10/03/2025
💧ရေစင်တစ်ခုဆောက်လုပ်ရာတွင်
သတိရလေအောင်...✅
✅ရေစင်တစ်ခု ဆောက်လုပ်တော့မယ်ဆိုရင် ဖောင်းဒေးရှင်း (အုတ်မြစ်) ခိုင်ခန့်ဖို့ လိုပါတယ် ‼️‼️
✅ရေစင်မြင့်လေ ဖောင်ဒေးရှင်း သတိထားရလေ ဒါကြောင့်ရေစင်ဖောင်ဒေးရှင်းတူးရာတွင် ငွေကုန်
သက်သာဖို့ မကြည့်ကြပါနဲ့❌💰💵
‼️‼️မတော်လို့ တစ်ဖက် ယိုင်သွားရင် လုပ်တဲ့သူလည်းမျက်နှာပျက်သလို ပိုင်ရှင်လည်း ငွေကုန်တာနှစ်ခါ အဖြစ်သို့ရောက်ရလေတယ်။‼️‼️‼️
‼️‼️အဲ့တာကြောင့် ဖောင်းဒေးရှင်းကို ရေစင်နှင့်လိုက်အောင် စိတ်ချရအောင်တူးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ရေစင်ကနှစ်ထပ်ဖြစ်ပါတယ်
အမြင့် ၁၄' ပေရှိပြီး အကျယ် က ၆' ပတ်လည်ဖြစ်ပါတယ်
ဖောင်းဒေရှင်းက မြေသားမာတဲ့အတွက်ကြောင့်
၂' ပေခွဲ တူးပြီး အပေါ် ၁ 'ပေ ထိ အုပ် ၉ ရိုးစီထားပါတယ် အောက်ရေကန်အမြင့်က ၅' ပေရှိပြီး
အပေါ် ရေကန်အမြင့် က ၄' ပေခွဲ ပြုလုပ်ထားပါတယ် ကန် ကျယ်၍ ရေဖိအားကြီးလာနိုင်သဖြင့် ရေအုတ်ကန်ကို အလယ်ကတစ်ခန်း ခွဲထားပါတယ် အပေါ်ကန် အောက်ကန် နှစ်ခုလုံးမှာ အလယ်က အခန်းခွဲထားပါတယ်
❇️ရေအုတ်ကန် ကိုမာဆလာချိုးတဲ့အခါ မာဆလာ ၅ မူး အထူရှိဖို့ နှင့် အုတ်စီတဲ့အခါ မာဆလာကို သတိထားပြီး နာပြည့်အောင်ထည့်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အလေ့အထမရှိသည်ဖြစ်စေ အုတ်ကို ပက်လက်စီ ပေးပါ မှောက်စီတာထက် ရေလုံတာကတော့ လက်တွေ့ စမ်းသပ်ပြီးမှ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
❇️အုတ်ကို မှောက်ပြီးစီတာနှင့် ပက်လက်စီတာဘာကြောင့်ကွာသွားတယ်ဆိုတာကတော့ အုတ်တစ်ခဲ့မှာ နံပတ် တံဆိတ်ခွက်လေးရှိပါတယ် အဲခွက်လေးကိုအောက်ကိုမှောက်စီလိုက်သော အခါ အုတ်ခွက်လေးရဲ့ အနည်းငယ် လေခိုခြင်းတို့ကြောင့်ပါ၊ အခြားသော နံရံ တွေမှာ အုတ်ကိုမှောက်ပြီးစီတာက ရေလျှောင်ထားတာ မဟုတ်လို့ သတိမထားမိတာပါ။
❇️အုတ်ပက်လက်စီရခြင်းကတော့ အုတ်မှာပါတဲ့ အခွက်လေးကို မာဆလာတင်လိုက်တာနှင့် ပြည့်သွားပြီလေ အဲ့ဒါကြောင့် လေခိုတယ်ဆိုတာ ကင်းသွားပြီး မှောက်စီတာထက် ပက်လက်စီတာ ရေလုံကြောင်း ဖြစ်ပါသည်။
✅✅ရေကန်လုပ်ပြီး ၃ရက် ၄ရက် လောက် ရေ နည်းနည်းလေး စိမ့်ပေမဲ့ ၇ ရက် တစ်ပတ်လောက်ဆိုရင် ကွန်ကရစ် အသားကျသွားပြီးရေမစိမ့် နိုင်တော့ပါ ၊
❗️ရေများများစိမ့်ပြီး စီးဆင်းနေကတော အုတ်နာ မလုံ လို့ မာဆလာ ပါးလို့ဖြစ်ပါတယ်။❗️
ဒါကြောင့် ရေအုတ်ကန်လုပ်မယ်ဆိုရင် နာလုံဖို့လည်း အထူးသတိထားပြီးပြုလုပ်ဖို့လိုအပ်ပါသည်။
✅✅✅🥰🤩Khant Construction ကတော့အဆောက်အဦးတစ်လုံးဆောက်လုပ်တဲ့အခါ Y.C.D.C Process တွေနဲ့ပက်သက်ပြီးတော့ Service charges လုံးဝ ပေးစရာမလိုဘဲ ညှိနှိုင်းမှုများကို တာဝန်ယူ ဆောက်ရွက်ပေးမှာဖြစ်တာကြောင့် စိတ်ပူစရာမလိုတော့ဖူးပေါ့နော်👷👷♀️
✅✅✅🤩🥳Y.C.D.C Process တွေကိုပါ
အစအဆုံး လိုက်လံဆောင်ရွက်ပေးနေတဲ့ Khant Construction ကို အခုပဲ ဆက်သွယ်လိုက်တော့နော်🥳🥳🏠
🏠🏠🏠 မြန်မာပြည်အနှံ့ ... လူကြီးမင်းတို့၏ စိတ်ကူးထဲက
အိမ်လေးကို ပိုမိုပြည့်စုံကောင်းမွန်အောင်
အကောင်အထည်ဖော်ဆောင်ဖို့အတွက်
ဆက်သွယ်လိုက်တာနဲ့ လူကြီးမင်းတို့၏လက်တစ်ကမ်းသို့
အရောက်လှမ်းလာခဲ့မှာပါ..💁🏻♂️
🏠အိမ်ဆောက်ဖို့ပဲဖြစ်ဖြစ်
🏠အိမ်မှာပြင်ဆင်ချင်တာရှိလို့ပဲဖြစ်ဖြစ် စုံစမ်းချင်တယ်ဆိုလျှင်
📱 𝟬𝟵𝟳𝟴𝟭𝟳𝟯𝟭𝟰𝟳𝟲 ( 𝗣𝗵𝗼𝗻𝗲 & 𝗩𝗶𝗯𝗲𝗿)
☎️ 𝟬𝟵𝟲𝟳𝟱𝟳𝟴𝟴𝟰𝟰𝟵
တို့ကို ဆက်သွယ်မေးမြန်နိုင်ပါသလို
ရုံးသို့လူကိုယ်တိုင်လာရောက်ပြီး အသေးစိတ်
ဆွေးနွေးချင်တဲ့ လူကြီးမင်းတို့အတွက်
ရုံးခန်းလိပ်စာကတော့🏠
𝗡𝗼.(𝟭𝟭), 𝗧𝗵𝗮𝗻𝗱𝗮𝗿 (𝟳) 𝗦𝘁𝗿𝗲𝗲𝘁, 𝗡𝗴𝗮 𝗪𝗮𝗿𝗱, 𝗡𝗼𝗿𝘁𝗵 𝗢𝗸𝗸𝗮𝗹𝗮𝗽𝗮 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻, 𝗠𝘆𝗮𝗻𝗺𝗮𝗿.
‘’အာမခံချက်အပြည့်နှင့် တိကျမြန်ဆန်သက်သာသည့်
𝗞𝗵𝗮𝗻𝘁 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻🏗️’’
#𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
#𝗞𝗵𝗮𝗻𝘁𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
#𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴
#𝗛𝗼𝗺𝗲
#𝗞𝗵𝗮𝗻𝘁ဆောက်လုပ်ရေး
#𝗵𝗼𝗺𝗲𝗱𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻