Ma Yu

Ma Yu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Yu, Grocers, 12st×87st, Mandalay.

15/01/2026

နမိတ်ဆိုတာတကယ်ရှိတယ် မြင်တာချဲ့ပါ
ဂုဏ်ယူပါတယ်
သင့်အတွက် အိမ်ဝယ်ဖို့ ။အခုပဲလက်ခံလိုက်ပါ

24/08/2025

ဘာကြောင့် စာဖတ်ဖို့လိုသလဲ...

ဆရာကြီးဦးအောင်သင်းရဲ့
ကျွန်တော်အကြိုက်ဆုံးထဲက
အကြိုက်ဆုံးစကား

လူနဲ့တိရစ္ဆာန်
ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင်...

မြင်းလောက်အပြေးသန်သလား?

ဆင်လောက်ခွန်အားကြီးသလား?

ငါးလောက်ရေကူးကျွမ်းသလား?

ကျီးကန်တို့လဒတို့လောက်
မျက်စိလျှင် လား?

အယ်ဇေးရှင်းခွေးလောက်
အနံ့ခံကောင်းလား?

ကျွန်တော်တို့က
အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့

ပျားတွေလောက်မစည်းလုံးဘူးနော်

ပျားတွေဟာသိပ်ဝီရိယကောင်းတယ်

ပန်းပွင့်မညိုးခင်
မနက်စောစော
ကတည်းက လုံ့လစိုက်ပြီး
အလုပ်လုပ်တယ်

ပျားတစ်ကောင်ဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်
သတင်းလာပို့တယ်

သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း
ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်
ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ

ရှဉ့်လျှောက်လို့ရအောင်
လမ်းချန်ပေးထားတယ်

သူများသွားလမ်းပိတ်မထားဘူး
လူတွေလို ဘယ်သူသေသေ
ပြီးပြီးရောဆိုတဲ့
စိတ်ယုတ်မရှိဘူး
ပျားအုံကိုထိရင်
အသေခံကာကွယ်တယ်
ကြည့်စမ်း

ပျားတွေနိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီး ဆက်စဉ်းစားကြရအောင်
လူတွေဟာတိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင်
်သုံးမျိူးပဲရှိတယ်

၁.အလှအပကိုခံစားတတ်ခြင်း
ဖန်တီးတတ်ခြင်း

၂.ကိုယ့်ကျင့်တရားရှိခြင်း

၃.ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း
ဥာဏ်ပညာရှိခြင်း

လူတွေဟာအလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်

မကောင်းတာကောင်းတာသူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ္ဆာန်နဲ့မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာကြီးတယ်

ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်

မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်

ရေကူးကျွမ်းတဲ့ငါးကို
ငါးမျှားချိတ်နဲ့များတယ်
ပိုက်နဲ့ဖမ်းတယ်

ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက်
အကျိူးအကြောင်းဆင်ခြင်နိုင်လို့
ဥာဏ်ပညာကြီးလို့ပေါ့
လူတွေကတိရစ္ဆာန်တွေအပေါ်
လွှမ်းမိုးနိုင်တာဟာ
ဥာဏ်ပိုကြီးလို့

ဒါဆိုရင်လူအချင်းချင်းရော
သေချာစဉ်းစားကြည့်
လူတွေမှာလည်း
ပညာကြီးတဲ့လူက
ပညာနည်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့

သူများနိုင်ငံမှာသွားပြီး
ပညာသင်ရတယ်

သူများနိုင်ငံမှာသွားပြီး
အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

ဒါကိုတို့နိုင်ငံက လူတွေက
အခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး..

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ။

စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ
သူများအမှား
ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေအကြုံ
ကိုယ့်အတွေအကြုံအဖြစ်
ရယူတာ..

စာဖတ်တဲ့နေရာမှာ
ဦးနှောက်ကို ခွန်အားဖြစ်စေမယ့်
စာမျိူး များများဖတ်ပါ ။

ဘဝကိုဦးနှောက်ကဦးဆောင်တာ
အသိပညာရစေမယ်စာတွေ
များများဖတ်စေချင်တယ်

ဆရာကြီးအားလေးစားလျက်....

Credit....

16/08/2025
22/02/2025

Aဆို😁

10/02/2025

“ တကယ်တော့ အလွမ်းဆိုတာ အထက်တန်းကျတဲ့ ခံစားမှုပါ ” - အောင်နိုင်သူ -

တက္ကသိုလ်တက်ရတဲ့ နေ့ရက်တွေနဲ့ အဆောင်မှာ နေခဲ့ရတဲ့ရက်တွေက ဘယ်လောက်တောင် ပျော်စရာကောင်းပါလိမ့် ??? ကျောင်းကို လွမ်းရတဲ့အရသာ ၊ အဆောင်နေကျောင်းသားဘဝကို တမ်းတရတဲ့ အရသာ ဒီလွမ်းဆွေးမှု ၊ တမ်းတမှုတွေကို တဝကြီး ပြန်လည်လွမ်းဆွတ်လာစေပြီး စိတ်ပျော်ရွှင်မဲ့ စာအုပ်လေးအကြောင်းကို ဒီတစ်ခါပြောပြမှာပါ ။

အညာတက္ကသိုလ်ကြီးရဲ့ အငွေ့အသက်ကို တစ်ဝကြီး ရမဲ့ ဆရာမခင်ခင်ထူး ရဲ့ ပန်းကြာဝတ်မှုန် စာအုပ်ပါ ။ ဆရာမရဲ့ဒီစာအုပ်လေးကတော့ ဖတ်ဖူးသမျှတွေ
ထဲမှာ အစွဲလန်းရဆုံး ၊ သဘောအကျရဆုံး စာအုပ်လေးပါ ။ စာအုပ်ကို စဖတ်ဖြစ်တဲ့အချိန်ကလည်း တက္ကသိုလ်ဝင်တန်း တက်နေတဲ့အချိန်မို့ စာအုပ်ကို စီးမျောရင်း ပိုမိုနှစ်သက်ခဲ့မည် ထင်ပါတယ် ။

တက္ကသိုလ်ကျောင်းသားဘဝ ၊ အဆောင်နေကျောင်းသား ဘဝတွေကို မန္တလေးတက္ကသိုလ်နောက်ခံနဲ့ တစိမ့်စိမ့်
တဟားဟား နဲ့ ချမ်းမြေ့စွာ ဖတ်ရတဲ့ စာအုပ်လေးပါပဲ။မြင်းခြံသူ/သားတွေဖြစ်တဲ့ ကိုတိုးကြီး ၊ ခင်ခင် ၊ စိုးစိုးမော် ၊ ထွေးထွေးသိန်း ၊ နွယ်နွယ်တင် ၊ သီရိမေတို့ တစ်အုပ်ကြီး နဲ့ ကလောသား အောင်နိုင်သူ ၊ ရွှေဘိုသား ကိုကိုနိုင် တို့ တက္ကသိုလ်ဆိုတဲ့ ရိပ်မြုံအောက်ရောက်ရှိလာပြီး Uni Life ကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ခံစားမှုမျိုးစုံနဲ့ ဖြတ်သန်းကြတာကို ဒီစာအုပ်ထဲမှာ မြင်တွေ့ကြ
ရမှာပါ ။

1980 ခုနှစ်ကာလ မန္တလေးတက္ကသိုလ်ပုံရိပ် နဲ့ လာရောက်ပညာသင်ဆည်းပူးကြရင်း ငယ်ပေါင်းသွေးချင်းပမာ ရင်းနှီးချစ်ခင်ကြတဲ့ သူငယ်ချင်းသံယောဇဥ်တွေခိုင်မာခဲ့ကြတဲ့ သူငယ်ချင်းအုပ်စုကြီးကို ကြည်နူးရယ်မောဖွယ် ဖတ်ရှုကြရမှာပါ ။ ထိုခေတ် ထိုကာလ အဆောင်နေကျောင်းသားများရဲ့ ပုံရိပ်ကိုလည်းရယ်ရွှင်ဖွယ် မြင်ရတွေ့ရပြီး မိုးလင်းလို့ အိပ်သာတက်သည်မှ ရေချိုးသည်အထိ စနောက်ပြောဆိုကြ ၊ ရယ်မောကြ အော်ဟစ်ရိုက်နှက်ကြနဲ့ တပျော်တပါး စည်းစည်းလုံးလုံး ရင်းနှီးစွာနေကြတဲ့ အဆောင်နေ ကျောင်းသားတွေရဲ့ ဓလေ့ကို စိတ်ကြည်နူးဖွယ် ဖတ်ရှုရမှာပါ ။ ထွေးသိန်းတို့ သီရိမေတို့ အုပ်စုက Chemistry
မေဂျာ ကျောင်းသူတွေမို့ သူတို့ ဝသီအတိုင်း အိမ်သာ တက်တာ ကြာနေလျှင် “ ဟဲ့ အက်ဆစ် များလား ၊ ဘေ့စ် များသလား လစ်တမတ်စက္ကူနဲ့ စမ်းနေတာလား ”

“ Test-tube လိုသေးလား ဟဲ့ ” ဆိုပြီး တံခါးတဗုန်းဗုန်းထုပြီး အော်ဟစ်တတ်ကြတဲ့သူတွေပါ ။ ရေချိုးလျှင်လည်း ဟာသနှောလို့ ပျော်ရွှင်စွာချိုးကြသည်မှာ
တကယ့်ပျော်စရာကြီးပါ ။ တက္ကသိုလ်ဓလေ့ အဆောင်ဓလေ့တွေအရ နာမည်ပြောင်ပေးခြင်း စနောက်ခြင်း မှ
ကန်တင်းမှာ စားစရာမှာ စားသည်အထိ ကြည်ကြည်နူးနူး ဖတ်ကြရမှာပါ ။ တက္ကသိုလ်အလေ့အထအရ fresher welcome ၊ နှုတ်ဆက်စားပွဲ ၊ အာစရိပူဇော်ပွဲ က အစ
သူငယ်ချင်းတွေ စုပေါင်းခရီးထွက်ကြသည်အထိ
တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာ ၊ ကြည်နူးစရာ တွေကို တသီကြီးမြင်ရပြီး အဆောင်နေကျောင်းသား/သူတို့ရဲ့ အဓိက ပုံရိပ်လို့ ပြောရလောက်တဲ့ အဆောင်ရှေ့ ဂီတာတီးသီချင်းဆိုကြ [ ထွေးထွေးသိန်း အောင်မြင်ခြင်းရှစ်ပါးသီချင်း တောင်းတော့ ဖတ်ရင်း သူတို့နဲ့အတူတူရယ်လိုက်ရတာဆိုတာ] အဆောင်ထဲမှာ ပြဇာတ် ထွက်ကြ ၊ အဆုံး အဆောင်မှူးရဲ့ အဆူခံ ၊ ဝမ်နင် အပေးခံကြရလည်း တပြုံးပြုံးဖြစ်ဆဲ အဆောင်နေကျောင်းသားများ.....။

ကြည်နူးမှု ပျော်ရွှင်မှုများတင်မဟုတ်ဘဲ တက္ကသိုလ်၏ ဓလေ့ထုံးစံအတိုင်း ကြည်နူးဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းတွေကိုလည်း ရှိပါသေးသည် ။ ဘဝနေထိုင်မှုအခက်အခဲအရ မှန်မည်ထင်သည့်လမ်းရွေးကာ
ပညာမဆုံးခင် အိမ်ထောင်ကျသွားကာ ပညာလမ်းဆုံးသွားသော ခင်ခင် ။

အိပ်မက်ထဲက ဘဝတွေလို့ဆိုတဲ့ စိတ်ကူးအတွေးနဲ့ ပျော်နေပြီး ဝမ်းနည်းဖွယ် အဆုံးသတ်ရတဲ့ ကိုကိုနိုင် နဲ့ နွယ်နွယ်တင်တို့ရဲ့ အချစ်ဇာတ်လမ်း ။ သူငယ်ချင်းအဆင့်ထက် မပိုခဲ့ကြတဲ့ မေနဲ့အောင် တို့ရဲ့ လွမ်းစရာ့အချစ်ဇာတ်လမ်းတွေ ။ တက္ကသိုလ်မှာရှိတဲ့ မာယာတွေ ၊ ပဉ္စလက်ဆန်မှု ၊ တက္ကသိုလ်ရဲ့ ဖမ်းစားမှု ညှို့ဓာတ်တွေကနေရုန်းမထွက်နိုင်ခဲ့တဲ့ လွမ်းမောစရာ အဖြစ်အပျက်တွေကတော့ ခေတ်အဆက်ဆက် တည်ရှိပေါ်ပေါက်နေမှာအမှန်ပါ ။ ထို့အပြင် စော်ဘွားအနွယ်ဝင် အောင် ရဲ့
ဇာတ်လမ်း နဲ့ အောင့်အမေ စောနန်းမို တို့ရဲ့ ကျိုင်းမိုင်းမြေ၊ စော်ဘွားခေတ် က ဂန္တဝင်အချစ်ဇာတ်လမ်းကိုလည်း စိတ်လှုပ်ရှား ဝမ်းနည်းဖွယ် ဖတ်ရှုရအုံးမှာပါ ။

တက္ကသိုလ်ဆိုတဲ့ ရိပ်မြုံအောက်ကထွက်ပြီးနောက် ဆန်ကောထဲက ဆန်ကြဲလိုက်သလို တကွဲတပြားဖြစ်ဝေးကွာကြပြီး ကျရာနေရာ ၊ ကျရာဘဝမှာ နေထိုင်ကြရဲ့တဲ့ ဘဝရဲ့ ကံကြမ္မာ ဇာတ်လမ်းပေါ်မှာ နေထိုင်ရှင်သန်ကြရသည့် ဘဝအစုံကို စာမျက်နှာ တစ်ရွက်ချင်းစီကနေ ဖတ်ရှုရပြန်သေး ။ ထင်သလို မဖြစ်လာတတ်သော ကံကြမ္မာဇာတ်လမ်းပေါ်မှာ ကြိုးစားရုန်းကန်ရင်း သနပ်ခါးလုပ်ငန်းရှင်ကြီး ဖြစ်လာသည့် သီရိမေ ရဲ့ ဘဝဇာတ်လမ်း နဲ့ အချစ်ဇာတ်လမ်း ။

“ ဥသြကိုတောင် ခေါ်မလာဝံ့နဲ့ နွေဦးမျိုး ” ဆိုတဲ့
အချစ်မျိုး နဲ့ ကြုံစုံပြီး ရှမ်းစော်ဘွားမျိုးနွယ်အောင် နဲ့ သနပ်ခါးလုပ်ငန်းရှင် မေ တို့ရဲ့ ပုဝါတစ်ကမ်း လက်တစ်လှမ်းအလိုက ကြည်နူးဖွယ် အချစ်ဇာတ်လမ်း ။ တက္ကသိုလ်ဆိုတဲ့ နေရာကိုရောက်လာကြသူတွေထဲမှာ အောင်နဲ့မေတို့လို စာပေဝါသနာပါ သူတွေလည်း ပါကြမှာပဲ ။ ထွေးသိန်းတို့ ကိုတိုးကြီးတို့လို စနောက်ပြောင်တက်တဲ့ သူငယ်ချင်းမျိုးလည်း ရှိကြမှာပါ ။ တက္ကသိုလ်အလေ့နဲ့ သူငယ်ချင်းများရဲ့ ရင်းနှီးမှု ချစ်ခင်မှု
သံယောဇဥ် မည်မျှအားကြီးသည်ကို သီရိမေတို့ အုပ်စုမှ ပြောပြသွားခဲ့သည်ဟု ထင်မိပါသည် ။

ပြီးတော့ ဒီစာအုပ်လေးထဲမှာ တဂိုး ၊ ဆရာကြီး
မင်းသုဝဏ် ၊ ဆရာမကြီး ကြည်အေး တို့ရဲ့ ကဗျာတွေဟာ လှုပ်ရှားရှင်သန်နေတာပါပဲ ။ အောင် ရွတ်ပြတဲ့ ကဗျာတွေ ၊ မေ ရွတ်ခဲ့တဲ့ ကဗျာတွေဟာ လှပလွန်းလို့ ကဗျာတွေကို ချစ်စိတ် ၊ ရွတ်ဆိုချင်စိတ်တွေ ပေါ်လာတာပါပဲ ။ စိန်ပန်း ၊ ငု ၊ တမာ ရနံ့တို့ သင်းပျံ့နေသည့် မန္တလေးတက္ကသိုလ်မြေ မှ ကြည်နူးဝမ်းနည်းဖွယ်
အဖြစ်အပျက်အစုံသည် စာအုပ်ဖတ်ရှုပြီးသည့်
အခါ လွမ်း၍ ကျန်နေခဲ့လေသည်။

#ပန်းကြာဝတ်မှုန် #ခင်ခင်ထူး

လက်ဆောင်ယူပါLike&Share တော့လုပ်ပေးပါရတဲ့သူ cb လာပါနော့
29/03/2024

လက်ဆောင်ယူပါ
Like&Share တော့လုပ်ပေးပါ
ရတဲ့သူ cb လာပါနော့

ဘွိုင်လာ 1ထည် 4500ပြန်ရောင်းမယ့်သူ‌ေတ အများဈေး သက်သက်ရှိပါတယ်နော်09402552971
26/02/2024

ဘွိုင်လာ 1ထည် 4500
ပြန်ရောင်းမယ့်သူ‌ေတ အများဈေး သက်သက်ရှိပါတယ်နော်
09402552971

Address

12st×87st
Mandalay

Website

Alerts

Be the first to know and let us send you an email when Ma Yu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category