05/01/2025
ဒီဖိနပ်ဝယ်တာမကြာသေးပါဘူးဖိနပ်ကိုခုလိုပြောမယ်လည်းမထင်မိဘူးတတ်နိုင်သလောက်ကြည့်ကောင်းအောင်တော့ဝတ်ခဲ့တာပါဆိုတဲ့ လင်းပြည့်ဟိန်း
''Myanmar Star အဆိုပြိုင်ပွဲမှာ ဖိနပ်နဲ့ပတ်သက်ပြီး ဒိုင်ဖြစ်သူ ဇင်အောင် ရဲ့ အပြော.ခံ.လိုက်ရတဲ့အတွက် ရှ.က်တော့ရှ.က်မိခဲ့ကြောင်း. ရိုက်ကူးရေးလုပ်နေတာတွေ့ပေမယ့် ခုလိုတနိုင်ငံလုံးကို လွှင့်မယ်တော့ မထင်ခဲ့တော့ အဲ့မှာတုန်းက သိပ်မရှ.က်ခဲ့တာပါ. ခုလိုအကုန်သိကုန်မယ်ဆိုတာ အဲဒီနေရာမှာထဲကသိရင်တော့ အတော်ရှ.က်မိမှာပါ. ကျွန်တော်စီးသွားတာလည်း ဖိနပ်အသစ်ပါပဲ. ဝယ်တာလည်းသိပ်မကြာသေးပါဘူး. အဝတ်အစားကလည်း ကျွန်တော်တတ်နိုင်တဲ့အင်အားနဲ့ပဲ ကြည့်ကောင်းအောင် ဝတ်ခဲ့တာပါ'' လို့ လင်းပြည့်ဟိန်းက ပြောခဲ့တာဖြစ်ပါတယ်.
လင်းပြည့်ဟိန်းက 'အဆိုပြိုင်ပွဲသွားပြိုင်တာမို့ ဖိနပ်နဲ့ပတ်သက်ပြီး အပြောခံ.ရမယ်မထင်မိလို့လည်း ခုလိုသွားမိတာပါ. ပြောတဲ့အပေါ်လည်း စိတ်ထဲဘာမှသိပ်မရှိပါဘူး ကျွန်တော်တော့ မရတော့ဘူးထင်တယ်ပဲတွေးမိတာ. သူတို့ကလည်း စည်း:မျဥ်းတခုသ.တ်.မှတ်ပြီး ဒါမဝတ်ရဘူးဘာညာဆိုရင်တော့လည်း ကြိုပြင်သွားမှာပါပဲ. အပြန်လမ်းကျ ကျွန်တော်တွေးမိတာ ပါခဲ့ရင်လည်း နောက်တဆင့်ကျရင် ကောင်းကောင်းမွန်မွန်လေး ဝတ်စားသွားမယ်လို့တွေးထားမိပါတယ်.' ဆိုပြီး ဖြေခဲ့တာ တွေ့ရပါတယ်.
#လင်းပြည့်ဟိန်း #ဇင်အောင်