Thurein Tun

Thurein Tun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thurein Tun, Grocers, Mandalay.

စာကို အရင်ပဲ ဖတ်ပါ--------------------------------တစ်ခါက လူတစ်ယောက်ဟာ မိန်းမလှ တစ်ယောက်နဲ့ လက်ထပ်လိုက်တယ် - -ရုပ်လှတဲ့အပ...
20/07/2024

စာကို အရင်ပဲ ဖတ်ပါ
--------------------------------
တစ်ခါက လူတစ်ယောက်ဟာ
မိန်းမလှ တစ်ယောက်နဲ့
လက်ထပ်လိုက်တယ် - -
ရုပ်လှတဲ့အပြင်စိတ်ထားကလည်း
အရမ်းကောင်းတော့ အမျိုးသမီးကို
အရမ်းချစ်ရှာတယ်။
-
တစ်နေ့မှာ အမျိုးသမီးဟာ
အရေပြားရောဂါ စတင်ခံစား
လာရတယ်။
-
အကြောင်း တိုက်ဆိုင်ချင်တော့
တစ်ရက်မှာ အမျိုးသားကလည်း
အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ်။
-
ခရီးကနေ အိမ်ပြန်လမ်းမှာ
car accident ဖြစ်ပြီး မျက်စိ
နှစ်လုံးစလုံး ကွယ်သွားခဲ့တယ်။
-
ဒီနေရာမှာ ခဏလောက်ရပ်ပြီး
စဉ်းစားကြည့်ရအောင်..
အရေပြားရောဂါသည်နဲ့
မျက်မမြင်တယောက် ရဲ့
အိမ်ထောင်ရေးဟာ - -
ဘယ်သို့ ဘယ်ပုံခရီးဆက်
ကျမလဲ? ဘာတွေဆက်
ဖြစ်မယ်လို့ ထင်ပါသလဲ......?
-
တကယ်တော့ -
သူတို့ ၂ ယောက်ကြားမှာ
ဘာပြောင်းလဲမှု့မှမရှိခဲ့ပါဘူး။
-
အရင်လို ပျော်စရာကောင်းပြီး
ချစ်ချစ်ခင်ခင်နေတုန်းပဲ။
-
အချိန်တွေ ကုန်လာတာနဲ့အမျှ
အမျိုးသမီးရဲ့ အရေပြားရောဂါ
ဟာလည်း တစ်စ တစ်စ နဲ့
ပိုဆိုးလာတယ်။
-
မျက်မမြင် ယောက်ကျားက
သူမိန်းမ အရေပြားရောဂါ
ကြောင့်ရုပ်ပြတ် ဆင်းပြတ်
ခံစားနေရတာကိုမသိရှာ
ဘူးထင်ပါရဲ့။
-
သူတို့ နှစ် ယောက်ရဲ့
အိမ်ထောင်ရေးဟာ
ဟိုးအရင်ကထက်တောင်
တိုးပြီး ပိုလို့ ချစ်မြဲ ချစ်ဆဲ
ကြင်နာဆဲပဲ။
-
နောက်ဆုံးမှာတော့
အမျိုးသမီးဟာ အရေပြား
ရောဂါနဲ့ ဆုံးသွားရှာတယ်။
-
သူ့အတွက်တော့
ကြီးကျယ်တဲ့ဆုံးရှုံးမှုကြီး
တစ်ခုပဲလို့ခံစားရတယ်။
-
မိရိုးဖလာအတိုင်း ဇနီးရဲ့
အလောင်းကို မြေချပြီး
နောက်တစ်နေ့ မှာ -
အမျိုးသားဟာ ဇနီးသည်
ခေါင်းချခဲ့တဲ့ မြို့ ကနေ
အပြီးအပိုင်ထွက်သွားဖို့
ဆုံးဖြတ်လိုက်တယ်။
-
အဲ့ချိန်မှာ အိမ်နီးနားချင်း
လူတစ်ယောက်က စကား
လှမ်းပြောတယ် -- -
-
" ခင်ဗျား မျက်စိမမြင်တဲ့
ကာလတစ်လျှောက်လုံး
ခင်ဗျားရဲ့ ဝေယာဝစ္စတွေ
အကုန်လုံးကို -
ခင်ဗျားအမျိုးသမီးက
မငြီးမငြူ လုပ်ပေးခဲ့တာ
အခု ခင်ဗျားတစ်ယောက်
ထဲ ဘယ်လိုလုပ်မလဲ..
-
အမျိုးသားက ပြန်ပြောတယ်။
-
" ဒီမှာ မိတ်ဆွေ..... အမှန်က -
ကျွန်တော် မျက်စိမကန်းပါဘူး။
မမြင်ချင်ယောင်ဆောင်
နေခြင်းသာဖြစ်ပါတယ်။

ကျွန်တော့ အမျိုးသမီးဟာ
သူမရဲ့ ရုပ်ဆိုး အကြည်းတန်
နေတဲ့ မျက်နှာကို -
နေ့တိုင်း ကျွန်တော်မြင်နေရ
တယ်လို့ သူသိရင် - အဲ့ခံစားမှု့
ဟာ သူရောဂါဝေဒနာ ခံစား
မှုထက်ပိုပြီး နာကျင်လိမ့်မယ်။

ဒါကို ကျွန်တော်မမြင်ချင်ဘူး။
ရုပ်ပိုင်းဆိုင်ရာမလှတော့ပေမဲ့
သူမ ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ
အမြဲလှနေသူတစ်ယောက်ပါ။

စိတ်ထားဖြူစင်သူ
တစ်ယောက်မို့
ကျွန်တော်အတွက်
ဇနီးကောင်း တစ်ယောက်ပါ။

ကျွန်တော်က သူအမြဲတမ်း
ပျော်ရွှင်ပြီး စိတ်ချမ်းသာ
နေတာကိုပဲ မြင်ချင်တဲ့
လူတယောက် မို့ -
အခုလို ဟန်ဆောင်
ရခြင်းဖြစ်ပါတယ်။
-
***********
လောကကြီးမှာ နှစ်ဦး နှစ်ဖက်
ပြေလည် ကောင်းစားဖို့အတွက်
တစ်ချို့သောအရာတွေကို မမြင်
ချင်ယောင်ဆောင်ပေးရပါတယ်။
-
လူတယောက်ရဲ့ အားနည်းချက်
ချွတ်ယွင်းချက်ကို ထောက်ပြီး
အနိုင်ယူတာ လူညံ့လူပျော့
တွေရဲ့ လုပ်ရက်ပါ။
-
🙂🙂🙂🙂🙂🙂🙂

©®➖ Owner

1989\90 တုန်း ကမောင် နှ မ ၄ ယောက် ရ တဲ့တစ် ရက် စာ ကျောင်း မုန့် ဖိုး ပါ
28/05/2024

1989\90 တုန်း က
မောင် နှ မ ၄ ယောက် ရ တဲ့
တစ် ရက် စာ ကျောင်း မုန့် ဖိုး ပါ

ကမ္ဘာကျော် ဟာသသရုပ်ဆောင် ချာလီချက်ပလင် ဟာ သူ့ရဲ့ စတုတ္ထမြောက် အိမ်ထောင်ဘက်အဖြစ်  Oona O'Neill ကို 1943 ခုနှစ်မှာ လက်ထပ်ခ...
18/05/2024

ကမ္ဘာကျော် ဟာသသရုပ်ဆောင် ချာလီချက်ပလင် ဟာ သူ့ရဲ့ စတုတ္ထမြောက် အိမ်ထောင်ဘက်အဖြစ် Oona O'Neill ကို 1943 ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

လက်ထပ်ချိန်မှာ Oona O'Neill က (၁၈) နှစ် နဲ့ Charlie Chaplin (၅၃) နှစ်ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်ခန့်က မရိုက်ဖြစ်လိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခု (Substance and Shadow) မှာ ချာလီချက်ပလင်က အူနာအိုနီးလ်ကို သရုပ်ဆောင်တစ်ယောက်အဖြစ်လျာထားခဲ့ရာက သူတို့တွေ့ဆုံမှု အစပြုခဲ့ပါတယ်။

သူတို့အိမ်ထောင်သက် (34) နှစ်အတွင်းမှာ သားသမီး ၈ ဦး ထွန်းကားခဲ့ပါတယ်။

သူတို့တွေကတော့ Geraldine, Michael, Josephine, Victoria, Eugene, Jane, Annette နဲ့ Christopher တို့ပဲ ဖြစ်ပါတယ်။

ချာလီချက်ပလင်က အူနာအိုနီးလ်နဲ့ရှိခဲ့တဲ့နေ့ရက်တွေကို စစ်မှန်သောပျော်စရာနေ့ရက်တွေလို့ ဆိုခဲ့ပါသတဲ့။

အဓိက ပြောချင်တာက ချာလီချက်ပလင်က အူးနားအိုနီးလ်ကို လက်ထပ်ခွင့်တောင်းချိန်မှာ သူတို့နှစ်ယောက် ပြောကြတဲ့စကားလေးတွေပါ။

Charlie က Oona ကို မင်းကို ငါလက်ထပ်ပါရစေ။ ဘယ်လို နေထိုင်ရမယ်ဆိုကကို ငါကမင်းကို သင်ပြပေးပြီး ဘယ်လိုသေဆုံးသွားရမလဲဆိုတာကိုတော့ မိင်းက ငါ့ကို ပြန်သင်ပြပေးပါတဲ့။

Onna ပြန်ပြောလိုက်တာက ဟင့်အင်း မဟုတ်ဘူး

ကျွန်မ ဘယ်လို ကြီးပြင်းလာရမလဲဆိုတာကိုသာ ရှင်က ကျွန်မကို သင်ပြပေးပြီး ရှင်ဘယ်လို နုပျိုအောင်နေရမလဲဆိုတာကို ကျွန်မက ရှင့်ကိုပြန်သင်ပြပေးမှာပါ တဲ့

ခင်ဗျားတို့ကျွန်တော်တို့လည်း ချာလီချက်ပလင်မဟုတ်ပေမယ့် အူနာအိုနီးလ်လို လက်တွဲဖော်ကောင်းကို တွေ့ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

writer

ဘဝကို အသစ်တဖန်ပြန်စတင်ရမှာမကြောက်နဲ့။ဒီတစ်ခါ ကိုယ်က တာထွက်ကနေစရမှာ မဟုတ်ဘူး။အမှားတွေကရတဲ့အတွေ့အကြုံ၊ သင်ခန်းစာတွေရှိနေပြ...
25/04/2024

ဘဝကို အသစ်တဖန်ပြန်စတင်ရမှာ
မကြောက်နဲ့။
ဒီတစ်ခါ ကိုယ်က
တာထွက်ကနေစရမှာ မဟုတ်ဘူး။
အမှားတွေကရတဲ့
အတွေ့အကြုံ၊ သင်ခန်းစာတွေရှိနေပြီ။
လဲကျမှုကနေ ပြန်ထတိုင်း
ပိုမာလာတဲ့ စိတ်ဓာတ်တစ်ခု
အဖက်တင်နေပြီ။

နေ့စဉ်ကိုကြည့်ရင်
အပြောင်းအလဲတွေ့ချင်မှ တွေ့ရမယ်။
ဒါပေမယ့် ၄၊ ၅ လ ကြာလို့
ပြန်လှည့်ကြည့်တိုင်းမှာ
ဘာမှမသိခဲ့တဲ့ ကိုယ့်ကို
ပြန်မြင်ရလိမ့်မယ်။
ကိုယ့်ရဲ့ နုံအခဲ့မှုတွေကို
သတိထားမိလာလိမ့်မယ်။
ဒါတိုးတက်မှုရဲ့ သဘာဝပဲ။

တချို့ဒုံရင်းအတိုင်း ရပ်နေတယ်ဆိုတာ
ကိုယ့်ကိုယ်ကို အရင်လိုပဲ မြင်နေလို့။
အရင်လို လူပျင်းတစ်ယောက်၊
ဖြစ်သလိုနေတဲ့ သူတစ်ယောက်လို့
ထင်နေသေးလို့ ဖြစ်နိုင်တယ်။

ဒါကြောင့် ကိုယ့်တာဝန်က
ကိုယ့်အရင်ပုံစံကို
မမှတ်မိလောက်အောင်
ပြောင်းလဲပစ်ဖို့ပဲ။
အတိတ်ကိုပြန်ကြည့်တိုင်း
ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ကို
မြင်နေရတဲ့အထိ တိုးတက်လာဖို့ပဲ။

ဝင်ငွေတွေ၊ ရာထူးတွေ
တိုးလာတာထက်စာရင်၊
ကိုယ်အခြားသူတစ်ယောက်ဖြစ်လာတဲ့အချိန်၊
Identity ပြောင်းလာတဲ့အချိန်မှာ
တိုးတက်မှုတွေ အသိသာဆုံးဖြစ်ပါလိမ့်မယ်။

ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

Tet.com

23/04/2024

*နောင်တ မဖြစ်ရန် ကြိုတင်စီမံ*
≈≈≈≈≈≈≈≈≈≈≈≈≈==≈≈≈≈≈≈
အသက် ၇၀ ကျော်လာရင် လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ် ။

အသက် ၇၀ ကျော် မိဘတွေရှိလာတဲ့အခါ အများကြီးနားလည်ပေးရမယ် ။စိတ်ရှည်ပေးမယ်။
အာရုံကြော အားလုံးကျုံ့လာတဲ့ခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီးစကား ပွစိပွစိပြောလာမယ် ။

ကိုယ် မသန်စွမ်းဘူး ထင်မှာစိုးလို့ အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ် ။ အဲဒီအခါနောက်က ပြန်လိုက်လုပ်ရတဲ့ သားသမီး တွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလို ပြန်ဖြစ်လာပြီးဝမ်းနည်းလာမယ်။ အထီးကျန်လာမယ် ။မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။

အဲဒီအချိန်မှာ မိမိရဲ့မိဘတွေကို လူကြီးလိုလည်း လေးစားပြီး ကလေးလို သဘောထားပေးရမှာပါ။

တစ်ခုခုဝယ်ပေးတဲ့အခါတိုင်း အဖေတို့အမေတို့မှာ ရှိတယ် မလိုဘူး အမြဲငြင်းတတ်လာမယ်။ဒါဟာအပိုမကုန်စေချင်လို့ပါ။ တကယ်တော့ ကျေနပ်ဝမ်းသာနေတာပါ။ တတ်နိုင်သလောက် မိဘကို ဝယ်ပေးကြပါ၊ ကျွေးကြပါ။

အသက်ကြီးနေပြီ ဘုရားတရားပဲ လုပ်ပါလားလို့ ကျနော်တို့ တိုက်တွန်းလို့ မရပါဘူး ။အသက်ကြီးလာလေလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့ အကြောင်းအရာတစ်ခုကို ကြာကြာစိတ်ဝင်စားတာမျိုးမရှိတော့ပါဘူး။

ဒါကို ကျွန်တော်တို့ နားလည်ရပါမယ် ။ ဘာသာရေးကို မိဘများ လုပ်နိုင်သလောက်သာ လုပ်ပါစေ ။အတင်းအကြပ်ကြီး တစ်နေကုန် မလုပ်ခိုင်းသင့်ပါဘူး ။

ကျနော်တို့ လူကြီးမိဘတွေကို စားချင်တာ ဝယ်ကျွေးရမယ်။
သူတို့ လုပ်ချင်တဲ့ အိမ်မှုကိစ္စ မသေသပ်ပေမယ့် ပေးလုပ်ရမှာပါ။

အသစ်အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်းကို မစွန့်ဘဲ သိမ်းထားတတ်ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့ နှမြောလာပြီး မစွန့်နိုင်ကြတာပါ ။
စွန့်မပစ်ရကောင်းလားဆိုပြီး ဒေါသနဲ့ မဆူပါနဲ့ ၊ မငေါက်ပါနဲ့ ၊ နားလည်ပေးကြပါ ။

အသက်ကြီးလာတဲ့ တချို့သော မိဘတွေဆို သားသမီးက အဝေးကလိုလေသေးမရှိ ပို့ပေးကြပေမယ့် သူတို့လို ချင်တာက အဲဒါမဟုတ်ဘူး နွေးထွေးမှု အလေးထားမှု စကားပြောပေးတာမျိုး လိုချင်ကြတာပါ။

လူကိုယ် တိုင်လာပြီး မိဘများကို စကားပြောကြပါ ။ ဘယ်အချိန်ဘယ်အခါမယ် မိဘဆီကို သွားမယ် ဘယ် လောက်ကြာနေမယ် စသဖြင့်စီမံထားပါ။ မလာနိုင်တဲ့ အကြောင်းပြချက်မရှိပါစေနဲ့ ။ မိဘများသေသွားရင် အစားပြန်မရတော့ပါဘူး ။

ဒါကို သိထားရပါမယ် ။ မကြာခဏ ဖုန်းဆက်ပြီး မိဘများနဲ့စကားပြောပါ ။ သူတို့ ဖုန်းမချမခြင်း ပြောပေးပါ ။ မိမိက အရင် ဖုန်းချမသွားပါနဲ့ ။

ကျနော်တို့ဟာ ကိုယ်ရဲ့သားသမီးလေးတွေရဲ့ စိတ်ကို ဖတ်ရင်း သူတို့လေးတွေ ပြောသမျှ တိုင်သမျှကို နားထောင် ဖြေရှင်း ပေးတတ်ကြသလို မိမိတိုရဲ့အသက်ကြီးလာတဲ့ မိဘများရဲ့ စိတ်ကိုကလဲ လေ့လာပြီး နားလည်ပေးရပါမယ်။လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေး ကြရပါမယ် ။

သား သမီးတိုင်း မိဘတွေရဲ့ စိတ်ကို နားလည်ပေးနိုင်ကြပါစေ။
𝕮𝖗𝖊𝖉𝖎𝖙 𝖙𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖂𝖗𝖎𝖙𝖊𝖗

19/04/2024

တခါတလေ ကျွန်တော်တို့က
ကိုယ်ထင်တာကိုပဲ အမှန်လို့ထင်ပြီး
ကိုယ်နဲ့ မတူ ကိုယ့်ရန်သူထင်တတ်ကြတယ်။

ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်နိုင်ဖို့
ပညာသင်ဖို့ လိုသလို
အိုင်ဒီယာအသစ်တွေကိုလဲ
မျက်စိဖွင့်၊ နားစွင့်ပြီး
အတ္တလေးဘေးချ နားလည်ဖို့
နားထောင်ဖို့ လိုနိုင်တယ်။

ဘဝမှာ မမေ့နိုင်တဲ့ presentation တွေ
သင်ခန်းစာတွေ ရှိတယ်။

ဒါတွေက လောကအမြင်ကို
အပေါ်အောက် ပြောင်းလဲစေတယ်။

Phyo Paing @ Derek

ကျွန်တော့်သားကို " အဖေရွေးတဲ့ မိန်းကလေးကို သား လက်ထပ်မလား " ဆိုတော့သူက " နိုး " တဲ့။ ငြင်းတယ်။ ဒါနဲ့" ကောင်မလေးက ဘီလ်ဂိတ...
18/04/2024

ကျွန်တော့်သားကို " အဖေရွေးတဲ့ မိန်းကလေးကို သား လက်ထပ်မလား " ဆိုတော့

သူက " နိုး " တဲ့။ ငြင်းတယ်။ ဒါနဲ့

" ကောင်မလေးက ဘီလ်ဂိတ်စ်သမီးကွ " ဆိုတော့

သူက " ဟုတ်ကဲ့။လက်ထပ်မယ် " တဲ့။လက်ခံတယ်။

ဘီလ်ဂိတ်စ်ဆီဖုန်းဆက်ပြီးကျွန်တော်ကပြောတယ်။

" ခင်ဗျားရဲ့သမီးနဲ့ကျွန်တော့်ရဲ့သားကိုပေးစားချင်တယ် " ဆိုတော့

ဘီလ်ဂိတ်စ်က " နိုး " တဲ့။ ငြင်းတယ်။

ဒါနဲ့ဘီလ်ဂိတ်စ်ကို
" ကျွန်တော့်သားက ကမ္ဘာ့ဘဏ် စီအီးအို ဗျ "
ဆိုတော့

ဘီလ်ဂိတ်စ်က " အိုကေ " တဲ့။သဘောတူတယ်။ဒါနဲ့ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌကို ဖုန်းဆက်ပြီး
ကမ္ဘာ့ဘဏ် စီအီးအို ရာထူးကျွန်တော့်သားကိုခန့်ဖို့ပြောတော့

သူက " နိုး " တဲ့။ ငြင်းတယ်။

ဒါနဲ့" ကျွန်တော့်သားက ဘီလ်ဂိတ်စ်သမက်ဗျ " ဆိုတော့

သူက " အိုကေ " တဲ့။သဘောတူတယ်။

ဒါက နိုင်ငံရေးလုပ်ပုံလုပ်နည်းပါပဲ။


SANN & SAN's Family - USA - F&T Blog

သစ်ပင်ကြီးတစ်ပင်ကိုတစ်ချက်ခုတ်ရုံနဲ့ ပြိုလဲအောင်လုပ်လို့မရဘူး။ဘဝအပြောင်းအလဲကလည်း ဒီလိုပဲ။တခါတလေ အချက်ပေါင်း၃၆၅ ချက် လိုက...
11/04/2024

သစ်ပင်ကြီးတစ်ပင်ကို
တစ်ချက်ခုတ်ရုံနဲ့ ပြိုလဲအောင်
လုပ်လို့မရဘူး။

ဘဝအပြောင်းအလဲကလည်း ဒီလိုပဲ။
တခါတလေ အချက်ပေါင်း
၃၆၅ ချက် လိုကောင်းလိုနိုင်တယ်။

ဒါပေမယ့် အများစုရဲ့ ပြဿနာက
ပထမတစ်ချက် စခုတ်ဖို့ကို
နှစ်နဲ့ချီပြီး အရှိန်ယူနေကြတာပဲ။

နေ့စဉ် လေ့လာမှုတွေလုပ်ရင်း
လက်သွေးရာက
ရလာမယ့် ပင်ပန်းမှုတွေ၊
အခန့်မသင့်ရင် ကြုံရမယ့်
ကျရှုံးမှုတွေ၊ စွန့်လွှတ်ရမှုတွေကို
သည်းမခံနိုင်တဲ့အတွက်
ပထမခြေလှမ်းစဖို့ တွေဝေနေကြတယ်။

သာမန်လူတွေက
အနာခံရမှာ၊ အပင်ပန်းခံရမှာ
ကြောက်နေချိန်မှာ
Winner တွေက သာမန်လူဖြစ်ရမှာကို
ကြောက်တဲ့အတွက်
အခုတည်းက
အပင်ပန်းခံ ကြိုးစားကြတယ်။

အခုစထားတဲ့သူမှာ
အားလုံးမှားသွားရင်တောင်
အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကျန်တယ်။
လဲကျမှုက နောက်တစ်ကြိမ်ပြန်ထတိုင်း
ပိုမာ‌လာတဲ့ စိတ်ဓာတ်တစ်ခု
အဖက်တင်တယ်။

စတင်ဖို့ ကြောက်နေတဲ့သူရဲ့ ဘဝမှာ
ဒုံရင်းအတိုင်းနေခဲ့မိတဲ့အတွက်
နောင်တနဲ့ ပျော့ညံ့မှုတွေပဲ
အကြွေးတင်နေလိမ့်မယ်ဆိုတာ
မမေ့ဖို့လိုပါလိမ့်မယ်။

ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

11/04/2024

ဘဝမှာ တိုးတက်ပျော်ရွင်နေတာ
အောင်မြင်တာပဲ။

တိုးတက်ပျော်ရွင်ဖို့
ဆူညံသံ noise တွေကို ရှောင်ရတယ်။

အတင်းအဖျင်းတွေ၊
ကိုယ့်ဘဝအတွက် အရေးမပါတဲ့
အထင်အမြင်တွေ၊
ကိုယ့်အတွက် မမှန်တဲ့ ပုံပြင်တွေ၊
အဲ့လို အရေးမပါတာတွေကို
အရာမပေးဖို့လိုတယ်။

ကိုယ့်နှလုံးသားအသံ၊
အားသာချက်၊ လုပ်ချင်တာတွေကို
ကြားလာမယ်။
ဒီ Voice က ဆူညံသံ Noise တွေ
အထက်ရောက်ဖို့လိုတယ်။

ရေဒီယို ချိန်သလိုပဲ
ဆူညံသံတွေရဲ့ လှိုင်းကိုဖမ်းနေရင်
ကိုယ်လိုချင်တဲ့ လှိုင်းကို ရမှာမဟုတ်ဘူး။

လူတွေဖမ်းယူနေတဲ့ ဖရီကွန်စီ frequency
လှိုင်းတွေ မတူကြဘူး။

Low-level frequency တွေနဲ့
ရုန်းမထွက်နိုင်ဘဝကို ကျော်လွှားမှ
ကိုယ့်ရဲ့ Voice က Noise အထက်ရောက်မယ်။

Phyo Paing @ Derek

10/04/2024

ဒါလေးနဲ့ ဆန်းစစ်ကြည့်။

၁။ မွေးဖွားလိုက် သေဆုံးလိုက်
သံသရာကိုမြင်နိုင်လား။
တစ်ခဏနေရတဲ့ တစ်ဘဝကို
ထာဝရလို့ ထင်နေလား။

၂။ ဘာလုပ်လုပ်
မေတ္တာ၊ ဂရုဏာထားပြီး
မှန်ကန်တဲ့ ရည်ရွယ်ချက်ထားလား။

၃။ လူတွေအမုန်းပွားမည့်စကား၊
ဒုက္ခရောက်မည့်စကားကို မဆိုပဲ၊
မှန်ကန်တဲ့စကား၊ ကိုယ်ချင်းစာတဲ့စကား၊
အဓိပ္ပာယ်ရှိတဲ့ စကားကိုဆိုလား။

၄။ ခိုးတာ၊ ဝှက်တာ၊ လိမ်လည်တာ၊
သူများသားမယားပစ်မှားတာ၊
စိတ်အာရုံကို ညစ်ညမ်းစေမည့်အလုပ်တွေ၊
ကျင့်ဝတ်နဲ့ မညီတ့အလုပ်တွေ ရှောင်လား။

၅။ သမ္မာအာဇီဝကျကျ စီးပွားရှာသလား။

၆။ ဒေါသ၊ လောဘ၊ မောဟ၊ မနာလိုစိတ်၊
စိတ်မငြိမ်းမသက်ဖြစ် ပျံ့လွင့်ခြင်းကို
ကိုင်တွယ်ထိန်းချုပ်နိုင်ပြီး
ကျေးဇူးတင်စိတ်၊ မေတ္တာတရား၊
ဂရုဏာ၊ မုဒိသာနဲ့ ပွားများနေထိုင်နိုင်သလား။

၇။ စိတ်နဲ့ ခန္ဓာရဲ့ အတွေး၊ အကြံ၊ အလုပ်၊
အတွေ့အကြုံ၊ ခံစားချက်တွေကို
သတိရှိရှိနဲ့ နေထိုင်လား။

၈။ မှန်ကန်တဲ့ အာရုံစူးစိုက်မှုရှိသလား။

နေ့စဥ် ဒီရှစ်ခုမှာ
ဘယ်နှစ်ခုနဲ့ နေနိုင်လဲ။

ဘဝကို နေ့စဥ် မဂ္ဂင်ရှစ်ပါးရဲ့
လမ်းညွှန်မှုအတိုင်း နေနိုင်အောင်
ဒီဇိုင်းလုပ် လေ့ကျင့်နေတဲ့အခါ
သိသိသာသာ ပြောင်းလဲလာတာကို
တွေ့ရနိုင်ပါလိမ့်မယ်။

လောကုတ္တရာလုပ်မှဆိုတဲ့
စင်းလုံးချော အချိန်မှဆို
နောက်ကျသွားနိုင်တယ်။
နေ့စဥ် အလုပ်လုပ်တဲ့အခါ
နေ့စဥ် checklist ထဲမှာ
ဒီလမ်းညွှန်မှု ခုနှစ်ခုက
ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ ဘဝရဲ့
နေထိုင်နည်းတစ်ခုပဲ။

Phyo Paing @ Derek

03/04/2024

ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့
နည်းလမ်းနဲ့ စည်းကမ်းလိုတယ်။
ဖြစ်နေတာကို စိတ်ကျေနပ်ဖို့
ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်။

Phyo Paing @ Derek

31/01/2024

လူတွေမှာ ရိုးသားမှုကို နှစ်သက်လိုလားကြပေမဲ့
ကိုယ်တိုင် ရိုးသားဖို့ကိုတော့
မေ့လျော့နေတက်တဲ့ သဘောရှိတယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Thurein Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category