27/08/2026
မနက်ဖြန်ကျရောက်သော ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့မှာ မေတ္တာတရားများ ပွားများနိုင်ကြပြီး
အချင်းချင်း ချစ်ခင်ကြင်နာမှုများ တိုးပွားကြပါစေ။ မိဘပြည်သူအပေါင်း လိုရာဆန္ဒတွေပြည့်ဝပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ မိမိတို့ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့၏ အကျိုးကျေးဇူးများကို ကောင်းမွန်စွာ ခံစားနိုင်ကြပါစေလို့ SHWE မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ 💛။
လပြည့်နေ့တစ်ရက် ဆိုင်ပိတ်မည့်အကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ရင်း order များကိုလည်း ပိတ်ရက်အတွက် ရက်အစားထိုးပြန်ပေးပြီး သဘက်ခါ ပုံမှန်အတိုင်းပြန်လည်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ အစဉ်မပြတ်အားပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🥰🙏 ။