ကောင်းကျော် ကဖေး

ကောင်းကျော် ကဖေး အကောင်းဆုံးဆိုတာ သင့်အတွက်ပါ။

ဖိတ်ခေါ်ပါတယ်ခင်ဗျ
17/04/2026

ဖိတ်ခေါ်ပါတယ်ခင်ဗျ

“ Healthy Body & Wealth Mind “ ဆိုတဲ့ အမည်နဲ့ Tea Talk တခု လာမည့် ၁၉ရက်နေ့မှာ ရှိပါတယ်။

၇၉ လမ်း ၂၇ ၂၈ ကြား ကောင်းကျော် ကဖေး အပေါ်ထပ် သီးသန့်အခန်းမှာ ညနေ ၃:၀၀ စတင်မှာဖြစ်တယ်။

ခန္ဓာ သန်စွမ်းပြီးသား အပြေးသမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ ဘယ်လိုထပ်မံဖြည့်စည်းကြမလဲဆိုတာကို ဆရာကြီးဦးစိုးလွင်က ဦးဆောင်ဆွေးနွေး လမ်းပြပေးမှာဖြစ်ပါတယ်။

Tea Talk ဆိုတဲ့အတိုင်း လဖက်ရည်သောက်ရင်း စကားပြောကြတဲ့ပုံစံမျိုးပါ။

စိတ်ဝင်စားရင်လာခဲ့ပါ ဆရာကြီးနဲ့ဆွေးနွေးချင်ရင်လာခဲ့ပါ။

လဖက်ရည်သောက်ရင်း စကားပြောကြတာပေါ့။

ကျနော် စောင့်နေပါ့မယ်။


#ပြေးရအောင်

19/01/2026

ကောင်းကျော်က နေ့လည်အဆာပြေ မုန့်လင်မယား🤤

“ပြေးရအောင်” ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
09/01/2026

“ပြေးရအောင်”
ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

" မင်းပြုံးပြမှ..ပြေးရတာ... အမောလေး ..ပြေမှာပေ့ါ "


" Bo Eain x ပြေးရအောင် "

နံနက်စာ "စားရအောင်" အတွက်

"ထမင်းဆီဆမ်း နှင့် ကြက်ဥကြော် "

ကိုလည်း စီစဉ်ပေးထားပါတယ် ဆိုတဲ့

အကြောင်းသတင်းကောင်းပါးလိုက်ပါစေ..။ 🍽️

📆 Event Date : 10-1-2026.

✨Distance : 9.6 KM ish.

🏘️ Location : 79 St, 27x28 Bt, Kaung Kyaw Cafe .

🕰️ Event Time
🏟️Meet : 5:30 AM.
🚩Start : 6:00 AM.

P O W E R E D B Y M A R S

#ပြေးရအောင် #ခေတ် #စားရအောင်


ထင်းရှူး နဲ့ လက်ပံချယ်ရီ နဲ့ ပိတောက်တောင်ကြီး နဲ့ ပုဂံအင်းလေး နဲ့ ဧရာဝတီနှင်းမြူခိုး နဲ့ နွေလေရူးလက်ဖက် နဲ့ ထန်းလျက်တောင...
07/01/2026

ထင်းရှူး နဲ့ လက်ပံ
ချယ်ရီ နဲ့ ပိတောက်
တောင်ကြီး နဲ့ ပုဂံ
အင်းလေး နဲ့ ဧရာဝတီ
နှင်းမြူခိုး နဲ့ နွေလေရူး
လက်ဖက် နဲ့ ထန်းလျက်
တောင်ပေါ်မြေပြန့် ကွဲပြားချက်
ချစ်ခြင်းတရားနဲ့ အတူပေါင်းစပ်တဲ့အခါ
ရှုမဆုံးနိုင်တဲ့ လှပန်းချီတချပ်ထွက်သလိုပေါ့
တောင်ပေါ်ဒေသထွက်အစားအစာ ခေါပုတ်နဲ့ အညာအမှတ်အသား ဘယာကြာ်ရဲ့ အတွဲအဖက် ဘယ်လိုစွဲမက်စရာကောင်းမလဲဆိုတာသိရဖို့
ကောင်းကျော်ကဖေးမှာ လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

#ကောင်းကျော်ကဖေး

ကောင်းကျော်ကဖေးက မနက်စာကောင်းကောင်းလေးတွေကို စားသုံးပြီးတော့ လူကြီးမင်းတို့ရဲ့ တနေ့တာကို ကြည်ကြည်လင်လင် စတင်လိုက်ပါ🤩 #ကေ...
02/01/2026

ကောင်းကျော်ကဖေးက မနက်စာကောင်းကောင်းလေးတွေကို စားသုံးပြီးတော့ လူကြီးမင်းတို့ရဲ့ တနေ့တာကို ကြည်ကြည်လင်လင် စတင်လိုက်ပါ🤩
#ကောင်းကျော်ကဖေး

ကောင်းကျော်က အစားအသောက်တွေ စီစဉ်တဲ့နေရာမှာ စားသုံးသူရဲ့ စိတ်ဆန္ဒကိုပဲ ရှေးရှုပြီး ဖန်တီးလေ့ရှိပါတယ်အခု ပုံမှာပြထားတဲ့ ငခ...
18/05/2025

ကောင်းကျော်က အစားအသောက်တွေ စီစဉ်တဲ့နေရာမှာ စားသုံးသူရဲ့ စိတ်ဆန္ဒကိုပဲ ရှေးရှုပြီး ဖန်တီးလေ့ရှိပါတယ်

အခု ပုံမှာပြထားတဲ့ ငချိတ်ပေါင်းဆိုတဲ့ အစားအသောက်ဆိုတာ ပြင်ရဆင်ရတာ အရမ်းလွယ်ကူတဲ့ menu ဖြစ်ပါတယ်
ငချိတ်ပေါင်းကို ပေါင်းအိုးထဲကထုတ် စားတော်ပဲတွေ နှမ်းထောင်းတွေ ပဲဆီတွေဆမ်းပေးလိုက်ရုံပါပဲ

ဒါပေမယ့် customer ကို အလေးထားတဲ့ ကောင်းကျော်က အဲတာမျိုးမလုပ်ပါဘူး
တချို့ ဆီ သိပ်မစားချင်တဲ့သူတွေရှိမယ်
တချို့ အငန်ကြောက်တဲ့သူတွေရှိမယ်
တချို့ နှမ်းထောင်းမကြိုက်ဘူး

ဒီလိုတွေ အာသီသအမျိုးမျိုးကြတဲ့အတွက်
ကောင်းကျော်က ဆားဆိုဆားသပ်သပ် နှမ်းထောင်းဆိုနှမ်းထောင်းသပ်သပ် ပဲဆီဆို ပဲဆီသပ်သပ်
ကိုယ့်စိတ်ကြိုက် ကိုယ့်ကျန်းမာရေးနဲ့ ချင့်ချိန်ပြီးစားလို့ရအောင် စီမံပေးထားပါတယ်

အကောင်းဆုံးတွေကိုသာ ပေးဆပ်ချင်တဲ့ ကောင်းကျော်ပါ

ကောင်းကျော် ကဖေး ရဲ့ အားသာချက်က ပန်းချီဝါသနာအိုးများအတွက် Gallery လည်းရှိသလိုစာပေဝါသနာအိုးများအတွက် စာပေဟောပြောပွဲတွေကုမ...
17/05/2025

ကောင်းကျော် ကဖေး ရဲ့ အားသာချက်က

ပန်းချီဝါသနာအိုးများအတွက် Gallery လည်းရှိသလို

စာပေဝါသနာအိုးများအတွက် စာပေဟောပြောပွဲတွေ

ကုမ္ပဏီတွေအတွက် ကုမ္ပဏီအစည်းအဝေးပွဲတွေ ကျင်းပနိုင်အောင်စီစဉ်ပေးထားတာပါပဲ

ငလျင်ပြီးကတည်းက ဖုန်းလိုင်းတွေသိပ်မကောင်းတော့ ဖောက်သယ်ကြီးများ ခေါ်နေကျ - 09791282707 က ခေါ်လို့ သိပ်မကောင်းဘူးဖြစ်နေတယ်...
14/05/2025

ငလျင်ပြီးကတည်းက ဖုန်းလိုင်းတွေသိပ်မကောင်းတော့
ဖောက်သယ်ကြီးများ ခေါ်နေကျ

- 09791282707 က ခေါ်လို့ သိပ်မကောင်းဘူးဖြစ်နေတယ်လို့ ဖောက်သယ်များက ဆိုင်လာသောက်ရင်း ပြောသွားကြလို့

အကယ်၍ တယ်လီနောကို ခေါ်မရရင် MPT နံပါတ်ဖြစ်တဲ့

- 09266678283 ကို ဆက်ပြီး deli လှမ်းမှာလို့ရပါတယ်လို့

အားပေးကြသူအပေါင်း အန္တရာယ်ကင်း ကျန်းမာကြပါစေ

ပုံလေးက မန္တလေးမြီးရှည်ပါ

မုံရွာ တောင်မာတော ရွာသူရွာသားတွေ လုပ်တဲ့နည်းအတိုင်းပဲ
မန္တလေးမြီးရှည်ရဲ့အသက်ဖြစ်တဲ့ စဥကြော်ကို သီးသန့်ကြော်ထားတာပါမယ်
ဝက်သားနဲ့ မှာရင် ဝက်ဆီဖတ်ကြော်ရင်းထွက်လာတဲ့ ဝက်ဆီဖတ်ကြော် ကြွပ်ကြွပ်လေးပါမယ်
ကြက်သားနဲ့မှာရင် ကြက်အရေခွံကြော်ရင်းထွက်လာတဲ့ ကြက်ဆီဖတ်ကြော်ကြွပ်ကြွပ်လေးပါတယ်
အီကြာကွေးအကြွပ်ကြော်တွေကို ပုံမှားရိုက်ပြီး ထည့်မရောင်းဘူးနော်
ပရိတ်သတ်အပေါ် အမြဲရိုးသားနေမယ့် ကောင်းကျော်ပါ

ကောင်းကျော်မှာ အပေါင်းအဖော်များနဲ့ အခုလို ဆုံလို့လည်း ရပါတယ်ခင်ဗျလူဆိုတာ social animal လို့ ဆရာကြီးများက ဆိုခဲ့ကြတဲ့အတို...
12/05/2025

ကောင်းကျော်မှာ အပေါင်းအဖော်များနဲ့ အခုလို ဆုံလို့လည်း ရပါတယ်ခင်ဗျ

လူဆိုတာ social animal လို့ ဆရာကြီးများက ဆိုခဲ့ကြတဲ့အတိုင်း
အခုလိုလေး မကြာခဏတွေ့ကြဆုံကြ ပြောကြဆိုကြတာတွေဟာ
ကျွန်တော်တိူ့လူ့အဖွဲ့အစည်းမှာ အသီးသီးရရှိထားကြတဲ့ စိတ်ဒဏ်ရာတွေကို အတော်အသင့်သက်သာရာ ရစေနိုင်ပါလိမ့်မယ်

မိတ်ဆွေတို့အတွက် ကောင်းမွန်တဲ့အရာတွေချည်းပဲ မျှဝေမယ့် ကောင်းကျော်ကဖေးပါ

အစားအသောက်ရဲ့ အရည်အသွေးကို အမြဲစစ်ဆေးပြီးမှ မိတ်ဆွေတို့ကို ရောင်းချစားသောက်စေတာဖြစ်ပါတယ်“ အကောင်းဆုံးဆိုတာ သင့်အတွက်ပါ “
09/05/2025

အစားအသောက်ရဲ့ အရည်အသွေးကို အမြဲစစ်ဆေးပြီးမှ မိတ်ဆွေတို့ကို ရောင်းချစားသောက်စေတာဖြစ်ပါတယ်

“ အကောင်းဆုံးဆိုတာ သင့်အတွက်ပါ “

Address

79th Street, Between 27th And 28th Streets
Mandalay
05024

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Telephone

+959791282707

Website

Alerts

Be the first to know and let us send you an email when ကောင်းကျော် ကဖေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share