်၀ဆီများ ပါ၀င်၍ အချို့ ကင်ဆာ ရောဂါများ နှင့် နှလုံးရောဂါကို ကာကွယ်ပေးသည်။ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ပါ၀င်မှုမြင့်မား၍ သွေး
တွင်းသကြားပါ၀င်မှုနှင့်ကိုယ်အ‌ေလးချိန်ကို လျော့ကျစေသည်။ထို့ကြောင့် စားသုံးရန် အသင့်လျော်ဆုံးဆီ ဟုမှတ်ယူနိုင်ပါသည်။

မြေပဲဆီတွင်ပါ၀င်သော အာဟာရတန်ဖိုးများ
မြေပဲဆီ တစ်ခွက် ( သို့မဟုတ်) , 219 grams တွင်
Nutrient. Value
1.Energy. 1910 calories
2.Saturated fats. 36.5 grams
3.monosaturated fats. 99.8 grams
4.Polyunsaturated fats. 69.1 grams
Total. 219 grams
5.Phytosterols. 447. grams
6.Vitamine E. 0.0339 grams

Credit

13/10/2022

ယနေ့ ဆီဈေးလေးတွေ

မြေပဲ ဆုံဆီ 12500
မြေပဲ စက်ကြိတ်ဆီ 11000

နှမ်းဆုံဆီ 12500
နှမ်းစက်ကြိတ်ဆီ 11000

🆗🆗🆗🆗🆗🆗🆗🆗

🎁မန္တလေးသွားမယ့် Okay ဆုံဆီလေးတွေ🎁တပိဿာဗူးလေးတွေက ဗူးအပါ 13500 ပါရှင့်📣ယနေ့ ဆီဈေးအနည်းငယ်အေးနေသေးတာမို့အမြန် ၀ယ်ယူ စုဆော...
06/10/2022

🎁မန္တလေးသွားမယ့် Okay ဆုံဆီလေးတွေ

🎁တပိဿာဗူးလေးတွေက ဗူးအပါ 13500 ပါရှင့်

📣ယနေ့ ဆီဈေးအနည်းငယ်အေးနေသေးတာမို့
အမြန် ၀ယ်ယူ စုဆောင်းထားလိုက် ရအောင် နော်

📣6.10.2022 ဆီဈေး

🆗မြေပဲ ဆုံ‌ဆီ 13,000(5ပိဿာနှင့်အထက် 12,500)
🆗မြေပဲ စက်ဆီ 11500

၀ယ်ယူအားပေးသူ မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများ တိုးပွားကြပါစေရှင့်

05/10/2022

5.10.2022
ယနေ့ ဆီဈေး (မကွေး)

မြေပဲ ဆုံဆီ➡️13,000
မြေပဲ စက်ကြိတ်ဆီ➡️11500

နှမ်း ဆုံဆီ➡️13,000
နှမ်း စက်ကြိတ်ဆီ➡️11500

🆗🆗🆗🆗🆗🆗🆗🆗🆗

04/10/2022

ဒီရက်ပိုင်း မကွေးဒေသထွက် ဆုံဆီလေးတွေ ဈေးကျပါတယ်ရှင်😍

သီတင်းကျွတ်ကာလ လူကြီးမိဘဆွေမျိုးတွေကန်တော့ဖို့ လက်ဆောင်ပေးဖို့ ကျန်းမာရေးနှင့် ညီညွတ်တဲ့လက်ဆောင်လေး ပေါ့ရှင်🎉🎁

ယနေ့ 4.10.2022

မြေပဲဆုံဆီ 1 ပိဿာ ➡️ 13000 ကျပ်
နှမ်း ဆုံဆီ 1ပိဿာ ➡️ 13000ကျပ်

ဆုံဆီစစ်စစ် အာမခံ၊ အရောအနှောကင်းအညာမြေ
ဆုံဆီမွှေးမွှေးလေး😋

ဈေးကျတုန်းလေး အပြေး၀ယ်ထားကြစို့နော်😍

မြန်မာနိုင်ငံအနှံ့ အိမ်ရောက် ငွေချေစနစ်နဲ့ Delivery အပ်ပေးပြီး မကွေး မြို့အတွင်းဆိုရင်တော့ ပို့ဆောင်ခ အခမဲ့ပါနော်😍

04/10/2022

စားသုံးဆီ အန္တရာယ် ကြိုတင်ကာကွယ် #

ကျွန်ုပ်တို့နေ့စဉ်စားသုံးနေကြသော အစာအာဟာရများတွင် ကာဗိုဟိုက်ဒရိတ် (Carbohydrates)၊ ပရိုတိန်းဓာတ် (Protein)နှင့် အဆီဓာတ် (Fat) ဟူ၍ပါရှိပါသည်။ လူ့ခန္ဓာကိုယ်အတွက် အာဟာရ ဖြစ်စေရန် စားသုံး ရသော အစားအစာများတွင် Starch ဆိုသည့် ကစီဓာတ် များများပါသော ဆန်၊ ဂျုံ၊ ပြောင်း၊ Starch ဆိုတဲ့ အသားဓာတ်ပါသော အသား၊ ငါး၊ Protein ဟုခေါ်သော ဆီနှင့် အဆီဓာတ်များ ပါ၀င်သော အာဟာရဖြစ်စေသည့် စားသုံးကုန်များ ပါ၀င်ပါသည်။ ဆန်၊ ဆီ၊ ဆားသည် မြန်မာတို့၏ အခြေခံစားသောက် ကုန်များ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဟင်းကောင်းကောင်း မစားရရင်နေပါစေ ထမင်းကို ဆီဆမ်း ဆားဖြူး စားရရင်ပဲ ရောင့်ရဲ ကျေနပ်ကြသည့် လူမျိုးများ ဖြစ်ကြပါသည်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့သည် ပြည်တွင်းထွက် ဆီများဖြစ် ကြောင်း အများသိပြီး ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် အစား အစာ စားသုံးရာတွင် စားသုံးဆီကို ချက်၍ တစ်မျိုး၊ ကြော်၍တစ်ဖုံ၊ သုပ်စားရာတွင် တစ်နည်းအများဆုံး စားသုံးကြပါသည်။ အခြားသောနိုင်ငံများတွင် စားသုံးဆီကို မုန့် ဖုတ်သော နေရာတွင်လည်းကောင်း၊ ဟင်းချက်သော နေရာတွင် လည်းကောင်း၊ ကြော်လှော်တဲ့ ှညခေု ဆိုသော သရေစာမုန့်များတွင် လည်းကောင်း အမျိုးမျိုး စားသုံးကြပါသည်။ တိုးတက်ထွန်းကားသော နိုင်ငံများတွင် စားသုံးဆီကို လူတစ်ဦးလျှင် တစ်နှစ် ၁၈ ကီလိုခန့် စားသုံးကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၅ဒသမ၂၄ ကီလိုခန့်သာ စားသုံးကြောင်း သိရှိရ ပါသည်။ ကျန်းမာရေး ပညာရှင်များက လူတစ်ဦးလျှင် တစ်နှစ် ၉ကီလို စားသုံးရန် လိုအပ်သည်ဟု ဆိုကြပါသည်။ အဆီဓာတ်သည် အပူစွမ်းအင်ကို အဓိကထုတ်ပေးပါသည်။ အဆီ ဓာတ် များများစားမှကယ်လိုရီ ခေါ် အပူဓာတ်များများ ရရှိနိုင်ပါသည်။ လူတို့အတွက် အရေးပါသော ဗီတာမင်(Vitamin)ခေါ် သက်စောင့် ဓာတ်များသည် ဆီတွင် အလွယ်တကူ ပျော်၀င်နေပါသည်။ ထို့ကြောင့် ဗီတာမင်ဓာတ် ကို ခန္ဓာကိုယ်မှ ရရှိရန် ဆီကို ကြားခံပစ္စည်းအဖြစ် စားသုံးရန် လိုအပ် လာပါသည်။ ကျွန်ုပ်တို့ စားသုံးနေသော စားသုံးဆီကို အပင်တို့၏ ဆီထွက်နိုင်သော အစိတ်အပိုင်းများမှ ဆီကို ထုတ်ယူပါသည်။
သို့သော် လက်တွေ့တွင် အစေ့အဆန်များမှ ထုတ်ယူစားသုံး နေကြ ပါသည်။ အသီးအရွက် အဆီနှင့်ဆီများ Vegetable Fats and Oilျ)တိုင်းကို စားသုံး၍ ရချင်မှရမည်။ သို့သော်လည်း အဆိုပါ ဆီများကို စက်ဆီ ၊ သင်္ဘောဆေး၊ အလှကုန်၊ ဆေးဝါးနှင့် အခြားသော စက်မှု လုပ်ငန်းများတွင် သုံးကြပါသည်။ လူတို့စားသုံးသော ဆီများမှာ ဖွဲနု ဆီ၊ ပဲပုပ်ဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ ပြောင်းဆီ၊ နေကြာဆီ၊ ဝါစေ့ ဆီ၊ စားအုန်းဆီ၊ နှမ်း ဆီနှင့် မြေပဲ ဆီတို့ ဖြစ်ပါသည်။ ဆီများကို အုပ်စုခွဲခြားကြည့်လျှင် အသီးအနှံမှရသော အဆီနှင့် တိရစ္ဆာန်မှ ရရှိသော အဆီဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။
အသီးအနှံမှရသောအဆီ
အသီးအနှံမှရသော အဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ ဝါစေ့ဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီ၊ သီဟိုဠ်သရက်စေ့ဆီ၊ လင်းစေ့ဆီ၊ ကြက်ဆူဆီ၊ ပြောင်းဖူးစေ့ဆီတို့ ဖြစ်ကြပါသည်။

မြေပဲဆီ ။ ။ မြေပဲဆံတွင် ဆီ၄၀ရာခိုင်နှုန်းမှ ၅၅ရာခိုင်နှုန်းအထိ ပါ၀င်ပါသည်။
မိရိုးဖလာနည်းဖြစ်သော နွားဖြင့်လှည့်၍ ကြိတ်ရသည့် ကြိတ်ဆုံများဖြင့် ထုတ်ယူခဲ့ရာမှ ယခုအခါတွင် ဆီကြိတ်စက်များကို အသုံးပြု၍ ထုတ်ယူသည့်နည်းဖြင့် တွင်တွင်ကျယ်ကျယ် ထုတ်ယူရရှိနေပါသည်။ အဓိကအား ဖြင့် စားသုံးရန် အသုံးပြုကြပါသည်။

နှမ်းဆီ ။ ။ နှမ်းစေ့များတွင် ဆီ ၃၅ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းထိ ပါ၀င်ပါသည်။ ဆီကြိတ်စက် များ ဖြင့်ဖိ၍ ညှစ်ထုတ်ယူသော နည်းဖြင့် ထုတ်ယူရရှိပြီး လူတို့စားသုံးရန် အသုံးပြု သည်။

၀ါစေ့ဆီ ။ ။ ဝါစေ့အဆန်တွင် ဆီ ၁၇ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ပါ၀င်ပါသည်။ ဆီကြိတ်စက် များ ဖြင့် ထုတ်ယူပါသည်။ အဓိကအားဖြင့် ဆပ်ပြာလုပ်ငန်းတွင် အသုံးပြုပါသည်။ ယင်းဆီကို ပြုပြင်ပြီးနောက် အကြော် ဆီအဖြစ်လည်း အသုံးပြုကြပါသည်။

နေကြာဆီ ။ ။ နေကြာပန်းမှ ရရှိသော အဆန်တွင် ဆီ ၂၂ ရာခိုင်နှုန်းမှ ၃၂ရာခိုင်နှုန်းအထိ ပါ၀င် ပါသည်။ ဆီကြိတ်စက်များဖြင့် ထုတ်ယူ ပါသည်။ ရရှိသည့်ဆီကို စားသုံးဆီအဖြစ် အသုံးပြု ကြပါ သည်။

ပဲပုပ်ဆီ ။ ။ ပဲပုပ်စေ့တွင် ဆီ ၁၂ ရာခိုင်နှုန်းမှ ၂၅ ရာခိုင် နှုန်းအထိ ပါ၀င်ပါသည်။ ဆီကြိတ်စက်ဖြင့် ထုတ်ယူပြီးနောက် ကျန်သော ဆီများကို ဓာတ်ပျံဆီနှင့် ဖျော်ထုတ်သည့်နည်းဖြင့် ထုတ်ယူနိုင်ပါသည်။စားသုံးရန်သော် လည်းကောင်း၊အရောင်တင်ဆီအဖြစ် သော်လည်းကောင်း အသုံးပြုကြပါသည်။

မုန်ညင်းဆီ ။ ။ မုန်ညင်းစေ့မှ ထုတ်ယူရရှိပါသည်။ မုန်ညင်း စေ့တွင် ဆီ ၃၅ ရာခိုင်နှုန်း မှ ၄၂ ရာခိုင် နှုန်းအထိပါ၀င်၍ ရရှိသော ဆီကို စားသုံး ဆီအဖြစ် အသုံးပြုကြပါသည်။

သီဟိုဠ်သရက်စေ့ဆီ ။ ။ သီဟိုဠ်သရက်ဆန်တွင် ဆီ ၃၈ရာခိုင်နှုန်း မှ ၄၇ ရာခိုင်နှုန်းအထိ ပါ၀င်ပါသည်။ စီးပွားဖြစ်ထုတ်လုပ်ခြင်း မရှိသေးပါ။

လင်းစေ့ဆီ(Linseed) ။ ။ လင်းစေ့တွင် ဆီ ၂၈ ရာခိုင်နှုန်းမှ ၄၄ ရာခိုင် နှုန်းအထိ ပါ၀င်ပါသည်။ ရရှိသောအဆီသည် ခြောက်သွေ့လွယ်ပြီး အရေခွံတင်းသည့် သတ္တိရှိသောကြောင့် အရောင် တင် ဆီနှင့် သင်္ဘောဆေး လုပ်ငန်းတွင် အသုံးပြု ကြပါသည်။

ကြက်ဆူဆီ ။ ။ ကြက်ဆူစေ့အဆန်တွင် ဆီ ၅၀ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း ပါ၀င်ပါသည်။ အလှကုန် လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်းတွင် အထူး အသုံးပြုပါသည်။

ပြောင်းဖူးစေ့ဆီ ။ ။ ပြောင်းဖူးစေ့ အညှောင့်ပေါက်သော အပိုင်း မှ ဆီထုတ်ယူ၍ စားဆီအဖြစ် အသုံးပြုကြ ပါသည်။

တိရစ္ဆာန်မှရသော အဆီ

တိရစ္ဆာန်မှရသော အဆီများမှာ ထောပတ်ဆီ၊ အမဲဆီ၊ ၀က်ဆီ၊ သိုးမွေးဆီတို့ ဖြစ်ပါသည်။

ထောပတ်ဆီ ။ ။ နွားနို့တွင် ဆီ ၃ဒသမ ၆ ရာခိုင်နှုန်းခန့် ပါ၀င် သည်။ နွားနို့မလိုင်ဟူ၍ အခဲပိုင်း ၃၅ ရာခိုင်နှုန်း ၄၅ရာခိုင်နှုန်း ပါရှိရာ ယင်း မလိုင်ပိုင်းကို လက်တစ်အက်စစ်ထည့်၍ မွှေပေးခြင်းဖြင့် ထောပတ် ဆီကို ရရှိပါသည်။ ထောပတ်ဆီကို စားသုံး ရာတွင်အသုံး ပြုပါသည်။ယင်းဆီကို သိုးနို့၊ ဆိတ်နို့တို့မှလည်း ရရှိပါသည်။

အမဲဆီ ။ ။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ အဆီပြင်ပိုင်းမှ ရရှိပါသည်။ တိရစ္ဆာန်များ၏ ကျောက် ကပ်နှင့် ကပ်နေသည့် အပိုင်းမှရရှိသည့် ဆီကို စားသုံးရန် အသုံးပြုပါသည်။ အများ အားဖြင့် စက်မှုသုံးဆီအဖြစ် ဆပ်ပြာချက် လုပ်ငန်းများတွင် အသုံးပြုပါသည်။

၀က်ဆီ ။ ။ အထက်ဖော်ပြပါကဲ့သို့ ၀က်၏အဆီပြင်ပိုင်းမှ ရရှိသောဆီပြင်ကို အတုံးငယ်က လေးများပြုလုပ်၍ အပူပေးခြင်းဖြင့် ၀က် ဆီကို ထုတ်ယူရရှိပါသည်။ စားသုံးရန်နှင့် စက်မှုသုံးဆီအဖြစ် အသုံးပြုကြပါသည်။

သိုးမွေးဆီ ။ ။ သိုးမွှေးဆီတွင် ဆီ ၂၀ရာခိုင်နှုန်းမှ ၃၀ရာ ခိုင်နှုန်းထိ ပါ၀င်ပါသည်။ ကော့စတစ် ရေတွင်ပြုတ်ခြင်းဖြင့် လည်းကောင်း၊ ဓာတ် ပျံဆီဖြင့် ဖျော်ထုတ်ခြင်းနည်းဖြင့် လည်းကောင်း ထုတ်ယူရရှိပါသည်။

အဆီနှင့် ဆီ (Lactic Acid)ကို အသုံးပြုရန်အတွက် သုတေသန ပြုလာကြရာ ဆပ်ပြာ၊ အသားအရေထိန်းဆေး၊ ဖယောင်းတိုင်၊ ရေ မွှေး၊ အလှကုန်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများနှင့် လောင်စာဆီ (င်္Fuel) ပါမကျန် ပါ၀င်ပစ္စည်းများ ဖြစ်ပါသည်။

လူ့ခန္ဓာကိုယ်အတွက် အားအင်ကို အဆီဓာတ် (Fats)၊ ကစီဓာတ် (Carbohydrates)နှင့် ပရို တိန်း (Protein)တို့မှ ရရှိပါသည်။ စားသုံးဆီများကို ပြည့်၀ဆီ (Unsaturated Oils)နှင့် ပြည့်၀ဆီ မဟုတ်သောဆီ (Unsatu-rated Oil) ဟူ၍ ခွဲခြားထားပါသည်။တစ်ဖန် ပြည့်၀ဆီမဟုတ်သောဆီ (Unsatu-rated Oil )ကို ပေါင်းစုအဆီ (Poly Unsaturated Oil) နှင့် တစ်မယ် တည်း အဆီ (Mono Unsaturated Oil)ဟူ၍ ထပ်မံခွဲ ခြားထားသည်။ ပြည့်၀ဆီတွင် တိရစ္ဆာန်မှရသော အဆီ ထောပတ်၊ အုန်းဆီ၊ စားအုန်း ဆီတို့ပါ၀င်ပြီး စားသုံးမှု လွန်ကဲပါက ကျန်းမာရေးကို ထိခိုက်နိုင် ပါသည်။

စားသုံးရန် သင့်တော်သည့် အဆီဖြစ်သည့် ပြည့်၀ဆီမဟုတ် သော အဆီ (Unsaturated Oil) အမျိုးအစား (Poly Unsaturated Oil) များဖြစ်သည့် ပဲပိစပ်ဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပြောင်းဖူးဆီတို့ဖြစ်၍ စားသုံးကြဆဲ ပင် ဖြစ်သည်။ ပြည့်၀ဆီမဟုတ်သော ဆီအမျိုးအစား (Mono Unsaturated Oil) ဖြစ်သော သံလွင်ဆီနှင့် မြေပဲဆီတို့သည် လူတို့စားသုံးရန် အကောင်းဆုံး ဆီဖြစ်သည်ဟုဆိုပါသည်။ သို့ဖြစ်၍ စားအုန်းဆီသည် ပဲဆီ ထက် ပြည့်၀အဆီ ပါ၀င်နှုန်း နှစ်ဆကျော် မြင့်မားသောကြောင့် ချင့်ချိန် စားသုံးကြရန် လိုအပ်ပါသည်။

အချို့သော စီးပွားရေး လုပ်ငန်းရှင်များ၊ စျေးဆိုင်များ၊ အကြော်ဆိုင်များတွင် စားသုံးဆီကို မသမာမှု အမျိုးမျိုးပြုလုပ် ရောင်း ချလျက် ရှိသည်ကို တွေ့မြင် နေရပါသည်။

အချို့က စားအုန်းဆီကို ပဲဆီအနံ့ပါသော ဓာတုဆေးများ ထည့်၍ ပဲဆီအဖြစ် လည်းကောင်း၊ အချို့ကစားသောက်ဆိုင်၊ ဟိုတယ်များမှ ကြော်ပြီးဆီများကို ပြန်ချက် ၍လည်းကောင်း၊ အချို့ သော အကြော်ဆိုင်များမှာ ကြော်ရာတွင် အကြော်ခံစေရန် စားသုံးဆီကို အကြံအဖန် အမျိုးမျိုးပြုလုပ်၍ လည်းကောင်း၊ ပဲဆီ၀ယ်ရာတွင် ပဲဆီအစစ်မရဘဲ စပ်ဆီများ ပြုလုပ် ရောင်းချလျက် ရှိပါသည်။

ထို့ကြောင့် စျေးကွက်ထဲတွင် မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီစသည်တို့အပြင် စပ်ဆီဟူ၍ ဆီတစ်မျိုး တိုးလာပါသည်။
ထို့ကြောင့် လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေသော စားသုံးဆီကို အထူးဂရုပြု စားသုံးကြရန် လိုအပ်လျက် ရှိပါ သည်။ လူသားတို့၏ ကျန်းမာရေးအတွက် စားသုံးဆီသည် သန့်ရှင်း မှုမရှိပါက အန္တရာယ်ကြီး မားကြောင်း၊
ဆီစားသုံးရာတွင် ပြည့်၀အဆီ (Saturated Oil)သည် ကျန်းမာရေးအတွက် မသင့်လျော် ကြောင်း၊ ပုံပြောင်းအဆီ (Trans Fat)သည် လူကို အန္တရာယ်ပေးတတ်ကြောင်း၊ ပြည့်၀ဆီမဟုတ်သောအဆီ (Unsaturated Oil)ကို စားသုံး သင့်၍ တစ်မယ်တည်းအဆီ (Mono Unsaturated Oil))ကိုသာ ဦးစားပေး၍ စားသုံးသင့်ကြောင်း ဓာတ်ခွဲ ပညာရှင်များက ဆိုထားပါသည်။

စားသုံးဆီ စားသုံးမှုတွင် FDA အဖွဲ့အစည်းက အဆီစားသုံးလျှင် ကယ်လိုရီနည်းနည်း (သို့) ပါ၀င်မှု ၃၀ရာခိုင်နှုန်း စားသုံးသင့်ဟု ထောက်ခံချက်ပေးကြသည်။
အာဟာရ ပညာရှင်များက ဆိုရာတွင် လူတစ်ယောက် အနေ ဖြင့် အဆီကရသည့် ကယ်လိုရီကို ၁၀ရာခိုင်နှုန်းထက် မပိုသင့်ဟု ဆိုပါသည်။ မည်သို့ပင်ဆိုစေ ဆီစားသုံးမှု များပြားပါက ကျန်းမာရေး ကိုထိခိုက်နိုင်ပြီး အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများ ရရှိနိုင်ကြောင်း လူတိုင်း သိပြီး ဖြစ်ပါသည်။ ထို့ကြောင့် စားသုံးဆီ (Edible Oil)ကို ''တန်ဆေးလွန်ဘေး'' ဆိုသည့်အတိုင်း ချင့်ချိန်စားသုံးကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ပါသည်။

(ကိုးကားချက်။ ။ ဖွဲနုဆီစက်ဌာန၏ ဆီအမျိုးမျိုးနှင့် ဖွဲနုဆီမှ စားဆီထုတ်လုပ်ခြင်း။)
Crd #

29/09/2022

မြေပဲဆီ စစ်စစ် စားသုံးခြင်း၏ ကောင်းကျိုး (၂)

မြေပဲဆီ စစ်စစ်တွေမှာ မပြည့်ဝဆီ (unsaturated fatty acids) ပါဝင်ပါတယ်။
မပြည့်ဝ ဆီ ဆိုရာမှာ mono-unsaturated fatty acid နဲ့ poly-unsaturated fatty acid ဆိုပြီး နှစ်မျိုးရှိပါသည်။ နှစ်မျိုးလုံးဟာ ကျန်းမာရေး အတွက် အထူးကောင်းမွန်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ချုပ်ရဲ့ အဆို အရ သွေးတွင်း မကောင်းတဲ့ အဆီဓာတ်များ လျှော့ချပြီး ခန္တာကိုယ် အတွက် အကျိုးပြု မည့် အဆီဓာတ်များ ရရှိရန် မပြည့်ဝ ဆီ များကိုသာ စားသုံးကြရန် တိုက်တွန်းထားပါသည်။

ပြည့်ဝဆီ(saturated fatty acids) များသည် ကျန်းမာရေး အတွက် မကောင်းသည့် အဆီဓာတ်( triglyceride ,LDL) များကို သွေးတွင်းများစေပြီး နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် သွေးတိုးရောဂါ ၊နှလုံးသွေးကြောကျဉ်းရောဂါ ၊လေဖြတ်ခြင်း စသည်များ ဖြစ်စေပါသည်။

မပြည့်ဝဆီ( unsaturated fatty acid) များ စားသုံးခြင်း အားဖြင့် အထက်ပါ ရောဂါဆိုးများမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
​ငယ်ရွယ်တုန်းမှာ မသိသာပေမယ့် အသက်အရွယ် ကြီးလာသည့်နှင့် အမျှ ဆီသန့် စားသုံးခဲ့သူ မစားသုံးခဲ့သူ နှစ်ဦး တွင် ကျန်းမာရေးအခြေအနေ ကွဲပြားစွာ တွေ့ရမည် ဖြစ်ပါသည်။

ဒါကြောင့် မြေပဲဆီ နှမ်းဆီ စစ်စစ် များကို သုံးစွဲကြဖို့ တိုက်တွန်းလိုက်ရပါသည်။

Credit

11/08/2022

11.8.2022
ယနေ့ ဆီတပိဿာဈေးနှုန်းများ

ယနေ့ နှင့် မနက်ဖြန် ဈေးမတူနိုင်ပါသဖြင့်
လိုအပ်လျှင် အမြန်မှာထားပေးကြပါ

မြေပဲ ဆုံဆီ 15500
မြေပဲ စက်ကြိတ်ဆီ 13500
နှမ်း ဆုံဆီ 13500
နှမ်း စက်ကြိတ်ဆီ 12000

Address

Magway
09976252811

Telephone

+959976252811

Website

Alerts

Be the first to know and let us send you an email when OKay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share