29/12/2023
ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ်
ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်
ခဏကလေး ရပ်ကြည့်တာကအစ
ဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆုံး
ကိုယ်ရှုံးမိသမျှ ကိုယ့်စေတနာပါပဲ
ကမ္ဘာမှာ ပန်းတွေပွင့်တယ်ဆိုတာ
ဘယ်သူ့ကို ထိခိုက်ဖူးလို့လဲ။
ခွန်းညိုသွေး
Love is quite straightforward.👍🌻🌻