Shwe Pyae ဇာခြင်ထောင်နှင့်သဘာဝလက်ဖက်ခြောက်

  • Home
  • Myanmar
  • Mandalay
  • Shwe Pyae ဇာခြင်ထောင်နှင့်သဘာဝလက်ဖက်ခြောက်

Shwe Pyae ဇာခြင်ထောင်နှင့်သဘာဝလက်ဖက်ခြောက် အထူးချုပ်ဇာခြင်ထောင်နှင့် သဘာဝလှော်မွှေးလက်ဖက်ခြောက်ထုပ်များ မှာယူရရှိနိုင်ပါသည်။

"တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့"မြတ်စွာဘုရားရှင်ဟာ အဇာတသတ်မင်းကို တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ္တန်တရား ဟောကြ...
07/11/2022

"တန်ဆောင်မုန်းလပြည့်
သာမညဖလအခါတော်နေ့"

မြတ်စွာဘုရားရှင်ဟာ အဇာတသတ်မင်းကို တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ္တန်တရား ဟောကြားတော်မူသည်ကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါတယ်။

"သာမညဖလ" ဆိုတဲ့ အဓိပ္ပာယ် အကျဉ်းချုပ်မှာ "ရဟန်းပြုရခြင်း၏အကျိုး"ဟု အဓိပ္ပာယ်ရပါတယ်။ ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားတဲ့နေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို "သံဃာတော်များနေ့" ဟုလည်း ခေါ်ဆိုကြပါတယ်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလမှာ ပြုလုပ်ကျင်းပတဲ့ ပွဲတော်များကတော့
🌸တန်ဆောင်တိုင် မီးထွန်းပွဲတော်
🌸ကထိန်သင်္ကန်း အလှူပွဲတော်
🌸မသိုးသင်္ကန်းရက်လုပ်ပွဲတော်
🌸မဲဇလီဖူးသုပ် ဝေငှသောပွဲတော်
🌸ကျီးမနိုး ပွဲတော်
🌸သာမညဖလအခါတော်နေ့ ပွဲတော် စသဖြင့် ခုနှစ်မျိုးခန့်ရှိတာကြောင့် တန်ဆောင်မုန်းလကို ရိုးရာပွဲတော် အများဆုံးလလို့ ဆိုနိုင်ပါတယ်။

မင်္ဂလာရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ချမ်းသာသုခအပေါင်းနဲ့ပြည့်စုံပြီး ရန်သူမျိုး(၅)ပါး၊ ကပ်ကြီး(၃)ပါးဘေးမှ ကင်းဝေးကြပါစေ။

23-10-2022 ဒီနေ့မှာတော့ ရွှေပြည့်ရဲ့ Handmade ခြင်းရက် လက်မှုပညာသင်တန်းလေး အောင်မြင်စွာပြီးဆုံးခဲ့ပါပြီရှင်စိတ်ဝင်တစား လ...
23/10/2022

23-10-2022 ဒီနေ့မှာတော့ ရွှေပြည့်ရဲ့ Handmade ခြင်းရက် လက်မှုပညာသင်တန်းလေး အောင်မြင်စွာပြီးဆုံးခဲ့ပါပြီရှင်

စိတ်ဝင်တစား လာရောက်သင်ယူကြတဲ့ သင်တန်းသူများနဲ့ သင်တန်းလေးဖြစ်မြောက်အောင် ကူညီပေးကြသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်

စီးပွားဖြစ်လုပ်ကိုင်စားမယ့်သူများ
ကိုယ်တိုင်ဖန်တီးပြီး အသုံးပြုလိုသူများ
လက်မှုပညာကို တဆင့်ပြန်လည်မျှဝေလိုသူများအတွက် အမှန်တကယ်အကျိုးရှိတဲ့သင်တန်းလေးဖြစ်လို့ ဒီနေ့တစ်နေကုန်အချိန်ပေးပြီး လာရောက်သင်ယူကြတဲ့ သင်တန်းသူအားလုံးပဲ လက်မှုပညာအစွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်နိုင်ကြပါစေရှင် 🙏

သင်တန်းသူတွေနဲ့အတူပါလာတဲ့ လူကြီးမင်းလေးများကလည်း စိတ်ဝင်တစား ကြိုးကြိုးစားစားနဲ့ သင်ယူကြတာမြင်ရတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်မှုပညာကို တန်ဖိုးထားတဲ့ကလေးတွေ ရှိသေးပါလားဆိုတဲ့ ပီတိစိတ်လေး ဖြစ်မိပါတယ်

နောက်ထပ်လည်း လက်မှုပညာနဲ့ပတ်သက်တဲ့ ခြင်းရက်သင်တန်း၊ ဇာခြင်ထောင်ချုပ်သင်တန်းများကို သင်ယူလိုတဲ့သူများရှိရင် ပညာမျှဝေ​ပေးခွင့် ရချင်ပါတယ်ရှင်

ဒါကြောင့် ဇာခြင်ထောင်ချုပ်သင်တန်း၊ ခြင်းရက်သင်တန်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သင်ယူလိုပါက ရွှေပြည့်နဲ့သာ ဆက်သွယ်လိုက်ပါနော်

#ရွှေပြည့် #ခြင်း

အိမ်မှာနေရင်းနဲ့ တနိုင်ပဲ လုပ်လုပ်စီးပွားဖြစ် ကြီးကြီးကျယ်ကျယ်ပဲလုပ်လုပ် ဘယ်လိုနေနေ တတ်ထားရင် အကျိုးရှိတဲ့ လက်မှုပညာလေးဖ...
20/10/2022

အိမ်မှာနေရင်းနဲ့ တနိုင်ပဲ လုပ်လုပ်
စီးပွားဖြစ် ကြီးကြီးကျယ်ကျယ်ပဲလုပ်လုပ် ဘယ်လိုနေနေ တတ်ထားရင် အကျိုးရှိတဲ့ လက်မှုပညာလေးဖြစ်တဲ့ ခြင်းထိုးနည်း သင်တန်းလေးကို Shwe Pyae ဇာခြင်ထောင်နှင့် သဘာဝ လက်ဖက်ရဲ့ ပဲ့ကိုင်ရှင် အန်တီ Daw Khin Nandar က အောက်ပါ အစီအစဥ်အတိုင်း သင်ပြပေးသွားမှာ ဖြစ်ပါတယ်။

နေ့ရက် ။ ။ ၂၃.၁၀.၂၀၂၂ (တနင်္ဂနွေနေ့)

အချိန် ။ ။ နံနက် ၉:၀၀ နာရီမှ နေ့လည် ၁၂:၀၀ နာရီအထိ။

နေရာ ။ ။ 116 x 65A, ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

ယာတောသူ စားသောက်ကုန် မှ ခြင်းလေးကို လာရောက်ထုတ်ယူသွားပါပြီရှင်။တန်ဖိုးထားတတ်သူလေးရဲ့လက်မှာ အချိန်တွေအကြာကြီး လှပတင့်တယ်န...
13/10/2022

ယာတောသူ စားသောက်ကုန် မှ ခြင်းလေးကို လာရောက်ထုတ်ယူသွားပါပြီရှင်။

တန်ဖိုးထားတတ်သူလေးရဲ့လက်မှာ အချိန်တွေအကြာကြီး လှပတင့်တယ်နိုင်ပါစေ...။

အသုံးပြုတဲ့အချိန်တိုင်းမှာ အဆင်ပြေပြီး ပိုင်ရှင်လေးရဲ့လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးနိုင်ပါ​စေ...။

နောက်ထပ် နောက်ထပ်လည်း Handmade လေးတွေကို တန်ဖိုးထားတတ်သူတိုင်းကို ပစ္စည်းလေးတွေရော၊ ပညာရပ်တွေပါ ဝေမျှပေးနိုင်ပါရစေ...။

- ချစ်တဲ့ -
ရွှေပြည့် Handmade ခြင်းရက်လုပ်ငန်းနှင့် သင်တန်း

တန်ဆောင်တိုင်မှာ ပြန်လည်ဆုံတွေ့ကြပါစို့ 🙏ရွှေပြည့်အတွက် ဆုမွန်ကောင်းလေးတွေ လက်ဆောင်ပြန်လည်တောင်းခံပါရစေရှင် 🙏ရင်ထဲရှိတဲ့...
10/10/2022

တန်ဆောင်တိုင်မှာ ပြန်လည်ဆုံတွေ့ကြပါစို့ 🙏
ရွှေပြည့်အတွက် ဆုမွန်ကောင်းလေးတွေ လက်ဆောင်ပြန်လည်တောင်းခံပါရစေရှင် 🙏
ရင်ထဲရှိတဲ့အတိုင်း ဆုတောင်းပေးခဲ့ကြပါဦး 🥰

pw - 5 mins

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

လူနည်းနည်းစည်ရင် pw လာမယ်နော် 🥰
10/10/2022

လူနည်းနည်းစည်ရင် pw လာမယ်နော် 🥰

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

5 mins နော်
10/10/2022

5 mins နော်

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

"သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့"ဒီနေ့ကတော့ ကျွန်မတို့ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ရက်မြတ်ချိန်ခါဖြစ်တဲ့ သီတင်း...
09/10/2022

"သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့"

ဒီနေ့ကတော့ ကျွန်မတို့ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ရက်မြတ်ချိန်ခါဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်ရှင်။

ရွှေပြည့်ရဲ့ ချစ်ရပါသော မိတ်ဆွေများနဲ့တကွ ခုနစ်ရက်သားသမီးအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပြီး ဆင်းရဲဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ရွှေပြည့် မိသားစုမှ မေတ္တာရှေ့ထား၍ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏

လုံးဝ (လုံးဝ) မရောင်းပါရှင် 🙅‍♀️ဟုတ်ကဲ့... ဒီခြင်းလေးကတော့ Not For Sale ရောင်းရန်မဟုတ်ပါဘူးနော်ပိုင်ရှင်မျှော်နေတဲ့ Hand...
04/10/2022

လုံးဝ (လုံးဝ) မရောင်းပါရှင် 🙅‍♀️

ဟုတ်ကဲ့... ဒီခြင်းလေးကတော့ Not For Sale ရောင်းရန်မဟုတ်ပါဘူးနော်
ပိုင်ရှင်မျှော်နေတဲ့ Handmade ခြင်းလေးပါရှင် 🤩

မကြာမီရက်ပိုင်းအတွင်းမှာပဲ ကံထူးသူလေးတစ်ယောက်ရဲ့လက်ထဲကို ကြည်နူးဝမ်းမြောက်စွာနဲ့ ပို့ဆောင်ပေးရတော့မယ့် ခြင်းလှလှလေးကို မနေနိုင်လို့လာကြွားတာ​ပါလို့ 🤫

Admin စဉ်းစားနေတာကလေ... 🤔

​ရွှေပြည့်ရဲ့ Follower လေးတွေအတွက် ဒီလိုခြင်းလှလှလေးတွေ ကံစမ်းမဲဖောက်ပေးဖို့ ရွှေပြည့်ရဲ့ ပဲ့ကိုင်ရှင်အန်တီ့ကိုပူဆာပေးရမလားလို့ 😬

ကဲ... ဘယ်လိုသဘောရလဲ ဖြေခဲ့ကြပါဦး 😉

#ရွှေပြည့် #ခြင်း

13/09/2022

ငွေတစ်သောင်းကျပ်နဲ့ တကယ်ကို တစ်သက်လုံးထိုင်စားနိုင်ပါပြီ။

ခုံရောင်းမှာမဟုတ်လို့ ရဲရဲသာဆက်ဖတ်ကြည့်ပါ။

"ရွှေပြည့်"မှာ ငွေ(10,000)ကျပ်တည်းနဲ့ တစ်သက်လုံးလုပ်ကိုင်စားနိုင်မယ့် စီးပွားဖြစ်ခြင်းရက်သင်တန်းလေးရှိတာကို သိပြီးကြပြီလားရှင့်။

ဟုတ်ပါတယ်...။ သင်တန်းကြေး (၁၀,၀၀၀)တည်းနဲ့ အချိန်လည်းအများကြီးပေးစရာမလိုဘဲ ခြင်းရက်ပညာကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူတတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို ခြေလှမ်းသစ်စတင်နိုင်ပါပြီရှင်။ ဘာမှမလုပ်ဘဲ ထိုင်စားရမှာတော့ ဟုတ်ဘူးပေါ့၊ အိမ်မှာထိုင်နေရင်း ခြင်းလေးတွေရက်ပြီး ရောင်းရငွေနဲ့ တသက်လုံးထိုင်စားနိုင်တာကို ဆိုလိုပါတယ်နော်။

ဒီဇိုင်းစုံ၊ ရောင်စုံ ခိုင်ခံ့လှပပြီး ရောင်းတန်းဝင်တဲ့ ခြင်းလှလှလေးတွေကို ကိုယ်တိုင်ဖန်တီးရောင်းချပြီး ဝင်ငွေရှာချင်တဲ့ အမျိုးသမီးများအတွက် တစ်ဦးချင်းဖြစ်စေ/အဖွဲ့လိုက်ဖြစ်စေ စနစ်တကျ သင်ကြားပေးပါတယ်။

ထိုင်းကနေတင်သွင်းတဲ့ အကောင်းစားကုန်ကြမ်းတွေကိုပဲ မှာယူအသုံးပြုပေးမှာဖြစ်ပြီး ကုန်ကြမ်းဖိုးအတွက် (၂၀၀၀)သာကျသင့်မှာဖြစ်ပါတယ်။ ကိုယ်တိုင်ရက်ထားတဲ့ခြင်းလေးကို ပြန်ယူသွားနိုင်တဲ့အတွက် ခြင်းဖိုးနဲ့တင် သင်တန်းကြေးရော၊ ကုန်ကြမ်းဖိုးပါ ကျေနေပြီလေ။

စီးပွားဖြစ် လုပ်ကိုင်စားဖို့မဟုတ်ဘဲ ဝါသနာပါလို့ သင်ယူချင်တယ်ဆိုရင်လည်း အဆင်ပြေတာပဲ။ ကိုယ်တိုင်ပဲသုံးသုံး၊ လက်ဆောင်ပဲပေးပေး ကိုယ့်ရဲ့ဖန်တီးမှုလက်ရာလေးဆိုတော့ ပိုပြီးပီတိဖြစ်ရတာပေါ့နော်။

လက်မှုပညာ သင်ယူလိုသူများအတွက် ပညာကြေးအသက်သာဆုံး ခြင်းရက်သင်တန်းလက်မှုပညာတစ်ခု တတ်မြောက်ထားရင် တစ်ဘဝလုံးစာ ရပ်တည်ဖို့အတွက...
08/09/2022

လက်မှုပညာ သင်ယူလိုသူများအတွက် ပညာကြေးအသက်သာဆုံး ခြင်းရက်သင်တန်း

လက်မှုပညာတစ်ခု တတ်မြောက်ထားရင် တစ်ဘဝလုံးစာ ရပ်တည်ဖို့အတွက် လုံလောက်ပါတယ်။

ဒါကြောင့် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားရပ်တည်လိုတဲ့ အမျိုးသမီးများအတွက် "ရွှေပြည့်" ရဲ့ပဲ့ကိုင်ရှင် အန်တီခင်နန္ဒာမှ ခြင်းရက်လုပ်တဲ့ လက်မှုပညာကို သင်တန်းဖွင့်လှစ်ပေးပါမယ်ရှင်။

အန်တီကိုယ်တိုင်ရက်လုပ်ထားတဲ့ ခြင်းလေးတွေရဲ့ လှပမှု၊ ခိုင်ခံ့မှု၊ လက်ရာသပ်ရပ်မှုကတော့ အထူးညွှန်းဆိုနေစရာမလိုလောက်အောင် မြင်ဖူးတဲ့သူတိုင်းက သိကြပါတယ်နော်။ ရောင်းတန်းတွေလို ဈေးသက်သာတဲ့ ကုန်ကြမ်းပစ္စည်းတွေ သုံးမထားဘဲ ထိုင်းကနေတင်သွင်းတဲ့ အရည်အသွေးကောင်း ကုန်ကြမ်းတွေကို တကူးတကမှာယူအသုံးပြုထားပြီး ဒီဇိုင်းနဲ့ အရောင်အတွဲအစပ်ကအစ ရောင်းတန်းတွေနဲ့ ယှဉ်လို့မရအောင် သာလွန်တဲ့အတွက် ပြန်ရောင်းတဲ့အခါ မျက်နှာပန်းလှပြီး ဈေးကောင်းရဖို့လည်း အသေချာပါပဲ။

ဒီလိုအဖိုးတန်တဲ့ လက်မှုပညာကို အန်တီက အသက်သာဆုံးပညာကြေး (၁၀၀၀၀)ကျပ်တည်းနဲ့ သင်ကြားပေးမှာပါရှင်။ ကုန်ကြမ်းဖိုးအတွက်(၂၀၀၀)သာထပ်မံကောက်ခံမှာဖြစ်ပြီး သင်တန်းမှာကိုယ်တိုင်ရက်ထားတဲ့ခြင်းလေးကို ပြန်ပေးလိုက်မှာမို့ ကုန်ကြမ်းဖိုးကျေပါတယ်နော်။ Online သင်တန်းမဟုတ်တဲ့အတွက် မန္တလေးက အန်တီ့ရဲ့အိမ်မှာ လာရောက်သင်ယူနိုင်တဲ့ ညီအစ်မများအတွက်သာ အဆင်ပြေပါမယ်။

​စိတ်ဝင်စားလို့ သင်ယူလိုသူများနဲ့ ခြင်းဝယ်ယူလိုသူများအနေနဲ့
💬Page cb (or)📱09-260029493, 09777655266
🏠 116x65(A) လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

#ရွှေပြည့် #ခြင်း #လက်မှုပညာ

05/09/2022

KyiKyi's Stars MDY ဈေးရောင်းပွဲမှ
ရွှေပြည့်ရဲ့ ထုတ်ကုန်ပစ္စည်းလေးများ 🛍️🤩

(4-9-2022) နေ့ကကျင်းပခဲ့တဲ့ KyiKyi's Stars MDY ရဲ့ ပထမအကြိမ် ဈေးရောင်းပွဲလေးမှာ ရွှေပြည့်လေးလည်း ပါဝင်ခွင့်ရခဲ့ပါတယ်ရှင်ံ့။

ရွှေပြည့်ရဲ့ပဲ့ကိုင်ရှင် အန်တီ့လက်ရာ ချုပ်ရိုးချုပ်သားကောင်း အဆင့်မြင့်အထူးချုပ် ဇာခြင်ထောင်များ၊ သဘာဝလှော်မွှေးလက်ဖက်ခြောက်၊ ကြာစွယ်မှုန့်၊ ဓနိဖူးခြောက်၊ ဆေးဖက်ဝင်ပယင်းခေါင်းအုံး၊ Handmade ခြင်းလှလှလေးများကို ဝယ်ယူအားပေးကြတဲ့ ဈေးဝယ်သူအပေါင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

​နောက်လာမယ့် ဈေးရောင်းပွဲလေးတွေမှာလည်း ရွှေပြည့်ရဲ့ထုတ်ကုန်လေးတွေကို ကိုယ်တိုင်လာရောက်လေ့လာပြီး အားပေးနိုင်ပါတယ်။ KyiKyi's Stars MDY ရဲ့ ဈေးရောင်းပွဲတိုင်းမှာ ရွှေပြည့်ရှိနေမယ်နော် 💚💛

မနေ့ကမလာဖြစ်လိုက်တဲ့ ချစ်မိတ်ဆွေညီအစ်မများအနေနဲ့ လိုအပ်တာလေးတွေ မှာယူအားပေးချင်တယ်ဆိုရင်
💬Page cb (or)📱09-260029493, 09777655266
🏠 116x65(A) လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

#ရွှေပြည့် #ဇာခြင်ထောင် #လက်ဖက်ခြောက် #ကြာစွယ်မှုန့် #ပယင်းခေါင်းအုံး #ဓနိဖူးခြောက် #ခြင်း

Address

Corner Of 116 Street And 65(A) St, Pyigyitagon Township
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959260029493

Website

Alerts

Be the first to know and let us send you an email when Shwe Pyae ဇာခြင်ထောင်နှင့်သဘာဝလက်ဖက်ခြောက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category