ကျော်မွန် စားသောက်ကုန်

ကျော်မွန် စားသောက်ကုန် အရသာရှိစွာ ထုတ်လုပ်ပေးထားလို့ အိမ်ရှင်မတွေအတွက် ဟင်းတစ်ခွက် ချက်ရ သက်သာစေမှာပါ 🥰

05/03/2024
ကျွန်တော် ပုဇွန်ထုပ်ဆိုလုံးဝမစားပါ ပုဇွန်အကောင်သေးရင်တော့စားသည် ပုဇွန်ထုပ်ကိုစိတ်နာသွားသည့်အကြောင်းရင်းကတော့မအူပင်ဘက်ကရွ...
01/03/2024

ကျွန်တော် ပုဇွန်ထုပ်ဆိုလုံးဝမစားပါ ပုဇွန်အကောင်သေးရင်တော့စားသည် ပုဇွန်ထုပ်ကိုစိတ်နာသွားသည့်အကြောင်းရင်းကတော့

မအူပင်ဘက်ကရွာလေးတစ်ရွာကို
အလုပ်ကိစ္စတခုကြောင့်
လုပ်ဖော်ကိုင်ဖက်ငါးယောက်နဲ့
ခရီးထွက်ဖြစ်ရာမှစသည်
တည်းမည့်အိမ်ရောက်တော့ အကုန်လုံးခြေပစ်လက်ပစ်နားကြ
ရေချူ ိးကြနဲ့ နေ့လယ်စာစားချ ိန်နီးသွားလေပြီ
အိမ်ရှင်ကဧည့်ဝတ်ကျေတာမှ
ဟိုဖက်တောင်လွန်သည်

ပုဇွန်ထုပ်အကောင်ကြီးတွေအကောင်သုံးဆယ်လောက်ကိုတစ်ဝက်ချက်တစ်ဝက်သုပ် မီးကင် အချဉ်ဟင်း ငပိရည် တို့စရာနဲ့စုံနေအောင်ထမင်းဝိုင်းပြင်ပေးသည်

ဗိုက်ဆာဆာနဲ့စားလိုက်ကြတာဆိုတာအိမ်ရှင်မိသားစုအတွက်
ပုဇွန်အမြီးဖျားလေးပင်မကျန်တော့ပါ
ဗိုက်ကားမှသတိရကြသည်
အရှက်ပြေ တစ်ယောက်ကထပြောသည်။

"ဟာ... ဦးလေး တို့အတွက် ဟင်းမကျန်တော့ဘူး အားနာလိုက်တာဗျာ ခရီးပန်းလာတော့စားကောင်းကောင်းနဲ့
စားလိုက်မိတာ "
"အားနာရမယ့်လူတွေမှမဟုတ်တာဆရာလေးတို့ရယ်
ပုဇွန်က ဒီမှာကပေါတယ်အဝသာစား ကျွန်တော်တို့က စားရတာငြီးငွေ့လွန်းလို့စားချင်တော့ဘူးရယ်
ဧည့်သည်တွေလာမှလတ်လတ်ဆတ်ဆတ်ဖမ်းပြီး
ချက်ကျွေးတာ ပိုက်ဆံပေးဝယ်ရတာမဟုတ်ဘူး အားမနာပါနဲ့ ဆရာလေးတို့စားကောင်းရင်ညစာလည်း
ပုဇွန်ပဲလုပ်ပေးမယ်လေ"

"ဒီလိုဆိုကောင်းတာပေါ့ ကျွန်တော်မြို့မှာကစျေးကြီးတယ်
မပြန်ခင်အဝစားသွားရမယ် "
"အို ရတယ်ပါ့ ၂၄ နာရီထိုင်စားချင်လည်းဖြစ်တယ်"
"အာ အဘကလည်းဘယ်ဖြစ်မလဲဗျ တစ်နေ့၄ ခါပဲရမယ်ပေါ့"

ဝင်ပြောလိုက်သူကအိမ်ရှင်ရဲ့သားအငယ်ကောင် အလွန်ဆုံးရှိမှရှစ်နှစ်ကိုးနှစ် အကြီးကောင်လေးကဆယ်တစ်နှစ်ဆယ်နှစ်နှစ်အရွယ်
အကိုဖြစ်သူနှင့်အိမ်ရှေ့ကွပ်ပျစ်မှာစစ်သားအရုပ်တွေနဲ့
စစ်တိုက်တိုင်းဆော့နေရင်းမှအဖေကိုလှမ်းပြောခြင်းဖြစ်သည်
"အငယ်ကောင် တိတ်ဇမ်း လျှာမရှည်နဲ့ အကြီးကောင်လည်းရှိတာကိုး ဘာလို့မရရမှာလဲ" အဖေကလှမ်းမာန်လိုက်သည်
"အေးလေဗျာ သူ ၂ခါ သား၂ခါ ၄ခါပေါ့ဗျ"

ဟုမကျေမနပ်အငယ်ကောင်လေးကရေရွတ်နေသည်
အကြီးကောင်ကရယ်သည်
ကျွန်တော်လည်းအံ့သြသွားသည် ဒီလက်တောက်လောက်လေးတွေက
ဒီလောက်ပုဇွန်ကြီးတွေကိုဘယ်လိုများဖမ်းလာပါလိမ့်ဟု
စဉ်းစားခန်းဝင်မိသည်
မွေးမြူ ရေးကန်တွေကသွားခိုးတယ်ထင်တယ်
တစ်ယောက်ကို ၂ ခါဆီအလှည့်ကျသွားခိုးကြတာများလား
အင်း မေးစမ်းကြည့်ဦးမှ
"ဦးလေး ကလေးတွေကပုဇွန်ဖမ်းတတ်တယ်လား"
"ဖမ်းတတ်တာပါ့ ကျွမ်းမှကျွမ်း ဒီရွာက ကလေး လူကြီး အကုန်တတ်တယ်"
သူငယ်ချင်းများကလည်းဝမ်းသာအားရနဲ့
"ကလေးတွေပါတတ်တော့ကောင်းတာပေါ့ ပိုစားရတာပေါ့"
ဟုပြောတော့ဘာမှမပြောဘဲအိမ်ရှင်က
ပြု ံးပြု ံးကြီးနေနေသည်
"ကဲ ကဲ ဆရာလေးတို့နားကြဦး ညနေအရက်သောက်ချင်ကြလား"
"ဟာ သောက်ချင်တာပေ့ါ ဦးလေးရယ် များများနဲ့ကောင်းကောင်းလေးလုပ်ပေးနော်"
"ရတယ် မပူနဲ့ အိမ်မှာပဲသောက်ကြ
ချက်ကြီးဆိုင်ကသွားဝယ်ပေးထားမယ်"

"အမြည်းကပုဇွန်ကင်လေး အသုပ်လေးထည့်ပေးနော်"
"စိတ်ချ လုပ်ပေးမယ်
လောလောဆယ်တရေးတမောအိပ်ကြဦး"
"ဟုတ် ကျေးဇူးတင်ပါတယ်ဦးလေး"
အကုန်လုံးတုံးလုံးပက်လက်ကျောဆန့်ရင်းတခေါခေါနဲ့
အိပ်ပျော်ကုန်ကြသည်
ကျွန်တော်တစ်ယောက်တည်းသာအိပ်မပျော်ဘဲစဉ်းစားခန်းဝင်နေသည်
ကျွန်တော်ကငါးမျှားရတာဝါသနာပါသည် ပုဇွန်လည်းမျှားဖူးသည် ပုဇွန်ကငါးနဲ့မတူချေ တခါမိဖို့အရေးအကြာကြီးမေ့လောက်အောင်စောင့်ရသည်
ဒီကလေးတွေမနက်တစ်ပိုင်းတည်းနဲ့ဒီလောက်အများကြီး
ဘယ်လိုများ မျှားပါလိမ့် စဉ်းစားမရပေ
အိမ်အတွင်းခန်းမှအသံကြိတ်ကြိတ်နဲ့ပြောနေသံကြား၍
နားစွင့်ကြည့်မိသည် အဖေကအငယ်ကောင်ကိုပြောနေခြင်းဖြစ်သည်
"ဟေ့ကောင် သွား ပုဇွန်သွားဖမ်းတော့"
"ဟာဗျာ အဘကလည်းမနက်ကတစ်ခါသွားပြီးပြီလေ
အကိုကြီးသွားခိုင်း "
"ဧည့်သည်များတယ် များများရမှဖြစ်မယ် မင်းပါလိုက်သွား"
"မရလောက်တော့ပါဘူးဆိုအဘကလည်း"
"မင်းကိုအာ့ကြောင့်မနက်က
ကောင်ညှင်းပေါင်းအများကြီးစားပါပြောတာကို"
"စားတာပဲဗ် "
"ကဲ စကားမရှည်နဲ့ သွားတော့ နေစောင်းတော့မယ် ငါထမင်းအိုးတည်လိုက်ဦးမယ်"
အခန်းထဲမှခြေသံများထွက်သွားသံကြားရသည်
ပုဇွန် ကောက်ညှင်းပေါင်းဘာများပါလိမ့်ဆက်စပ်လို့မရချေ
ကျွန်တော်လည်းခြေသံမကြားအောင်တိတ်တိတ်လေး
ဖွလျှောက်ပြီးထွက်သွားသောကလေးနှစ်ယောက်နောက်
လိုက်လေသည် ကိုယ်ပါလာမှန်းသူတို့ကမသိကြ
ရွာထိပ်ကချောင်းလည်းရောက်ရော ကလေးနှစ်ယောက်က
သူတို့ပေါင်လောက်မရောက်တရောက်ရေအနက်တွင်
ဘောင်းဘီလေးတွေချွ တ်သည်
'အင် ဘာလုပ်ကြတာတုန်းဟ'
ခြု ံကွယ်ကနေချောင်းကြည့်နေရင်းမှ အဖြေကိုဘွင်းဘွင်းကြီးမြင်လေတော့သည်
ဖင်လေးတွေကုန်းပြီးအီးပါနေခြင်းဖြစ်သည်
သူတို့ဖင်ကအီး၂တုံးစီထွက်သွားတော့မှချက်ချင်းကိုယ်ကို
လှည့်ပြီးသူတို့ပါချလိုက်သောအီးတုံးကိုမမှိတ်မသုန်
ကသိုဏ်းရှုနေကြသည် ၂မိနစ်လောက်ကြာသောအခါ အီးတုံးပတ်လည်တွင်ရေပလုံစီထနေသည်
ထိုအချိန်တွင် ကမြင်းမသားလေးနှစ်ကောင်က
ဆတ်ကနဲနဲ့အီးတုံးကိုလှမ်းကိုင်လိုက်သည်
သူတို့လက်ထဲတွင်ပါလာသည်မှာအီးတုံးမဟုတ်
ပုဇွန်ထုပ်များ ယက်ကန်ယက်ကန်နဲ့ နှုတ်ခမ်းမွှေးကျွတ်မတတ်ရုန်းနေကြသည်
သူတို့ပါလိုက်သောအီးတုံးများကိုပုဇွန်များကလာစားကြခြင်း
ဖြစ်ပေသည် အာ့အချိန် နှုတ်ခမ်းမွှေးကကောက်ဆွဲဖမ်းခံလိုက်ရခြင်းဖြစ်သည် မနက်ကအားရပါးရစားခဲ့သည်များကိုပြန်မြင်ယောင်ကာ လည်ချောင်းထဲမှာပျူ ိ့တက်လာသည်
ပုဇွန်ခေါင်းထဲတွင်ချေးတွေပဲရှိသည်ဆိုသည်မှာ
အလကားဟုတ်ဟန်မတူပေ
ကိုယ်လည်းအန်လို့အပြီးသူတို့လည်းလက်နှစ်ဖက်အပြည့်
ပုဇွန်ရနေပြီ ကမ်းပေါ်ပြန်တက်လာကြသောအခါ ကျွန်တော့ကိုမြင်သွားသည်
"ဟာ လေးလေး ဘာလုပ်နေတာလဲ" အိုးတိုးအန်တန်းနဲ့အကြီးကောင်က မေးသည်
"မင်းတို့ပုဇွန်ဖမ်းတာလိုက်ကြည့်တာ"
"ဟီးဟီး လေးလေး ညစာပုဇွန်စားဦးမလား"
နှုတ်သွက်သောအငယ်ကောင်ကပြန်မေးသည်
"တော်ပြီ ဟေ့ကောင် မစားဘူး"
"ဟုတ်တယ် မစားနဲ့ လေးလေး ကျွန်တော်တို့တရွာလုံးမစားဘူး ဧည့်သည်တွေပဲကျွေးတာ"

"သေစမ်းဟဲ့ နန္ဒိယ" 😁😁 ဆိုပြီးကိုယ့်နဖူးကိုယ်ပဲပြန်ရိုက်လိုက်မိလေတော့သည်



စာ Credit #
Copy from Leonard

ဖက်ထုပ်ပေါင်းနည်း🎉🎉New Years အားလပ်ရက် လေးမှာမိသာစုနဲ့အတူ home mdae  လုပ်စားလို့ရအောင်ပြန်တင်ပေးလိုက်တာပါရှင့်လိုအပ်သောပ...
02/01/2024

ဖက်ထုပ်ပေါင်းနည်း🎉🎉

New Years အားလပ်ရက် လေးမှာ
မိသာစုနဲ့အတူ home mdae လုပ်စားလို့ရအောင်
ပြန်တင်ပေးလိုက်တာပါရှင့်

လိုအပ်သောပစ္စည်းများ

(1)ဖက်ထုပ်ရွက်
(2)ကြက်ဥတစ်လုံး ( အကာအရည်သာယူရပါမယ် )
(3)ကြက်သား သို့ ဝက်သား
(4)ကြက်သွန်မြိတ်တစ်စည်း
(5)ကော်မှုန့် ( အထုပ်သေးတစ်ထုပ် )
(6)ကြက်သွန်ဖြူ၅မွှာ

2.3.4.5.6 နှင့် ငရုတ်ကောင်းမှုန့် ခရုဆီ ကြက်သားမှုန့် အကုန်ရောပြီး သမသွားအောင် ကြိတ်စက်ဖြင့်ကြိတ်ပေးပါ။ ရလာတဲ့အစာပလာကို ဖက်ထုပ်ရွက်ရဲ့အလယ်မှာ အနည်းငယ်ဆီထည့် ပြီး အနားသားများကိုကျုံလိုက်ပါ။ ပြီးမှ ထမင်းပေါင်းအိုးအသုံးပြုပြီးပေါင်းပါ။ ၄၅မိနစ်လောက်ဆို ဖက်ထုပ်ပေါင်းလေးရပါပြီနော်။ ကြက်သွန်ကြော်ကြိုက်သူများလည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Credit :

ဖက်ထုပ်ပြုတ်
-----------------
ဒီဖက်ထုပ်ပြုတ်က လွယ်ကူရိုးရှင်းပြီး အရသာလည်းရှိတဲ့ ဟင်းလျာလေးပါ။ သားသား၊ မီးမီးတို့အတွက် အလွယ်တကူ ပြင်ဆင်ပေးနိုင်ပြီး အကြိုက် တွေ့စေတဲ့ ဖက်ထုပ်ပြုတ် ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
ဝက်သား - ၁ဝဝ ဂရမ်
ဆီ - လိုအပ်သလို
ကြက်သွန်ဖြူ - ၃ မြွှာ (ဓားပြားရိုက်ပါ)
ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်နီ - ၁ လုံး (၄ စိတ်စိတ်ပါ)
ဆား - အနည်းငယ်
မုန်လာဥနီ၊ ဂေါ်ဖီ၊ မုန်ညင်း၊
ကြက်သွန်မြိတ် - အနည်းငယ်စီ
(ပါးပါးလှီးထားပါ)
တရုတ်နံနံ - အနည်းငယ်
ဖက်ထုပ်အရွက် - ၂၀ ရွက်ခန့်
ပဲပြား - ၁ တုံး
ဟင်းခတ်မှုန့် - အနည်းငယ်
ပဲငံပြာရည်အကြည် - အနည်းငယ်
သကြား - အနည်းငယ်

ပြုလုပ်နည်း
၁။ ဇလုံတစ်လုံးထဲ ဝက်သားကို ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ကော်မှုန့်နှင့် ဆီ အနည်းငယ်ထည့်ပြီး အရသာ နယ်ပါ။
၂။ အသားလုံး ၅ လုံးခန့် လုံးပါ။
၃။ ဝက်သားပြားကို ဖက်ထုပ်ထဲ ထည့်ပါ။
၄။ ဖက်ထုပ်ကို ပြုတ်ပါ။
၅။ ရေဆူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန် မြိတ် အနည်းငယ်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်နှင့် ပဲငံပြာရည်အကြည်တို့ကို ထည့်ပါ။
၆။ ရေဆူလာလျှင် ဝက်သားလုံးနှင့် ဖက်ထုပ်ကို တစ်ခါ
တည်း ထည့်ပါ။
၇။ ပဲပြားကို ထည့်ပါ။
၈။ ရေဆူလာလျှင် ပါးပါးလှီးထားတဲ့ အသီးအနှံများ
ထည့်ပါ။
၉။ ပြီးလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
-----------------------------------

Crd
Eant Wint Htut

02/12/2023

နေ့တိုင်း ဘာဟင်းချက်ရမလဲလို့ စဉ်းစား နေရတဲ့သူတွေ

ရှိလား

အိမ်က အမျိုးသားကို ချက်ကျွေးဖို့ မူရင်းပုံပိုင်ရှင် crd ပါနော်
15/08/2023

အိမ်က အမျိုးသားကို ချက်ကျွေးဖို့

မူရင်းပုံပိုင်ရှင် crd ပါနော်

ဈေးသွားရင်ဘာချက်ရမလဲတွေးရတာ စိတ်ညစ်နေသူများအတွက်....၅၉ ရက်စာ ❤️❤️၁. ကြက်သားအာလူးဟင်း+ပဲကုလားဟင်း+ ကန်ဇွန်းရွက်ကြော်+ ဘာလ...
12/08/2023

ဈေးသွားရင်ဘာချက်ရမလဲတွေးရတာ စိတ်ညစ်နေသူများအတွက်....၅၉ ရက်စာ ❤️❤️

၁. ကြက်သားအာလူးဟင်း+ပဲကုလားဟင်း+ ကန်ဇွန်းရွက်ကြော်+ ဘာလချောင်ကြော်

၂. ငါးမွှေ+ဂေါ်ရခါးသီးချဉ်ရည်+ငရုပ်ပွကြော်+ ဘာလချောင်ကြော်

၃.ငါးဖယ်ငါးဆုတ်+ကျောက်ဖရုံသီးချဉ်ရည်+ရုံးပတီသီးကြော်+ငါးပိထောင်း

၄.ပုစွန် ဆီပြန်+ ကန်ဇွန်းရွက်ချဉ်ရည် +ပန်းဂေါ်ဖီကြက်ဥ+ငရုပ်သီးဆားထောင်း

၅. ဘဲဥဆီပြန်+ပဲရွက်ဟင်းချို+ကင်းပုံသီးချက်+ငံပြာရည်ချက်+တို့စရာ

၆. ပုစွန်ဘော့ချိတ်+ ဂေါ်ရခါးသီးအချိုချက်+မြင်းခွာရွက်သုတ်+ငါးပိချက်

၇.၀က်သနီချက်+ဘူးသီးချည်ရည်+ရွှေပဲသီးဥနီ+ဘာလချောင်ကြော်

၈. ကကတစ် ကြက်ကသွန်နှပ်+ဂေါ်ဖီရွက် ကြာဆံဟင်းခါး +ခရမ်းသီးသုတ်+ငါးခူငါးပိကောင်

၉. ငါးထမင်းဆိမ့်+ ကြက်ကြော်+ ဘူးသီးဟင်းခါး

၁၀. ကြက်သားဆီပြန် + ပဲကြီးဆူးပုပ် + သရက်သီးပိုးတီသုပ်+ငံပျာရည်ကြော်

၁၁.ဝက်သားအာလူးဟင်း+ချဉ်ပေါင်ရွက်ဟင်းချို + သရပ်သီးသနပ် + ငါးပိကြော်

၁၂.ကြက်သားကာလသားချက် ဘူးသီးရော+နံရိုး ကျောက်ဖရုံဟင်းချို +ပုစွန်ချဉ်သုပ် + ငါးရံ့ခြောက်ဖုတ်

၁၃.သီးစုံဒန့်ဒလွန်သီးပဲကုလားဟင်း + ငါးကျည်းအစပ်ကြော်+ဘဲဥကြော်

၁၄. ကြက်သားဆီပြန်+ ချဉ်ပေါင်ကြော်+ဘူးသီးဟင်းခါး+ ငပိရည်+တို့စရာ

၁၅. ငါးအိုးကပ် + ပဲကြီးနပ် + ငါးပိကျော်+ မုန်လာချဉ်သုပ်

၁၆. ကြက်သားကြော်+ဘူးသီးဟင်းခါး+ငါးချဉ်သုပ်+သီးရွက်စုံနှမ်းဆီဖြန်းအစိမ်းကျော်

၁၇. ငါးရံ့ကြော် +ဘူးသီးချည်ရည် +ပဲကြီးနှပ်

၁၈. ဝက်ပုန်းရည် +မန်ကျီးရွက်သုပ် +ကြာဇံဟင်းခါး

၁၉. ငါးခူအစပ်ကြော် +ပဲနီလေးဟင်းချို +ခရမ်းချဉ်သီးသုပ်

၂၀. ငါးသလောက်ဟင်း +ကန်စွန်ရွက်ကြော် +ဘူးသီးဟင်းခါး

၂၁. ဆိတ်သားနှပ် +မြင်းခွာရွက်သုပ် +မုန်လာဥချည်ရည်

၂၂. ကြက်သားဟင်း+အစိမ်းကြော်+ချဉ်ပေါင်ဟင်း

၂၃. ဝက်သားအချိုချက်+ချဉ်ပေါင်ရွက်နဲ့မျှစ်အချဉ်ဟင်း+ အာပြဲခြောက်အစပ်ကြော်+ ပဲသီးဘဲဥကြော်

၂၄. ရွှေဖရုံ့သီးဆီပြန်+မန်ကျီးစိမ်းချက်+ကြာဇံဟင်းခါး+ငါးသလဲထိုးကြော်

၂၅. ချဉ်ပေါင်ပုစွန်မျှစ်ကြော်+ငါးပုဏ္ဏားကြော်+ဘူးသီးဟင်းခါး

၂၆.ကြက်သားကြော်+ချဉ်ရည်ဟင်း+ငရုပ်သီးဆားထောင်း

၂၇. ကြက်သားကြော်+ကန်စွန်းရွက်ကြော်+ငပိရည် တို့စရာ

၂၈.၀က်သားမျှစ်ချဉ်ဟင်း+ပဲပုတ်ထောင်း+ဂေါ်ရခါးညွန့်ကြော်

၂၉. သီးစုံချဉ်ရည်ဘဲဥဟင်း+ငံပြာရည်ကြော်

၃၀. ငါးသလောက်ချဉ်ပေါင်+ငံပြာရည်ချက်

၃၁.ခရမ်းချဉ်သီးအစပ်ထောင်း+ကြံဟင်းရွက်ဟင်းချို+ မကျည်းသီးအမှည့်ကို ငါးပိဖုတ်နဲ့ ဖျော်ရည်စိမ်+ဆိတ်သားခြောက်ငရုတ်သီးအိုးကပ် or ငါးလေးအိုးကပ်+ပိန္နဲသီးနှပ်

၃၂.ကြက်ဘူးသီး+ငပိထောင်း+သရက်ချဉ်သုပ်+ ပုဇွန်ခြောက်ကြော်

၃၃.ပဲနီလေးပဲဟင်း+ပန်ချာပီခြောက်+ ငရုတ်သီးခြောက်ကြော် +ကြက်သားအချို နှပ်+သရက်ချဉ်သုပ်

၃၄.မျှဉ်ချဉ်ကြက်ရိုးချဉ်ရည်+ ငါးပိထောင်း+ဝက်သားလုံးကြော်

၃၅.ကြက်သားနဲ့ ရှမ်းချဉ်+ ငါးကျည်းခြောက်ငရုတ်သီးချက် +ဒန့်သလွန်ရွက်ဟင်းချို

၃၆. ပုဇွန် ငရုတ်ပွသီးနဲ့ ဥနီအချိုချက်+ပဲကြီးဟင်းရည် +ပုန်းရည်ကြီးသုပ်

၃၇. ကြက်သားပြုတ်ကြော်+ ခရမ်းချဉ်သီးငါးငပိချက် စပ်စပ်+ တို့စရာ.ပေါက်ပန်းဖြူ..ပဲသီး.သခွားသီးနဲ့တမာချဉ်+ဘူးသီးဟင်းခါး

၃၈. ငါးခူကြော်+ဆူးပန်းရွက်ချဉ်ရည်+ကြက်ရိုးငရုတ်သီးချက်+မြူ ရွက်သုတ်

၃၉. ငါးကြော်ငရုတ်ခွဲကြမ်းကြော်နှပ် +ပဲကြီးဆူးပုတ်အရွက်စုံတောဟင်းချို +သရက်ချဉ်သုပ်

၄၀. ငါးပေါင်း သရက်သီးအစိမ်းသုပ် + ပုဇွန်ခြောက်ငပိကြော်+ ဘူးသီးဟင်းခါး

၄၁.သီးစုံချဉ်ရေ+ဝက်သားလုံးမှိုချက် + ပဲကတီပါပြုတ်ကျော်+အညာငြုပ်သီးထောင်း

၄၂.ငါးရံအူဟင်း+မရမ်းသီးထောင်း+ဘူးသီးဟင်းခါး+ရုံးပတီသီးကြော်

၄၃. သီးစုံချဉ်ရေ+ကြက်သားလုံးမှိုချက် +ပဲပြုတ်မျစ်ကြော် +ငြုပ်သီးဆားထောင်း

၄၄.ဝက်သားပဲဆီပြုတ်+ကပ်ဘီလူးနဲ့ကင်မွန်းရွက်အချဉ်ရည်ဟင်း+သခွားသီး ငပိ

၄၅.ခရမ်းချဉ်သီးပန်ထွေဖျော်+ငါးရံ့ခြောက်ဖုတ်+ပန်းမုန်လာကြော် + ပဲရာဇာနဲ့ ကျောက်ဖရုံသီးဟင်းချို

၄၆. ပဲကုလားဟင်း+အာပြဲခြောက်ကြော်စပ်စပ်+အစိမ်းကြော်+ ငပိရည်တို့စရာ သရက်သီးကင်း

၄၇.ပုဇွန်လေးနဲ့ခရမ်းချဉ်သီးအူဖေါက်ချက်+ ပန်းပွင့်နဲ့ကြက်ဥကြော် +ငရုပ်သီးထောင်း ငါးခြောက်ဖုတ်

၄၈.ဝက်သည်း ပဲကြာဇံမှိုခြောက်ဥနီကြော် တရုပ်နံနံအုပ်+ဝက်နံရိုး ကြံမဆိုင်အရည်သောက်+ ပဲပုတ်အစပ်ကြော်

၄၉.၀က်သားနဲ့ခရမ်းချဉ်သီးဆီပြန်+မျှစ်ထောင်းစပ်+ပဲနီလေးဟင်းချို

၅၀. ကြက်သားနဲ့ပျားရည်ချက်+ ငပိကြော် +ချဉ်ပေါင်ဟင်းချို +ငါးဖယ်ပြုတ်သုတ်

၅၁. ကြက်သားပေါင်း ကြံမဆိုင်နဲ့ဘဲသားချက်+ငပိကြော်+ သရက်သီးသုပ်

၅၂. ကြက်ကုလားပဲ+နာနတ်သီးသုတ် +ငံပြာရည်ကြော်ပန်းပွင့်ဘဲဥကြော်

၅၃. ငါးခြောက်ချက်+ကြက်ဥကြော်+ချဉ်ပေါင်ဟင်း+ပဲအိုးနှပ်

၅၄.ကင်းမွန်ချဉ်စပ်+ဘူးသီးကြာဇံဟင်းခါး+မျှစ်ကင်းပုံသီးကြော်+မျှင်ငါးပိငါးမီးဖုတ်ဖျော်+သရက်သီးစိမ်း၊ ရုံးပတီသီးခရမ်းသီးပြုတ်၊ ပေါက်ပန်းဖြူရွက်ပြုတ်

၅၅.ဘဲဥချဉ်ဟင်း ကန်စွန်းမှိုကြော် ငါးပိတို့စရာအစုံ ဘူးသီးဟင်းခါး

၅၆.ငါးခြောက်ချက်+ကြက်ဥကြော်+ချဉ်ပေါင်ဟင်း+ပဲအိုးနှပ်

၅၇.ဘဲသားအာလူးဆီပြန် ဗူးညွန့်ဆူးပုတ်ဟင်းချို ငါးပိရည်တို့စရာ သရက်သီး

၅၈.၀က်လက်မျှစ်ချဉ်+ပဲရေပွ+ဂျူးထောင်း+ငံပြာရည်ဆီသတ်

၅၉.ပိန်းဥနဲ့ကြက်သားအရည်သောက်ဟင်း+ ငါးခူကြော်နှပ်+ငါးပိချဉ်စပ်ထောင်း

:original uploader

"ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်" လုပ်နည်းလေးတင်ပေးလိုက်ပါတယ်နော်☺️ လုပ်စားကြည့်ကြပါ အရမ်းကိုစားလို့ကောင်းတယ် ချ...
24/07/2023

"ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်" လုပ်နည်းလေး
တင်ပေးလိုက်ပါတယ်နော်☺️ လုပ်စားကြည့်ကြပါ အရမ်းကိုစားလို့ကောင်းတယ် ချဉ်ငန်စပ်စပ်လေး😋လုပ်ရတာလဲ အရမ်းကိုလွယ်တယ်နော်👍🏻

"ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်" လုပ်ရန်အတွက်ပါဝင်ပစ္စည်းများ>>>

၁.ယိုးဇယားReadymade အပြာထုတ်၂ထုတ်
၂.CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ)
၃.ပဲပင်ပေါက်,ကြက်သွန်နီ,ဂေါ်ဖီထုတ် အနဲငယ်
၄.ငရုတ်သီးအတောင့်ကြော် (ထမင်းစားဇွန်း၅ဇွန်း)
၅.ကင်းမွန်ငံပြာရည် (ဟင်းခတ်ဇွန်း၃ဇွန်း)
၆.သံပုရာသီး ၃လုံး , ဟင်းချိုမှုန့်လိုသလောက်

"ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်" ပြုလုပ်နည်း
အဆင့်ဆင့် >>>

၁. ပဲပင်ပေါက်,ကြက်သွန်နီ,ဂေါ်ဖီထုတ် အနဲငယ်ကို လှီးထားပါ

၂. CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ) ကြော်ထား,ပြုတ်ထားပါ

၃. ယိုးဇယားReadymade အပြာထုတ်၂ထုတ်ကို ပြုတ်ထားပါ (အရမ်းမပျော့ပါစေနဲ့)

၄. ပဲပင်ပေါက်,ဂေါ်ဖီထုတ် တွေကို ၅မိနစ်လောက် ပြုတ်ထားပေးပါ

၅.သုပ်နည်း>>> ငရုတ်သီးအတောင့်ကြော် (ထမင်းစားဇွန်း၅ဇွန်း)ကို ထည့်ပါ ကင်းမွန်ငံပြာရည် (ဟင်းခတ်ဇွန်း၃ဇွန်း)ထည့်ပါ သံပုရာသီး ၃လုံးကိုညှစ်ထည့်ပါ ဟင်းချိုမှုန့်လိုသလောက်ထည့်ပါ

၆.အပေါ့အငန်မြည်းပီး အချဉ်ရည်စပ်စပ်လေး ရပါပီ

၇.အချဉ်ရည်ထဲကို ကြက်သွန်နီလှီးထားတာတွေထည့်ပီးနှယ်ပါ CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ) ကြော်ထား,ပြုတ်ထားတာတွေထည့်ပီးနှယ်ပါ

၈.သမအောင်နှယ်ထားပါ

၉.အကုန်လုံးရောနှယ်ထားတဲ့အချဉ်ရည်ထဲကို ကြာဇံပြုတ်တ်ထားတွေထည့်ပီး သမအောင်ထပ်ရောနှယ်ပါ

၁၀.နောက်တော့ ပဲပင်ပေါက်,ဂေါ်ဖီထုတ် တွေကို ပြုတ်ထားတာတွေထည့်ပီး သမအောင်ထပ်ပီးနှယ်ပါ

၁၁.ပီးရင် ကြာဇံထုတ်ထဲကပါသော ဆီထုတ်တွေကို ဖောက်ထည့်ပီး သမအောင်ထပ်နှယ်ပါ

၁၂.ကဲ............နောက်ဆုံးမှာတော့ အရမ်းကိုအရသာရှိပီး ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ "ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်" လေးကို စားလို့ရပါပီ😋 အရသာကတော့ ဘန်ကောက်မှာစားဖူးတဲ့အရသာတွေအတိုင်းဘဲ😬👍🏻 လုပ်စားကြည့်ကြနော် 😋😋😋

🍁ZPH🍁 Original Photo
Thank Q All💜💜💜

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ?ခပ်နည်းနည်းပဲစားတဲ့ Style❤❤❤❤❤❤❤မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyle...
06/06/2023

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ?

ခပ်နည်းနည်းပဲစားတဲ့ Style
❤❤❤❤❤❤❤

မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။

အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ်။အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်။အသက်ရှင်ဖို့စားတာမဟုတ်ဘဲစားဖို့အသက်ရှင်နေသလိုဖြစ်နေကြတယ်။

အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပဲ​ ဖြစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပဲ​ဖြစ်
တယ်။။အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ်။ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ။ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ်။အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ်။အူတွေကလည်းအလုပ်ပိုလုပ်ရတယ်။ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ်။နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး။ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ်။Free Radical တွေပိုထွက်လာစေတယ်။ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ်။ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ။သူတို့ဟာရောဂါသိပ်များတယ်။အစောကြီးသေကြတယ်။ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ်။ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ်။တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်။သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်။

ကဲ....ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်....

မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်။

ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။စားတာကအကုန်စားလို့ရတယ်နော်။အဆီ၊အခေါက်၊အသား၊ကလီစာ၊အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား။

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့။
၂ပွဲမဖြစ်စေနဲ့။အီကြာကွေးဆိုလည်းတစ်ချောင်းပေါ့၊
ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊
ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။

Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်​ဖြစ်ရမယ်။ဗိုက်ဆာရင်ရေသောက်ပေါ့။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ။တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ်။တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး။နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ။အဲဒါဆိုအေးအေးဆေးဆေးပဲ။

ရေကတော့Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ်။ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ်။ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲ။ရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကောင်းပါတယ်။စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်။

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ်။ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ်။ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ်။မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ်။Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှုကလည်းအလိုလိုstyleကျနေလိမ့်မယ်။ဥာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ်။တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ်။မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့်မယ်။

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ်။အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ်။အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ်။ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ်။အဲဒါကိုသတိထားမိတယ်။

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ်။ထမင်းကို၃ပန်းကန်လောက်စားတာကိုး။ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ်။သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။သင့်ရုံပဲစားတဲ့။ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်။

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ်။​ေဟာလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ။မြန်မာပြည်မှာလည်းကြည့်။သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့။ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ။ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာ။အခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်။

ကဲ...မိတ်ဆွေများ....အခုကjuneလပေါ့ဗျာ။အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား။နောက်နှစ်Jun ဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ်။တစ်ကယ်ဖြစ်ချင်ရင်တစ်ကယ်လုပ်-အဟုတ်ဖြစ်ရမည်တဲ့။နေမကောင်းဘူးဆိုတာမရှိစေရ။ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတစ်ကယ်လိုချင်သူတွေအတွက်.....

CHALLENGE.......!!!

ချစ်ခင်လေးစားလျှက်........

Crd- စာရေးဆရာမင်းကျော်ဝင်း

* အပူလှိုင်းအတွက် ပြင်ဆင်ပါ။  *  မြင့်မားသောအပူချိန် 40-50 C အကြားတွင် ပြင်ဆင်ထားပါ။ ရေသန့်ကို အမြဲသောက်ပြီး ဖြည်းဖြည်းခ...
20/04/2023

* အပူလှိုင်းအတွက် ပြင်ဆင်ပါ။ *

မြင့်မားသောအပူချိန် 40-50 C အကြားတွင် ပြင်ဆင်ထားပါ။ ရေသန့်ကို အမြဲသောက်ပြီး ဖြည်းဖြည်းချင်း သောက်ပါ။ ရေအေး သို့မဟုတ် ရေခဲကို ရှောင်ပါ။

လက်ရှိတွင် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် အခြားနိုင်ငံများတွင် အပူလှိုင်း ကြုံတွေ့နေရသည်။

ဘာလုပ်ရမလဲ၊ မလုပ်သင့်ဘူးလား။

1. * အပူချိန် 40 ဒီဂရီစင်တီဂရိတ်ရောက်တဲ့အခါ အလွန်အေးတဲ့ရေကို ဆက်မသောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားထားတာကြောင့် သွေးကြောလေးတွေ ကွဲထွက်နိုင်သလို ပေါက်ကွဲနိုင်ပါတယ်။ *

နေပူတဲ့နေ့မှာ ဆရာဝန်ရဲ့ သူငယ်ချင်းတစ်ယောက်က အပြင်ကနေ ဝင်လာတယ်လို့ ပြောပါတယ်။ ချွေးတွေ ချွေးတွေထွက်ပြီး မြန်မြန်အေးချင်တော့ ခြေထောက်ကို ရေအေးနဲ့ ချက်ချင်းဆေးလိုက်တယ်... ရုတ်တရက် မမြင်ရတော့ဘဲ လဲကျသွားတယ်။ အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

2. အပူရှိန် 38 C နဲ့ အပြင်ကနေ ထွက်လာရင်... နွေးကြရအောင်။ ရေအေးမသောက်ပါနဲ့။ ရေနွေး (သို့) ရေနွေးကို သောက်နိုင်သော်လည်း ဖြည်းဖြည်းချင်း သောက်ပါ။

လက် သို့မဟုတ် ခြေထောက်ကို ချက်ချင်းဆေးကြောခြင်း မပြုပါနှင့်၊ နေရောင်နှင့် ထိတွေ့သော စိုစွတ်သောနေရာများကို မဆေးကြောပါနှင့်။ လက်ဆေးခြင်း သို့မဟုတ် ရေမချိုးမီ အနည်းဆုံး မိနစ် 30 သို့မဟုတ် နာရီဝက်ခန့်ထားပါ။

3. လူတစ်ဦးသည် အပူဒဏ်မှ အအေးခံပြီး ချက်ချင်း ရေချိုးသည်။ ရေချိုးပြီးနောက် မေးရိုးတောင့်တင်းကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ လေဖြတ်ဖူးသူ။

*မှတ်စုများ*
နွေရာသီတွင် သို့မဟုတ် အလွန်မောပန်းနွမ်းနယ်နေပါက သွေးကြောများ သို့မဟုတ် သွေးကြောများကို ကျဉ်းစေနိုင်သောကြောင့် လေဖြတ်ခြင်းကို ဖြစ်စေနိုင်သောကြောင့် အလွန်အေးသောရေကို ချက်ချင်းသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။

သင့်ကလေးများနှင့် အခန်းဖော်များကို အချင်းချင်း သတိပေးချက်အဖြစ် သင်ပေးပါ။

💚

တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့မှစ၍ ၇ရက်သားသမီးများအားလုံး  နှလုံးစိတ်ဝမ်း အေးချမ်းစွာကုသိုလ်တရားများ ...
05/03/2023

တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓ ပြည်တော်ဝင်
အခါတော်နေ့မှစ၍ ၇ရက်သားသမီးများအားလုံး
နှလုံးစိတ်ဝမ်း အေးချမ်းစွာ
ကုသိုလ်တရားများ အစဥ်အားထုတ်နိုင်ကြပါစေ။

တပေါင်းလပြည့်နေ့
( ပြည်တော်ဝင် အခါတော်နေ့)
******************************
ဗုဒ္ဓဘုရားရှင်သည်
ကဿပညီနောင်ရှင်တစ်ထောင်ကို ချေချွတ်တော်မှုပြီး၊
ပြာသိုလ်လတွင် ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မှုသည်။
သုဒ္ဓေါဒနမင်းကြီးသည် သားတော်နှင့် ၇ နှစ်ကာလ
ကြာခဲ့ပြီဖြစ်၏။

မင်းကြီးသည် မြတ်ဗုဒ္ဓအား ကပိလဝတ် နေပြည်တော်သို့
ကြွချီတော်မှုပါရန် အမတ်(၁)ဦးကို ခေါင်းဆောင်စေ၍၊
မင်းချင်း(၁၀၀၀)ဖြင့် လိုက်ပါစေ၍ ပင့်လျှောက်စေရာ ပြန်ရောက်မလာ၍၊ နောက်ထပ် (၁၀၀၀) စေလွှတ်ပြန်သော်လည်း ပြန်ရောက်မလာ

တတိယအဖွဲ့မှ နဝမအဖွဲ့ထိ ပြန်မလာဘဲ
ဘုရားရှင်ထံ ရောက်သောအခါ စေလွှတ်လိုက်သည့်
ခေါင်းဆောင် ၉ ဦးနှင့် မှူးမတ် ၉၀၀၀တို့သည်
ရဟန်းဖြစ်ကုန်ကြ၏။

နောက်ဆုံး ကာဋ္ဌုဒါယီ အမတ်ကြီး ခေါင်းဆောင်၍
မင်းချင်း(၁၀၀၀)ဖြင့် စေလွှတ်ပြန်သည်။
ထိုအမတ်သည် မြတ်ဗုဒ္ဓနှင့် ဖွားဘက်တော် ဖြစ်၏။
ကာဋ္ဌုဒါယီအဖွဲ့သည်လည်း ရဟန်းတွေချည်း
ဖြစ်ကုန်ကြ၏။ ထို့အခါမှ ကာဋ္ဌုဒါယီမထေရ်သည်
မင်းကြီးဆီကို ကြွချည်တော်မှုရန်
တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း
၆၄ ဂါထာသီကုံး၍ လျှောက်ထားသည်။

ထိုအခါမှ ဘုရားရှင်သည်သတိဝင်၍၊ရဟန္တာပေါင်း ၂၀၀၀၀ ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊
တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် မြို့ရာဇဂြိုလ်မှ ယူဇနာပေါင်း ၆၀အကွာအဝေးကို တစ်နေ့လျှင်
၁ယူဇနာဖြင့် ရက်ပေါင်း၆၀ နှစ်လမျှ ဒေသစာရီ
ကြွချီတော်မှုပါသည်။ ဤသို့ကြွချီတော်မှုခြင်းကို အစွဲပြု၍၊ "ပြည်တော်ဝင်အခါတော်နေ့" ဟု သတ်မှတ်၍၊
မြန်မာပြည်တွင် ဘာသာရေးအသင်အဖွဲ့များ၊
ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်ပူဇော်၍
အခမ်းနားဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ဤသို့ ကြွချီတော်မှုခြင်းကြောင့် ဗုဒ္ဓဘာသာသမိုင်းတွင်
အောက်ပါအကျိုးဆက်များ
ဖြစ်ပေါ်လာကြောင်း မှတ်သားရသည်။

* နီဂြောဓာရုံကျောင်းတော်ကြီး
ပေါ်ပေါက်လာ၏။

* သာကီဝင်မင်းတို့၏ရန်စွယ်ကို ပယ်သောအားဖြင့်
ပေါက္ခရဝဿမိုး ရွာသွန်းသည်။

* ဂါထာ၁၀၀၀ဖြင့်တန်ဆာဆင်အပ်သော
ဝေဿန္တရာဇာတ်တော်ကို
ဘုရားရှင် ဟောကြားတော်မှုသည်။

* မဟာဓမ္မပါလ ဇာတ်တော်ကိုနာကြားရ၍
ခမည်းတော်မင်းတရားကြီး အနာဂါမ်တည်ပြီး၊
နောင်အခါ အရဟတ္တဖိုလ်တည်၏၊
မိထွေးတော်ဂေါတမီ သောတပန်တည်၏၊
နောင်အခါ ဘိက္ခုနီ သာသနာပေါ်ထွန်း၏။

* ယသော်ဓရာကို အကြောင်းပြု၍၊
စန္ဒကိန္ဒရီဇောတ်တော်ကို ဟောကြားတော်မှု၏။

* ဇနပဒကလျာနီ ကြင်ယာတော်နန္ဒမင်းသား
ရဟန်းဖြစ်လာရ၏။

* သားတော် ရာဟုလာ အမွေတောင်း၍၊
သာမဏေဘဝ ရဟန်း ဖြစ်လာ၏။

* သာကီဝင်မျိုးမှ မင်းပေါင်း(၁၀၀၀)
ရဟန်းဘောင်သို့ ဝင်ရောက်ရ၏။

* ကာဋ္ဌုဒါယီမထေရ်သည် ဆွေမျိုးတို့အား
မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌
အမြတ်ဆုံးဘွဲ့ "ကုလပ္ပသာလ" ဧကဒဂ်ဘွဲ့
ချီးမြှင့်ခြင်း ခံရသည်။

* အရှင်သာရိပုတ္တရာက လျှောက်ထား၍
ဗုဒ္ဓဝင်ဒေသနာတော်ကို မြတ်ဘုရား
ဟောကြားတော်မူ၏🙏🙏🙏

Credit_____________________

ပုဇွန် ဖက်ထုပ်ပေါင်း 🤤🤤🤤 #ကျော်မွန်စားသောက်ကုန်
01/02/2023

ပုဇွန် ဖက်ထုပ်ပေါင်း 🤤🤤🤤

#ကျော်မွန်စားသောက်ကုန်

ဒီကနေ့တော့ အိမ်ရှင်မ မအားဘူးကွာ 😍ဟင်းမချက်တော့ဘူး ဟင်းတစ်ခွက် အဖစ် အစားထိုးရတဲ့ ကျော်မွန် အသားတုကြော်လေးပဲ ဝယ်စားတော့မယ်...
22/01/2023

ဒီကနေ့တော့ အိမ်ရှင်မ မအားဘူးကွာ 😍

ဟင်းမချက်တော့ဘူး ဟင်းတစ်ခွက် အဖစ် အစားထိုးရ

တဲ့ ကျော်မွန် အသားတုကြော်လေးပဲ ဝယ်စားတော့

မယ်ကွာ😋

315g ဘူး - 5500
150g ထုတ် - 3000

#ကျော်မွန်အသားတုအစပ်ကြော်
#ကျော်မွန်အသားတုငါးနီလေးအစပ်ကြော်
#ကျော်မွန်စားသောက်ကုန်

Address

Mandalay Region, Amarapura
Mandalay

Telephone

+959446672864

Website

Alerts

Be the first to know and let us send you an email when ကျော်မွန် စားသောက်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share