11/06/2023
မိန်းကလေးတစ်ယောက်ပါ...
သိပ်ပြီးမှတော့ မနူးညံ့တတ်ဘူး
ချစ်တတ်တယ် ဒါပေမယ့်
အပိုတွေ မလုပ်တတ်ဘူး ။
ဒီပုံစံအတိုင်းသာဆို
အပျိုကြီးပဲ ဖြစ်မှာဆိုတဲ့
စကားတွေ ကြားသားပဲ
ဖြစ်ဖြစ်ပေါ့
ကိုယ့်ပုံစံကိုယ်တော့ မပြင်နိုင်ပါဘူး ။
တခြားသူတွေ နားထောင်ကောင်းအောင်
စကားကို မချိုသာချင်ပဲ
ချိုသာ နေရတာတွေက
ပိုပင်ပန်းတယ်
မနူးညံ့ပါပဲ နူးညံ့ချင်ယောင်ဆောင်နေရတာတွေ
ပိုပြီး စိတ်အိုက်စရာကောင်းတယ် ။
သေသေချာချာပြောထားတယ်နော်...
ကျွန်မ က
မိန်းကလေးတစ်ယောက်ဆိုပေမယ့်
သိပ်တော့ မနူးညံ့ဘူး ။
#ကျေးကို