15/02/2023
( ကုန်စာရင်း၊ကုန်လက်ကျန်)
လုင်ငန်းတစ်ခုမှာ inventory /stock လို့ခေါ်တဲ့ ကုန်ပစ္စည်းစာရင်း ကုန်လက်ကျန် တွေက အရမ်းအရေးအကြီးပါတယ်
လုပ်ငန်းရှင်တိုင်းလဲ သိထားသင့်တဲ့🕺🕴
📌ဘာတွေကို inventory လို့ခေါ်လဲ …….❓
📌ဘယ်လိုတန်ဖိုးတွက်လဲ(ဘာတန်ဖိုးတွေထည့်တွက်ရ လဲ…………❓
📌ဘယ်လိုအခြေနေမှာ ဘယ်လိုစာရင်းညှိတာတွေလုပ်ရလဲ…….❓
📌ဘာကြောင့်စာရင်းညှိဖို့လိုအပ်တာလဲ……..❓❓
စတာတွေ sharing လုပ်ပါ့မယ်။
ကိုယ့်ရဲ့ လုပ်ငန်းအတွက် ပုံမှန်အရောင်းအဝယ်ပြုလုပ်ဖို့ ဝယ်ထားတဲ့ပစ္စည်း
ကိုယ့်လုပ်ငန်းက ကားရောင်းရင် ကားက inventory ပါ
ကိုယ့်လုပ်ငန်းက စာရေးကိရိယာရောင်းရင် စာရေးကိရိယာက inventory လို့ခေါ်ပါတယ်
အဲ့ Inventory ကိုမှ နောက်ထပ်ဘာတွေပါသေးလဲဆို👉👉
♻️manufacturing လုပ်ငန်းတွေမှာဆိုရင်
ကိုယ့်လုပ်ငန်းက မုန့်လုပ်တယ်ဆို🥐🥯🥮🎂
ထုပ်လုပ်ဆဲအဆင့် Work in Progress (WIP) လို့ခေါ်တဲ့ ထုပ်လုပ်ဆဲ တန်းလှန်း မုန့်တွေ
မထုပ်လုပ်ရသေးပဲ ကုန်ကြမ်းအနေနဲ့ ကျန်နေတဲ့
ဂျုံမှုန့်၊ခရင်မ် တွေကို 🍰🥠
Raw Material ကုန်ကြမ်းအနေနဲ့ Inventory ထဲ စာရင်းမှတ်ပါတယ်
နောက်တစ်ခုက
♻️Finished Goods (FG) လို့ခေါ်တဲ့ ကုန်ချောပါ 🪑🕰☎️
Manufactring(ထုပ်လုပ်တဲ့လုပ်ငန်း) ဖြစ်ဖြစ် trading (ရောင်းချတဲ့လုပ်ငန်း)ဖြစ်ဖြစ်
ထုပ်လုပ်ပြီး အသင့်ရောင်းဖို့ ready ဖြစ်နေတဲ့ ကုန်ချော(FG)တွေပါ
အဲလို ကုန်ပစ္စည်းမျိုးတွေကို Inventory (ကုန်ပစ္စည်းအနေနဲ့ စာရင်းသွင်းဖော်ပြကြပါတယ်)
♻️♻️ကုန်ပစ္စည်းတန်ဖိုးကို ဘယ်အချိန်မှာ စာရင်းသွင်း/မှတ်ကြလဲ……….??
စာရင်းသွင်းရင် ပစ္စည်းရောက်တဲ့အချိန်မှသာ သွင်းပါတယ်……….
အဲလိုပဲ company တွေဘက်ကလဲ ပစ္စည်းရောင်းတဲ့အခါအရောင်းဘို့ခေါ်တဲ့ Sale ကို ဘယ်အချိန်မှာ စာရင်းသွင်းလဲဆို
👉👉🚴🏻♂️🚚🚛🚢🛫🎁🎁ပစ္စည်းပို့တဲ့ရက်မှာပဲ အရောင်းစာရင်းမှတ်ပါတယ်
အော်ဒါတင်တဲ့နေ့ကို ဘယ်တော့မှ အရောင်းလို့မသက်မှတ်ပါဘူး ❌❌
💢ပစ္စည်းကို ဝယ်သူထံကိုပို့ပေးတဲ့နေ့မှသာ အရောင်းဖြစ်တာပါ
💢ဘာလို့လဲဆိုရင် ကိုယ်က အော်ဒါတင်လိုက်ပေမဲ့ လဲ
ကိုယ့်ဆီကို ပစ္စည်းမရောက်သေးပါဘူး ❎❎
💢အဲ့ပစ္စည်းက ရောင်းသူဆီမှာသာရှိနေပါသေးတယ်
အဲတော့ Risk ကို transfer မလုပ်သေးပါဘူး
💢အဲ့ပစ္စည်းက တစ်ခုခုပျက်စီး ပျောက်ဆုံးသွားရင် ရောင်းသူတဲ့တာဝန်သာဖြစ်သောကြောင့်
‼️ပစ္စည်းတကယ်ပို့တဲ့ နေ့မှာ risk ကို ဝယ်သူ့ဆီကို transfer လုပ်လိုက်ပြီဖြစ်လို့ အဲ့နေ့မှာပဲ အရောင်းဖြစ်ပါမယ်။
** sale return policy ရှိရင်တော့ တစ်မျိုးစာရင်းသွင်းရပါမယ် ( နောက်ရက် မှconsigment တွေအကြောင်းရေးပါမယ်)
‼️‼️အဲတော့ ကုန်ပစ္စည်းတန်ဖိုး ဘယ်လိုတွက်လဲ ❓❓❓
💢Cost of purchase (ကုန်ပစ္စည်းတန်ဖိုး)
➕ purchase cost မူရင်းဝယ်စျေး
➕ commercial tax(CT)- ကုန်သွယ်ခွန်
➕ import duty- နိုင်ငံခြားကတင်သွင်းရင်ပေးဆောင်ရတဲ့အခွန်
➕ transportation - သယ်ယူပို့ဆောင်ခ
တွေ ပေါင်းထည့်ရပါမယ်
➖ trade discount ရခဲ့ရင် နှုတ်ပေးရပါတယ်
( cash discount မဟုတ်ပါ)
အခွန်ဆိုရင် မြန်မာနိုင်ငံမှာ ကုန်သွယ်မှူအတွက်ပေးရတဲ့ Commercial tax -5% ပေးရပါတယ်
အဲဒီမှာ အဲ့ 5% အခွန်က ခုနှိမ်ခွင့်ရှိမရှိ ပြန်ကြည့်ရပါမယ်
ကိုယ်ဝယ်တဲ့အခါ အခွန် 5% ပေးလိုက်ရပြီး
ကိုယ်ပြန်ရောင်းတဲ့အခါ ဝယ်သူဆီကို 5% ပြန်ထည့်ပေါင်းပြီးရောင်းလိုက်တဲ့အခါ မျိုးမှာဆို
📛အဲ့ tax ကိုထည့်မူရင်းတန်ဖိုးထဲမပေါင်းပါဘူး။❌❌
📛အဲလိုပဲ non refundable tax တွေဆိုလဲ ထည့်မပေါင်းရပါဘူး။❌❌
ဒါကတော့ ဝယ်တဲ့အချိန် တန်ဖိုးတွက်ပြီး စာရင်းမှတ်ရမယ့် နည်းလမ်းပါ
♻️နောက်တစ်ခုက နှစ်ကုန်ရင် လက်ကျန်ရှိနေတဲ့ stock ကုန်လက်ကျန်တွေကို စစ်ပြီး ပစ္စည်းတန်ဖိုးပြန်လည်သင့်ပြီးမှ စာရင်းညှိတာတွေ လုပ်ရပါတယ်……..
♻️ဘယ်လိုစာရင်းညှိရလဲ……….??
မူရင်းတန်ဖိုးcost နဲ့ ပြန်ရောင်းရင်ရမယ့်တန်ဖိုးကို ယှဉ်ကြည့်ပြီး cost// NRV
နည်းတာနဲ့ စာရင်းသွင်းရပါမယ်
ပြန်ညှိကြရပါတယ်
🔎🔎(NRV) ပြန်ရောင်းရင်ရမယ့်တန်ဖိုး ဘယ်လိုတွက်လဲ…….❓❓🤔🤔
NRV= estimated selling price -selling cost
(ခန့်မှန်းရောင်းစျေးထဲကနေ ရောင်းဖို့အတွက် ကုန်ကျမယ့် စရိတ် ကိုနှုတ်ရပါမယ်)
မူရင်းဝယ်စျေးက (cost) များပြီးပြန်ရောင်းရမယ့်တန်ဖိုးက နည်းနေရင် နည်းတဲ့ ပမာဏနဲ့ပဲစာရင်းသွင်းရပါတယ်🖌
ဘယ်လိုအခြေနေမှာ ပြန်ရောင်းရင်ရမည့်တန်ဖိုးက နည်းနေတတ်လဲ……….??
(1) 📍📍
စျေးကွက်ရဲ့ လက်ရှိပေါက်စျေးက နည်းပြီး
ကိုယ့်ပစ္စည်းတန်ဖိုးဝယ်စျေးက များနေရင် နည်းတာနဲ့ပဲ စာရင်းသွင်းရမယ်
Eg- ရွှေ ၁ ကျပ်သား -သိန်း၃၀ နဲ့ဝယ်ထားတယ်
အခုပေါက်စျေးက -၂၈ သိန်း ပဲဆို
ပြရောင်းရင် ၂၈ ပဲရမှာမို့ ၂၈သိန်းနဲ့ပဲ စာရင်းမှတ်ရပါတယ်
ကိုယ်က အချိုရည်တွေ၊ဆပ်ပြာတွေ တက်စျေးနဲ့ ဝယ်ထားမိပြီး စျေးကပြန်ကျသွားတဲ့အခါမျိုးပါ🥴🥴
(2) 📍📍out of date/damage/obsolete
ခေတ်မမှီ /ဒိတ်အောက်/ပျက်စီး နေတဲ့ပစ္စည်းတွေဆိုလဲသေချာပေါက် မူလပေါက်စျေးထက် နည်းပြီးပဲ ရောင်းလို့ရပါတော့မယ်
(3)📍📍
နောက်တစ်ခုက marketing strategies တွေသုံးပြီး တမင်တကာ အရှုံးခံပြီး ကိုယ့်ရဲ့ ပြိုင်ဘက်ထက် စျေးလျော့ရောင်းတာမျိုး ဆိုလဲ
cost က များပြီး ပြန်ရောင်းစျေးက နည်းနေပါမယ်
အဲလိုအခြေနေတွေဆို cost နဲ့ NRV မှာ cost မူရင်းစျေးတွေက များနေလို့
သေချာပေါက် inventory written down လို့ခေါ်တဲ့ တန်ဖိုးလျော့ချမှုလုပ်ပေးရပါမယ်( အပြင်မှာ company တွေ လုပ်ပါတယ်)
✅✅ဘာကြောင့်လဲဆိုရင် company တွေမှာ
♻️နှစ်စဉ် အရှုံးအမြတ်စာရင်း(statement of profit or loss)📔📔
♻️ဘဏ္ဏာရေးရှင်းတမ်း( statement of financial position-SOFP) 📕📕
တွေကို မြန်မာနိုင်ငံ ရဲ့ company act ကုမ္မဏီ ဥပဒေ အရ ရေးဆွဲရပါတယ်
ပြီးရင် စာရင်းစစ်ဆီကို အပ်ပြီး အစိုးရကို အမြတ်ခွန်ပေးဆောင်ရပါတယ်📩📩
♻️စာရင်းမစစ်ပဲ အခွန်ပေးဆောင်လို့မရပါဘူး❌❌(
♻️စာရင်းမစစ်ထားပဲ အခွန်ဆောင်လို့ရရင် အခွန်လျော့ပေးချင်တဲ့အခါ အမြတ်တွေလျော့ပြတာတွေ လုပ်နိုင်လို့ပါ)🥴🥴
♻️အဲ့ဒီစာရင်းစစ်ပြီးသား အခွန်ဆောင်ပြီးသား company ရဲ့ ရှင်းတမ်းတွေကိုကြည့်ပြီး ဘဏ်ကနေငွေချေးတာပဲဖြစ်ဖြစ် တခြားဆီကနေ ချေးငွေယူတာပဲဖြစ်ဖြစ် လုပ်ကြပါတယ် လုပ်လို့ရပါတယ်
👉အဲလိုဘဏ်တွေက ချေးငွေ ထုပ်မချေးခင်မှာ company ရဲ့ စာရင်းရှင်းတမ်းတွေကို ကြည့်ပါတယ်(Audited Report)
👉ဒီလုပ်ငန်း ဘယ်လောက်မြတ်နေလဲ,??
👉ဘာတွေပိုင်ဆိုင်လဲ.......???
👉ဘာအကြွေးတွေရှိလဲ ဆိုတာကြည့်ပါတယ်......??
👉အကြွေးပေးနိုင်ခြေရှိလား…….????
👉နောက်နှစ်တွေမှာရော လုပ်ငန်ူကဆက်လည်ပတ်နိုင်လား ဆိုတဲ့ အချက်တွေကို ကြည့်ပါတယ်
♻️အဲထဲမှာမှ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ကိုကြည့်တဲ့အထဲမှာ inventory ဆိုတဲ့ ကုန်ပစ္စည်းလက်ကျန်က
Company တွေရဲ့ စာရင်းရှင်းတမ်း(SOFP) ရဲ့အောက် Asset ဆိုတဲ့ လုပ်ငန်းရဲ့ပိုင်ဆိုင်မှုထဲက တစ်ခုအနေနဲ့နှစ်ကုန်မှာ တန်ဖိုးသင့်ဖော်ပြထားပါတယ်။။
💢တကယ်လို့သာ အပြင်မှာရောင်းရင်ရမယ့်တန်ဖိုးက နည်းနေတာကို မူရင်းတန်ဖိုးစျေးအများကြီးနဲ့သာ တွက်ထားတယ်ဆိုရင် ❌❌
Company ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို ပိုပြီးဖော်ပြထားတာဖြစ်သွားပါပြီ( asset overstated ) 📛📛
👉တစ်ချို့ company management’s ဖြစ်တဲ့
လူကြီးတွေက
💢ဘဏ်ရဲ့ချေးငွေ ရချင်တာပဲဖြစ်ဖြစ်
💢Company ရဲ့ စာရင်းကို ပိုလှချင်တာပဲ(window dressing) ဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိ စာရင်းပိုပြီးဖော်ပြထားတာတွေ လုပ်တတ်ပါတယ်🥴🥴
⛔️(စားရိတ်တွေ(expenses)လျော့ပြ ❌❌
⛔️အကြွေးတွေ လျော့ပြ(liabilities) လျော့ပြ❌❌❌
⛔️Asset နဲ့ income ( ပိုင်ဆိုင်မှု ၊ဝင်ငွေ) ပိုပြ
👉Expenses လျော့ရင် အမြတ်(profit) တိုးစေပါတယ်
👉အကြွေးတွေလျော့ပြရင် ဒီcompany က အကြွေးသိပ်မရှိဆိုပြီး ထင်စေပါတယ်
👉ဝင်ငွေတွေပိုပြရင် အမြတ်တွေတိုးစေပါတယ်(ဒီအခြေနေက company ရဲ့ director တွေကို လုပ်ငန်းရဲ့ အမြတ်ပေါ်မှာမူတည်ပြီး bonus တွေ incentive တွေ ပေးမယ်ဆိုရင် သူတို့က အမြတ်တိုးအောင် လုပ်ချင်တဲ့အခြေအနေပါ🥴🥴)
အဲတာကြောင့် တကယ့် နိုင်ငံတကာပဲဖြစ်ဖြစ် local company တွေဖြစ်ဖြစ် အဲလို
📍ပိုဖော်ပြခွင့်(overstated)
📍လိုဖော်ပြခွင့် (understated)
လုံးဝမရှိပါဘူး❌❌❌❌
ဒါကြောင့်ပြန်တန်ဖိုးသင့်ရပါတယ်👌👌👌
🧚♂️🧚♂️Inventory တန်ဖိုးတွက်နည်း
1️⃣First in First out(FIFO)
အရင်ဝင်တဲ့ပစ္စည်းက အရင်ဈေးနဲ့အရင်ထွက်တာဖြစ်တာကြောင့်
ကျန်ခဲ့တဲ့ကုန်လက်ကျန်တွေဟာ နောက်ဆုံးဝယ်ဈေး latest priceနဲ့ ကျန်ခဲ့တာမို့ လက်တွေ့မှာ အရမ်းသိပ်မသုံးကြပါဘူး
2️⃣Weighted Average Cost(WAC)ပျမ်းမျှတွက်နည်း
💢Perpetual WAC(စဉ်ဆက်မပြတ်တွက်နည်း)
အရင်ရှိတဲ့ opening balance စာရင်းဖွင့်လက်ကျန်ကို
ထပ်ဝယ်တဲ့ တန်ဖိုးပေါင်းပြီး (ကျတဲ့စျေးဖြစ်ဖြစ် တက်တဲ့စျေးဖြစ်ဖြစ်)အကုန်ပျှမ်းမှတွက်တဲ့နည်းပါ
ဥပမာ
ယိုးဒယားမျက်လုံး -၁၆၀၀၀ နဲ့ ၂ကဒ် ဝယ်ထားတာ -၁ကဒ်ရောင်းပြီး
လက်ကျန် -၁ကဒ်ပဲ ရှိတော့လို့
ပစ္စည်းမပြတ်အောင် ထပ်သွားဝယ်မယ်
ထပ်ဝယ်တဲ့ -၁ ကဒ်စျေးက -၁၅၀၀၀ ပဲပေးရတော့တယ်ဆို ပျှမ်းမျှတွက်လိုက်ရင်
= (၁၆၀၀၀+၁၅၀၀၀)/၂
=၁၅၅၀၀ ကျပါမယ် 😊😊😊
လက်တွေ့မှာ ဒီနည်းက တော်တော်များများသုံးကျပါတယ်။👌👌
ဒါတွေကတော့ စာအရမ်းရှည်မှာစိုးလို့ အတိုချုံးရေးထားတာပါ။🥴🥴
📛နောက်ထပ် ကိုယ့်ပစ္စည်းမပြတ်လပ်အောင် reorder level ဘယ်လိုသတ်မှတ်မလဲ
📛ဘယ်အချိန်မှာ order တင်ရမလဲ အစရှိတဲ့ နည်းလမ်းပေါင်းများစွာရှိသေးတာမို့ နောက်များမှ ဆက်ရေးပါမယ်
လိုတာပိုတာရှိနိုင်တာမို့ သည်းခံဖတ်ပေးကြပါရန်။