Shwe Pyae - ရွှေပြည့်

Shwe Pyae - ရွှေပြည့် ခြံထွက်ကြက်ဥ နှင့် ကုန်မျိုးစုံရော?

�အားပေးကြသော လူကြီးမင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ�

�သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေခင်ဗျာ�

သေနေ့ကိုရွှေ့ဆိုင်းခြင်း။~~~~~~~~~~~~~~~~~သေနေ့စေ့ရင်သေမှာဘဲ ဆိုတာလူမိုကျစကားဘဲ။ ဖျတ်ကနဲခွေခေါက်ကျပြီးသေသွားတာလဲအဲဒီလူမိ...
14/03/2025

သေနေ့ကိုရွှေ့ဆိုင်းခြင်း။
~~~~~~~~~~~~~~~~~

သေနေ့စေ့ရင်သေမှာဘဲ ဆိုတာ
လူမိုကျစကားဘဲ။
ဖျတ်ကနဲခွေခေါက်ကျပြီးသေသွားတာလဲအဲဒီလူမိုက်တွေဘဲဗျ။
သေနေ့ဆိုတာ ရွှေ့ဆိုင်းထားလို့ရတယ်။
ခန္ဓာ ရရင် သေမှာကတော့ သေမယ်။
ဒါပေမယ့် အိုမှသေရင် အမှည့်လွန်
သစ်သီးများ လေတိုးတာလေးနဲ့ကြွေသလို
အသေလွယ်တယ်။
အလူးအလဲမခံစားရဘူး။
တရားဘာဝနာလုပ်ဖို့အချိန် ပိုရတယ်။
အိုမှသေတော့ကျန်ရစ်သူမိသားစုကလဲ ဖြေသာတယ်ပေါ့ဗျာ။

အဲတော့သေနေ့ကို အိုတဲ့အထိ
ရွှေ့ကြရအောင်။

ဘန်ကောက်သွား ဆေးစစ်၊
သိန်း၁၀၀ လောက်ကုန်စရာမလိုပါဘူး။

သူတို့ ဆေးစစ်တဲ့ Medical Check up package တွေကြည့်လိုက်ရင်
အင်မတန်ရှားပါးတဲ့ရောဂါအတွက် အင်မတန်စျေးကြီးတဲ့ tests တွေပါတာ သက်သက်ငွေလိုချင်လို့ထည့်ထားတာ။
လူတစ်သိန်းမှာ တစ်ယောက်လောက်ဖြစ်တဲ့ရောဂါမျိုးပါ။

အဲဒီတော့ ပြည်တွင်းမှာဘဲ အကုန်အကျ နည်းနည်းနဲ့ ကလီစာတွေတစ်ခုခြင်းစီကို ရေရှည်ခံအောင် လုပ်ကြရမယ်။

၁။ ဦးဏှောက်-

ဘာစစ်စရာမှမလို။
CT ရိုက်လိုက်ပါလား။
MRI ရိုက်လိုက်ပါလားဆိုတာ အလကားစကားတွေ။
လေဖြတ်မှ လုပ်တဲ့ကိစ္စတွေ။
လေမဖြတ်ရင်မလို။

၂။ အဆုတ်-

ဓာတ်မှန်တစ်ချပ်ဆိုရပြီ။
အများအားဖြင့် CXR clear ပါဘဲ။
တစ်ခုခုတွေ့ရင်တော့
အဆုတ်သမားတော်နဲ့လိုတာဆက်လုပ်။

၃။ နှလုံး-

ခေါက်ကနဲသေတာ သူတရားခံဘဲ။
သူ့ကိုတော့ အထူးဂရုစိုက်ရလိမ့်မယ်။

အခြေခံ စမ်းသပ်ရမှာက
ECG
Stress test ( Exercise ECG)
Echocardiogram
CT calcium scoring

ဒီလေးမျိူးကို အရင်လုပ်ရမယ်။

များလိုက်တာ လျော့စမ်းပါအုန်းဆိုရင်
အနည်းဆုံးတော့ ECG နဲ့ CT calcium scoring တော့လုပ်ပါ။

CT calcium scoring ဆိုတာ

နှလုံးသွေးကြောတစ်ချောင်းချင်းစီမှာ
calcium ဘယ်လောက်များနေလဲ
တွက်တာပါဘဲ။
တနည်းပြောရရင် ခေါက်ကနဲ
လဲသေနိုင်သလားဆိုတာကိုတွက်တာဘဲ။

Zero ဆိုရင်တော့ နေမြဲ။
၄၀၀ အောက်လောက်ဆိုရင်တော့
life style အမြန်ပြင်ပေတော့။
လာတော့မယ်။ ဖျတ်ကနဲ။
၄၀၀ အထက်ဆိုရင်တော့
တစ်ခုခုကိုလုပ်ရတော့မယ်။
နှလုံးအထူးကုသမားတော်နဲ့ပြပါ။
CT angiogram သွားမလား။ Coronary angiogram နဲ့လိုအပ်ရင် stent ထည့်တဲ့အထိ သမားတော်နဲ့တိုင်ပင်ပြီးလုပ်ပါ။

ဟိုယောင်ယောင် ဒီယောင်ယောင်
သူများစကားတွေနားမယောင်ပါနဲ့။
ဇေစိုးပြောတာ ဒီကမ္ဘာမှာ အမှန်ဆုံး လို့
ယုံကြည်လိုက်နာပါ။
ပိုက်ဆံကတော့ နဲနဲကုန်မှာပေါ့။
ဒါပေမယ့် စနစ်တကျ ကုန်တာဖြစ်လို့
ကုန်ပါစေလေ။
အားလုံးကုပြီးသွားလို့ ကိုယ့်နှလုံးကို
ရိုရိုသေသေသုံးရင်
နောင် နှစ် ၃၀-၄၀ သုံးပါလေ့။

၄နဲ့ ၅။ အသည်းနဲ့ ကျောက်ကပ်

ဘာမှမလို။
သွေးစစ်တဲ့အထဲမှာ အသည်းနဲ့ကျောက်ကပ်
function တွေပါပြီးသား။
လိုလိုမယ်မယ် လုပ်ချင်ရင်တော့

ဗိုက်ကို Ultrasound လေးပွတ်လိုက်ရင်
အသည်းနဲ့ကျောက်ကပ်ကိစ္စ ပြီးပြီ။

၆- အစာအိမ် အူလမ်းကြောင်း-

သူကတော့ သိပ်အရေးမကြီးပေမယ့်
ငွေပိုရင်တော့ အပေါ်အောက်ကြည့်ထား
မမှားဘူးပေါ့လေ။
ဘန်ကောက်မှာ သိန်း ၄၀ လောက်ကုန်မယ်။
လုပ်ခသက်သက်တင်။
ရန်ကုန်မှာ ၁၅-၂၀ လောက်တော့ကုန်မယ်။
အခုနောက်ပိုင်း မြန်မာပြည်မှာ AI ပါတဲ့
မှန်ပြောင်းတွေတောင်သုံးနေကြပြီ။

၇- နောက်ဆုံးကတော့ သွေးစစ်တာပေါ့

ဆီးချိူ စစ်ရင် Hb A1C ဆိုတာထည့်စစ်ပါ။
သွေးဖြူ သွေးနီစစ်ပါ။
အသည်းနဲ့ ကျောက်ကပ်စစ်ပါ။
ကိုလက်စထရော နဲ့ပတ်သက်တာ
အတွဲလိုက်စစ်ပါ။
ဘီပိုး စီပိုး HIV စစ်ပါ။
သိပ်မကုန်အောင် မလိုတာတွေ မစစ်နဲ့ပေါ့။
သို့သော် တချိူ့ package တွေက
ဖြုတ်မရဘဲ fix လုပ်ထားတတ်တော့
အဆင်ပြေတဲ့နေရာမှာ ငွေမကုန်အောင်
လိုတာဘဲစစ်ပါ။

ကဲ ဇေစိုးစကားနားထောင်ပြီး
သေနေ့ကို ရွှေ့ကြမယ်ဆိုရင် ဗိုလ်ချူပ် သူရစောဖြူ လို အသက်၉၀ ကျော်ထိ ဂေါက်ရိုက်နိုင်ရင် ဘယ်လောက် ဟန်ကျပါသလဲခင်ဗျာ။

ဇေစိုး။
Professor Dr Zay Soe
Chest Physician
With respect Credit

Via Professor Dr. Thein Myint( GI Physician)
Photo- ChatGPT

 #လမ်းလျှောက်ပါ🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ🚶~~~~~~~~~~~~~~~~~~~~~~~~🏃🏃‍♀️🏃‍♂️လမ်းလျှောက်ပေးကြပါ...🌀သဘာဝကြီးက လူတ...
28/01/2025

#လမ်းလျှောက်ပါ

🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ🚶
~~~~~~~~~~~~~~~~~~~~~~~~

🏃🏃‍♀️🏃‍♂️လမ်းလျှောက်ပေးကြပါ...

🌀သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။အဖော် ပါလာပါတယ်။

🌀အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀နှလုံးခုန်ခြင်းဟာ သူဟာသူခုန်နေတာဖြစ်ပေမဲ့
ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

🌀လူတစ်ယောက်ဟာ တစ်နေ့ကိုနှလုံးခုန်တဲ့
အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

🌀အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။

🌀အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့်
နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။
🌀နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကိုကောင်းစွာရောက်ဖို့ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာသွေးတွေပြည့်နေဖို့လိုပါတယ်။

🌀နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါ‌လေရော။

🌀အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။

🌀သွေးလည်ပတ်မှုမကောင်းတော့ သွေးထဲကကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

🌀 နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုကကြွက်သားတွေပဲဖြစ်ပါတယ်။

🌀ခြေသလုံး၂ခုက ကြွက်သားတွေညှစ်ပေးမှသွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

🌀နှလုံးအိမ်မှာ သွေးတွေပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားပါတယ်။
🌀 ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်ရေကကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

🌀ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့
ရေပိုက်ထဲက အနည်တွေပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။သွေးကြောကလည်း အဲဒီသဘောအတိုင်းပါပဲ။

🌀နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံးကြွက်သားတွေညှစ်မှ ရတာပါ။

🌀ခြေသလုံးကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှရတာပါ။အပြေးလေ့ကျင့်မှရတာပါ။

🌀ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ
နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

🌀ယခုအခါမှာ လူတွေဟာလမ်းတောင် မလျှောက်ကြဘဲဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ အချိန်ကုန်နေကြပါတယ်။

🌀ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ အများကြီးပါပဲ။

🌀ခြေသလုံး၂ခုကို လှုပ်ရှားပြီးကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

🌀လမ်းလျှောက်တဲ့လူတွေ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။



မူရင်းရေးသူကို Credit ပေးပါသည်။

အူတွေ (Intestines) ဆေ:ကြရအောင် ဖတ်ကြည့်ပေးနော်__________________အူတွေဆေ:ခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘ...
27/01/2025

အူတွေ (Intestines) ဆေ:ကြရအောင် ဖတ်ကြည့်ပေးနော်
__________________
အူတွေဆေ:ခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့ကျန်းမာရေးကတိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ပြီးတော့အူတွေဟာဒုတိယဦးနှောက်လည်းဖြစ်တယ်။ ဦးနှောက်နဲ့အူတွေကို အာရုံကြောတွေနဲ့ဆက်ထားပြီး ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပါတယ်။ ဒါကြောင့်အူတွေ သန့်ရှင်းနေဖို့ လိုပါတယ်။

အူဆေ:ဖို့ အသုံးပြုမှာကတော့ မုန်လာဥဖြူ ဖြစ်ပါတယ်။ သဘာဝကြီးရဲ့လက်ဆောင်ဖြစ်တဲ့ မုန်လာဥဖြူနဲ့ အူဆေ:ကြမယ်။ မုန်လာဥဖြူမှာ Fibre အမျှင်ဓါတ်တွေ အများကြီးပါတယ်။ အဲဒီ fibre အမျှင်ဓါတ်တွေက အူအတွင်းနံရံမှာရှိနေတဲ့ မစင်ဂျိုးတွေကအစ အညစ်အကြေးတွေအားလုံးကို တိုက်ချွတ်ဆေးကြောပေးပါတယ်။
စျေးကနေ မုန်လာဥလှလှလေးတွေ ဝယ်မယ်။ ကျောက်ဆားလေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်*။ အကြာကြီးပြုတ်စရာမလိုဘူး။ အူဆေ:ဖို့အတွက် စနေနေ့နေ့လယ်စာစားပြီးနောက်မှာ တခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲ စားရမယ်။ကြိုက်သလောက်စားပါ၊ ဗိုက်ဝအောင်သာစား၊ ဗိုက်ဆာလာတိုင်းစား။ ညအိပ်ယာမဝင်ခင်အထိဆာတိုင်း စားလို့ရပါတယ်။ စားလို့လည်းတော်တော်ကောင်းတယ်။ ရေငတ်လည်းပြေတယ်၊ စားရတာအတော်ကျေနပ်စရာကောင်းပါတယ်။နောက်နေ့မနက် အိပ်ယာထရင် ရေ၁လီတာ သောက်ရမယ်။ပြီးရင်တော့ဝမ်းဗိုက်ထဲကအစာဟောင်းတွေ ရှောရှောရှူရှူ အကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူဆေ:ခြင်းဟာ အူလမ်းကြောင်းသာမက ကျောက်ကပ်ကိုလည်းသန့်ရှင်းစေပါတယ်။ကျောက်ကပ်သန့်ရှင်းဖို့အတွက် မုန်လာဥပြုတ်စားရင်းရေပိုသောက်ပေးဖို့လည်း လိုပါတယ်။

အူတွေသန့်ရှင်းသွားရင်သွေ:လည်းသန့်သွားပါတယ်။ ဘာလို့လဲဆိုရင်သွေ:ဆိုတာအူတွေကနေစတင်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သွေ:သန့်ရင်ရောဂါကင်းတယ်။ ရောဂါတွေကသွေ:ထဲမှာရှိနေတော့သွေ:သန့်တာနဲ့အမျှ ရောဂါဖြစ်ဖို့ရာနှုန်း နည်းသွားပါတယ်။

အူဆေ:ပြီးလို့ အူသန့်သွားတာနဲ့လူကပေါ့ပါး လန်းဆန်းသွားလိမ့်မယ်။ ကျန်းမာဖို့အတွက်အူသန့်ဖို့က အဓိကပဲ။ ထမင်းစားရတာလည်းအရသာရှိလာမယ်၊ရေသောက်လို့လည်းကောင်းတယ်၊အလုပ်လုပ်လို့သိပ်ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်သွေ:တွေ ထက်လာတယ်၊ အိပ်လို့လည်း ကောင်းလာတယ်၊ အစာအိမ်ရောဂါရှိရင်လည်း သက်သာသွားမယ်၊ ခေါင်းကို*က်တာတွေလည်း သ.က်သာသွားမယ်၊ ညောင်းညာကို*က်ခဲတာတွေလည်းပျောက်သွားမယ်၊ အစာမကြေလေထိုးလေအောင့်တွေလည်းပျောက်သွားမယ်၊ ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂနေ့မနက်မှာတော့အူဆေ:ခြင်းကိစ္စပြီးပါပြီ။ ၂၄နာရီ fasting လုပ်ချင်တဲ့သူတွေဆက်လုပ်နိုင်ကြပါတယ်။ Detoxပါဆက်လုပ်ချင်တယ်ဆိုရင်တော့ညဘက်မှာ သံလွင်ဆီပေါင်းစပ်ရည်သောက်လိုက်ရုံပါပဲ။ ဒါကြောင့်အူဆေ:လိုသူများ, fasting လုပ်လိုသူများ, Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊ ၃မျိုးလုပ်ချင်သူများ မိမိတို့စိတ်ကြိုက် လုပ်နိုင်ကြပါပြီ။

ကျောက်ဆား

အိန္ဒိယကလာတဲ့ ပန်းရောင်ဆားကို ကျောက်ဆားလို့ ခေါ်ပါတယ်၊ City Mart မှာ ရပါတယ်၊ ဟိမဝန္တာဆားလို့လည်း ခေါ်ပါတယ်၊ ပန်းရောင်ဆားပါ။ မရရင် အိမ်သုံးဆားကို လှော်ပြီး သုံးလို့လည်း ရပါသည်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

https://www.facebook.com/s

💊💊💉💉အရေးပေါ်အခြေအနေများအတွက် မိသားစုတိုင်း မိမိတို့အိမ်တွင် အသုံးပြုနိုင်ရန်နှင့်လိုအပ်သော ဆေးဝါးများနှင့် ဆေးပစ္စည်းမျာ...
15/12/2024

💊💊💉💉အရေးပေါ်အခြေအနေများအတွက်
မိသားစုတိုင်း မိမိတို့အိမ်တွင် အသုံးပြုနိုင်ရန်နှင့်
လိုအပ်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများအား
ကြိုတင်ပြင်ဆင်ထားနိုင်ရန် ရည်ရွယ်၍

Medical Family-Mandalay မှ
လိုအပ်သော အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းအချို့အား စုစည်းဖော်ပြပေးလိုက်ရပါသည်။

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါတယ်...(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)...CP(Auto) ကတော့...
28/10/2024

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါတယ်...

(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ

(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) ......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း

(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)

အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ
ကျေးဇူးတင်လျှက်............

Credit dr hein laboratory

~~~📢အသည်းလေးရဲ့ အကြောင်း📢~~~            ကျွန်တော်တို့ ကျောရိုးရှိသတ္တဝါတွေရဲ့ အစာချေစနစ်မှာ အသည်းဟာ အရေးပါတဲ့ အင်္ဂါအစိတ...
29/05/2024

~~~📢အသည်းလေးရဲ့ အကြောင်း📢~~~

ကျွန်တော်တို့ ကျောရိုးရှိသတ္တဝါတွေရဲ့ အစာချေစနစ်မှာ အသည်းဟာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဆိပ်ဖြေခြင်း၊ ပရိုတိန်းဖွဲ့စည်းခြင်း၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သည်းခြေအရည်ထုတ်ပေးခြင်း၊ ဗီတာမင်ဓာတ်များကို ပြုပြင်ပေးခြင်း နဲ့ အစာချေရာမှာ လိုအပ်တဲ့ ဓာတ်ပစ္စည်းများကို ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ ယနေ့ခေတ်ဆေးပညာတွင် အသည်းကို ဂရိဘာသာမှဆင်းသက်လာတဲ့ Hepato (သို့မဟုတ်) Hepatic ဟုခေါ်ယူကြပါတယ်။ ဥပမာ အသည်းရောင် ရောဂါကို Hapatitis ဟုခေါ်ဝေါ်ကြပါတယ်။ အသည်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဘယ်လိုအချက်တွေက အသည်းရောဂါဖြစ်တတ်သလဲ…?
🔔🔔🔔အသည်းကအဓိကထုတ်ပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ ကိုလက်စထရောဟာ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေအတွက်လိုအပ်ပါတယ်။ ဒါပေမယ့် အဆီဓါတ်တွေ အလွန်များပြားလာသောအခါ အသည်းက ချေဖျက်မပေးနိုင်တော့ပဲ ဒဏ်ပိုလာနိုင်ပြီး အသည်းအဆီဖုံးဆိုတဲ့ ရောဂါမျိုး ဖြစ်လာစေပါတယ်။ ဒါကြောင့် အသား၊အဆီ၊အချိုများတဲ့ အစားအစာတွေ၊ ကြက်ဥအနှစ်များ၊ ဆားများသော အစားအစာတွေကို အဓိကထားရှောင်ကြဉ်ပြီး အသီးအရွက်များကို ပိုမိုစားသုံးသင့်ပါတယ်။
💤💤🕛🕛ညအချိန်အိပ်တာနောက်ကျခြင်းဟာ အသည်းကို အဓိက အနှောက်အယှက်ဖြစ်စေတတ်တဲ့ အလေ့အကျင့်တစ်မျိုးဖြစ်ပါတယ်။ အသည်းဟာ ညအိပ်ချိန်မှသာ အဆိပ်အတောက်တွေ ချေဖျက်တဲ့အလုပ်ကိုစတင်လုပ်ဆောင်တာဖြစ်ပါတယ်။ ပြန်ရည်ကြောတွေက အဆိပ်တွေကို အရင်စွန့်ပစ်ပါတယ်။ အဆိပ်ထုတ်တဲ့လုပ်ငန်းစဉ်ကို ညအချိန် ၁၂ နာရီမှ ၂ နာရီအတွင်းလုပ်ဆောင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ကျွန်တော်တို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောအချိန်မှာမှ စတင်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် အိပ်ရေးဝဝလင်လင်အိပ်ပေးဖို့ လိုအပ်ပါတယ်။
💊💊💊မနက်အချိန် ကျွန်တော်တို့အိပ်ယာနိုးတဲ့အချိန်မှာ အရေးတကြီး ဆီးမသွားနိုင်ခြင်း၊ ဆီးမသွားခြင်း၊ အချိန်အတော်ကြာမှသာ အိမ်သာသွားခြင်းဟာ အန္တရယ်များစေတဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ဆီးကိုအချိန်ကြာရှည်စွာအောင့်ထားခြင်းက အသည်းကိုရော ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်တဲ့ အကျင့်ဖြစ်ပါတယ်။
☕️🧇🥞ခန္ဓာကိုယ် အချိုဓာတ်အနည်းပါးဆုံးအချိန်က ကျွန်တော်တို့မနက်အိပ်ယာ နိုးထတဲ့အချိန်ဖြစ်ပါတယ်။ အချိုဓာတ်နည်းပါးနေချိန်တွင် အသည်းဟာ သူလုပ်ဆောင်ရမယ့် အလုပ်များကို မလုပ်ကိုင်တော့ပါဘူး။ ဒါကြောင့် မနက်စာကို ရှောင်ရှားခြင်း လုံး၀ မပြုလုပ်ပါနဲ့။ မနက်စာက ခန္ဓာကိုယ်တစ်လုံးအတွက် အကောင်းဆုံးအစား စားချိန်ဖြစ်ပါတယ်။ မနက်ခင်းတိုင်းဟာ ခန္ဓာကိုယ်၊ အသည်းနဲ့ ဦးနှောက်တွေအတွက် အစာအာဟာရကို အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။
🍔🌭🍰နောက်ဆုံးတစ်ခုအနေနဲ့တော့ ကျွန်တော်တို့ အခုခေတ်မှာ အချိန်မရတာကြောင့် အလုပ်တွေကြောင့် Fast Food ( အသင့်စားအစားအစာ)တွေကို စားသုံးမိတတ်ကြပါတယ်။ ဒါတွေဟာ အချိန်ကြာလာတာနှင့်အမျှ ကယ်လိုရီ၊ အချို၊ အငန်နဲ့ အဆီတွေက သွေးတိုးနဲ့ သွေးအတွင်းက အဆီဓာတ်တွေ တိုးပွားစေပြီး ကျန်းမာရေး နှင့်မညီညွတ်ဘူးဆိုတာ မေ့ထားလို့မရပါဘူး ။
🥃🥃🥃အရက်က အသည်း ထိခိုက်စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိထားတဲ့ အချက်တစ်ခုပါပဲ။ အရက်ဟာ အသည်းရဲ့ ချေဖျက်ခြင်း လုပ်ငန်းတွေကို အနှောက်အယှက်ပေးရုံသာမကဘဲ အသည်းရဲ့ဆဲလ်တွေကိုဖျက်စီးတတ်ပါတယ်။ အရက်ကြောင့် အသဲအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းနဲ့ အသည်းခြောက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်အသည်းကောင်းလို့ပွဲမတောင်းခင် အသည်းကောင်းဖို့အတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြုမူလေ့ကျင့်နေထိုင်ပြီး ပျော်ရွှင် ကျန်းမာသော ဘဝမျိုးကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ….🙏🙏🙏
# Asia Royal Hospital

Address

မြို့သစ် (အ. ထ. က)ကျောင်း တောင်ဘက်
Mahlaing

Telephone

+959755033385

Website

Alerts

Be the first to know and let us send you an email when Shwe Pyae - ရွှေပြည့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Pyae - ရွှေပြည့်:

Share