21/03/2023
ဘ၀ကဘယ်နေရာမှာ
အဆုံးသတ်သွားမလဲဆိုတာ မသိပေမယ့်
ရှင်သန်နေရတဲ့အချိန်လေးမှာ
ပန်းလေးတစ်ပွင့်ကို ကိုယ်တိုင်ကိုယ်ကျ
စိုက်ပျိုးချင်တယ်။
ကော်ဖီဖျော်နည်းတွေသင်ယူပြီး
အနုပညာကို ခံစားနိုင်တဲ့
နှလုံးသားလှလှလေးကို ပိုင်ဆိုင်ချင်တယ်။
အချစ်စစ်ကိုရှာဖွေတွေ့ရှိခွင့်ရပြီး
တစ်ကြိမ်တစ်ခါလောက် ရွတ်နေကျကဗျာတွေထဲ
အမည်နာမတစ်ခုကို မြင်ယောင်နေချင်တယ်။
ဘ၀မှာပန်းကလေးတစ်ပွင့် သီချင်းတစ်ပုဒ်နဲ့
မနက်ခင်းကော်ဖီတစ်ခွက် ....
အချစ်ကအနားမှာရှိနေရင်တော့
မနက်ခင်းကော်ဖီနှစ်ခွက်ပေါ့။
#09-780909043